August 2014

ချိတ်ပိတ်ထားသော မဟာသန္တိသုခကျောင်းတိုက်အား ထပ်မံရှာဖွေသည်ဆိုသည့် သတင်းအပေါ် မြို့နယ်စခန်းမှ ငြင်းဆို

ချိတ်ပိတ်ထားသော မဟာသန္တိသုခ ကျောင်းတိုက်အား တာဝန်ရှိသူများမှ ထပ်မံ ၀င်ရောက် ရှာဖွေခဲ့ကြောင်း ကျောင်းတိုက်အနီး၊ တာမွေမြို့နယ်နေ ပြည်သူအချို့ထံမှ သိရသော်လည်း ယင်းသတင်းနှင့် ပတ်သတ်၍ သိရှိခြင်း မရှိကြောင်း တာမွေမြို့နယ် ရဲစခန်းမှ တရားဝင် ငြင်းဆို ခဲ့သည်။

“၇ရက်နေ့ ညနေ၅နာရီ အချိန်လောက်က ဘယ်အဖွဲ့အစည်းတွေလဲတော့ မသိဘူး ကျောင်းထဲကို ၀င်ပြီးရှာနေတာတော့ တွေ့ရတယ်”ဟု အဆိုပါ မဟာသန္တိသုခ ကျောင်းတိုက်အနီး နေထိုင်သူ တစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်ရှိ စက်မှုဇုန်မြေကွက်များ တရုတ် ကုမ္ပဏီများမှ လိုက်လံစုဆောင်း

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်မြေကွက်များအား တရုတ်ကုမ္မဏီများမှ လိုက်လံ ၀ယ်ယူလျက်ရှိနေသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

အဆိုပါ တရုတ်ကုမ္ပဏီများ အနေဖြင့် စက်မှုဇုန်မြေကွက်များ ၀ယ်ယူရာတွင် မြို့နယ်တစ်ခု အတွင်းရှိ စက်မှုဇုန်များမှ မြေကွက်များသာ အဓိကထား ၀ယ်ယူနေကြကြောင်းနှင့် ယင်းတို့ အနေဖြင့် စက်ရုံ အလုပ်ရုံများ တည်ဆောက်နိုင်ရန် အတွက် ယင်းသို့လိုက်လံ ၀ယ်ယူနေခြင်းဖြစ်ကြောင်း အိမ်ခြံမြေ ၀ယ်ရောင်းများထံမှ စုံစမ်းသိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူဝါဒအတွက် နိုင်ငံရေး ပါတီများနှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ မူဝါဒ ချမှတ်နိုင်ရန် အတွက် နိုင်ငံရေး ပါတီများနှင့် အစိုးရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့နှင့် သြဂုတ်  ၁၁ရက်တွင် ရန်ကုန်မြို့တွင် မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရေတပ် အရာရှိကြီး တစ်ဦးကို ထုံးတမ်းအစဉ်လာ မဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ရာထူးခန့်အပ်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရအဖွဲ့၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် ပြောင်းရွှေ့သွားသော နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် တင်အောင်ချစ် နေရာတွင် ရေတပ်မှ ဗိုလ်မှူးချုပ် မြင့်နွယ်ကို ဗိုလ်ချုပ် ရာထူးအဆင့်ဖြင့် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ဆယ်ယူမှုအပေါ်တွင် မယုံကြည်နိုင်သူများအား လက်တွေ့ သက်သေပြသွားမည်ဟု ဦးစံလင်းပြောကြား

လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပင် ရေအောက်သို့ နစ်မြုပ်ခဲ့သော အလေးချိန် တန်၂၇၀ရှိ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား သြဂုတ်(၉)ရက်နေ့တွင် စတင်ဆယ်ယူခဲ့ရာ သံသယစိတ်များဖြင့် ၀ိဝါဒကွဲပြားစွာ ဝေဖန်နေမှုများစွာ ထွက်ပေါ်နေကြောင်းနှင့် ယင်းဝေဖန်မှု အပေါ်တွင် လုပ်ရပ်ဖြင့် လက်တွေ့သက်သေပြသွားမည် ဖြစ်ကြောင်း သုဓမ္မမဏိဇောတဓရ ဦးစံလင်းက ပြောကြားခဲ့သည်။

သမ္မတရုံးဝက်ဘ်ဆိုက်တွင် တင်ထားသော ၀န်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်စာရင်း အမှန်ဖြစ်ရန်လို

