September 2014

ရန်ကုန်-ဒလ ပြေးဆွဲမည့် ဂျပန် သဘောင်္များ အောက်တိုဘာလအတွင်း ရောက်မည်

ရန်ကုန် ပန်းဆိုးတန်း-ဒလ ပြေးဆွဲရန်အတွက် ဂျပန်နိုင်ငံမှ မှာယူထားသော ချယ်ရီ(၁)၊(၂)၊(၃) ကူးတို့သင်္ဘော ၃စင်းသည် အောက်တိုဘာလတွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ ဂျပန်နိုင်ငံတွင် တည်ဆောက်နေသော ချယ်ရီ(၁)၊ (၂)၊ (၃) ကူးတို့သင်္ဘော ၃စင်းသည် အရှည်ပေ ၁၂၀ ရှိသည့်အတွက် ယခုလက်ရှိ ပြေးဆွဲနေသော သင်္ဘောများထက် ပိုရှည်သည့်အပြင် ခရီးသည်များပါ ပိုမိုသယ်ဆောင်နိုင်ကြောင်း သိရသည်။ ၄င်းသင်္ဘောများအား စမ်းသပ် မောင်းနှင်မှု အနေဖြင့်လည်း ပြီးခဲ့သည့်လက မြန်မာနိုင်ငံမှ သင်္ဘော ရေယာဉ်မှူးများ ဂျပန်နိုင်ငံသို့ သွားရောက် စမ်းသပ် မောင်းနှင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထမင်းခိုးစားတဲ့ အိမ်အကူပါးစပ်ကို ငရုပ်ကျည်ပွေ့နဲ့ ထုတဲ့ အိမ်ရှင်အား ပုဒ်မသုံးခုဖြင့် အမှုဖွင့်

ထမင်း မကျွေးသောကြောင့် ခိုးစားမိသော အသက် ၁၄နှစ်ခန့် အရွယ်ရှိ မိန်းကလေးငယ်အား မျက်နှာ ပျက်စီးသည်အထိ ငရုပ်ကျည်ပွေ့ဖြင့် ထုရိုက်သည့်အပြင် လက်အရိုး ကျိုးသည်အထိ ရိုက်နှက်နှိပ်စက် ခဲ့သော  အိမ်ရှင်အမျိုးသမီး အပါအ၀င် ၄င်း၏သမီး နှင့် သားမက်ဖြစ်သူ ဆရာဝန် လင်မယား တို့အား ထောက်ကြန့်မြို့မ ရဲစခန်းမှ ပုဒ်မ ၃ခုဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း စက်တင်ဘာလ ၅ ရက်နေ့က အဆိုပါ စခန်းမှ သိရသည်။

Ooredooကို အလဲထိုးလိုက်တဲ့ မြန်မာ့ဆက်သွယ်ရေး

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM နှင့် CDMA တယ်လီဖုန်း ဆင်းကတ်များကို မြန်မာနိုင်ငံ အနှံ့တွင် တစ်ခုလျှင် ကျပ် ၁၅၀၀ဖြင့် ကတ်ပေါင်း သန်းနှင့်ချီ၍ အများပြည်သူသို့ လွတ်လပ်စွာ ရောင်းချပေးခဲ့ရာ Ooredoo တယ်လီဖုန်း ဆင်းကတ်ကို ၀ယ်ယူသူ လုံးဝမရှိတော့ဟု တယ်လီဖုန်း အရောင်းဆိုင်များက ပြောဆိုလာကြသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းဆင်းကဒ်များအား ပြည်သူများ ကြိတ်ကြိတ်တိုး ၀ယ်ယူကြပြီး ပြင်ပဈေးကွက်တွင် ကတ်တစ်ခုလျှင် ကျပ်နှစ်သောင်း အထိပင် ဈေးတက်သွားခဲ့ကြောင်းလည်း သိရသည်။

