August 2014

ဝန်ကြီးဌာနအလိုက် အတွင်းဝန်ချုပ်ရာထူးများ ခန့်ထားမည်

ဒီမိုကရေစီစနစ်တွင် အုပ်ချုပ်ရေး ယန္တရားအတွက် မရှိမဖြစ် လိုအပ်သော အတွင်းဝန်ချုပ် (Chief Secretary) ရာထူးများကို ၀န်ကြီးဌာနအလိုက် ခန့်ထားတော့မည် ဖြစ်ကြောင်း အစိုးရ အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်စတင်ရိုက်ကူးမည့် ဇာတ်ဝင်ခန်းများအား ရွေးချယ်ရန် အစည်းအဝေး ပြုလုပ်ဖွယ်ရှိ

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့သည် “အောင်ဆန်း”ဇာတ်ကားအား ပြည်တွင်း၌ ရိုက်ကူးရန် ဆုံးဖြတ်ပြီးသည့်နောက် တီဇာအဖြစ် ရိုက်ကူးမည့် ဇာတ်ဝင်ခန်းများကို ရွေးချယ်ရန် သြဂုတ်လ ၉ရက်နေ့တွင် အစည်းအဝေး ပြုလုပ်ရန် စီစဉ်လျှက်ရှိသည်။

နံပါတ်လှသော အော်ရီဒူးဖုန်းဆင်းကဒ်များ ငါးသောင်းနီးပါးအထိ ဈေးနှုန်းများခုန်တတ်

အော်ရီဒူးမှ ဖုန်းဆင်းကဒ်များအား ၁၅၀၀ကျပ်ဖြင့် ရောင်းချနေသော်လည်း ဂဏန်းနံပါတ် လှသော ဆင်းကဒ်များမှာ ငါးသောင်းကျော်အထိ  ပြင်ပတွင် ပေါက်ဈေးရှိနေကြောင်း သိရသည်။

“နံပါတ်အလှတွေကို ကျွန်မတို့ ဆိုင်မှာတော့ ၁၀၀၀၀ ကနေစပြီး ၀ယ်ယူလို့ရပါတယ်”ဟု မဟာဗန္ဓုလလမ်းရှိ အော်ရီဒူးဖုန်း အရောင်းဆိုင်မှ ပြောသည်။ မှတ်သားရန် လွယ်ကူသော ဂဏန်းလေးလုံးပူးများ ဖြစ်ပါက ငွေကျပ်တစ်သောင်းကနေ သုံးသောင်းခွဲအထိ ဈေးနှုန်းများ ရှိကြောင်းကိုလည်း ဆိပ်ကမ်းသာလမ်း အတွင်းရှိ အော်ရီဒူးဆင်းကတ် အရောင်းဆိုင်တစ်ဆိုင်မှ ပြောသည်။

ဝန်ကြီးအချို့ကို ထပ်မံအနားပေးမည်ဟု သတင်းများထွက်ပေါ်

ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်တို့ နှစ်ဦးကို ဇူလိုင်လ ၃၀ရက်နေ့တွင် ယင်းတို့၏ ဆန္ဒအလျှောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြခဲ့ပြီးဖြစ်ကာ ၀န်ကြီးဌာန ၆နေရာလောက် အထိ အပြောင်းအလဲ လုပ်သွားဖို့ ရှိကြောင်းလည်း အစိုးရ အဖွဲ့နှင့် နီးစပ်သူ အမည်မဖော်လိုသည့် အရာရှိကြီး တစ်ဦးက Tomorrow ဂျာနယ်သို့ ပြောကြားခဲ့သည်။

ရန်ကုန်လေဆိပ်တွင် ခရီးသည်ပစ္စည်းများကို အုပ်စုဖွဲ့ ခိုးယူနေသည့် ကုန်တင်/ချလုပ်သားများ ဖမ်းဆီးရမိ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသွားများ၏ ပစ္စည်းများ မကြာခဏ ပျောက်ဆုံးလျက် ရှိကြောင်း ခရီးသည်များမှ တိုင်ကြားသဖြင့် လေကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ကုန်တင်/ ကုန်ချ လုပ်သား နေမျိုးအောင်နှင့် ၄င်းနှင့်အတူ ခိုးမှုကျူးလွန်လေ့ရှိသော အခြားသူ (၅)ဦးကိုပါ ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးက ဖုန်းခေါ်ဆိုခများ မကြာမီလျှော့ချရန်ရှိ

