August 2014

နိုင်ငံခြားလေယာဉ်များ ရန်ကုန်တွင် ဆီပြန်ဖြည့်

စွမ်းအင်ဝန်ကြီးဌာနက လေယာဉ်ဆီ သိုလှောင်ကန်များ ဆေးကြောခြင်း၊ ဆီစစ်အသစ်များ လဲလှယ်လိုက်ခြင်းတို့ကြောင့် နိုင်ငံခြား လေယာဉ်များ ရန်ကုန်တွင် ဆီပြန်ဖြည့်ပြီဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာန၊ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်တင်က Tomorrowသို့ ပြောပြခဲ့သည်။

ယခုအခါ Silk Air လေကြောင်းလိုင်းမှ လေယာဉ်များသည် သြဂုတ်လ ၅ရက်နေ့တွင် လည်းကောင်း၊ ကာတာ လေကြောင်းလိုင်းမှ လေယာဉ်များသည် သြဂုတ်လ ၉ရက်နေ့တွင် လည်းကောင်း၊ ဂျက်စတား လေကြောင်းလိုင်းမှ လေယာဉ်များသည် သြဂုတ်လ ၁၄ရက်နေ့တွင် လည်းကောင်း ရန်ကုန်လေဆိပ်တွင် လေယာဉ်ဆီ ပြန်လည်ဖြည့်တင်းကြပြီ ဖြစ်သည်။

ဆရာတော်အား ကျက်သရေဆောင်အတွင်း သတ်ခဲ့သည့် တရားခံမှ ဖြောင့်ချက်ပေးပြီ

ဇူလိုင်လ ၇ရက်က ကျောင်းတွင်းရှိ ကျက်သရေဆောင် အခန်းတွင် ဆရာတော်အား သတ်ကာ ငွေ တစ်သိန်း ရှစ်သောင်းကျပ် ယူသွားသည်ဟု သံသယရှိသူမှ ယင်းသတ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားခံဖြစ်သူ တိုးအောင်အား ဇူလိုင်လ (၂၇)ရက်က ဖမ်းဆီးရမိပြီ ဖြစ်သော်လည်း ယခု သြဂုတ်လတွင် ဖြောင့်ချက်ပေး ၀န်ခံခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

တောင်သူများအား သေနတ်ပစ်၍ လူစုခွဲရန် အမိန့်ပေးသူ ပေါ်ထွက်လာသော်လည်း အရေးယူခြင်း မရှိဟုဆို

ညောင်ဝိုင်း ကျေးရွာရှိ တောင်သူများ သေနတ်ပစ်၍ လူစုခွဲရန် မြို့နယ်ရဲတပ်ဖွဲ့မှုးမှ အမိန့်ပေးခိုင်း စေခိုင်းခြင်း ဖြစ်သည်ဟု ပေါ်ထွက်လာသော်လည်း သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ခြင်း လုံးဝမရှိကြောင်း မိထ္တိလာ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုကျော်နိုင်က ပြောသည်။

အဆိုပါ ဖြစ်ရပ်မှာ သြဂုတ်လ ၁၄ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရန် အတွက် ဒေသခံများမှ ထွန်တုံတိုက်ပွဲ ပြုလုပ်နေစဉ် ကျေးရွာအတွင်းမှ တောင်သူများအား  စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှုး ဦးစီးသည့် ရဲအင်အား၅၀ခန့် ရွာအတွင်း ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းကြောင်း သိရသည်။

ဦးစိုးမြင့် (မေတ္တာရှင်၊ ရွှေပြည်သာ)၏ အိမ်ထောင်ဖက်နှင့် ပတ်သက်၍ ထွက်ပေါ်သည့် သတင်းများ လုံးဝမှားယွင်းနေ

“ငါလူဝတ်လဲတဲ့ ရည်ရွယ်ချက်က လူမှုအကျိုးပြု ပရဟိတ အလုပ်တွေကို အားစိုက်ပြီး လုပ်ချင်လို့ လူဝတ်လဲလိုက်တာပါ၊ လောကီ ကာမဂုဏ် ခံစားချင်လို့ မဟုတ်ပါဘူး” ဦးစိုးမြင့် (မေတ္တာရှင်၊ ရွှေပြည်သာ)

တရိပ်ရိပ် တတ်လာနေသော ဘွဲ့ရ အလုပ်လက်မဲ့ ဦးရေ အမြန်ဆုံးထိန်းချုပ် ဖြေရှင်းပေးရန်လိုအပ်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဘွဲ့ရအလုပ်လက်မဲ့ဆိုသည့် ပြဿနာရပ်မှာ အလျင်အမြန် ညှိနှိုင်း ဖြေရှင်းရမည့် လူငယ်ရေးရာ ကိစ္စရပ် တစ်ခုကဲ့သို့ ဖြစ်လာနေကြောင်း မြန်မာနိုင်ငံ လူငယ်အစည်းအရုံးက တရားဝင် ထုတ်ပြန်လိုက်သည်။

