September 2014

အာဖဂန် ပြိုင်ဖက် သမ္မတလောင်းနှစ်ဦး အကြားတွင် အာဏာခွဲဝေရေး သဘောတူညီချက် ရရန်နီးစပ်

အာဖဂန်နစ္စတန် သမ္မတလောင်း နှစ်ဦးကြားတွင် စနေနေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် လွန်ခဲ့သောနှစ်က အမေရိကန် စစ်တပ်များ၏ တည်ရှိမှု နိုင်ငံရေးအရ လိပ်ခဲတည်းလည်း ဖြစ်မှုများနှင့် မျှော်လင့်မထားသည့် အာဏာခွဲဝေရေး သဘောတူညီချက် ရရှိရန် နီးစပ်လာနေသည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယခုလကုန်ပိုင်းလောက်တွင်   အာဖဂန်နစ္စတန်မှာ အစိုးရသစ် တစ်ခု ပေါ်လာမယ်ဆိုတာ အကောင်းမြင် ကိစ္စ တစ်ခုပါပဲလို့ ဆွေးနွေးပွဲများကို အနီးကပ် စောင့်ကြည့်နေသော အမေရိကန်ပြည် သံအမတ်ဟောင်း ဆဒ်ဂျာဝပ်က ပြောကြားခဲ့သည်။

ISနယ်မြေမှ ဒုက္ခသည် ၆၆,၀၀၀ တူရကီနိုင်ငံသို့ ပြေးဝင်ခိုလှုံ

ဆီးရီးယားကာ့ဒ် အများစု ပါဝင်သော ဒုက္ခသည် ၆၆,၀၀၀သည် ၂၄ နာရီအတွင်း တူရကီနိုင်ငံ အတွင်းသို့ ဖြတ်သန်းဝင်ရောက်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောနေစဉ်မှာ IS စစ်သွေးကြွများသည် ဆီးရီးယား မြောက်ပိုင်းအထိ ရှေ့တိုးရောက်ရှိနေပြီ ဖြစ်သည်။ IS အဖွဲ့၏ တိုက်ခိုက်မှုကို ကြောက်ရွံ့၍ ကာဒစ်မြို့၊ ကိုဘိန်းမှ ဆီးရီးယားနိုင်ငံတွင်းသို့ ထွက်ပြေးလာသူများအတွက် တူရကီ နိုင်ငံက ၎င်း၏နယ်ခြားကို သောကြာနေ့က ဖွင့်လှစ်ပေးခဲ့သည်။

အပစ်အခတ်ရပ်စဲရေးမှာ အမည်ခံမျှသာ ဖြစ်ကြောင်း နေတိုးထိပ်တန်း ဗိုလ်ချုပ်ပြောကြား

ယူကရိန်းနှင့် ရုရှားလိုလားသော ခွဲထွက်ရေးဝါဒီများအကြား လက်ရှိ အပစ်အခတ်ရပ်စဲရေး အနေအထားမှာ အမည်ခံမျှသာ ဖြစ်သည်ဟု နေတိုး၏ အကြီးတန်း စစ်ဖက်ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားလိုက်သည်။  ဂျင်နရယ်ဖိလစ်ဘရိဒ်လဖ်က လွန်ခဲ့သော နှစ်ပတ်က အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းမှုမတိုင်မီ အခြေအနေနှင့် လက်ရှိအမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို နှိုင်းယှဉ်၍ ပြောကြားသွားသည်။

စနေနေ့ အစောပိုင်းက လက်မှတ်ထိုးခဲ့သော သဘောတူညီချက် အသစ်နှင့်ပတ်သက်၍ မျှော်လင့်ချက် ရှိပါသည်ဟုတော့ သူက ထပ်ဖြည့်ပြောကြားလိုက်သည်။

လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားသတဲ့လား - ဇာဂနာ

၂၀၁၂ ခုနှစ်ရဲ့ ဒီဘက်မှာ လူငယ်တွေ နိုင်ငံရေးတော်တော် ပြောဖြစ်လာကြပါတယ်။ နိုင်ငံရေးထဲကို လူငယ်တွေ တော်တော်များများ ပါဝင်လာကြပါတယ်။ ဒီအချက်ကို ပြောပြအသိအမှတ်ပြုကြောင်း၊ လေးစားကြောင်း အရင်ဆုံး ပြောပါရစေ။ တစ်ခါတစ်လေမှာ လူငယ်တွေပီပီ မခံချင်စိတ်၊ အသိအမှတ်ပြု ခံချင်စိတ်၊ ဟီးရိုး စိတ်တွေ ၀င်ဝင်လာတတ်လို့ မလိုလားအပ်တဲ့ ပြဿနာတွေ တက်တက်လာတာတွေလည်း တွေ့ရပါတယ်။ ဒါဟာ နှစ်နှစ်တာပဲ ရှိပါသေးတယ်။ ဘာမှမကြာသေးပါဘူး။

ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ - ဇော်သက်ထွေး

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဒဏ်ကြောင့် လူတစ်သိန်းခွဲကျော် သေခဲ့ရတဲ့ ဧရာဝတီတိုင်းကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တဲ့ အတွက် နာမည်ကျော် လူရွှင်တော် ကိုဇာဂနာကို ထောင်ဒဏ် ၅၉နှစ် အပြစ်ပေးခဲ့သလို ကျွန်တော့်ကိုလည်း ထောင်ဒဏ် ၁၉နှစ် အပြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တတိယအကြိမ် ထောင်ထဲကို ပြန်ဝင်ရတော့ နယ်ပယ်အစုံက လူတွေနဲ့ ဆုံတွေ့ရတဲ့ အတွက် တော်တော်ပျော်စရာ ကောင်းတယ်လို့ ဆိုရမယ်။

လွတ်ငြိမ်းချမ်းသာခွင့် နောက်ကွယ်က ရာဇ၀တ်မှုကြီးများ - ကိုလူသစ်၊ လျှမ်းလူ

ခေတ်နှင့်အညီ ပြောင်းလဲလာသော ယနေ့အချိန်အခါတွင် သိသိသာသာ တိုးလာသော လူနေမှု ပုံစံများနှင့်အတူ ပုံစံမျိုးစုံဖြင့် ကျူးလွန်လာသော မှုခင်းများလည်း တိုးလာခဲ့သည်။

စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု နောက်ကွယ်မှ မြုပ်ကွက်များ - Tomorrow သတင်းအဖွဲ့

၂၀၀၈ခုနှစ် မတ်လ ၃ရက်နေ့တွင် ဖြစ်သည်။ တက္ကသိုလ်ရိပ်သာလမ်း တစ်လျှောက်နှင့် စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာတွင် အစောင့်အရှောက်များ ထူထပ်စွာ ချထားသည်။ အဘယ်ကြောင့်ဆိုသော် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ရန်ကုန်သို့ လာရောက်ပြီး စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် တည်းခိုမည့်အတွက် ဖြစ်သည်။ သို့သော် အဆိုပါ နိုင်ငံတော် ဧည့်ဂေဟာနှင့် ကပ်လျက် မိုးကုတ်သူဌေးကြီး ဦးမြမောင်၏ သားမက် ဦးချာလီ၊ ဇနီးနှင့် သမီးနှစ်ဦး၊ အိမ်ဖော်တစ်ဦး အပါအ၀င် မိသားစု ငါးဦးလုံး ထိုအချိန်တွင် အိမ်အတွင်း သေနတ်ဖြင့် နားထင်များကို ပစ်သတ်ခံနေရသည်ကိုတော့  မည်သူမှ မသိလိုက်ပါ။ ညနေစောင်းတွင်မှ သားမက်ဖြစ်သူ ဦးသုဇော်အိမ်သို့ ပြန

ရုံးပိတ်ရက်တွင် ၀န်ကြီးဝန်ကလေးများ ရန်ကုန်သို့ တိုင်းခန်းလှည့်နေသဖြင့် အောက်ခြေ၀န်ထမ်းများ ဒုက္ခရောက် - မာဂျေ

