September 2014

ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူခြင်းအား ကောလဟလများစွာ ထွက်ပေါ်လာခဲ့ပြီးနောက် နတ်စင်တရာ ဆရာတော် စာနယ်ဇင်းရှင်းပွဲပြုလုပ်

ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူခြင်းနှင့် ပတ်သတ်၍ ကောလဟာလများစွာ ထွက်ပေါ်လာပြီးနောက် နတ်စင်တစ်ရာ ဆရာတော်ကြီးမှ စာနယ်ဇင်း တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ကာ သာသနာတော်အတွက် အကျိုးရှိနိုင်မည်ဖြစ်သည့် အတွက် ဦးစံလင်းအား အကူအညီ ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း သတင်းမီဒီယာများ အားစက် တင်ဘာလ ၁၄ ရက်နေ့တွင် ပြန်လည်မိန့်ကြားခဲ့သည်။

အများပြည်သူ ယုံကြည်မှု လျော့ပါးလာသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူမှုနှင့် ပတ်သက်၍ ဦးစံလင်းနှင့် နတ်စင်တစ်ရာ ဆရာတော်ကြီးမှ ပူးပေါင်းကာ ပြည်သူများအား လိမ်ညာနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ယင်းကဲ့သို့ စာနယ်ဇင်း ရှင်းခဲ့ခြင်းဖြစ်သည်။

မန်းစည်ပင် နယ်နိမိတ်အတွင်းရှိ တီဗွီဂိမ်းဆိုင်များနှင့် အင်တာနက်ဆိုင်များအား ယခုလဆန်းမှစ၍ လုပ်ငန်းလိုင်စင်များ ပိတ်သိမ်း

တိုင်းရင်းသား အမည်ခံ ဆိုင်အချို့နှင့် တရုတ်လုပ်ငန်းရှင် အချို့၏ အလောင်းကစားဆန်သော ဂိမ်းဆိုင်များကြောင့် ဥပဒေဘောင် အတွင်းမှသာ လုပ်ကိုင်ဆောင်ရွက်နေသော ဆိုင်များပါ ပိတ်သိမ်းခဲ့ရ

မန္တလေးတိုင်း ဒေသကြီးအတွင်း၊ မန်းစည်ပင် နယ်နိမိတ် အတွင်းရှိ တီဗွီဂိမ်း ဆိုင်များနှင့် အင်တာနက် ဆိုင်များအား စက်တင်ဘာလဆန်းမှ စတင်၍ လုပ်ငန်း လိုင်စင်များ ပိတ်သိမ်းကာ လုပ်ငန်းများ ရပ်ဆိုင်းရန် ညွန်ကြားထားပြီ ဖြစ်ကြောင်း သိရသည်။

မန္တလေး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် အကြမ်းဖက် လုယက်နေသူများ ထိထိရောက်ရောက် နှိမ်နှင်းပေးရန် အထူးလိုအပ်နေ (ရဲတပ်ဖွဲ့မှ အင်အားသုံး ရှာဖွေနေသည့် ကြားမှပင် လုယက်မှုများရှိနေဆဲဖြစ်ကာ ရဲတပ်ဝင်များကိုပါ ပြန်လည် ပစ်ခတ်မှုများရှိနေ)

မန္တလေး ဧရာဝတီမြစ်ကြောင်းအတွင်း ဆိုမာလီဆန်ဆန်ပင် မကြာခဏ ဖြစ်ပွားနေသော လုယက်မှုများကြောင့် ရဲတပ်ဖွဲ့မှ အင်အားသုံး ရှာဖွေစစ်ဆေးနေသည့်ကြားမှာပင် ကုန်တင်သင်္ဘောများ မကြာခဏ လုယက်ခံနေရဆဲဖြစ်ကာ စိတ်ချရသည့် အခြေနေ လုံးဝမရှိကြောင်း သိရှိရသည်။

အဆိုပါ လုယက်မှုများမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျှက်ရှိနေကာတွင် သြဂုတ်လ အတွင်းမှာပင် ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်းနှင့် လိုက်လံဖမ်းဆီးသည့် ရဲများကိုပင် ပြန်လည်ပစ်ခတ်နေမှုများ ရှိနေကြောင်း သိရသည်။

