August 2014

အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာရှိ မော်တော်ဆိုင်ကယ်စီးသူ နှစ်ဦး သေဆုံး

တနင်္ဂနွေနေ့ အစောပိုင်းက ဂါဇာစီးတီးတွင် မော်တော်ဆိုင်ကယ် စီးနင်းလာသော လူနှစ်ဦးသည် အစ္စရေး လေကြောင်း တိုက်ခိုက်မှု တစ်ခုတွင် သေဆုံးခဲ့သည်ဟု ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

၎င်းသည် သီတင်းပတ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ပါလက်စတိုင်း စစ်သွေးကြွများနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခသည် အရှိန်လျော့မည့် အရိပ်လက္ခဏာ မရှိဟု ဖော်ပြသော နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု ဖြစ်သည်။
အစ္စရေး စစ်တပ်က ဤတိုက်ခိုက်မှု အတွက် တစ်စုံတစ်ရာ မှတ်ချက် မပေးခဲ့ဘဲ သေဆုံးခဲ့သူများသည် ထူးခြားသည့် စစ်ရေးရည်မှန်းချက်များနှင့် ပတ်သက်မှု ရှိမရှိ မရှင်းလင်းပေ။

တောင်တရုတ် ပင်လယ်ထဲတွင် တရုတ် တိုက်လေယာဉ်နှင့် အမေရိကန် လေတပ်လေယာဉ် ထိပ်တိုက်တွေ့လုနီးပါး ဖြစ်ပွား

တရုတ်ကာကွယ်ရေး ၀န်ကြီးဌာနက တရုတ်တိုက် လေယာဉ် တစ်စင်းသည် အမေရိကန်ရေတပ် ထောက်လှမ်းရေး လေယာဉ် တစ်စင်းကို တရုတ်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းတွင် ကြားဖြတ် အနှောင့်အယှက် ပေးခြင်းသည် အန္တရာယ်ကြီးမားသည်ဆိုသော စွပ်စွဲချက်ကို ပယ်ချလိုက်သည်။

ထိုဌာနက ကြီးမားသည့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းနှင့် အကြိမ်ပေါင်းများစွာ အနီးကပ် ထောက်လှမ်းခဲ့ပါသည်ဆိုခြင်း အတွက်လည်း ပြစ်တင်ရှုတ်ချခဲ့သည်။ ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ယန်ယုချန်က တရုတ် လေယာဉ်မှူးသည် သူ၏တာဝန်ကို ပုံမှန်ထမ်းဆောင်ခဲ့ပြီး အမေရိကန် လေယာဉ်များနှင့် ခပ်လှမ်းလှမ်းမှ ပျံသန်းခဲ့ပါသည်ဟု ပြောကြားခဲ့သည်။

ရုရှားထောက်ပံ့ရေး ယာဉ်တန်း ယူကရိန်းနိုင်ငံတွင်းသို့ စစ်ဖက်ဆိုင်ရာ ထုတ်ကုန်များ သယ်ဆောင်လာ

စစ်ဖက်ဆိုင်ရာ စက်ရုံနှစ်ခုမှ ထုတ်ကုန်ပစ္စည်းများ ယူဆောင်လာသော ထောက်ပံ့ရေး ထရပ်ကားများ အသုံးပြုခဲ့သည်ဟု ယူကရိန်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရုရှားကို စွပ်စွဲလိုက်သည်။

သောကြာနေ့က ယူကရိန်း အစိုးရ၏ ခွင့်ပြုချက်မပါဘဲ မော်တော်ယာဉ် အစီး ၂၀၀ပါသော ယာဉ်တန်း တစ်ခုသည် ယူကရိန်း နိုင်ငံထဲသို့ ၀င်ရောက်ခဲ့ပြီး ၄င်းသယ်ဆောင်လာသော ကုန်ပစ္စည်းများကို စနေနေ့က ချပေးခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အန်ဒရီ လိုင်ဆန်ဂိုက ထရပ်ကားများသည် လူဟန့်မြို့ရှိ စက်ရုံတစ်ရုံမှ ပစ္စည်းများကို ရယူခဲ့ပြီး ၄င်းတို့ကို သေနတ်ကျည်ကပ်များနှင့် ရေဒါများ ထုတ်လုပ်ခဲ့သည်ဟု ဆိုသည်။

မင်းမဲ့တိုင်းပြည် ဖြစ်နေပြီလား - ကျော်ကြီး(MDY)