ဒီတစ်ပတ်တော့ မာဂျေ စာမရေးနိုင်ပါဘူး။ ရုံးကိုလာပြီး ရင်ဖွင့်တဲ့ အစိုးရအောက်ခြေ ၀န်ထမ်း တစ်ယောက်ရဲ့ ဦးနှောက်ကိုပဲ ဖောက်စားလိုက်ပါရစေ။ သူကတော့ ဘတ်စ်ကားခ အသွားအပြန် ကျပ်၄၀၀နဲ့ မာဂျေ့ဆီကို ဖုန်းဆက်ခ ကျပ်၅၀ အကုန်ခံပြီး လာရောက် ရင်ဖွင့်တာ ဖြစ်ပါတယ်။ သူကလဲ ခေသူတော့ မဟုတ်ဘူး။ မာဂျေ့ကို လက်ဆောင်ပေးဖို့ဆိုပြီး ပြည်တွင်းဖြစ် အရက်တစ်လုံး ပါလာသေးတယ်။ သက်တမ်းစေ့ နေပါရစေ၊ ဒီအရက်သောက်ပြီး အသက်မတိုပါရစေနဲ့ဆိုပြီး သူ့ရဲ့ ဂါရ၀ကို ကန်တော့ပါသေးရဲ့ လုပ်လိုက်ရတယ်။ ကဲသူရင်ဖွင့်သွားတာလေးတွေ နားထောင်ကြည့် ကြပါစို့။

မုတ်ဆိတ်တွေကို သူဌေးဖြစ်အောင် လုပ်ပေးခဲ့တဲ့ အာဏာရှင်ကြီးရဲ့ ကိုယ်ရေးအရာရှိ - လက်စောင်းထက်

ရန်ကုန်မှာ ဆောက်လုပ်ရေး လုပ်ငန်းလုပ်နေတဲ့ မုတ်ဆိတ်တွေ ရှိပါတယ်။ တကယ်တော့ သူတို့တွေဟာ ညီအစ်ကိုဝမ်းကွဲတွေဖြစ်ပြီး ရခိုင်ကနေ ၀င်လာတဲ့ ခိုးဝင် ဘင်္ဂါလီအုပ်စု ဖြစ်ပါတယ်။ သူတို့ရဲ့ မူလနိုင်ငံမှာ မနေနိုင်လို့ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ မြန်မာနိုင်ငံထဲကို ခိုးဝင် အခြေချခဲ့ပေမယ့် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်တွေနဲ့ အာဏာရှင်တွေရဲ့ တပည့်တွေရဲ့ စောင်မကြည့်ရှုမှုနဲ့ လုပ်ငန်းတွေ တစ်ခုပြီး တစ်ခုရ၊ မြန်မာမလေးတွေကို ကြိုက်သလောက် ခြေတော် တင်နိုင်တဲ့ သူဌေးကြီးတွေ ဖြစ်ကုန်ပါတယ်။

အယ်ကေဒါ အကြမ်းဖက် ခေါင်းဆောင်က မြန်မာနိုင်ငံကို ဂျီဟက်စစ်ပွဲ ဆင်နွဲရန် ကြေငြာပြီးနောက် လုံခြုံရေးများ ပြင်ဆင်ထားရန် အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့မှ ကြေငြာချက်တစ်စောင်ထုတ်ပြန်

မြန်မာနိုင်ငံအား အယ်ကေဒါ အကြမ်းဖက်အဖွဲ့မှ ဂျီဟက်စစ်ပွဲ ဆင်နွဲရန် မိန့်ခွန်းအပေါ် အမျိုးသား နိုင်ငံရေး စောင့်ကြည့်အဖွဲ့မှ  စက်တင်ဘာ ၁၀ရက်တွင် မြန်မာနိုင်ငံအတွင်း လုံးခြုံရေးဆိုင်ရာများ ပြင်ဆင်ထားရန်အတွက် ကြေငြာချက် တစ်စောင်အား ထုတ်ပြန်ခဲ့သည်။

Pages