August 2014

အရှေ့တောင်အာရှရဲ့ အလုံခြုံဆုံး အင်းစိန်ထောင်မှ နိုင်ငံရေးသမားတစ်ယောက် အိမ်မက်ဆန်ဆန် လွတ်မြောက်သွားခြင်း - ဇော်သက်ထွေး

“မင်းတို့မြဲမြဲမှတ်ထားကြ . . . ဟောဒီ အကျဉ်းထောင်ကို ဗဟိုစံပြ အင်းစိန်ထောင်လို့ခေါ်တယ် . . .
၆၈ ဧကကျယ်ပြီး အုတ်ရိုးက ပေ ၂၀မြင့်တယ်။ အုတ်ရိုးနှစ်ထပ် ကာထားပြီး ညဘက်ဆိုရင် စစ်ခွေးတွေကို အုတ်ရိုးနှစ်ထပ်ကြားထဲ လွှတ်ထားတယ် . . . ဒီထောင်ဟာ အရှေ့တောင် အာရှမှာ အကြီးမားဆုံးနဲ့ အလုံခြုံဆုံးထောင်ပဲ . . . ဒီထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး . . .ဒီတော့မင်းတို့အားလုံး ထွက်ပြေးဖို့ မကြိုးစားပါနဲ့ . . .မကြံစည်ပါနဲ့ . . .အေးအေးဆေးဆေးနေကြ . . .ဒါပဲ”

မာဂျေ မူးယစ်ဆေးသုံးတတ်ပြီ - မာဂျေ

စာပေဆိုတာ ဘ၀အလင်းတန်ဆောင် မီးရှုးရောင်တဲ့။ သိပ်မှန်တာပေါ့ဗျာ။ စာပေ ပညာရှင်တွေ ရေးသားတဲ့ အချက်အလက်တွေကို ယဉ်ကျေးဖို့၊ အသိပညာ အတတ်ပညာတွေ ပေးဖို့ ရေးနေကြတာ မဟုတ်ပေလား။တစ်ချိုဆို အတန်းပညာ မရှိပေမယ့် စာပေလေ့လာ ဖတ်ရှုပြီး ဘ၀မှာ အောင်မြင်မှုတွေ ရခဲ့ကြတယ်။ မာဂျေလည်း နေ့စဉ်စာမျိုးစုံ ဖတ်ရင်း ကိုယ့်ကိုကိုယ် တော်တော် သိလာ တတ်လာပါလားလို့ ခံစားမိတယ်။

ကားထိုင်ခုံဖြုတ်ပြီး ရေဆေးခိုင်းတဲ့ သမီးတော် - လက်စောင်းထက်

အနောက် နန်းမတော်ကြီးက အားလပ်ရက်ဆိုရင် ရန်ကုန် နေပြည်တော် အပြင်က သူတို့ရဲ့ နွေရာသီ စံအိမ်ကို လာလည်တတ်ပါတယ်။ လာရင်လည်း သမီးတော် တစ်ချို့က လိုက်ပါလာပြီး လိပ်ဥတူး တတ်ကြပါတယ်။ လိပ်ဥလေးတွေကတော့ ချောချောလှလှ စစ်ဗိုလ်လေးတွေပေါ့ဗျာ။ သူတို့လာမယ် ဆိုတာနဲ့ တပ်မတစ်ခုလုံး ကြော်ကြ လှော်ကြနဲ့ အလုပ်ရှုပ်ရတာကလည်း ထုံးစံဖြစ်နေပါပြီ။ တစ်ခါတုန်းက မြန်မာ့ရိုးရာမုန့်တွေ စားချင်တယ်၊ အချဉ်ကို လားရှိုးက အချဉ်မှဆိုလို့ စာတော်ကဲ အဖွဲ့ခမျာ လားရှိုးက ဘယ်လို အချဉ်မျိုးပါလဲဆိုပြီး ခေါင်းကိုက်ခဲ့ဖူးပါတယ်။ နောက်ဆုံးမှာ ရိပ်သာ တပ်ကြပ်ကြီးက ရှာလကာရည်ထဲ ငရုပ်သီးတွေ ကြက်သွန်ဖြူတွေ ထည့်ပြီး ဒါလားရှိုး အချဉ်ပဲဆိုပြီး ခပ်တည်တည် ဖြီးဖြ