တစ်ခါတစ်လေ သတင်းစာ ဂျာနယ်မဖတ်၊ အင်တာနက် မသုံးပဲ နေတော့မယ်လို့ တောင်စိတ်ကူးမိတယ်။ သတင်းတွေ ဖတ်ကြည့်မိတိုင်း စိတ်ချမ်းသာစရာ တစ်ခုမှ မတွေ့ရတာ။ ကျွန်တော်တို့ပြည်သူတွေမှာလည်း မြန်မာပြည်မှာအသက်ရှင်နေထိုင်ရတာ တကယ်မလွယ်ဘူးဗျ။ အရည်အသွေးမပြည်တဲ့ အစာတဲ့ အစားအသောက်တွေ စားသုံးပြီး ရောဂေါဘယမျိုးစုံခံစားပြီး စံချိန်စံညွန်းအရေးအသွေး မပြည့်ဝတဲ့ ပတ်ဝန်းကျင်မှာ အသက်ရှင်နေထိုင်နေကြရတာဗျ။ အပြင်သွားရင်တောင် ဓာတ်ကြိုးပျက်ကျမှာ ကြောက်နေရတဲ့ဘ၀။ ဒီကြားထဲ စိတ်အပမ်းဖြေမှုရအောင် အသိဥာဏ်ဗဟုသုတတိုးအောင်ဆိုပြီး သတင်းစာဂျာနယ်ဖတ်၊ အင်တာနတ်သုံးတော့လည်း နေ့စဉ်မြင်တွေ့ကြားနေရတဲ့သတင်းတွေက စိတ်ချမ်းသာစရာတစ်ကွက်မှမရှိဘူး။ စိတ်ဆင်း

ပင်တိုင်ဆောင်းပါးရှင် သံဖနောင့်ကို အကောက်ခွန်က အရမ်းမုန်းနေပါသတဲ့ - သံဖနောင့်

မိုဘိုင်းအဖွဲ့ရဲ့ တရားမ၀င် ကုန်စည်တွေ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရေးလေလေ တရားမ၀င် ကုန်သွယ်မှုကို တားဆီးဖို့ အဓိက တာဝန်ရှိတဲ့ အကောက်ခွန် ဦးစီးဌာနက Tomorrow ဂျာနယ်နဲ့ သံဖနောင့်ကို မုန်းလေလေ ဖြစ်လာတယ်။

အထူးသဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို မိုဘိုင်းအဖွဲ့ ၀င်စစ်တဲ့ အချိန်က စလို့ပေါ့။ မိုဘိုင်းအဖွဲ့ စစ်လိုက်တာနဲ့ တရားမ၀င် ကုန်စည်တွေက ဖွင့်ဖောက်တဲ့ ကွန်တိန်နာ အားလုံးလောက်မှာ တွေ့နေရတာကိုး။ အေရှားဝေါ ဆိပ်ကမ်းမှာ ကွန်တိန်နာတွေ ဖွင့်ဖောက်စစ်တဲ့ နေ့မှာပဲ Tomorrowက သတင်းထောက်ကို အကောက်ခွန်က လက်ထောက်ညွှန်မှူး တစ်ယောက်က “မင်းတို့ဂျာနယ်မှာ ရေးနေတဲ့ သံဖနောင့်ဆိုတာ ဘယ်သူလဲ”လို့ မေးပါတယ်။

တစ်ရက်ထဲမှာ သိန်းတစ်သောင်းကျော်ဖိုး ဈေးဝယ်တဲ့ သမီးတော်တွေ - လက်စောင်းထက်

မန္တလေးနန်းမြို့တည် မင်းတုန်းမင်း တရားကြီးကို စိတ်အဆိုးဆုံးသူတွေ ပြပါဆိုရင် မန္တလေး နန်းမြို့ထဲက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ အရာရှိတွေကို ပြရပါလိမ့်မယ်။ မန္တလေးကို မြို့တည်ခဲ့တဲ့ အတွက် သမီးတော်တွေ ပြင်ဦးလွင်တက်တိုင်း မန္တလေးဟာ ခရီးတစ်ထောက်နားရာ ဈေးဝယ်ရာ မြို့ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်လည်း သမီးတော်တွေ စုံညီကြွမြန်းလို့ လာပြန်ပါပြီ။

ကျွန်တော်နှင့် ထောင်နီးနားချင်းများ (၁) (မန်းချောင်းလရောင် ပက်ဖျန်းခဲ့တဲ့ မြလမ်းချစ်သူ ကဗျာဆရာ နိုင်ငံရေးသမား) - ဇာဂနာ

အညာသားလေး တစ်ယောက်ဟာ ကဗျာဆရာဖြစ်ဖို့ ရန်ကုန်မြေ ခြေချခဲ့တယ်။ မန်းချောင်းက လရောင်ဟာ တက္ကသိုလ်ထဲမှာ မသာနိုင်တော့ဘဲ အင်းစိန်ထောင်ထဲ သွားသာနေတာပေါ့။ ဒီလရောင်ပါပဲ။ မင်္ဂလာတောင်ညွန့်မှာ၊ ဗဟန်းမှာ၊ တာမွေမှာ၊ မြေနီကုန်းမှာ ဆင့်လို့ ဆက်လို့ သာသွားတယ်။ နောက်တော့ ရုပ်ရှင်ပိတ်ကားပေါ်၊ ဗီဒီယိုတိပ်သားပေါ် ဒီလရောင်လေး ရောက်လာသေးသပေါ့။