ခေါ်ဆိုခနှုန်း အထူးသက်သာသောဆင်းကဒ်များ Telenorမှ ရောင်းချပေးရန် မသေချာသေး

ပြည်ပမိုဘိုင်းလ် အော်ပရေတာ တစ်ခုဖြစ်သော နော်ဝေအခြေစိုက် တယ်လီနောမှ အခြား အော်ပရေတာများထက် ခေါ်ဆိုခနှုန်းထား သက်သာသော ဆင်းကဒ်များကို ရောင်းချမည့် သတင်းများ ထွက်ပေါ်နေသော်လည်း တယ်လီနော၏ အတည်ပြုချက် အပြည့်အစုံ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

“တယ်လီနော လာပြန်ပါပြီ။ အော်ရီဒူးတုန်းကတော့ စစရောင်းခြင်းမှာ ရောင်းကောင်းခဲ့ပေမယ့် နောက်ပိုင်း သုံးရတာ အဆင်မပြေမှုတွေရှိတော့ ၀ယ်တဲ့သူ မရှိသလောက်ကို ဖြစ်သွားတယ်။ တယ်လီနောကတော့ ဈေးနှုန်းကလည်း မများဘူး။ လိုင်းလည်းကောင်းမယ် ဆိုရင်တော့ အသုံးပြုကြရမှာပါ”ဟု မိုဘိုင်းဖုန်းဆိုင် တစ်ခုမှ အရောင်းစာရေး တစ်ဦးက ပြောသည်။

အသက် ၁၂ပင် မပြည့်သေးသူ မိန်းကလေးအား အရွယ်ရောက်ပြီးသူ ငါးဦးမှ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်မှု ပဲခူးတိုင်းဒေသကြီးတွင် ဖြစ်ပွား

မိုးညိုမြို့နယ်၊ ထိန်တောရွာနေ မ --- အသက် ၁၂နှစ် ရေခပ်သွားစဉ် တစ်ရွာတည်းသား အောင်ဝင်းနိုင် (ခ) ကရင် အသက် ၂၈နှစ်က ပါးစပ်ပိတ်ပြီး ၀ါးတော်အတွင်းဆွဲကာ သားမယား ပြုကျင့်ခဲ့မှု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ရက်က ဖြစ်ပွားပြီး အဒေါ်ဖြစ်သူက ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

စိတ်မနှံ့သူ (၁၈)နှစ်အရွယ် မြန်မာမလေးကို ဘာသာခြား အမျိုးသားက အကြိမ်ကြိမ် မုဒိန်းကျင့်မှု ကန့်ဘလူတွင်ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေဒူးကျေးရွာတွင် အသက် (၁၈)နှစ်ခန့် အရွယ်ရှိ စိတ်မနှံ့သူ မြန်မာ အမျိုးသမီးငယ်လေးအား အခြားဘာသာဝင် အမျိုးသားတစ်ဦးမှ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မုဒိမ်းမှုတွင် အကျင့်ခံရသူမှာ  မ….. ၊ (၁၈) နှစ်၊ (ဘ) ဦး……. (မိ) ဒေါ်….. ၊ မြေဒူးရွာ၊ (၁) ရပ်ကွက် ဖြစ်ပြီး ကျူးလွန်ခဲ့သူမှာ  ကုလားဖိုးကျော် (ခ) ကျော်မျိုးနိုင် (၂၂) နှစ်၊ (ဘ) ဦးမွှေးနီ (အမိ) ဒေါ်မဲကြည် မှော်တောရွာ ဖြစ်ကြောင်းနှင့် ဆေးစာအရ အမျိုးသမီးငယ်တွင် ကိုယ်ဝန်ရရှိနေပြီ ဖြစ်ကြောင်းလည်း  သိရသည်။

သီတဂူဆရာတော်ကြီးက ဆရာတော်ဦးဝီရသူအား လူဝတ်လဲပြီး အိမ်ထောင်ပြုရန် မိန့်ကြားသည် ဆိုသော သတင်းမှာ လုံးဝမှားယွင်းနေဟု ဆရာတော် ဦးဝီရသူမိန့်ကြား

လူမှုကွန်ရက် စာမျက်နှာတွင် တင်ထားသော ဒေါက်တာ အရှင် ဉာဏိဿရက မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူအား လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားသည်ဟူသော သတင်းမှာ လုံးဝ မှန်ကန်မှုမရှိကြောင်းကို ဆရာတော် ဦးဝီရသူမှ ပြန်လည်၍ ငြင်းဆိုခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မီဒီယာများ သတင်း၊ဓာတ်ပုံ ရယူမှတ်တမ်းတင်နိုင်ရန် စီစဉ်

