August 2014

ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ မြန်မာယူ ၁၉ အသင်း တီမောကို ဆက်လက်အနိုင်ရ

ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲ အုပ်စုဒုတိယ ပွဲစဉ်များကို သြဂုတ်လ ၁၀ရက်နေ့က ဆက်လက်ကျင်းပရာ မြန်မာ ယူ၁၉ အသင်းက တီမော လူငယ်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ လူငယ်အသင်းမှာ အုပ်စုပထမပွဲစဉ် အဖြစ် ထိုင်းယူ ၂၁ အသင်းနှင့် ကစားရာတွင်လည်း ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ၁၇တွင် နာမည်ကြီး မကွေးအသင်း ရှုံးနိမ့်

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၇ပွဲများအား စနေနေ့က ယှဉ်ပြိုင်ကစားခြင်း မရှိဘဲ တနင်္ဂနွေနေ့မှသာ ယှဉ်ပြိုင်ခဲ့ကြသည်။ YUFC ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်၌GFA အသင်းက Southern Myanmar အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။ Southern Myanmar အသင်းမှ GFAအသင်းကို ရှုံးနိမ့်ခဲ့ရသည့် အတွက် ဖိအားများ ၀င်လာခဲ့ပြီး အတန်းမဆင်းရရေး အတွက် လက်ကျန်ပွဲစဉ်များတွင် ကြိုးစားကစားရတော့မည် ဖြစ်သည်။ GFA အသင်းမှာ ယခုနှစ်မှ MNLသို့ တက်ရောက်လာသော်လည်း အသင်းလိုက် စည်းလုံးညီညွတ်မှုနှင့် ကြိုးစားမှုတို့ကြောင့် အဖိုးတန် သုံးမှတ် ရရှိသွားခဲ့သည်။ ချင်းပြည်နယ် ကိုယ်စားပြုအသင်း နှစ်သင်းဖြစ်သည့် GFA အသ

အလွန်ပြင်းထန်သော အီဘိုလာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်း

ဂီနီနိုင်ငံသည် အသက်သေစေနိုင်သော အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဟန့်တားရန် အတွက် စီယာလီယွန် နိုင်ငံနှင့် ဆက်စပ်နေသော ၎င်း၏နယ်စပ်ကို ပိတ်ဆို့လိုက်သည်ဟု စီယာလီယွန် နယ်ခြားစောင့် ရဲအရာရှိတစ်ဦးက စီအင်န်အင်န် သတင်းဌာကို ပြောကြားခဲ့သည်။ ဤပြင်းထန်သော ဗိုင်းရပ်စ်သည် စီယာလီယွန်နိုင်ငံရှိ ရောဂါဖြစ်ပွားရာ အဓိကဒေသမှ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ဂီနီ၊ လိုင်ဘေးရီးယားနှင့် နိုင်ဂျီးရီးယား နိုင်ငံသို့ ဆက်လက် ပျံ့နှံ့နေသည်။ အခြား အနောက် အာဖရိက အစိုးရများက ဤရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေကြသည်။  ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ၎င်းရောဂါကို နိုင်ငံတကာ စိုးရိမ်ပူပန်မှု ဖြစ်ပေါ်နေသည့် အရေးပေါ် ကျ

ယူကရိန်းရှိ ထောက်ပံ့ရေးမစ်ရှင်နှင့် ပတ်သက်၍ ရုရှားကို အနောက်နိုင်ငံများက သတိပေး

ယူကရိန်း အရှေ့ပိုင်းသို့ တပ်ဖွဲ့များ စေလွှတ်ရန်အတွက် အကြောင်းပြချက် တစ်ခုအနေဖြင့် လူသားချင်းဆိုင်ရာ အထောက်အပံ့ကို အသုံးမပြုရန် ဗြိတိန်နှင့် အမေရိကန် အစိုးရများက ရုရှားကို သတိပေးခဲ့သည်။ မည်ကဲ့သို့သော ကြားဝင်စွက်ဖက်မှုကိုမျှ လုံးဝလက်မခံဘဲ ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်မှု အဖြစ် ရှုမြင်သည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆာမန်သာပါဝါက ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ဖိလစ်ဟမ်းမွန်းက ထိုကဲ့သို့ ကျူးကျော် စော်ကားသည့် လုပ်ရပ်မျိုးကို ရှောင်ရှားရန် ရုရှားကို ပြင်းထန်စွာ သတိပေးလိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက အရေးယူခံရသော ယူနတီ ဂျာနယ်လစ်များနှင့် ပတ်သတ်ပြီး မြန်မာ သမ္မတကို မေးခွန်းထုတ်

