September 2014

အကျဉ်းသားတွေကို ဖိနှိပ်ရာမှာ ကင်ပေတိုင်က အဘခေါ်ရတဲ့ ထောင်ပိုင်ကြီး ဘယ်ရောက်နေသလဲ - ဇော်သက်ထွေး

ကျွန်တော့်ဘ၀တစ်လျှောက် ထောင်ထဲမှာ ၁၁နှစ် နေထိုင်ခဲ့ပြီး ထောင်(၃)ထောင်မှာ နေထိုင် ခဲ့ရပေမယ့် အရမ်းဆိုးဝါးတဲ့ ထောင်ပိုင်နဲ့တော့ မကြုံခဲ့ရပါဘူး။ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းတွေ တစ်သက်လုံး မမေ့နိုင်အောင် အကျဉ်းသားတွေ အပေါ်မှာ ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ ထောင်ပိုင်ကြီး တစ်ဦးကတော့ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အမှန်တကယ် ရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြုဆိုတာကြီး မလုပ်ပါနဲ့တော့ - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ-က-သ)

မြန်မာနိုင်ငံမှာ အတိုင်းအတာ တစ်ခုအရ ပွင့်လင်းမြင်သာတဲ့ခေတ် ရောက်ပြီရပြီဆိုရင်ပဲ ပြည်တွင်းက အနုပညာဆိုင်ရာ မော်ဒယ်အေဂျင်စီ အသီးသီးတွေ၊ ပြည်ပက Country Director လို့ ခန့်ထားတယ်ဆိုတဲ့ လစာ ဘယ်လောက်ရလို့၊ အခွန်ဘယ်လောက် ဆောင်ထားမှန်း မသိတဲ့ ကိုယ်စားလှယ်ဆိုသူတွေက ပြည်ပနိုင်ငံ အသီးသီးမှာ နေ့စဉ်လောက် နီးပါး မရိုးနိုင်အောင် ကျင်းပနေကြတဲ့ အမည်ပေါင်းစုံနဲ့ Miss အလှမယ် ပြိုင်ပွဲတွေကို သွားကြ ယှဉ်ပြိုင်ကြပေါ့။ ဒါ့အပြင် လူမှု ကွန်ယက်တွေမှ တဆင့်လည်း မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်နေတဲ့ ဘယ်အလှမယ် ဘယ်သူ့အတွက် Onlineက မဲပေးကြပါ ဆိုတာတွေလည်း မနည်းပါ။ ကိုယ်တွေတောင် ကိုယ့်နိုင်ငံ ကိုယ်စားပြုဆိုလို့ Onlineက

နတ်နဲ့နဂါး လှည့်စားသူများ - မာဂျေ

ပြီးခဲ့တဲ့လက မာဂျေ့ရဲ့ညီမ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတယ်။ ဒီနေ့ဆုံး၊ နောက်နေ့ မီးသင်္ဂြိုဟ်၊ နောက်တစ်နေ့ ဆွမ်းသွတ်ပြီးတော့ ဒီညီမနဲ့ မာဂျေတို့ ဒီဘ၀ အတွက် ဇာတ်လမ်းက ဒီမှာတင် ပြီးဆုံးပြီပေါ့။ ဒါပေသိ မပြီးဆုံးချင်သေးတဲ့ မာဂျေ့ရဲ့ညီတွေ၊ ညီမတွေက သူတို့အစ်မ ဘယ်ဘ၀ ရောက်နေပြီလဲဆိုတာ အကြားအမြင်ဆရာတွေ၊ ဘိုးတော်တွေကို လိုက်မေးတော့ နဂါးသိုက်ရဲ့ ဒုတိယ အကြီးအကဲဖြစ်လို့ အရေးပေါ် ပြန်သွားတာဆိုပဲ။ စစ်တပ်မှာ ဆိုရင်တော့ ဒုကာချုပ်ရာထူး နေရာမှာပေါ့ဗျာ။ အဲဒီအထိလည်း မာဂျေက ခပ်အေးအေးပါ။ ဒါပေသိ ဦးစံလင်းက နဂါးတွေ အကူအညီနဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်မယ်လည်းပြောရော မာဂျေရဲ့ညီမဟာ ခေါင်းလောင်းဆယ်ဖို့များ တာဝန်ကျလို့ အရေးပေ