၂၀၁၅ ရွေးကောက်ပွဲတွင် မဲရုံများ၌ မီဒီယာများ ဓာတ်ပုံရိုက်နိုင်ရန် အတွက် အတတ်နိုင်ဆုံး စီစဉ်ပေးသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမှ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မီဒီယာများ အနေဖြင့် မဲရုံများတွင် ဓာတ်ပုံရိုက်ခွင့် မရှိသလို မဲပေးသူများအားလည်း အင်တာဗျူးခွင့် မရှိသည့်အတွက် အခက်အခဲများ ရှိခဲ့ကြောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ မီဒီယာများအား ဓာတ်ပုံရိုက် ခွင့်ပေးခဲ့သော်လည်း အနီးကပ် မဟုတ်ဘဲ ပြတင်းပေါက်များမှ ဓာတ်ပုံရိုက်ခဲ့ရပြီး မဲပေးသူများအား အင်တာဗျူးလုပ်ခွင့် မရခဲ့ကြောင်း သိရသည်။

ချယ်ရီဦးက ကိုရီးယားထုတ် နာရီများကို ဆွစ်ဇာလန် တံဆိပ်ရိုက်ပြီး တင်သွင်းသဖြင့် မိုဘိုင်းအဖွဲ့နှင့် ပြသနာဖြစ်

နိုင်မိသားစု ချယ်ရီဦးနာရီ ကုမ္ပဏီက ကိုရီးယားနိုင်ငံလုပ် ရိုမင်ဆန် အမျိုးသားနှင့် အမျိုးသမီးပတ် နာရီများကို လေကြောင်းမှ တင်သွင်းလာသည်ကို တာဝန်ကျ အကောက်ခွန် ၀န်ထမ်းနှင့် မိုဘိုင်းအဖွဲ့တို့က စက်တင်ဘာ ၃ ရက်နေ့တွင် စစ်ဆေးခဲ့ရာ လိုင်စင်နှင့် အရေအတွက် တူသော်လည်း ထုတ်လုပ်သည့် နိုင်ငံမပါသည့် အလုံး ၈၀၀နှင့် ဆွစ်ဇာလန် နိုင်ငံထုတ် နာရီ ၁၃၇လုံး စစ်ဆေး တွေ့ရှိခဲ့သည်။

မင်းသမီးကို သိန်း ၄၀၀၀တန် လင်ခရူဇာ လက်ဆောင်ပေးတဲ့ ကိုယ်ရေးအရာရှိ - လက်စောင်းထက်

တစ်ခေတ်တစ်ခါက ကားပါမစ်တွေ ပိတ်ထားတဲ့အချိန်ပေါ့ဗျာ။ မင်းသမီးလေး တစ်ယောက်က အရမ်းလှ အရမ်း နာမည်ကြီးနေချိန်လည်း ဖြစ်တယ်။ ဒီအချိန်မှာ စစ်တပ်ထဲမှာလည်း တပ်ဖွဲ့တစ်ဖွဲ့ အရမ်း လက်စောင်းထက် နေချိန်ပေါ့။ နိုင်ငံရဲ့စီးပွားရေးကလည်း သူတို့လက် သူတို့ခြေဖြစ်နေတယ်။ အဲဒီတပ်ဖွဲ့ရဲ့ အကြီးအကဲက ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်တယ်။ အများကတော့ မင်းသားကြီးလို့ ခေါ်ကြတယ်။ သူ့ရဲ့ကိုယ်ရေးအရာရှိကလည်း နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ တပည့်ဆိုတော့ ဆရာ့ကို ချဉ်းကပ်ချင်ရင် တပည့်ကို အပိုင်ပေါင်းရတာပေါ့။ အဲဒီ ခေတ်က ခရိုနီ၊ ခရိုပြာတွေက အဲဒီကိုယ်ရေးအရာရှိ လက်ထဲကို သူတို့ရဲ့ ချက်လက်မှတ်တွေမှာ လက်မှတ်ထိုးပြီး ငွေနေရာမှာ ဗလာထားလို့ အဲဒီကို

Pages