September 2014

ဗိုလ်ချုပ်မှူးကြီးဟောင်း၏ ညီဖြစ်သူအိမ်ကို ခိုးသည့် သူခိုးကြီးနှစ်ယောက် ထောင်နှစ် ၁၅၀စီကျ

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့က နိုင်ငံတော် အာဏာကို ရယူရာတွင် ကျောက်ဆည်ဇာတိ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒုတိယ အကြီးအကဲ အဖြစ် ပါဝင်ခဲ့သည်။

ထို့နောက် န၀တ ဥက္ကဋ္ဌဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖယ်ရှားပြီးသည့်နောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ပြန်လည်ဖွဲ့စည်းပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

Master Sport စက်ရုံအလုပ်သမားများအား ရဲတပ်ဖွဲ့မှ ဖြိုခွင်းခဲ့သည့်အပေါ် ဒဏ်ရာရ အလုပ်သမားများရဲ့ ရင်ဖွင့်သံ

အလုပ်သမား ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်အား အလုပ်သမားများမှ ဓားစာခံအဖြစ် ခေါ်ထားသည်ဟုဆိုကာ စက်တင်ဘာလ ၁၆ရက်နေ့ ည၁၁နာရီခန့်တွင် Master Sportစက်ရုံ အလုပ်သမားများအား ရဲတပ်ဖွဲ့မှ အင်အားသုံးကာ ဖြိုခွင်းခဲ့ရခြင်းအပေါ် အလုပ်သမားများမှ Tomorrow ဂျာနယ်အား အောက်ပါအတိုင်း ရင်ဖွင့်ပြောကြားခဲ့ကြသည်။

 

ပါကင်ပုံးတွင်ပါသွားသော စာသားတစ်ချို့ကြောင့် အလုပ်သမားသုံးဦး အလုပ်ထုတ်ခံရ

ဂျပန်နိုင်ငံသို့ တင်ပို့လိုက်သည့် ပါကင်ပုံးတွင် ဆော့ပင်ဖြင့် ရေးသားထားသည့် I Go to Yukata စာသားကြောင့် Tokyo Myanmar အထည်ချုပ်စက်ရုံတွင် တာဝန်ထမ်းဆောင်နေသော အလုပ်သမား သုံးဦးအား အလုပ်မှ တိုက်ရိုက်ထုတ်ပယ်လိုက်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပယ်လိုက်သည့် ၀န်ထမ်းသုံးဦးမှာ ကိုအောင်မြတ်သူ၊ ကိုကျော်မင်းထွေး၊ ကိုစန်းဝင်းလှိုင်တို့ အနေဖြင့် Tokyo Myanmar အထည်ချုပ် စက်ရုံတွင် ပါကင်ထုပ်ပိုးရေး တာဝန်ထမ်းဆောင်နေသူများ ဖြစ်ပြီး ရေးသားသူ အတိအကျ မသိရှိဘဲ စက်တင်ဘာလ ၁၉ရက်နေ့တွင် အလုပ်မှ တိုက်ရိုက်ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရသည့် သရုပ်ဆောင် ရဲတိုက် အမှုအား အယူခံဝင်ပြီး ဥပဒေအား အသုံးချနိုင်ပါက ကွင်းလုံးကျွတ်လွတ်နိုင်

ဘာသာသာသနာ ညှိုးနွမ်းမှုဖြင့် ထောင်ဒဏ် ၁နှစ် ချမှတ် ခံရသည့် သရုပ်ဆောင် ရဲတိုက်အမှုအား အယူခံဝင်ပြီး ဥပဒေအား အသုံးချနိုင်ပါက ကွင်းလုံးကျွတ်လွတ်နိုင်သည်ဟု တရားလွှတ်တော် ရှေ့နေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က Tomorrow သတင်းဂျာနယ်၏ ဆက်သွယ်မေးမြန်းချက် အပေါ် မှတ်ချက်ပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမှုကို အယူခံဝင်ဖို့လိုတယ်။ အယူခံဝင်ပြီးတာနဲ့  အပြစ်မရှိကြောင်း သက်သေ  ပြချက်တွေ တင်ပြရမယ်။ ဥပဒေမှာ လွှတ်ထားတာတွေရှိတယ်၊ အဲဒါကို ရဲတိုက်ဘက်က လိုက်တဲ့ အမှုလိုက် ရှေ့နေက ဥပဒေကို အသုံးချတက်မယ်ဆိုရင် အမှုကနေ ကွင်းလုံးကျွတ် လွတ်တယ်”ဟု ၄င်းက ရှင်းပြသည်။

