September 2014

မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအသွင် အဓိကရုဏ်းကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပန်းသေး တရုတ်ဦးက စီစဉ်ခဲ့၊ ထိုစဉ်က ဆူပူ သောင်းကျန်းသူများမှာ ထိုတရုတ်၏ ရွှေလီစက်ရုံမှ ၀န်ထမ်းများဖြစ်

မန္တလေးတွင် ဟာဂျီ ထွန်းထွန်းနှင့် တူတော်တူ ဆန်းဝင်းတို့ မြေကွက်ကိစ္စ ပြသနာ ဖြစ်ပွားရာမှ မြန်မာမိန်းကလေး တစ်ဦးကို အဓမ္မကျင့်ကြံသည်၊ တရားရုံး စာရေးကြီးက အမှုသည် မိန်းကလေးကို မတရားကျင့်ကြံသည်ဆိုသည့် လယ်ဆယ်တိုင်တန်းမှုများ ဖြစ်ပွားသည်။ ထို့အပြင် နောက်ဆက်တွဲ အဖြစ် ဗုဒ္ဓဘာသာဝင် တစ်ဦးနှင့် အစ္စလမ်ဘာသာဝင် တစ်ဦးဖြစ်သည့် အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးခဲ့ရသည့် ဘာသာရေး အသွင်ဆောင် အဓိကရုန်းဖြစ်ပွားပြီး မန္တလေးတွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့ရသည်။

ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ မြှုပ်ကွက်များ (ဇာတ်သိမ်း)

စိမ်းလဲ့ကန်သာ လူသတ်မှု ဖြစ်ပွားသည့်နေ့တွင် အမှုအမှန်ကို ဖော်ထုတ် စစ်ဆေးရမည့် အနောက်ပိုင်း ခရိုင် အထူးရဲတပ်ဖွဲ့ (ဒုစရိုက်မှု နှိမ်နှင်းရေးအဖွဲ့) နှင့် ရဲမှုခင်းတပ်ဖွဲ့ (CID)မှာ နောက်ဆုံးမှ သိရှိပြီး ရောက်ရှိခဲ့သည်။ ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်တွင် စစ်ဒေသနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် အကြမ်းဖက် နှိမ်နှင်းရေး တပ်ဖွဲ့တို့၏ ခြေရာလက်ရာများဖြင့် ရှုတ်ယှက်ခတ်နေသည့် အတွက် တရားခံများ၏ သဲလွန်စနှင့် လက်စလက်နများကို ရှာဖွေရန် အလွန်ခက်ခဲနေပြီ ဖြစ်ကြောင်း အဆိုပါ အမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ရဲအရာရှိတစ်ဦးက ပြောပြသည်။

၁၉၈၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေနှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ရှိသလို မညီပါက နိုင်ငံအတွင်း နေထိုင်ခွင့် မရှိဟု ဆရာတော် ဦးဝီရသူမိန့်ကြား

မြန်မာနိုင်ငံအတွင်း ၁၉၈၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံသား အက်ဥပဒေနှင့် ညီပါက နိုင်ငံသား အဖြစ် လက်ခံပေးသင့်သလို မညီပါက နိုင်ငံထဲတွင် ထားခွင့်မရှိကြောင်းကို ဆရာတော် ဦးဝီရသူမှ စက်တင်ဘာ ၂၃ရက်တွင် ပေါင်းတည်မြို့တွင် ကျင်းပသော မျိုးစောင့်ဥပဒေ ခံယူပွဲတွင် မိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံ လုံခြုံရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကာကွယ်သွားမည်ဟု နယ်/လုံဝန်ကြီးဆို

မြန်မာနိုင်ငံအပေါ် အယ်လ်ကေဒါ အဖွဲ့မှ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ လုံခြုံရေးအရ သတင်းရရှိဖို့သာ အဓိက လိုအပ်ကြောင်းနှင့် လုံခြုံရေးနှင့် ပတ်သက်၍လည်း နည်းလမ်းမျိုးစုံဖြင့် ကာကွယ်ရန် အသင့်ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၌ သတင်း မီဒီယာများအား ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ တိတ်တဆိတ် ထွက်ပြေးမှုများရှိနေ

ရခိုင်ပြည်နယ်တွင် နေထိုင်သော ဘင်္ဂါလီများမှာ ယခုရက်ပိုင်း အတွင်းမှာပင် အုပ်စုလိုက် ထွက်ပြေးနေခြင်းများ ရှိနေပြီး ယင်းသို့ ထွက်ပြေးနေခြင်းမှာ ၄င်းတို့အတွက် ဘ၀အာမခံချက် ပေးနိုင်သော နေရာသို့ ပြောင်းရွှေ့ရန် ရည်ရွယ်နေခြင်း ဖြစ်နိုင်သည်ဟု မြေပုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက Tomorrow ဂျာနယ်သို့ ပြောကြားခဲ့သည်။

