September 2014

အကယ်ဒမီ စစ်ဗိုလ်ကြီး - အောင်မြင်သူ

၁၉၆၉ ခုနှစ်တွင် ကျွန်တော်တို့ မှော်ဘီဗိုလ်သင်တန်းကျောင်း စဖွင့်တဲ့ရက်မှာ ဘယ်ညာ မညီမညာနဲ့ စစ်ရေးပြကွင်းကို ချီတက်ရတယ်။ ရောက်တာနဲ့ စစ်ရေးပြ သင်ကြားမယ့် နည်းပြတပ်ကြပ် အောင်ကြင်ကို ကျောင်းသား တပ်စုမှူးက တပ်စုကို အပ်လိုက်ပါတယ်။ စစ်ရေးပြမသင်မီ တပ်ကြပ် အောင်ကြင် ပထမဆုံး သြ၀ါဒစကား ပြောပါတယ်။

ပြည်ထောင်စုကြီးရဲ့ အသည်းနှလုံးကို ထုတ်ယူခြေမှုန်း ကြတော့မှာလား - မိုးမြင့်ဝင်း(နည်းပညာ)

အခုအချိန်မှာ အရေးတကြီး ပြောကြ ဆိုကြတဲ့ အချိုးကျ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် စနစ် PR ကို အမျိုးသား လွှတ်တော်မှာ ၄ ရက်အတွင်း အတည်ပြုခဲ့တယ်။ ပြည်သူ့လွှတ်တော်မှာလည်း အကြိတ်အနယ် ဆွေးနွေးကြရင်း လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့ပါတယ်။ နောက်တစ်ကြိမ် လွှတ်တော် အစည်းအဝေး ကျင်းပရင် အဲဒီ အချိုးကျ ကိုယ်စားပြု PRစနစ်ကို ပြန်လည် ဆွေးနွေးကြအုံးမှာ။

ခါကာဘိုရာဇီမှ ပျောက်ဆုံးတောင်တတ်သမားများ ရှာပုံတော်.. - ကွန်းဇော်၊ လျှမ်းလူ

“ပျောက်ဆုံးနေတဲ့ နှစ်ဦးကို သေဆုံးသွားပြီလို့တော့ မယူဆနိုင်သေးပါဘူး”ဟု ပြောကြားခဲ့သူကတော့ တက္ကသိုလ်ခြေလျင် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောကြားလိုက်ခြင်း ဖြစ်ကာ ခါကာဘိုရာဇီတောင်တွင် ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့  တော်ဝင်နှင်းဆီတွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။

မာဂျေမြို့တော်ဝန် ဖြစ်စမ်းချင်ဘိတော့တယ် - မာဂျေ

တကယ်ပါဗျာ။ တစ်ပတ်လောက်ဖြစ်ဖြစ် မာဂျေတစ်ယောက် ရန်ကုန်မြို့တော်ဝန် ဖြစ်စမ်းချင် ဘိတော့တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ပြည်သူရွေးချယ်တဲ့ ကော်မတီဝင် လေးဦး ထပ်ဖြည့်မယ်ဆိုပေမဲ့ အဲဒီလေးယောက်က မြို့တော်ဝန် အရွေးခံရမယ်လို့ မပါတော့ သိပ်ထူးမှာ မဟုတ်ဘူး။ မာဂျေ ထင်တာကတော့ အဲဒီ လေးယောက်ဟာ အဆဲခံရဖို့ ကော်မတီဝင် ဖြစ်ခွင့်ရတာလို့ပဲ ထင်တယ်။ စည်ပင်က မုန့်ဝေတဲ့ ခေတ်ကုန်သွားပြီလေ၊ တုတ်ဝေတဲ့ အချိန်ကျမှ အဆဲခံဖို့ ကော်မတီဝင်တော့ မလုပ်ချင်ပေါင်ဗျာ။ ဒါဖြင့် မာဂျေက ဘာလို့မြို့တော်ဝန် ဖြစ်ချင်သလဲ။ မာဂျေ မြို့တော်ဝန်ဖြစ်ရင် ဘာတွေ လုပ်မှာလဲဆိုတဲ့ ကျွန်တော်သာ မြို့တော်ဝန် ဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်ကူးယဉ် ဇာတ်လ

အင်းစိန်ထောင်သို့ မျက်စိလည် လမ်းမှားရောက်လာကြသော တပ်မတော် အရာရှိကြီးများ - ဇော်သက်ထွေး

မြန်မာ့လွတ်လပ်ရေးကို အရယူပေးဖို့ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ တပ်မတော်ဟာ ပြည်သူလူထုတွေရဲ့ ကြည်ညိုလေးစားမှုကတစ်ဆင့် တိုင်းပြည်မှာ နိုင်ငံသားတွေထက် ပိုပြီး အခွင့်အရေးရတဲ့ လူတန်းစားတစ်ရပ်အသွင် ရောက်ရှိလာပါတယ်။ တစ်ချိန်က ပြည်သူပိုင် ရုပ်ရှင်ရုံတွေထဲမှာ တပ်မတော်မှ သင့်ကို အလိုရှိသည်ဆိုတဲ့ ကြော်ငြာလေးနဲ့တင် တပ်မတော်ကို လူငယ်လူရွယ် မြောက်မြားစွာ ၀င်ရောက်ခဲ့ပါတယ်။