တော်ဂေါ်လီ နောက်ဆက်တွဲ - ဒဲ့ဒိုး (တောင်ငူ)

ဂျာနယ်တစ်ခုမှာ တောဂေါ်လီ ခရိုနီ ဖတ်လိုက်ရတော့ နာမည်ပေးပုံလေးကို တော်တော် သဘောကျတယ်။ ဟုတ်တယ် ခရိုနီ တော်တော်များများ မြို့ကြီးသားတွေဗျ။ တောဂေါ်လီ ခရိုနီက တောင်ငူမှာနေပြီး တောင်ငူမှာ ကျောင်းတက်၊ တောင်ငူမှာ ကြီးတာ။ သူ့ဇာတိအမှန်က ကျွဲပွဲမြို့ ငါးစီးလှောင်သားဗျ။ ဒါကြောင့် တောဂေါ်လီခရိုနီဆိုတဲ့ နာမည် သိပ်လိုက်တာ။

ကျွန်တော်နှင့် ထောင်နီးနားချင်းများ (၄) - ဇာဂနာ (လေးလုံးစပ်နိုင်ငံရေး၊ သံမဏိအပြေးသမား၊ ပတ္တလားနှင့် ကင်းဗတ်ပြားမှာ ပျော်မွေ့သူ)

ညနေစာစားပြီးကာစရှိသေး။ တိုက်ခန်းတံခါးတွေကို တဂျိမ်းဂျိမ်း လာပိတ်သွားတယ်။ ထူးပြီ။ ဒီလို ညနေဖက်တွေ တံခါးလာပိတ်ပြီဆိုလျှင် ထူးတတ်၏။ မိုးဝင်း၊ ဦးတင်စိုးတို့ လွတ်တုန်းကလည်း ဒီအတိုင်းပဲဖြစ်သည်။ ညနေစာ စားပြီးချိန်မှာ တံခါးလာပိတ်၏။ ပြီးတော့ ထောက်လှမ်းရေးက လာခေါ်ပြီး လွှတ်ပေးလိုက်လေသည်။ ခုဘယ်သူ့အလှည့်လဲ။ ကိုဇင်ဝိုင်းနှင့် ကျွန်တော့်ကို တလောလေးကမှ ထောက်လှမ်းရေးက လာတွေ့ထားတာဆိုတော့ အလားအလာအ ရှိဆုံး နှစ်ယောက် ဖြစ်နေသည်။ သူလား ကျွန်တော်လား။

တကယ်တော့ ဘယ်သူမှ မဟုတ်။ လူသစ်ရောက်လာတာ ဖြစ်သည်။ ပေါ်ဦးထွန်း (ခေါ်) မင်းကိုနိုင်။

နိုင်ငံရေး၊ စစ်ရေး၊ အချစ်ရေး ခေါင်းအေးအေးနှင့်တွေး - အောင်မြင်သူ

ရေးမယ်ဆိုပြီး လျာထားတဲ့ ဆောင်းပါးက သတင်းထောက်တွေ၊ ဂျာနယ်လစ်တွေ၊ IS အဖွဲ့က လည်ပင်းလှီးတာတွေ၊ အိုဘားမားတုံ့ပြန် ပြောတာတွေ ဖြစ်ပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ခေတ်နဲ့ ရင်ဘောင်တန်းလိုက်တဲ့ မြန်မာတွေ ချစ်စရာ မော်ဒယ်လေးကို လည်ပင်းလှီးတဲ့ သတင်း ဝေဖန်မလို့ ဖြစ်ပါတယ်။ လည်လှီးတာခြင်းတူပေမယ့် ရည်ရွယ်ချက်မတူတာ ဝေဖန်မလို့ပါ။ စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အချစ်ရေး အတွေးလှလှလေးနဲ့ အေးအေးဆေးဆေး ရေးဖို့ဖြစ်ပါတယ်။ အေးအေးဆေးဆေး ဆိုတာက တစ်ပတ်ကို ဆောင်းပါးလေး တစ်စောင် မဖြစ်ရေးနေရတဲ့ ဘ၀က လူပေါင်းပဲ မှားလို့လား၊ စာဖတ်ပရိသတ်က မကြိုက်လို့လား။ ဟိုထိုးဒီနှက်ရေးတဲ့ စာရေးဆရာ ဆိုပြီး သူဌေးကို တစ်ဦးဦးက Pressure ပေးလို့လားတော့