မြတ်စွာဘုရားပုံတော်အား ခြေကျင်းဝတ်တွင် ဆေးမှင်ကြောင် ထိုးထားသည့် စပိန်နိုင်ငံသား တစ်ဦးအား ရွှေတိဂုံစေတီတော် လုံခြုံရေး ရဲတပ်ဖွဲ့မှ ထိန်းသိမ်း

ဗုဒ္ဓဘာဝင်များ၏ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားပုံတော်အား ခြေကျင်းဝတ်တွင် ဆေးမှင်ကြောင် ထိုးထားသည့် စပိန်နိုင်ငံသားအား ရွှေတိဂုံစေတီတော် လုံခြုံရေး ရဲတပ်ဖွဲ့ (Foreign Police)မှ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အသတ်ခံထားရသော KNLA ရဲဘော်၏ အလောင်းကိုတွေ့ရှိ (တရားဥပဒေအတိုင်းသာ မှန်မှန်ကန်ကန် ဖော်ထုတ် အရေးယူစေချင်ဟု KNLAမှ ဗိုလ်မှူး စောလမင်းဆို)

စက်တင်ဘာလ လလယ်ကတည်းကပင် ပျောက်ဆုံးနေခဲ့သော ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA - တပ်မဟာ-၆)မှ ရဲဘော်စောတာနို၏ အလောင်းအား စက်တင်ဘာလ ၂၂ရက်နေ့တွင် မြ၀တီမြို့ သောင်းရင်းမြစ်နဘေးရှိ သံတတားဂိတ် အနီးတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း၊ ယင်းရဲဘော်ကို သတ်ခဲ့သည့် တရားခံကို အမြန်ဆုံး ဖော်ထုတ်ကာ တည်ဆဲဥပဒေမျာအတိုင်း ထိရောက်စွာ ပြစ်ဒဏ်ပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ် BGF-KAREN STATE)၏ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပြီး ထိုတပ်၏ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ တာဝန်ခံ အရာရှိ ဗိုလ်မှူး နိုင်မောင်ဇော်၏ ပြောပြချက်များ အရ သိရှိရပါသည်။

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ ရဲစခန်း အနီး၌ ကားဖြင့်တိုက်၊ တုတ်ဖြင့်ရိုက်နှက်မှု ဖြစ်ပွားခဲ့ (ပုဒ်မ ၄၄၀သည် အာမခံပေး၍ မရသည့် ပုဒ်မဖြစ်ပြီး ယင်းပုဒ်မဖြင့် အမှုဖွင့်ခံထားရသူအား အာမခံပေးထားဟုဆို)

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ နယ်မြေရဲစခန်း အနီးတွင် မိသားစု တစ်စုအား မူးယစ်ရမ်းကားသူမှ ကားဖြင့်တိုက်သည့် အပြင် မသေမချင်း တုတ်ဖြင့်ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး အမှုဖွင့် ခံထားရသူအား အာမခံမပေးရသည့် ပုဒ်မအား အာမခံဖြင့် လွှတ်ပေးထားကြောင်း သုဝဏ္ဏနယ်မြေ ရဲစခန်းမှ သိရသည်။

အာမခံပလပ်ခံခဲ့ရသော ဗကသကျောင်းသူ မဖြူနှင်းထွေးအား စက်တင်ဘာလကုန်တွင် တတိယ အကြိမ် ရုံးထုတ် စစ်ဆေးမည်

၂၀၁၄ ခုနှစ် မေလအတွင်းက လက်ပံတောင်းတောင်ဒေသ ဆည်တည်းကျေးရွာအနီး ဖြစ်ပွားခဲ့သော ၀မ်ပေါင်ကုမ္ပဏီနှင့် ပတ်သတ်၍ ဖမ်းဆီးခံခဲ့ရသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ အဖွဲ့ဝင်ကျောင်းသူ မဖြူနှင်းထွေး၏ တတိယ အကြိမ် ရုံးထုတ်စစ်ဆေးမှုကို လာမည့် စက်တင်ဘာလ ၃၀ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ် အထက်ဗမာပြည် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က Tomorrow သတင်းဂျာနယ်သို့ ပြောသည်။

အိန္ဒိယမှာ နှစ်(၂၀) (နယူးဒေလီက ဒုက္ခသည် ပိုင်အိုးနီးယားများ) - ကိုညို(အော်စလို)

ဒီမိုကရေစီ၊ အာဏာရှင်၊ တော်လှန်ရေး၊ ဒုက္ခသည်ဆိုတဲ့ ဝေါဟာရတွေဟာ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်သူတွေ နားမဆန့်အောင် ကြားခဲ့ရတဲ့ ဝေါဟာရအသစ်တွေ ဖြစ်လာတယ်။ တခုနဲ့တခု ဆက်စပ်နေတဲ့ အကြောင်းအကျိုးတရားလေးတွေနဲ့ပါ။ ဒီမိုကရေစီ တောင်းလို့ စစ်အာဏာရှင်တွေ ပေါ်လာတယ်၊ စစ်အာဏာရှင် စနစ်ကြောင့် တော်လှန်ရေး ဖြစ်လာတယ်၊ ဒုက္ခသည်တွေ ပေါ်လာတယ်။

Pages