August 2014

သမ္မတမှ ဖက်ဒရယ်ကို လက်ခံလိုက်သဖြင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် နီးစပ်လာ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနတွင် သြဂုတ်လ ၁၅၊ ၁၆၊ ၁၇ ရက်များ၌ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်း ဆွေးနွေးခဲ့ကြရာ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းကို သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

မဏ္ဍိုင်(၄)ရပ် စက်တင်ဘာလတွင် တွေ့ဆုံရေး ပြန်ကြားရေး ၀န်ကြီးဌာနနှင့် စာနယ်ဇင်း ကောင်စီ(ယာယီ)တို့ သဘောတူညီမှုရ

မကြာသေးခင်က ပြန်ကြားရေးဝန်ကြီး တာဝန်ကို ရယူခဲ့သည့် ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)တို့သည် သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ရှိ စာနယ်ဇင်း ကောင်စီ(ယာယီ)ရုံး၌ တွေ့ဆုံပြီး မီဒီယာနှင့် အစိုးရကြားရှိ အခြေအနေ အရပ်ရပ်ကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံ ဆွေးနွေးရာတွင် ပြန်ကြားရေးဝန်ကြီး ဌာန အနေဖြင့် မီဒီယာ ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်ရာတွင် လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ အဖြစ် ပူးပေါင်းဆောင်ရွက်ရန် ၀န်ကြီးဌာနများ၌ သတင်းရယူရာတွင် နှစ်ဖက်အကြား တွေ့ကြုံရသည့်  အခက်အခဲများကို ပြေပျောက်ရန်၊ မဏ္ဍိုင်(၄)ရပ် စက်တင်ဘာလကုန်တွင် တွေ့ဆုံဆွေးနွေးရေး အတွက် လုပ်ငန်း အကောင်အထည် ဖော်ရန်နှင့် တစ်လ တစ်ြ

နေ့စဉ်အမှိုက်တန်ချိန် ၁၅၅၀ကျော် သိမ်းဆည်းပေးနေသော်လည်း ပြည်သူလူထု ပူးပေါင်းမှု အားနည်းဟု စည်ပင်ကပြော

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနသည် အမြဲတမ်း ၀န်ထမ်း ၁၀၀၀၊ တံမြက်လှည်းဝန်ထမ်း ၃၈၀၀၊ သန့်ရှင်းရေးကား ၂၉၄ စီးဖြင့် ရန်ကုန် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အမှိုက်များကို နေ့စဉ်သိမ်းဆည်းလျက်ရှိသည်။

သိမ်းဆည်းရသော အမှိုက်များမှာ တစ်နေ့လျှင် တန်ချိန် ၁၅၅၀ကျော်ဖြစ်ပြီး ထိုအမှိုက်များကို အဓိက စွန့်ပစ်နေရာ နှစ်ခုဖြစ်သော ထားဝယ်ချောင်ရှိ ၅၅.၇၇ဧကတွင် အမှိုက်တန်ချိန် ၆၀၀ကျော်နှင့် ထိန်ပင်ရှိ ဧက ၇၀တွင် နေ့စဉ် အမှိုက်တန်ချိန် ၈၀၀ကျော် စွန့်ပစ်လျက်ရှိသည်။ လှော်ကား၊ ဒလနှင့် ဆိပ်ကြီးခနောင်တို တို့တွင်လည်း စွန့်ပစ် အမှိုက်ပုံလေးများရှိကြောင်း သိရသည်။

စည်ပင်သာယာမှ လာရောက် စွန့်ပစ်သော အမှိုက်များကြောင့် ဒေသခံများ သွားလာရေးအပြင် ကျန်းမာရေးပါ ထိခိုက်နေ