ကျွန်တော်နှင့် ထောင်နီးနားချင်းများ (ERO သို့မဟုတ် အဖြေတွေ့သွားသော ကျောင်းဆရာ) - ဇာဂနာ

နှစ်ထောင့်ငါးခု၊ နှစ်ထောင့် ခြောက်ခု တစ်ဝိုက်မှာ မြန်မာပြည်ထဲ ခေတ်စားသွားတာ တစ်ခုရှိသည်။ ဘလော့ဂ်တွင် စာရေးခြင်း ဖြစ်၏။ အမှန်ကတော့ ၀က်ဘ်ဘလောဂ့်ဖြစ်သည်။ ထိုဝက်ဘ် ဘလော့ဂ်ပေါ်တွင် မြန်မာလို စာရေးသားနိုင်ကြသဖြင့် မြန်မာစာရေးဆရာ တော်တော်များများက သဘောကျကြသည်။ သို့သော် အင်တာနက်နှင့် မရင်းနှီးကြ။ ဒီတော့ လူငယ် စာရေးဆရာများသာ နေရာယူကြတော့၏။ ထိုလူငယ် စာရေးဆရာများထဲတွင် နေဘုန်းလတ်၊ ညီလင်းဆက်၊ စိုးဇေယျာထွန်း၊ ဇော်ဇော်မျိုးလွင်တို့ကား နာမည်ကျော်များ ဖြစ်ကြသည်။ သူတို့ကို ဘလော့ဂါများဟု ခေါ်ကြ၏။ MBA ခေါ် မြန်မာ ဘလော့ဂ် အဖွဲ့အစည်းပင် ပေါ်ပေါက်ခဲ့ဖူးသည်။

အောင်စာရင်း နှစ်ကြိမ် ထွက်ခဲ့လေသလား - အိမ့်ယွန်း

မြန်မာ့နိုင်ငံ၏ အနာဂတ်ကို ပုံဖော်မည့် လူငယ်များကို အကောင်းဆုံး ထိန်းကျောင်းပေးနိုင်မည့် အဓိက လက်တံတစ်ခုမှာ မြန်မာပညာရေးပင် ဖြစ်သည်ကို အားလုံးသိထားပြီး ဖြစ်သည်။ ပညာရေး အဆင့်မြင့်မှသာ အသိဥာဏ်ပညာအရာ အဆင့်မြင့်နိုင်မှာ ဖြစ်ပြီး သူများထက် မနိမ့်ကျသော နိုင်ငံ တစ်ခုကို ထူထောင်နိုင်လိမ့်မည် ဖြစ်သည်။

မီဒီယာဆိုတာ စတုတ္တမဏ္ဍိုင်လား.. အသုံးချခံလား - နော်ရာမောင်

“You know the media power”ဆိုတဲ့ စကားနဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က ခြိမ်းခြောက်လာပါတယ်လို့ အသိမိတ်ဆွေ တစ်ယောက်က ပြောပြခဲ့တော့ အတော်လေးကို အံ့အားသင့်ခဲ့ရပါတယ်၊ ဘာ့ကြောင့် ဒီစကားနဲ့ ခြိမ်းခြောက်တာလဲ၊ ဘာ့ကြောင့် မီဒီယာကို ထည့်ပြောတာလဲလို့ တွေးကြည့်တဲ့ အခါမှာတော့ စတုတ္တမဏ္ဍိုင်ဆိုတာ တစ်ဖြည်းဖြည်းနဲ့ အသုံးချခံ မီဒီယာ အသွင်ကို ပြောင်းလဲလာနေတယ်ဆိုတဲ့ အချက်ကို စိတ်မကောင်းစွာ သိရှိခဲ့ရပါတယ်။

