August 2014

မပြီးဆုံးသေးသော ပန်းချီကား - အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

အချိန်ကာလရဲ့ ဖုံးအုပ်ခြင်းကို ခံရတဲ့ အဖြစ်အပျက် တစ်ခုဟာ မှတ်ဉာဏ်အခန်းရဲ့ တစ်ထောင့် တစ်နေရာမှာ ကွယ်ပျောက်နေပါတယ်။ ဒါပေမဲ့ အမှတ်မထင် နှိပ်မိတဲ့ ခလုတ်တစ်ခုက ဒီအဖြစ်အပျက် ကလေးကို တစ်ခုစီ တစ်ခုစီ အစီအရီ ပေါ်လာစေပါတယ်။ ကွန်ကရစ်တော၊ သံမဏိတံခါးနဲ့ သော့အထပ်ထပ်ကြားမှာ ဘ၀တွေ၊ အိပ်မက်တွေကို မြှုပ်နှံသင်္ဂြိုဟ်ပစ်ပေမယ့် မသေအောင် တည်ဆောက်၊ ရှင်သန်အောင် ရုန်းထရတဲ့အထဲမှာ ကဗျာတွေ၊ စာတွေအပြင် ပန်းချီသင်တန်းလေး တစ်ခုကိုပါ တည်ဆောက်ဖြစ်ခဲ့ကြတယ်။

တိရိစ္ဆာန်များကို မစပါနှင့် - အောင်မြင်သူ

မိတ်ဆွေစာဖတ်သူ တစ်ဦးက တွေ့ချင်တယ်ဆိုလို့ သွားခဲ့ပါတယ်။ စာဖတ်သူခုနစ်ဦး တွေ့ပါတယ်။ အသက်အရွယ်အရ အငြိမ်းစား ၀န်ထမ်းတွေ ဖြစ်ကြောင်း သိရတယ်။ စားပွဲပေါ်မှာ ဂျာနယ်စုံ တွေ့ရတယ်။ စာဖတ်အား ကောင်းသူများ ဖြစ်လို့ လေးလေးစားစား ဆက်ဆံရမယ်ဆိုတဲ့ အသိခေါင်းထဲ ၀င်လာပါတယ်။ အတွေးသာ ခေါင်းထဲဝင်လာတယ် စကားစလိုက်တာနဲ့ မခံချင်စိတ်က ခေါင်းထဲ ရောက်လာတယ်။ မိတ်ဆွေဖြစ်သူက “ဆရာရေးတဲ့ စာတွေ ဖတ်ပါတယ်။ ဖတ်လို့ ကောင်းပေမယ့် တစ်ဖက်စောင်းနင်း ဖြစ်နေတယ် ထင်တယ်။ ဆရာ့ကိုလည်း သတိပေးရင်း မီဒီယာတွေ လုပ်ကိုင်နေတာကိုလည်း ဆရာတို့ပြန်ပြီး ဝေဖန်စေချင်ပါတယ်”လို့ ပြောလိုက်ပါတယ်။ ပြောပြီးတာနဲ့ တစ်ဦးချင်း မိတ်ဆက်ပေးပါတယ်။

ကျင့်ဝတ်အကြောင်း ပြောကြည့်ရအောင် - ဇာဂနာ

တကယ်တော့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖြစ်၊ တစ်ပိုင်းတစ်စ ဒီမိုကရေစီ ဖြစ်ဖြစ်၊ အာဏာရှင်နိုင်ငံပဲ ဖြစ်ဖြစ် လူတိုင်းလူတိုင်း ကိုယ့်ဖာသာ စောင့်ထိန်းရမည့် ကျင့်ဝတ်တွေက ရှိပြီးသားဖြစ်သည်။ သားသမီးလည်း သားသမီးအလျောက်၊ မိဘလည်း မိဘအလျောက်၊ ဆရာလည်း ဆရာအလျောက်ဖြစ်၏။  ဘယ်သူကမှ ထိန်းကျောင်း ပေးစရာမလို၊ ကိုယ့် အသိစိတ်ဓာတ်ဖြင့် ကိုယ်ထိန်းရမည်သာ။

