August 2014

စံဇာဏီဘိုက အချက်နှစ်ချက်အရ ဆယ်ယူနိုင်မည် မဟုတ်ကြောင်းဆို

နာမည်ကျော် လက္ခဏာ ဆရာကြီး စံဇာဏီဘိုကို Tomorrowမှ မေးမြန်းရာ အချက်နှစ်ချက်အရ ဆယ်ယူနိုင်မည် မဟုတ်ကြောင်း၊ ပထမ အချက်မှာ ခေါင်းလောင်းကြီးသည် သမိုင်းကြောင်း အရလည်း တကယ်ရှိခဲ့ကြောင်း၊ ရေထဲသို့လည်း တကယ်ကျခဲ့ကြောင်းကို မိမိလက်ခံပါကြောင်း သို့သော် ခေါင်းလောင်းသည် သမိုင်းတွင် ဖော်ပြထားသကဲ့သို့ ကြီးချင်မှကြီးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျခဲ့သည့်နေရာ ဖြစ်သည့် ယခုဆယ်ယူနေသည့် နေရာတွင် ယခုအချိန် ရှိနိုင်မည် မဟုတ်ကြောင်း၊ ယခု ဆယ်ယူနေသည်မှာ လှေနံဓါးထစ် မှတ်ပြီး ဆယ်သလို ဖြစ်နေကြောင်း ဒုတိယအချက်မှာ လွန်ခဲ့သော နှစ်လေးရာခန့်က နစ်မြုပ်ခဲ့သော ခေါင်းလောင်းကို ခေတ်မီ နည်းစနစ်များ မသုံးပဲ ၀ိဇ္ဇာနည်းဖြင့် ဖော်ခြင်းမှ

ကျိုက်ထီးဆောင်း ဆရာတော်က ပွင့်လင်းရာသီတွင် ခေါင်းလောင်းကြီးကို ဆယ်ယူမည်ဖြစ်ပြီး ဇေကမ္ဘာ ဦးခင်ရွှေမှ ဒေါ်လာ ၁၀သန်း ပံ့ပိုးမည်

သြဂုတ်လ ၉ ရက်နေ့မှ စတင်ကာ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းဝ နေရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ကျော်က နစ်မြုပ်ခဲ့သော ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဦးစံလင်း ဦးဆောင်သော အဖွဲ့မှ ဆယ်ယူလျှက်ရှိရာ သတ်မှတ်ကာလ ဖြစ်သော သြဂုတ်လ ၂၆ရက်နေ့သို့ နီးလာသော်လည်း တစ်စုံတရာ သဲလွန်စ မရရှိသေးပေ။

ဓမ္မစေတီခေါင်းလောင်း အတွက် အမျိုးသမီးတစ်ဦးက သိန်း ၅၀၀ လှူဒါန်းနေစဉ် နဂါးဝင်ပူး နဂါးက သတင်းမထုတ်ပြန်ရန် တားမြစ်

ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူနေသည့် နေရာရှိ သောင်တူးသင်္ဘောပေါ်သို့ အမျိုးသမီး တစ်ဦးမှ ကျပ်သိန်း ၅၀၀ သွားရောက်လှူဒါန်းစဉ် ငွေလာလှူသည့် အမျိုးသမီးကို နဂါးဝင်ပူးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့နယ်၏ မြို့နယ်အချို့တွင် ညအချိန်မတော် Gas အနံ့များ ထူးဆန်းစွာထွက်ပေါ် နေအိမ်ရှိလူများ လမ်းမပေါ်ထွက်နေရသည်အထိ အနံ့များ စူးဝါးခဲ့

ရန်ကုန်မြို့နယ် အချို့တို့တွင် ဂတ်စ်အနံ့များ ထူးဆန်းစွာ ထွက်ပေါ်ခဲ့ခြင်းများကြောင့် အဆိုပါ ရပ်ကွက်နေ ပြည်သူအချို့မှာ မိမိနေအိမ်မှ လမ်းပေါ်သို့ ထွက်နေရသည်အထိပင် ဖြစ်ခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ဂတ်စ်(Gas) အနံ့များ ထူးဆန်းစွာ ထွက်ပေါ်လာခြင်းများမှာ တာမွေမြို့နယ်နှင့်  အခြား မြို့နယ်တစ်ခုတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သြဂုတ်လ(၂၄)ရက်နေ့ ညအချိန် ၁၀နာရီခန့်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ ယင်းမြို့နယ်တွင် နေထိုင်သူများမှာ စိုးရိမ်မှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသော အချုပ်ကားဟောင်းများ အားလုံးကို နိုင်ငံတကာ အဆင့်မီ အချုပ်ကားများဖြင့် အစားထိုးသွားရန်ရှိ

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေဆဲ ဖြစ်သော အဆင့်မမှီ အချုပ်ကားများ နေရာတွင် နိုင်ငံတကာ အဆင့်မီ အချုပ်ကားများအား အဆင့်အလိုက် အစားထိုး အသုံးပြုသွားရန် စီစဉ်လျှက်ရှိနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ထောက်ပံ့ရေးဌာနမှ ဒုရဲမှုးကြီး မောင်မောင်တင်က Tomorrow ဂျာနယ်သို့ အတည်ပြု ပြောကြားခဲ့သည်။