ခရမ်းမြို့နယ်၊ အနောက်ဘက် ၁၀ရပ်ကွက် အစွန်းရှိ နိဗ္ဗာန်လမ်းပေါ်တွင် စည်ပင်သာယာအဖွဲ့မှာ ကားများဖြင့် လာရောက်ပုံသော အမှိုက်များကြောင့် ဒေသခံများ သွားလာမှု အဆင်မပြေသည့်အပြင် အနံ့အသက်ကြောင့် ရောဂါများပါ ဖြစ်ပေါ်လာနိုင်သည့်အတွက် စည်ပင်သာယာအဖွဲ့ အနေဖြင့် အမှိုက်များကို စနစ်တကျ လမ်းဘေးချောက်ထဲသို့ သေချာစွာ စွန့်ပစ်သင့်ကြောင်းကို တီတွတ်ဆရာတော် ဦးသုမနမှ Tomorrow ဂျာနယ်သို့ မိန့်ကြားခဲ့သည်။

၂၀၁၅ ရည်မှန်းချက် အရက်ဆိုင်များမှသည် ရာဇ၀တ်မှုများဆီသို့ - သံဖနောင့်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ လှိုင်သာယာမြို့နယ် လက်ဖက်ရည်ဆိုင်မှာ လူတစ်ယောက်ကို ရက်ရက်စက်စက် ဓားနဲ့ထိုးသတ်ခဲ့တဲ့ ဗီဒီယို မှတ်တမ်းဖိုင်ကို တင်ခဲ့ကြပါတယ်။ ဒီမှတ်တမ်းကို လက်ဖက်ရည်ဆိုင်မှာရှိတဲ့ စီစီတီဗီ ကင်မရာက ရိုက်ကူး မှတ်တမ်းတင်ခဲ့တာ ဖြစ်ပြီး လပေါင်းအတန်ကြာမှ အွန်လိုင်းပေါ်ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယို မှတ်တမ်းကို ကြည့်ရှုကြတဲ့ လူတွေရဲ့ တစ်ခုတည်းသော မှတ်ချက်ကတော့ မိတ်ဆွေတွေ မကြည့်ကြပါနဲ့ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီမှတ်ချက်ကြောင့် ဗီဒီယိုထဲမှာ မတွေးဝံ့စရာ ရက်စက်တဲ့ မြင်ကွင်းတွေပါမယ်လို့ သေချာပေါက် ယူဆနိုင်ပါတယ်။ ဒီအဖြစ်အပျက်ကို အခြေတည်ပြီး တွေးမိတာကတော့ ဒ

၂၆ နှစ်ကြာသောအခါ တိုင်းပြည်ဘာတွေရခဲ့သလဲ - ဇော်သက်ထွေး

၂၀၁၄ခု သြဂုတ်လ ၈ရက်နေ့ကတော့ ဆင်းရဲမွဲတေနေတဲ့ ဆိုရှယ်လစ် တိုင်းပြည်တစ်ခုကို  ပြောင်းလဲပစ်ဖို့ အတွက် ကျောင်းတော်သားတွေနဲ့ ရဲရင့်တဲ့ ပြည်သူလူထု ဆန္ဒပြတော်လှန်ခဲ့တာ ၂၆ ပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၆နှစ်က ပြည်သူပြည်သားတွေ သုံးစွဲနေတဲ့ ငွေစက္ကူတွေကို တရားမ၀င်ငွေအဖြစ် ကြေညာခဲ့ရာက အစပြုလို့ မကျေနပ်မှုတွေကို အကြောင်းပြုပြီး၊ ဒီမိုကရေစီ ရရှိရေးအထိ ရည်မှန်းချက် ကြီးမားသွားခဲ့ ရပါတယ်။ ဒီရည်မှန်းချက်ဟာ ရဲဘော်သုံးကျိပ်ဝင် ဆိုရှယ်လစ် ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းရဲ့ ဇာတ်သိမ်းခန်းကို ကြေကွဲစရာအတိ ပြီးစေခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်တွေကို တော်လှန်ပြီး လွတ်လပ်ရေး ရယူပေးခဲ့တဲ့ ဗမာ့တပ်မတော်ရဲ့ သြဇာ လွှမ်းမိုးမှုဟာ ပြ

မရှိတာထက်၊ မသိတာခက် - ကိုညို (အော်စလို)