သမ္မတ၏ လယ်တောမှ အပြန် - ဇော်သက်ထွေး

ရန်ကုန်မှာ မိုးတွေနေ့စဉ် ရက်ဆက် ရွာသွန်းနေသလောက် နေပြည်တော်မှာတော့ မိုးတိမ်ကင်းစင်ပြီး နေသာလျှက်ရှိပါတယ်။ ဧည့်သည်တွေ ကျဲပါးပြီး ခြောက်သွေ့ တိတ်ဆိတ်နေတဲ့ နေပြည်တော်မှာ တည်ဆောက် ပြီးစီးနေတဲ့ ဟိုတယ်တွေ၊ ဆောက်လက်စတွေကတော့ မီးခိုးမဆုံး မိုးမဆုံး မြင်တွေ့ နေရပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အကြီးကျယ်ဆုံး ခြိမ်းခြောက်ခဲ့တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အမာခံ ခြေကုပ် စခန်းတွေရှိရာ ပျဉ်းမနား တောင်ညို တောတန်းတွေကတော့ ရင်းနှီးမြှုပ်နှံသူ အသစ်ကို ငတ်မွတ်တောင့်တလျှက် ရှိပါတယ်။ ဗမာစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် တောထဲမှာ ရှောင်ပြေးရင်း မြှစ်ချိုး၊ မှိုရှာရင်း ယုံကြည်ချက် အတွက် အသက်တွေ ပေးအပ်ခ

လူ့အခွင့်အရေးခေါင်းစဉ်နှင့်အတူ ပါလာတတ်သော အမှိုက်များ - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗကသ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစတင်ပြီး စစ်အာဏာရှင် အစိုးရမှ အရပ်သား ပါလီမန် ဒီမိုကရေစီကို ကျင့်သုံးရင်း အသွင်ကူးပြောင်းသော အစိုးရတစ်ရပ် အဖြစ် ပြောင်းလဲ လာခဲ့ပါသည်။ ထိုသို့ တိုင်းပြည်၏ အသွင်ကူးပြောင်းရေးနှင့်အတူ ကမ္ဘာ့နိုင်ငံများနှင့်လည်း နှစ်ပေါင်းများစွာ အေးစက်နေသည့် ဆက်ဆံရေးများမှာ ကောင်းမွန် တိုးတက်လာခဲ့ပေသည်။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ ၀င်ရောက်လာခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပေါ်ပေါက်လာခြင်း၊ အရပ်ဖက် အဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်း၊ နိုင်ငံတကာ INGOများ ၀င်ရောက်လာခြင်း၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များ တိုးတက် ၀င်ရောက်လာခြင်း စသည့် အပြောင်းအလဲများစွာကို လုပ်ဆောင်နို

နိုင်ငံတော်သို့ ပေးသွင်းရန် ရွှေစင်ကြွေးကျန် လုံးဝမရှိကြောင်း အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က တရားဝင်ငြင်းဆို

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ အနေဖြင့် နိုင်ငံတော်အား ပေးဆောင်ရန် အကြွေး မရှိကြောင်း အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က Tomorrowသို့ တရားဝင် ပြောကြားလိုက်သည်။

“ဒီအပေါ်မှာ ပြောချင်တာက အကြွေးပေးစရာ မကျန်ပါဘူး။ ကြိုက်တဲ့နေရာမှာ သွားစစ်ဆေးကြည့်ပါ။ ရတယ် ကြိုက်တာနဲ့စစ်”ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က သြဂုတ်လ(၁)ရက်နေ့တွင် ပြောကြားခဲ့သည်။