မြိုင်ဟေ၀န်ပန်းခြံအနီးမှ နိုင်ငံပိုင်မြေကို လူတစ်စုက ခွဲဝေယူရန် ကြိုးစားနေ

မြိုင်ဟေ၀န်ပန်းခြံ အနီးရှိ  သိန်းပေါင်း သောင်းနှင့်ချီ တန်ကြေးရှိနေသော နိုင်ငံပိုင် မြေနေရာအား လူတစ်စုမှ ခွဲဝေရန် ကြိုးပမ်းလျှက်ရှိနေကြောင်း စုံစမ်း သိရသည်။

မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံခဲ့ရမှုအတွက် တရားခံဟု ယူဆရသူအား ယနေ့ထိ တရားရုံး တင်နိုင်ခြင်း မရှိသေး

သေဆုံးပြီး (၁၁)ရက်တိုင်ကြာသည့်တိုင် မှုခင်းဆရာဝန်များထံမှ ဆေးစစ်ချက် ထွက်မလာသေး၊ ဓားဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ရဟုသိရ

မော်ဒယ်အေးချမ်းမြတ်မိုး  သေဆုံးပြီး ၁၁ရက်ကြာမြင့်သည် အထိ မှုခင်း ဆရာဝန်များ၏ ဆေးစစ်ချက် မှတ်တမ်းများ မရရှိသေးသည့် အတွက် လူသတ် တရားခံဟု စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင်အား တရားစွဲ ရုံးတင်မှု မပြုလုပ်နိုင်သေးကြောင်း ဒဂုံရဲစခန်းမှ အမှုစစ် အရာရှိ ရဲအုပ် ဇာနည်ထွဋ်က Tomorrow သို့ပြောသည်။

ဆေးကုသဆောင် အမှတ် ၂ - မင်းလက်ဝါး

ရှေးရှေးတုန်း ကတည်းက ကြားဖူးတဲ့ အဖြစ်အပျက်အဟောင်းတွေ အတိုင်းပါပဲ။ ဆေးရုံဝန်ထမ်း တစ်ချို့ရဲ့ ကြမ်းတမ်းမှုတွေက အခုချိန်အထိ သက်ဝင်နေဆဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ကြုံလိုက်မှ အဟောင်းတွေ အသစ်ဖြစ်နေဆဲ ပါလားလို့ တွေးမိတယ်။

တရားမ၀င် တရုတ်လက်ဖက် အချိုခြောက်များနှင့် လက်ဖက်စိုက် ပလောင်တောင်သူများရဲ့ ထိခိုက်နစ်နာမှုများ - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ် တောင်ကုန်းမြင့်များတွင် တိုင်းရင်းသားများ လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှု ပြုခဲ့ကြသည်မှာ ရှမ်းစော်ဘွားများ လက်ထက်မှ စတင်ခဲ့ရာ နှစ်ပေါင်းရာချီခဲ့ပြီ ဖြစ်ပါတယ်။ သဘာဝ ရာသီဥတုအရ ရှမ်းကုန်းမြေမြင့်မှာ လက်ဖက် စိုက်ပျိုးမှုများကို မိရိုးဖလာ လုပ်ကိုင်လာခဲ့ကြပြီး တိုင်းရင်းသား မျိုးနွယ်တွေထဲမှာ လက်ဖက်ကို တကယ့် အခြေခံကျကျ စိုက်ပျိုး စားသောက်နေကြတာက ပလောင် လူမျိုးတွေပါပဲ။ ယနေ့ လက်ဖက်အဓိက ထွက်တဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်တွင်းမှာလို ဒေသဆိုရင် လက်ဖက်ကလွဲပြီး တခြားဘာဆိုဘာမှ စိုက်ပျိုးလုပ်ကိုင် စားတတ်မှု မရှိကြပါဘူး။ ရောက်ဖူးတဲ့လူတိုင်း သိမြင်ကြပါတယ်။