“အချုပ်ကား အဟောင်းတွေ နေရာမှာ အချုပ်ကား အသစ်တွေကို အဆင့်လိုက် လဲလှယ်သွားဖို့ အစီစဉ်ရှိနေပါတယ်၊ ဘယ်လိုလဲလှယ်မယ်ဆိုတာ သိလိုရင်တော့ နေပြည်တော်ကို လာရောက် မေးစေချင်ပါတယ်”ဟု ဒုရဲမှုးကြီး မောင်မောင်တင်က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ၏ အပစ်ခတ် ရပ်စဲရေး အကောင်ထည် ဖော်နိုင်မှုအပေါ် တိုင်းရင်းသားပါတီများ ချီးကျူး

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြောကြားခဲ့သည့်အတိုင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုများ မကြာခင် အကောင်အထည် ဖော်ဆောင်ရွက်ကာ၊ နိုင်ငံရေး ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ရောက်ရှိလာတော့မည့်အပေါ် တိုင်းရင်းသား ပါတီများမှ လှိုက်လှဲစွာ ကြိုဆိုနေကြကြောင်း သိရသည်။

ခိုးဝင် ဘင်္ဂါလီများကို ဒုက္ခသည်ဟု သတ်မှတ်သော ကုလလုပ်ရပ်က ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် ဝေဖန်

ရခိုင်ပြည်နယ်သို့ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်နေသော ဘင်္ဂါလီများကို ကုလသမဂ္ဂ IDP (Internally Displaced Persons) စစ်ရှောင် ဒုက္ခသည်ဟု သတ်မှတ်နေခြင်းမှာ လုံးဝ မှားယွင်းနေကြောင်းနှင့် တရားမ၀င် ခိုးဝင်လာသူများသာ ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က Tomorrowသို့ ပြောကြားလိုက်သည်။

ပြည်သူချစ်သော ချန်ပီယံ မြန်မာယူ၁၉ အသင်း ရန်ကုန်မြို့တွင်း လှည့်လည်အောင်ပွဲခံ

ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို သြဂုတ်လ ၂၃ရက်နေ့က ကျင်းပခဲ့ရာ မြန်မာ ယူ-၁၉ အသင်းက ဗီယက်နမ် ယူ-၂၁ အသင်းကို ၄-၃ ဂိုးဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့သည်။

 

မြန်မာအသင်းမှာ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံး အသင်း အဖြစ် ရပ်တည်ခဲ့ပြီး စုစုပေါင်း ၆ ပွဲကစားခဲ့ရာ တစ်ပွဲပျမ်းမျှ သွင်းဂိုး ၃ ဂိုးအထိ ရှိခဲ့သည်။ ဗိုလ်လုပွဲတွင် ပထမပိုင်း၌ မြန်မာအသင်း တိုက်စစ် ခြေမပေါ်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ခြေစွမ်းပြ ဂိုးသွင်းနိုင်၍ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ မြန်မာနှင့်ဗီယက်နမ် တစ်ဂိုးစီသရေကျ ဂိုးကွာခြားချက်ဖြင့် ဗီယက်နမ် ဗိုလ်လုပွဲတက်

ထိုင်းနိုင်ငံတွင် ကျင်းပလျှက်ရှိသည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်များကို တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားရာ မြန်မာအမျိုးသမီးက ဗီယက်နမ်နှင့် ၁ ဂိုးစီ သရေကျပြီး ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဗိုလ်လုပွဲကို လွဲချော်ခဲ့သည်။

ယင်းပြိုင်ပွဲ၏ ဗိုလ်လုပွဲကို အိမ်ရှင်ထိုင်းနှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး တတိယလုပွဲကို မြန်မာနှင့် စင်္ကာပူတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယင်းပြိုင်ပွဲသို့ အရှေ့တောင်အာရှမှ အသင်း ၅သင်း ၀င်ရောက်ယှဉ်ပြိုင်နေပြီး ဗိုလ်လုပွဲနှင့် တတိယလုပွဲကို အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ ရာဇမင်္ဂလာကွင်း၌ ကစားရမည် ဖြစ်သည်။

 

အမ်မလီမြို့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပေါ်လာနိုင်သည်ဟု ကုလသမဂ္ဂက သတိပေး

အီရတ်နိုင်ငံ မြောက်ပိုင်း အမ်မာလီမြို့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်နိုင်ဖွယ်ရှိ၍ ကာကွယ်ရန် လုပ်ဆောင်ချက်များကို ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။

အထူးကိုယ်စားလှယ် မီကိုလီမယ်လ်ဒီနော့ဗ်က မြို့နေလူထု နေထိုင်သော အခြေအနေများနှင့် ပတ်သက်သည့် သတင်းများကြောင့် သူသည် လေးလေးနက်နက် နိုးကြားနေသည်ဟု ပြောဆိုလိုက်သည်။

အစ္စလာမ်မစ် နိုင်ငံတော်(IS)အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် နှစ်လ နီးပါးကြာမျှ ရှိနေပြီဖြစ်သော အမ်မာလီမြို့သည် သောက်ရေ သို့မဟုတ် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်နေပြီး အစားအသောက်နှင့် ဆေးဝါး ထောက်ပံ့ရေး ပစ္စည်းများလည်း ကုန်ဆုံးနေပြီ ဖြစ်သည်။

Pages