ဈေးကွက်ပြိုင်ဆိုင်မှုအရ မြန်မာ့တယ်လီဖုန်း ဈေးကွက် အတွင်း Ooredoo နှင့် တယ်လီနော ကုမ္ပဏီတို့ ၀င်ရောက်လာပြီးနောက် မကြာမီအချိန်အတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တယ်လီဖုန်း ခေါ်ဆိုခများကို လျှော့ချသွားမည် ဖြစ်ကြောင်း၊ ဖြစ်နိုင်သည့်ဈေးမှာ တစ်မိနစ်လျှင် ၂၅ကျပ် ၀န်းကျင် ဖြစ်နိုင်ကြောင်း၊ တယ်လီဖုန်း ဆင်းကဒ်များကိုလည်း သက်သာသောနှုန်းထားဖြင့် လွတ်လပ်စွာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိ တစ်ဦးက Tomorrowသို့ ပြောပြခဲ့သည်။

အော်ရီဒူး ဆင်းကဒ် အသုံးမပြုလိုသူများအား ဆင်းကဒ်ချင်း အခမဲ့ လဲလှယ်ပေးသွားရန်စီစဉ်

မြန်မာအမျိုးသားရေး ကွန်ယက်၊ မျိုးချစ်လူငယ်များ ကွန်ယက်၊ ပရဟိတ အသင်းများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အော်ရီဒူးဆင်းကဒ် အသုံးမပြုလိုသူများအား ဆင်းကဒ်များကို တတ်နိုင်သလောက် အခမဲ့ ပြန်လည်လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ အမျိုးသားရေး ကွန်ယက်မှ သတင်းရရှိသည်။

ငရုတ်သီးနှင့်ပေါင်း၍ ကြက်သွန်နီ အထောင်းခံရခြင်း - မာဂျေ

အခုတလော သမ္မတကြီးက မီဒီယာနာမည်မတပ်ဘဲ ပြည်တွင်း ပြည်ပ မီဒီယာတချို့က မသင့်လျော်တဲ့၊ အမုန်းပွားစေမယ့် ကျင့်ဝတ်နဲ့ မညီတဲ့ လှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ပြောတာ ကြားရတယ်။ တစ်ချိန်ထဲမှာပဲ မီဒီယာသမားတွေလည်း အဖမ်းတွေခံရ၊ ထောင်တွေကျကြဆိုတော့ သူငယ်ချင်းတွေက သတိပေးတယ်။ မာဂျေနော် မင်းလည်း သတိထားဦး။ အာဏာရှင်ခေတ်က သရော်စာရေးပြီး အလုပ်ပဲပြုတ်ခဲ့တာ။ ဒီမိုကရေစီ အစိုးရ လက်ထက်မှ ထောင်ကျနေရင် ကျော်မကောင်း ကြားမကောင်း ဖြစ်နေဦးမယ်။

လာပြန်ပြီလား ပီအာရ် - ဇာဂနာ

တကယ်လို့ ကျွန်တော်တို့ တိုင်းပြည်ကို ၂၀၁၀က စသည်ဆိုလျှင် ခုမူကြိုရောက်ပြီဟု ဆိုရမည်။ ရောဂါဘယ ပယောဂ ထူပြောလှသော မူကြို ကျောင်းသားလေးပင် ဖြစ်သည်။ ဒီနှစ် တစ်နှစ်ထဲမှာပင် အမျိုးစုံ ကြိုးခုန်လွန်းလှသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ညာသံပေးချိန်မှာ PR ခေါင်းထောင်ထလာတော့၏။ တစ်ခါ သန္တိသုခ ဇာတ်လမ်းတွဲက ခုချိန်ထိ မပြီးသေး။ မန္တလေးကို ကိုင်လှုပ်ခဲ့သော ကတုံးမ ဇာတ်ရှုတ်က အရေးအသား ညံ့လှသော ဇာတ်ညွှန်းရေးဆရာ တစ်ယောက်၏ စာကို ဖတ်နေရ သလိုပင်။ဒီကြားထဲ ၀န်ကြီး ဦးဆန်းဆင့် အမှုက အောင်ရင်ငြိမ်းထက် လူစိတ်ဝင်စားသွားတော့၏။

Pages