မန္တလေး ပဋိပက္ခဖြစ်စေသည့် သတင်းကိုငွေပေးကာ ဖြန့်ခိုင်းသည်ဆိုသည့် သတင်းအပေါ် ဆရာတော် ဦးဝီရသူ ပြန်လည်ချေပ

မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး သစ်ထူးလွင် ဖေ့စ်ဘုတ် စာမျက်နှာတွင် တင်ထားသော သတင်းမှာ ဆရာတော် ဦးဝီရသူမှ ယင်းသတင်းတင်လျှင် ၂၅သိန်းပေးကာ တင်ခိုင်းထားခြင်းဖြစ်သည် ဆိုသော သတင်းနှင့် ပတ်သတ်၍ ဆရာတော်မှ လုံးဝမဟုတ်ကြောင်းနှင့် ၄င်းသတင်းဓာတ်ပုံမှာလည်း ပြန်လည်ပြုပြင်ထားပြီး တင်ထားသည့်ပုံ ဖြစ်ကြောင်းကို မိန့်ကြားခဲ့သည်။

နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းစေသဖြင့် ဂျပန်နိုင်ငံမှ အ၀တ်ထည်ဟောင်းများ တရားမ၀င် တင်သွင်းလာသည့် ကုမ္မဏီကိုအရေးယူ

ဂျပန်နိုင်ငံမှ တင်သွင်းလာသော ကုန်သေတ္တာ၇လုံးအား ဇူလိုင်၃၀ရက်နေ့တွင် ဖွင့်ဖောက်စစ်ဆေးရာ ဂျပန်နိုင်ငံမှ အ၀တ်အထည်ဟောင်းများ တင်သွင်းလာကြောင်း တွေ့ရသည့် အတွက် ကုမ္ပဏီအား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မိုဘိုင်းအဖွဲ့မှ သိရသည်။

ဦးစိုးမြင့် (မေတ္တာရှင် ရွှေပြည်သာ ဆရာတော်ဟောင်း)၏ အိမ်ထောင်ရေး နောက်ဆက်တွဲ သတင်းများစွာ ထွက်ပေါ်

“ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေတာတော့ တပည့်တော် ရင်နာတယ် ဘုရား” လူမှုရေး စာမျက်နှာ တစ်ခုမှ စတေးတပ်တစ်ခု

မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ဘ၀မှ လူဝတ်လဲကာ အိမ်ထောင်ပြုသွားသော ဦးစိုးမြင့်၏ အိမ်ထောင်ဘက်နှင့် ပတ်သတ်၍ နောက်ဆက်တွဲ ကောလဟာလများစွာ ပေါ်ထွက်လျက် ရှိနေကြောင်း သိရသည်။

အဆိုပါ ကောလဟာလများမှာ လူမှုရေး စာမျက်နှာ အချို့တွင် ပျံ့နှံ့လျှက်ရှိနေကာ ယင်းနှင့်ပတ်သတ်၍ ဦးစိုးမြင့်နှင့် ယင်း၏ မိသားစုဝင်များအား Tomorrowဂျာနယ်မှ ဆက်သွယ်သော်လည်း အဆက်သွယ် မရခဲ့ပေ။

ဂျပန်ဆောက်ခဲ့သော လောပိတရေအား လျှပ်စစ်စက်ရုံ ဂျပန်နိုင်ငံမှ ယန်းဘီလီယီ အကုန်ခံက၍ ထပ်မံပြန်လည်ပြုပြင်ပေးရန်စီစဉ်

ကယားပြည်နယ်ရှိ လောပိတ ရေအားလျှပ်စစ်စက်ရုံကို ဂျပန်နိုင်ငံမှ ယန်း၆.၆၆၉ ဘီလီယံ အကုန်ကျခံကာ ပြန်လည်ပြင်ဆင် တည်ဆောက်ပေးနေပြီး တာဘိုင် ၆လုံးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စက်မှု ၀န်ကြီးဌာနမှ သတင်းရရှိသည်။

Pages