Tomorrow ဂျာနယ် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်တိုက်ခိုက်ခံရ

လူမှုရေး စာမျက်နှာ တစ်ခု ဖြစ်သော Myanmar News Updateတွင် ယခုရက်ပိုင်းတွင်း တင်ထားသော Tomorrowဂျာနယ်နှင့် ပတ်သတ်သည့် သတင်းမှာ လုံးဝမှားယွင်းနေပြီး ယင်းသတင်းမှာ ဂျာနယ် ဂုဏ်သိက္ခာ ကျဆင်းစေရန် အတွက် ရည်ရွယ် တိုက်ခိုက်ခြင်း သက်သက်သာ ဖြစ်နေကြောင်း တွေ့ရှိရသည်။

လက်နက်ကိုင်ဆောင် သွားလာခြင်းမပြုရန် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ကို မြန်မာ့ တပ်မတော် သတိပေး

ယခင်အစိုးရ (နအဖ စစ်အစိုးရ) လက်ထက် ကတည်းက  အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော ကရင် အမျိုးသား အစည်းအရုံး၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA – Peace Council)နှင့် ကလို့ထူးဘော ကရင် အမျိုးသား အစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (KKO/DKBA)တို့အနေဖြင့် ယူနီဖောင်း ၀တ်စုံ နှင့်တကွ လက်နက်များ ကိုင်ဆောင်ကာ မြို့တွင်း သွားလာခြင်းများ မပြုကြရန် မြ၀တီမြို့ အခြေစိုက် အစိုးရ စစ်တပ်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် တားမြစ် သတိလိုက်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတကြီး နာမည် အသုံးပြု၍ ငွေလိမ်လည်ခဲ့

သမ္မတကြီး၏ လမ်းညွှန်ချက်ကို အလွဲသုံးစာလုပ်ကာ လိမ်လည်သူ အချို့ကြောင့် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တိုက်ပွဲ ကျေးရွာမှ အသက် ၃၅ နှစ်ရှိ အမျိုးသမီးတစ်ဦး ရိုးမဘဏ်မှ ငွေလွှဲမိရာ ၂၂သိန်း အလိမ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးအား ရက်အကန့်သတ်မရှိ ဆယ်ယူမည့်အပေါ် ပြည်သူအများ စိတ်ဝင်စားမှုမရှိတော့

ကောလဟာလပေါင်းများစွာ၊ သုံးသပ်ချက်များစွာဖြင့် အဆုံးမသတ် နိုင်သေးသော ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူမှုများအား ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်းကာ ထပ်မံရှာဖွေမည်ဟု ဆိုသော်လည်း ပြည်သူများ၏ စိတ်ဝင်စားမှု လုံးဝလျှော့ကျသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၊ ဒိတ်ကုန်းပေါက်တန်းကျေးရွာတွင် တရုတ်သူဌေးများ အစုလိုက် အပြုံလိုက် မြေ၀ယ်

ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၊ ဒိတ်ကုန်းပေါက်တန်း ကျေးရွာ ပတ်ဝန်းကျင်ရှိ ၊အစိုးရပိုင် လယ်မြေကွက်များအား တရုတ်လူမျိုးများမှ အစုလိုက် အပြုံလိုက် လာရောက်ဝယ်ယူမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

ISစစ်သွေးကြွအဖွဲ့ကို CIAထောက်ပံ့ခဲ့သလား

အမေရိကန် ပြည်ထောင်စုသည် တစ်လကျော်ကာလ အတွက် ISစစ်သွေးကြွများကို လေကြောင်း တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ၎င်းသည် အလားတူ အကြမ်းဖက် သမားများကို စီအိုင်အေက လျှို့ဝှက် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟူသော ဘဂ္ဂဒက်မြို့ လမ်းမများမှသည် အီရတ်အစိုးရ၏ အမြင့်ဆုံးအဆင့်အထိ ရှုပ်ထွေးသော သီအိုရီများကို ဖော်ပြနေသည်ဟု ထင်မြင်ရသည်။

Pages