အကျဉ်းဦးစီးဌာနမှ ၀န်ထမ်းအား ပြန်လည် တရားစွဲသည့်အမှု တစ်နှစ်ကျော်အကြာတွင် ပိတ်သိမ်း

အကျဉ်းဦးစီး ၀န်ထမ်းများအား ပြန်လည် တရားစွဲဆိုထားသည့် လွန်ခဲ့သော တစ်နှစ်ကျော်မှ အမှုအား ပိတ်သိမ်းကျေအေးပေးလိုက်ပြီ ဖြစ်ကြောင်း အလုပ်သမားများ၏ ရှေ့နေ ကိုအောင်သူရိန်ထွန်းထံမှ သိရသည်။

အဆိုပါ တရားစွဲဆိုမှုမှာ အကျဉ်းထောင်းအတွင်း အရိုက်ခံရသည့် တော်ဝင် အလုပ်သမားများက အကျဉ်းဦးစီး ၀န်ထမ်းအား ပြန်လည် စွဲဆိုထားသည့် အမှုဖြစ်ကာ ယင်းအမှုကို အင်းစိန်မြို့နယ် တရားရုံးတွင် သြဂုတ်လ ၁၄ရက်နေ့၌ ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

“လူကြီးလူကောင်းဆန်ဆန် မှားတာကို တောင်းပန်ခဲ့တယ်။ အဲဒီအတွက် ရုံးချိန်မှာ ကျေအေး ပေးလိုက်တာ”ဟု တော်ဝင် အလုပ်သမားများ၏ ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိခြင်းကြောင့် မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတို့ကြား မကြာခဏ တိုက်ပွဲဖြစ်နေရဟုဆို

ကချင် လက်နက်ကိုင် အဖွဲ့နှင့် မြန်မာ့တပ်မတော် မကြာခဏ ပစ်ခတ်ရခြင်းမှာ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသေးသောကြောင့် ဖြစ်သည်ဟု တိုင်းရင်းသားရေးရာ ပဋိပက္ခ ဖြေလျော့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကော်မတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်မှ ပြောသည်။

မေတ္တာညွန့် ရပ်ကွက်တွင် အာမခံနှစ် မပြည့်ခင်မှာပင် ခြောက်ထပ်တိုက်တစ်လုံး ခေါင်မိုးမှပြိုကျမှု ဖြစ်ပွား

အရည်အသွေး ညံ့ဖျင်းလွန်းစွာ ဆောက်လုပ်ခဲ့သည်ဟုဆိုသော အဆောက်အအုံ၏ ယင်းဖြစ်ရပ်ကြောင့် မိသားစု ၅၂ဦး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိခဲ့ရ

တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် သမာဓိလမ်းရှိ  အခန်း(၁၂)ခန်းပါ ခြောက်ထပ် တိုက်တစ်လုံးမှာ သက်တမ်း မပြည့်ခင်မှာပင် ခေါင်မိုးတစ်ခြမ်း   ပြိုကျခဲ့ ပျက်စီးခဲ့သော်လည်း  နေထိုင်သူများ ထိခိုက်မှု တစ်စုံတရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရာ သင်္ဘောပေါ်သို့ မည်သည့်ပုဂ္ဂိုလ်၊ မည့်သည့် အဖွဲ့အစည်းမှ တက်ရောက်ခွင့် မပြုတော့ဟု ဦးစံလင်းပြောကြား (အခြေနေအရ နှုတ်စောင့်စည်းအပ်သည့် ကိစ္စရပ်များလည်း ရှိနေဟုဆို)

ရေအောက်တွင် နှစ်ပေါင်း ၄၀၀ကျော် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီအား ဆယ်ယူရာ၌ မြန်မာနည်း၊ မြန်မာ့ဟန်ဖြင့် ဆယ်ယူရသည့် အတွက် စောင့်စည်းရမည့် အရာများလည်း ရှိနေသောကြောင့် ဆယ်ယူသည့်နေ့၏ န၀မမြောက်နေ့မှ စတင်ကာ ဆယ်ယူသည့် သင်္ဘောပေါ်သို့ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းကိုမှ တက်ရောက်ခွင့် မပြုတော့ကြောင်း ဓမ္မစေတီ ခေါင်းလောင်တော်ကြီးအား ဦးဆောင်ဆယ်ယူသူ ဦးစံလင်းက သြဂုတ်လ ၁၆ရက်နေ့တွင် Tomorrow ဂျာနယ်သို့ ပြောကြားသည်။

တရားဟော ဓမ္မကထိက တစ်ဦးဖြစ်လိုသည့် အစ္စလာမ် ဘာသာဝင် တစ်ဦး ဗုဒ္ဓဘာသာအဖြစ်ခံယူ

တရားဟော ဓမ္မကထိက တစ်ဦးဖြစ်ရန် အထိ ရည်ရွယ် စိတ်အား ထက်သန်နေသော အစ္စလာမ် ဘာသာဝင် တစ်ဦး ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာခဲ့ကြောင်း သိရသည်။

Pages