အာဏာရှင်ဆန်နေသော ဆရာတော်အချို့ မည်သူမျှ အရေးမယူရဲဖြစ်နေဟု မောင်းတီးဆရာတော် မိန့်ကြား

ရှေးဟောင်း သမိုင်းဝင် မောင်းတီး စေတီတော် အတွင်းတွင် ကျူးကျော်နေထိုင်ကာ အာဏာရှင်ဆန်ဆန် ပြုမူနေသော ဆရာတော် အချို့အား ဥပဒေနှင့်အညီ အရေးယူပေးရန် အတွက် သက်ဆိုင်ရာသို့ တောင်းဆိုထားသော်လည်း ယနေ့အချိန်အထိ တစ်စုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း မောင်းတီး ဆရာတော်မှ မိန့်ကြားခဲ့သည်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ဆယ်ယူရာတွင် လူစောင့်လဲနိုင်သည့်အတွက် တနင်္ဂနွေ သားသမီးများအား သွား ရောက်ကြည့်ရှုခြင်း မပြုရန် ကောလဟလ သတင်းများထွက်ပေါ်

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား  ဦးစံလင်း ဦးဆောင်သော ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့မှ ခေါင်းလောင်းတော်ကြီးအား ဆယ်ယူရန်အတွက် ရှာဖွေမှုများ ပြုလုပ်ရာတွင် လူစောင့်လဲနိုင်ခြင်းများ ဖြစ်ပေါ်နိုင်သည့် အတွက် တနင်္ဂနွေ သားသမီးများအား အဆိုပါ ခေါင်းလောင်းတော်ကြီး ဆယ်ယူသည့် နေရာသို့ သွားရောက် ကြည့်ရှုခြင်း မပြုရန်အပ်ဟု ကောလဟလ သတင်းများ ထွက်ပေါ် နေကြောင်း သိရသည်။

ဒီမိုကရေစီ အစိုးရတွင်လည်း မဆလလူကြီးများ၏ သားသမီးများသာ ရာထူးကြီးများ ရယူထား

ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ယခင်မဆလခေတ် လူကြီး၏ သားသမီးများသာ ရာထူးကြီးများ ရယူထားကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက Tomorrowသို့ ပြောကြားခဲ့သည်။

ဥာဏ်တော် ၇တောင်ရှိ ရွှေသားစစ်စစ် ရပ်တော်မူ ဘုရား နှစ်ဆူမြစ်အောက်မှာ တစ်ကယ်ရှိသလား

ရန်ကုန်မြစ်ဝတွင် နစ်မြုပ်လျှက်ရှိသော ဓမ္မစေတီမင်းကြီး သွန်းလုပ်ခဲ့သည့် အ၀ ၈ တောင် ဇောက် ၁၂ တောင်၊ အလေးချိန် ပိဿ ၁၈၀၀၀၀ ရှိသော ခေါင်းလောင်းကြီးအား ခရစ်နှစ် ၁၆၁၂ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဒီဘရစ်တို(ခ) ငဇင်ကာက ကျိုချက်၍ လက်နက်ပြုလုပ်ရန် အတွက် သံလျှင်သို့ သယ်ယူရာတွင် ရန်ကုန်မြစ်ထဲသို့ နစ်မြုပ်ခဲ့သည်ဟု သမိုင်းတွင် ဖော်ပြထားသည်။ ယင်းခေါင်းလောင်းကြီး နှင့်အတူ ဥာဏ်တော် ၇တောင်ရှိပြီး ရွှေသားစစ်စစ်ဖြင့် သွန်းလုပ်ထားသည့် ဘုရား နှစ်ဆူနှင့် တန်ဖိုးကြီး ရှေးဟောင် ပစ္စည်းများ ပါဝင်သော သေတ္တာ ၁၁လုံးလည်း အတူနစ်မြုပ်သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

Pages