လရောင်လေးပါ။ တကယ် အေးအေးမြမြ လရောင်လေးပါ။ ဒါပေမဲ့ ကြမ်းကြမ်းရှရှ ဘ၀တွေထဲကို ဦးစိုက် ထိုးနစ်ပြီးမှ ထွန်းလင်းခဲ့ရတဲ့ မန်းချောင်းနံဘေးက လရောင်လေး (သို့မဟုတ်) မင်းဘူးသား ဇော်သက်ထွေး။

အိုဘားမားနဲ့ ဦးသိန်းစိန်ကို သနားတယ် - မာဂျေ

သြဂုတ်လ ၁၄ရက်ညက အိုဘားမားကြီး သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်တယ်။ အကြောင်းကတော့ မစ်ဇူရီပြည်နယ်၊ ဖာဂူဆန်မြို့မှာ လူမည်းဆယ်ကျော်သက် တစ်ယောက်ကို ရဲက သေနတ်နဲ့ ပစ်တဲ့ကိစ္စပဲ။ လက်မြှောက်ထားတဲ့ ကလေးကို ရဲက သေနတ်နဲ့ ခုနစ်ချက်ပစ်လို့ ကလေး သေသွားတယ်။ ရဲပြောတာက အဲဒီဆယ်ကျော်သက်က ရဲဆီက သေနတ်ကို လုရုံမက ရဲကိုပါ ထိုးကြိတ်ခုခံ ထွက်ပြေးလို့ ပစ်ရတာပါတဲ့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အဓိကရုဏ်းတွေ ဖြစ်နေတာကို စုံစမ်းစစ်ဆေးပါ့မယ်လို့ သမ္မတက ပြည်သူလူထုကို တရားဝင် ကြေညာရတာ ဖြစ်တယ်။ ဒါကို ရုပ်သံမှာကြည့်ရင်း အိုဘားမားကြီးကို သနားတယ်။ သူ့မှာ စကြာဝတေးမင်းသာ ဆိုတယ်။ ဟို့လူ တောင်းပန်ရ ဒီလူ့ကို မျက်နှာချိုသွေးရနဲ့ တယ်မဟန်တဲ့ ရာထ

“မြစ်ဆုံနေရာ သဲသောင်ရောက်၊ ရောက်သည့်သောင်ပေါ် တဲတွေဆောက်၊ မုဆိုးမတဲအောက် ခေါင်းလောင်းရောက်”ဟူသည့် အတိတ်တဘောင်အရ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည် အုပ်ချုပ်ချိန်မှ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူနိုင်မည်ဟုဆို

မြန်မာနိုင်ငံမှာ အခုတလော လူစိတ်ဝင်စားသော သတင်းကတော့ ရန်ကုန်မြစ်ထဲမှာ နစ်မြှုပ်နေတဲ့ ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ်ယူနေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီခေါင်းလောင်းကြီးဟာ မွန်ဘုရင်က သွန်းလုပ်ပြီး ရွှေတိဂုံ စေတီတော်ပေါ်မှာ လွန်ခဲ့တဲ့ အေဒီ ၁၆ရာစုနှစ်က တင်လှူပူဇော်ထားခဲ့တာ ဖြစ်ပေမယ့် ပေါ်တူဂီလူမျိုး ငဇင်ကာဟာ ခေါင်းလောင်းကြီးကို အရည်ကျိုပြီး အမြောက်သွန်းလုပ်ဖို့ အတွက် သန်လျင်ဘက်ကို သယ်ယူရာမှာ ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုဇွန်တောင်ချောင်း ဆုံတဲ့ သုံးခွဆုံ နေရာမှာ ဖောင်နစ်မြှုပ်သွားတယ်လို့ သမိုင်း မှတ်တမ်းတချို့ ရှိခဲ့ပါတယ်။

နှစ်ပေါင်း ၆၀ ပဋိပက္ခထဲမှ ငြိမ်းချမ်းရေး အလင်းတစ်စ - ဇော်သက်ထွေး

မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းပြီး နေထိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် ပြည်ထောင်စုစစ်စစ် နိုင်ငံတစ်ခုကိုတော့ မထူထောင်နိုင်ခဲ့ပါဘူး။ လူမျိုးစုတွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဗမာတွေက လူမျိုးကြီး ၀ါဒကို ကျင့်သုံးပြီး အာဏာကို ဆယ်စုနှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားတယ်ဆိုတဲ့ အချက်ကြောင့် ကျန်တဲ့ တိုင်းရင်းသား လူမျိုးစုတွေက မကျေမနပ်ဖြစ်ပြီး တန်းတူညီမျှရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် ထူထောင်ရေး အတွက် နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီတိုက်ပွဲထဲမှာ လက်နက်စွဲကိုင် ပုန်ကန်မှုလည်း ပါဝင်ခဲ့ပြီး ဒီပဋိပက္ခဟာ နှစ်ပေါင်း ၆၀ တိုင်ကြာမြင့်ခဲ့ပါတယ်။ ခေတ်အဆက်ဆက် အစိုးရတွေ အနေနဲ့

Pages