“ဒါလေးတစ်ခုတော့ ခွင့်လွှတ်စေချင်တယ်” - အောင်မြင်သူ

မီဒီယာတွေ ဈေးကောင်းလာတယ်လို့ ပြောရမှာလား၊ ဈေးကျ သွားတယ်လို့ ပြောရမလား မသိဘူး။ သမ္မတကလည်း စာနယ်ဇင်း အဖွဲ့တွေခေါ်တွေ့၊ ၀န်ကြီးအသစ်ကတွေ့၊ လွှတ်တော်ဥက္ကဋ္ဌတွေ ကတွေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌက တွေ့တဲ့ သတင်းတွေ သတင်းဂျာနယ်မှာ တွေ့ရတယ်။ ၂၀၁၅နီးလာလို့ မီဒီယာတွေ အရေးပေး ခံရတာတွေ့လို့ မီဒီယာတွေ ဈေးကောင်း လာတယ်လို့ ပြောရတာ ဖြစ်ပါတယ်။ ဈေးကျတယ် ဆိုတာက ထောင် ၁၀နှစ်ကနေ ၁နှစ်ပဲ ချတာ တွေ့လိုက်ရတယ်။ ဒါပေမယ့် တရားရုံးတစ်ခုက ၁ နှစ်၊ နောက်တရားရုံး တစ်ခုက ၁ နှစ်ချလိုက်တာ တရားရုံး လေးငါးခုဆိုတော့ လေးငါးနှစ် ဖြစ်သွားတယ်။ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ တရားရုံးတွေ မသိလိုက်လို့ပဲလား၊ ညွှန်ကြားချက် မရောက်လို့ပဲလာ

သွေးနဲ့ရင်းတဲ့ ၀မ်းရေး - နော်ရာမောင်

သူ့ရဲ့လက်ကို ခဲတံချွန်တဲ့ ဓါးနဲ့လှီးပစ်လိုက်တဲ့ အခါမှာ လူတွေအကုန်လုံး ရုတ်တရတ် လန့်ဖြန့်သွားခဲ့ ရပါတယ်။ သူကတော့ ခပ်တည်တည်ပါပဲ၊ သွေးတွေ ဖြာခနဲကျလာနေတဲ့ သူရဲ့ လက်ခလယ်ကို ဆေးမြစ်တစ်ခုက ဆေးနဲ့ သိပ်ပြီး သွေးတိတ်အောင် လုပ်လိုက်ပြီး ဒဏ်ရာနဲ့ လက်ကို ပါတ်တီးကို သေချာပတ်ရင်းက ပါးစပ်ကနေလည်း

“ဟော့ဒီလို သွေးတွေ ဖြာခနဲကျချိန်မှာ ဟောဒီအမြစ်ရဲ့ ဆေးလေးကို လိမ်းလိုက်တာနဲ့ ဒီလိုပဲ ချက်ချင်း သွေးတိတ်သွားပါတယ် ခင်ဗျာ”လို့ ပြောကြားကာ သူ့လက်ထဲက ဆေးမြစ် တစ်ချို့ကို ခရီးသည်တွေ မြင်သာအောင် ပြလိုက်ပါတယ်။

ဓမ္မစေတီခေါင်းလောင်း မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီနှင့် မေမြတ်နိုး သရဖူ ရုပ်သိမ်းခံရခြင်း - ဇော်သက်ထွေး

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို ကြည့်မယ်ဆိုရင် တစ်ခုနဲ့တစ်ခု အဆက်အစပ် ကင်းမဲ့သလို ရည်ရွယ်ချက်တွေကလည်း အမျိုးမျိုး ကွဲပြားနေပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံသားတွေ အတွက်  ဒီတစ်ပတ်အတွင်း အငြင်းခုံရဆုံး သတင်းအကြောင်းအရာ ၃ခု ဖြစ်ခဲ့တာကတော့ သေချာပါတယ်။ အထူးသဖြင့် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူနေတဲ့ ဦးစံလင်းနဲ့ အဖွဲ့က ခေါင်းလောင်းကြီးကို တွေ့ရှိပြီဖြစ်ကြောင်း ကြေညာလိုက်လို့ပဲ ဖြစ်ပါတယ်။

Pages