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော လူလေးဦး သေဆုံးခဲ့စေခဲ့သည့် ဆင့်ကဲ ယာဉ်တိုက်မှု ကျူးလွန်ခဲ့သူမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်

ပြီးခဲ့သည့် သြဂုတ် ၁၉ ရက် ညနေ ၆ နာရီခွဲခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၂ လမ်း၊ ၆၂-၆၃ လမ်းကြားတွင် ဖြစ်ပွားခဲ့သည့် ဆင့်ကဲတိုက်မှုများကြောင့် လူ ၄ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တွင် ယာဉ်တိုက်မှု ကျူးလွန်ခဲ့သူမှာ မူးယစ်ဆေးဝါးများ သုံးစွဲပြီး ရမ်းကားစွာ မောင်းနှင်ခြင်း ဖြစ်သည်ဟု ပေါ်ပေါက်ခဲ့၍ တရားဥပဒေအရ ထိရောက်သော ဥပဒေ ပြစ်ဒဏ်ကို ပေးစေလိုကြောင်း ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူများမှ တစ်ဦး၏ မိသားစုဝင်က ပြောသည်။

မူးယစ်ဆေးတွေ စံချိန်တင် ဖမ်းမိတဲ့ ရဲထွန်းကျော်ရဲ့ ဘ၀ဇာတ်ကြောင်း

ရဲထွန်းကျော်သည် အသက် ၃၅ နှစ်ရှိပြီး စစ်တွေဇာတိဖြစ်သည်။ ဖခင် ကွယ်လွန်ပြီး မိခင်သာရှိသည်။ ဇနီးဖြစ်သူ ခင်သန္တာဝင်းနှင့် သက်တူရွယ်တူ ကျောင်းနေဖက်ဖြစ်ပြီး အသက်၂၀တွင် အိမ်ထောင်ပြုခဲ့သည်။ ရဲထွန်းကျော်သည် ညီအစ်ကို မောင်နှမ သုံးဦးရှိပြီး ယောက်ဖ ဖြစ်သူမှာလည်း မူးယစ်ဆေး အမှုဖြင့် မောင်တောတွင် ဖမ်းဆီးခံထားရသည်။ စစ်တွေတွင် နေထိုင်ရင်း ရေခဲစက်နှင့် ရေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

မန္တလေးတိုင်း ဒေသကြီး ဧရာဝတီမြစ်ကြောင်းအတွင်း ဆိုမာလီ ဓားပြဆန်ဆန် လုယူမှုများ မကြာခဏ ဖြစ်ပွား

မန္တလေးတိုင်း ဒေသကြီး၊ အမရပူရ မြို့နယ်မှ ပုသိမ်ကြီး မြို့နယ် ဧရာဝတီ မြစ်ကြောင်းတွင် စက်လှေများနှင့် အုပ်စုဖွဲ့ လုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား ၆၀ ခန့်ဖြင့် လှည့်ကင်း၊ ၀ပ်ကင်းများ ချထားကာ နှိမ်နင်း ဆောင်ရွက်နေရကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် အသက်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်၊ လုယက်ပြီး အသတ်ခံရပြန်

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ လဖျော်ပင်ကျေးရွာ အစိုးရ မူလတန်းကျောင်းမှ သူငယ်တန်း ကျောင်းသူ အသက် ငါးနှစ်အရွယ်ရှိ မ...ကို အရွယ်ရောက်ပြီးသူ ကုလား(ခေါ်)ဇော်လင်းထိုက်က အဓမ္မပြုကျင့်ပြု သတ်ဖြတ်ပြီး ပစ္စည်းလုယူမှု ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်က ဖြစ်ပွားခဲ့သည်။

Pages