လှေပျက်ကြီး
ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် နော်ဝေးနိုင်ငံမှာ ပြောင်းရွှေ့ အခြေချ နေထိုင်မယ်ဆိုရင် နှစ်နှစ်အတွင်း နော်ဝေး ဘာသာစကားနဲ့ နော်ဝေး လူနေမှုဘ၀၊ သမိုင်း၊ နိုင်ငံရေး နောက်ခံတွေကို မသင်မနေရ လေ့လာသင်ကြားရပါတယ်။ ဒါကို နော်ဝေးတွေက Introduction Program နော်ဝေးနိုင်ငံအကြောင်း အခြေခံ သိကောင်းစရာ အစီအစဉ်လို့ ဆိုပါတယ်။

တတိယလှိုင်းကြမ်း၊ မောင်မောင်ဝမ်းနှင့် လမ်းပျောက်မြန်မာပြည် - ဇာဂနာ

တကယ်တော့ ဒီလိုစာတွေ ကျွန်တော် မရေးချင်ပါဘူး။ တိုင်းပြည် ပြန်လည်ပြုပြင်နေတဲ့ ကာလမှာ အတူပူးတွဲ လုပ်ဆောင်ကြဖို့ကို အာသီသထားသူပါ။ သဘောထား မတိုက်ဆိုင်ရင်တောင်မှ အနိမ့်ဆုံး တိုင်းပြည်ကို ချစ်တယ်ဆိုတဲ့ သဘောထား အခံကိုပဲ ဘုံသဘော တူညီချက် အနေနဲ့ လက်ခံပြီး လက်ကမ်းနေဆဲပါ။

တချို့ကဆို ဇာဂနာဟာ သမ္မတနဲ့ နီးစပ်တယ်။ ဘက်ပြောင်းသွားပြီ၊ ခွထိုင်နေတယ် စသဖြင့် စဖြင့် ရေးနေကြတာ ဝေဖန်နေကြတာ ကြားပါတယ်။ ဖတ်ရပါတယ်။ လမ်းဆုံးတော့ ရွာတွေ့မှာပဲဆိုတဲ့ စိတ်နဲ့တစ်ခွန်းမှ ပြန်မပြောခဲ့သလို မတုံ့ပြန်ခဲ့ပါဘူး။

ပုပ်ရင်ပေါ် ဟုတ်ရင်ကျော် - လက်စောင်းထက်

သမီးတော်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အတွင်းဝန်ရာထူးတွေ ခန့်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဇာတ်သိမ်းမလှပဲ ထောင်ထဲမှာပဲ ဘ၀ရဲ့နောက်ဆုံးအချိန်ကို ကုန်လွန်ခဲ့ရတယ်။ ဘာကြောင့် သူထောင်ကျခဲ့ရသလဲ ဆိုတာ လူတွေ အတော်များများ မသိကြပါဘူး။ ဒီကိစ္စကလည်း သမီးတော်တွေရဲ့ စနက် ဖြစ်နေတယ်။ အဲဒီနိုင်ငံခြားရေး ၀န်ကြီးက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ စင်ကာပူကို အစည်းအဝေး သွားနေချိန်မှာ သမီးတော်တွေရဲ့ မယ်မယ်ဘုရား မိဘုရားခေါင်ကြီးက ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးခင်မောင်ဝင်းဆီကို ဖုန်းဆက်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့သမီးတော် သုံးဦးကို တတိယ အတွင်းဝန်ကနေ ဘာကြောင့် ဒုတိယ အတွင်းဝန် ရာထူ

ရာသီအဖွင့် ကွန်မြူနတီဖလား အာဆင်နယ် ဆွတ်ခူး

အင်္ဂလန်နိုင်ငံ ၀င်ဘလေကွင်း၌ သြဂုတ်လ၁၀ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီ အဖွင့် ချာရတီ ဖလားပြိုင်ပွဲတွင် အမှတ်ပေး ချန်ပီယံ မန်စီးတီး အသင်းအား ရှုံးထွက် ချန်ပီယံ အာဆင်နယ် အသင်းက ၃-၀ ဂိုးဖြင့် ပြတ်ပြတ်သားသား  အနိုင်ယူပြီး အမ်မရိတ်ဖလား လက်လွတ်ခဲ့ရမှုကို ဖြေသိမ့်နိုင်ခဲ့သည်။

Pages