မြန်မာနိုင်ငံအနေဖြင့် ခွဲခြား ဆက်ဆံမှုများ၊ အကြမ်းဖက်မှုများ သတင်းစာ လွတ်လပ်ခွင့်များကို ထိန်းချုပ်နေမှု ဆိုးဝါးနေကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက နိုင်ငံတော် သမ္မတအား ဖိအားပေး ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ၂၀၁၂ခုနှစ်တွင် အမေရိကန် သမ္မတ အိုဘာမား လာရောက် လည်ပတ်ခဲ့ပြီး အမေရိကန်၏ ပိတ်ဆို့ အရေးယူမှု အချို့ကို လျော့ချပေးခဲ့သော်လည်း မြန်မာနိုင်ငံ အတွင်း ခွဲခြားဆက်ဆံမှုများ၊ သတင်းစာ လွတ်လပ်ခွင့်ကို ထိန်းချုပ်မှုများ အပါအ၀င် လူ့အခွင့်အရေး အခြေအနေများ ဆိုးဝါးနေကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

မဲဆန္ဒရှင် ၅သန်းနီးပါး၏ ဆန္ဒကို ဖြစ်မြောက်အောင် လုပ်ပေးရန်မှာ လွှတ်တော် တာဝန်သာဖြစ်ဟု ဦးကိုကိုကြီးဆို

၂၀၀၈  ဖွဲ့စည်းပုံ အခြေခံ ဥပေဒေ၊ အခန်း ၁၂၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လက်မှတ်ရေးထိုးမှုအား ကောက်ခံမှုအရ  မဲဆန္ဒရှင်၅သန်း၏ ဆန္ဒပြုမှုကို ပြည့်အောင် ပြုလုပ်ပေးရန်မှ လွှတ်တော်၏ တာဝန်သာဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျွန်ကယ်ရီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန်နိုင်ငံခြား  ၀န်ကြီး မစ္စတာ ဂျွန်ကယ်ရီသည် သြဂုတ်လ ၁၀ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ကို လေကြောင်းနဲ့ ရောက်ရှိလာပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်၌ ည၈နာရီခွဲ အချိန်ခန့်တွင် လာရောက် တွေ့ဆုံခဲ့သည်။

မစ္စတာ ဂျွန်ကယ်ရီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုတွင် ၄င်းတို့အား ပူးတွဲဓါတ်ပုံရိုက်ခြင်းကို တစ်မိနစ်ခန့် ခွင့်ပြုခဲ့ပြီးနောက် နေအိမ်အတွင်း၌ သီးသန့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

လက်ခံကျင့်သုံးရန် ကြိုးပမ်းနေသည့် ပီအာစနစ်နှင့် ပတ်သက်၍ တိုင်းရင်းသားပါတီများ လေ့လာနေ

ပြည်ထောင်စု လွှတ်တော်တွင် ပီအာစနစ်ကို လက်ခံကျင့်သုံးပါက တိုင်းရင်းသားပါတီများ စုပေါင်း၍ ပါတီကြီးတစ်ခု ထူထောင်သွားမည်ဟု တိုင်းရင်းသား ပါတီများမှ ၂၀၁၃ ခုနှစ်တွင် ပြောကြားခဲ့ခြင်း ရှိသော်လည်း ယခုလက်ရှိအချိန်မှာ လေ့လာနေဆဲ အချိန်ဖြစ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ပြည်သူ့အမတ် ဦးဥာဏ်ဆွေဝင်းမှ ပြောကြားခဲ့သည်။

အစိုးရဌာနများ အချင်းချင်း ဗီဒီယိုများမှတစ်ဆင့် အစည်းဝေး ပြုလုပ်နိုင်ရန်စတင်

မြန်မာနိုင်ငံတွင် e-government စနစ်စတင်ဖော်ဆောင်နေသလို လာမည့် (၆)လ အတွင်းမှာပင် အစိုးရဌာန အချင်းချင်း ဗီဒီယို ကွန်းဖရင့်များဖြင့် ချိတ်ဆက် ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ သိရသည်။

KNU/KNLA၏ ချစ်ကြည်ငြိမ်းချမ်း ကုမ္ပဏီသို့ လှူဒါန်းထားသည့်မြေမှာ တရားရင်ဆိုင်နေသည့် အငြင်းပွားမြေဖြစ်နေ

KNU/KNLAမှာ ဇူလိုင်လ၃၀ရက်နေ့က သာကေတ မြို့နယ်တွင် ဖွင့်လှစ်ခဲ့သော ချစ်ကြည်ငြိမ်းချမ်း ကုမ္ပဏီ ဖွင့်ပွဲတွင် တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်ရှိ ၁၅၄လမ်းမှ ၁၆၃လမ်း၏ လမ်းတစ်ဝက်မြေအား မြေပိုင်ရှင် ဖြစ်သူဆိုသူမှ လှူဒါန်းခဲ့သည့် မြေမှာ လက်ရှိတွင် အမှုကိစ္စများ မပြီးပြတ်သေးသော မြေနေရာ ဖြစ်ကြောင်း သိရသည်။

Pages