နယကအတွက် ဂါဝရ - တော်ကီလှိုင်

(ပေါတောတော--- ချာတာတာ--- ပေါတောတော)၂
ဗဟိုစံပြ အကျဉ်းထောင်ရဲ့ နံနက် ၅နာရီထိုး အိပ်ဆောင်ဖွင့် လူစာရင်းတန်းစီရန် ထောင်ဗူးဝ မျှော်စင်ပေါ်က တာဝန်ကျ အမှုထမ်းတစ်ဦးရဲ့ လေမှုတ်တူရိယာ တစ်မျိုးဖြစ်တဲ့ ဗျူကယ် ခရာမှုတ်သံပါ။ ဒီအသံကို ကြားလိုက်ရင် အဆောင်အသီးသီးက အခန်းလူကြီးနဲ့ အခန်းစားရေးတို့က “ပုံစံ”လို့အော်ပြီး အကျဉ်းသားတွေကို ၅ယောက်ချင်း တန်းစီခိုင်းပါတယ်။ ညီညီညာညာနဲ့ တန်းညှိခိုင်းတာပေါ့ဗျာ။

မီးခွက်ခဏခဏ မှုတ်တဲ့ ခေတ်သစ်ဒီမိုကရေစီ ၀န်ကြီး - လက်စောင်းထက်

ဖဆပလခေတ်က ၀န်ကြီး တစ်ပါးဟာ သာယာဝတီဘက်မှာ တရူတ်ကပြားမလေး တစ်ယောက်ကို ခေါ်ယူပျော်ပါးခဲ့တဲ့အတွက် အဲဒီခေတ်ကာလက မီးခွက်မှုတ်တဲ့ ၀န်ကြီးဆိုပြီး မီဒီယာတွေထက်မှာ ဟိုးလေး တစ်ကျော် ဖြစ်ခဲ့ပါတယ်။ အခု ဒီမိုကရေစီ အစိုးရလက်ထက်မှာလဲ မီးခွက်မှုတ်တဲ့ ၀န်ကြီး တစ်ပါးရှိပါတယ်။ ဒီဝန်ကြီးကတော့ မီးခွက်တွေ ခဏခဏမှုတ်နေပေမဲ့ ပတ်သက်သူတွေကလွဲရင် တော်တော်များများက မသိကြဘူး။

ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂)

စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပထမဆုံး ရောက်လာသည့် အဖွဲ့မှာ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာကို လုံခြုံရေးယူထားသည့် စစ်တပ်ဖြစ်သည်။ ဒုတိယ ရောက်လာသည်မှာ ရန်ကုန်တိုင်း အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဖြစ်သည်။ တတိယ ရောက်လာသည့် အဖွဲ့မှာ ၁၉၉သို့ ဖုန်းဆက်သဖြင့် အနောက်ပိုင်း ခရိုင် ရဲအထူးတပ်ဖွဲ့ ဖြစ်သည်။ သို့သော် တကယ် စစ်ဆေးရမည့် ရဲအဖွဲ့ ရောက်ရှိလာချိန်တွင် လူအများ ၀င်ထွက်ပြီး ဖြစ်သဖြင့် အခင်းဖြစ်သည့် နေရာမှ ခြေရာလက်ရာများ ပျက်နေပြီး စစ်ဆေးရန် ခက်ခဲနေပြီ ဖြစ်သည်။

ချယ်ရီဦးက တင်သွင်းလာသည့် တရုတ်နာရီ ၂၅၂၈လုံးကို လေဆိပ်တွင် ထပ်မံတားဆီးရပြန် (နိုင်ငံတော် သမ္မတက ချယ်ရီဦး ကုမ္ပဏီအပေါ် ဥပဒေနှင့်အညီ အရေးယူရန် မှတ်ချက်ပြု)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော မိုဘိုင်းအဖွဲ့နှင့် အကောက်ခွန် ၀န်ထမ်းများပါသော ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၁၁ရက်နေ့တွင် နိုင်မိသားစု ချယ်ရီဦး ကုမ္ပဏီက သွင်းကုန်လိုင်စင် အမှတ် IL2312 ID အမှတ် 527379 Airway Bill အမှတ် 0268836ဖြင့် တရုတ်နိုင်ငံလုပ်ဟုဆိုကာ တင်သွင်းလာသည့် Alexandre Christieတံဆိပ်၊ ဗျသမအနိ Assorted Gents & Ladies Watch နှင့် Leathr (Quartz)များကို စစ်ဆေးခဲ့သည်။

မောင်းတောဒေသတွင် နေထိုင်သော ဘာသာခြားများ ဆောက်လုပ်ထားသော အိမ်များကို ကြည့်ခြင်းအားဖြင့် အယ်လ်ကိုင်ဒါသင်တန်း တက်ထားသူအဖြစ် ခန့်မှန်း

ရခိုင်ပြည်နယ် မောင်းတော ဒေသတွင် ဘာသာခြားများ ဆောက်လုပ်ထားသော အိမ်များကို ကြည့်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်တွင် အယ်လ်ကိုင်ဒါ သင်တန်းကို တက်ထားပြီးသူများဟု ခန့်မှန်း၍ ရနိုင်ကြောင်းကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့သော ဦးစိန်အောင်မှ သုံးသပ်ပြောကြားခဲ့သည်။

Pages