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ၀န်ကြီးဌာနအလိုက် ပြောခွင့်ရ ပုဂ္ဂိုလ်စာရင်းများကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့စွဲဖြင့် တင်ထားသော်လည်း အဆိုပါ စာရင်းတွင် ပါသူများအနက် အချို့မှာ ပြောင်းရွှေ့ခြင်း၊ နုတ်ထွက်ခြင်း၊ တာဝန်မှ အနားယူ သွားခြင်းများအတွက် စာရင်းအမှန် ပြန်လည်တင်ပြရန် မီဒီယာများက လိုလားနေကြကြောင်း သိရသည်။

ဒီသမိုင်းကိုတော့ လူတိုင်း သိစေချင်ပါသည် - သန်းဝင်းအောင် (ချောက်၊ခြောက်၊၆)

၂၅-၆-၂၀၁၄ (ဗုဒ္ဓဟူးနေ့) က ဗိုလ်အောင်ကျော်လမ်း၊ အောက်ဘလောက်၊ Home Media Centerမှာ ကျင်းပတဲ့ “တော်လှန်ရေးနှင်းဆီ” စုစုနွေး စာအုပ်မိတ်ဆက်ပွဲကို သွားရောက်လေ့လာ ဖြစ်ခဲ့ပါတယ်။

ပြောတာလဲ သမ္မတကြီးပါပဲ - မာဂျေ

သမ္မတကြီး ခင်ဗျား... စာနယ်ဇင်း ကောင်စီဝင်တွေနဲ့ သမ္မတကြီးတွေ့တဲ့ သတင်းကို အစိုးရပိုင် (အဲလေ) ပြည်သူ့ဝန်ဆောင်မှု သတင်းစာတွေမှာ တွေ့ရပါတယ်။ သမ္မတကြီးက အစိုးရနဲ့ မီဒီယာတွေ ပူးပေါင်းပြီး မီဒီယာ အခန်းကဏ္ဍ မြှင့်တင်နိုင်ဖို့ ဆွေးနွေးသွားမယ် ဆိုတာလည်း ဖတ်ရပါတယ်။ ၀န်ကြီး ဌာနတွေနဲ့ စာနယ်ဇင်းသမားတွေကြား ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်ဖို့ အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်မယ်လို့ ပြောဆိုကြတာ သိရပါတယ်။

ရော့ခ်သီချင်းနဲ့ ပုတီးစိပ်တဲ့ သမီးတော် - လက်စောင်းထက်

သမီးတော်တွေဟာ သွားလေရာမှာ ပြောစမှတ်တွင်အောင်ကို စွမ်းဆောင်နိုင်ကြ၊ တော်ကြပါပေတယ်။ ခက်တာက အာဏာရှင်ကြီးရော သူ့ဇနီးကရော ဒီသမီးတော်တွေနဲ့ ပတ်သက်ရင် ဒီလိုတော့မလုပ်နဲ့၊ ဟိုလိုတော့ မလုပ်နဲ့ဆိုပြီး ဆုံးမပဲ့ပြင်ခြင်း လုံးဝမရှိတာပဲ။ သားသမီးတွေအပေါ် အလွန်တစ်ရာမှ သည်းခံ အလိုလိုက်တဲ့ မိဘတွေဖြစ်တယ်။ မိဘတွေ အလိုလိုက်လေလေ သမီးတော်တွေက ဆိုးလေလေ ဖြစ်တယ်။ သမီးတော်တွေကလည်း တစ်ပါးနဲ့ တစ်ပါးက မတည့်ကြလေတော့ ဘယ်သွားသွား ဘာလုပ်လုပ် သမီးတော် တစ်ပါးစီအတွက် ကားဆိုလဲ သီးသန့် တစ်စီးစီ၊ သွားချင်တဲ့ နေရာတွေလည်း သီးသန့်စီ လုပ်ပေးရတယ်။ ခက်တာက သမီးတော်တွေနဲ့ ပတ်သက်ရင် ဘယ်သူမှ မျက်နှာမရပဲ ပြဿနာတွေချည်း ရနေတာပဲ။ သမီးတော်တွေ လာေ

ဒီမိုကရေစီကို အလွဲသုံးနေတဲ့ တရုတ်ဆေးခန်းများ - ဒေါက်တာ ထူးပြည့်စုံသျှင်

ရန်ကုန်မြို့ထဲ လမ်းလျှောက်ရင်း တစ်နေရာရာမှာ ကျန်းမာရေးဆိုင်ရာ စာအုပ်ငယ်များ ကမ်းတတ်တဲ့ အချိန် တော်တော်များများ ကြုံဖူးကြမှာပါ။ “တရုတ်ဆေးခန်း ကြော်ငြာ”ဖြစ်တယ်။

Pages