September 2014

ထောင်နီးနားချင်းများ(၃) (သုံးရောင်ခြယ်မြတ်စံ) - ဇာဂနာ

သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်မှာ ကျွန်တော် လူပြက်စလုပ်တော့ ဆိုဗီယက်ပြန် ဒေါ်ဝင်းဝင်းဝါက အကလာသင်ပါတယ်။ ဆရာမနဲ့တူတူ သားတစ်ယောက်၊ သမီးတစ်ယောက် တစ်လှည့်စီ အဖော်ပြုလို့ လိုက်လာလေ့ရှိပါတယ်။ သမီးသူဇာကလည်း တစ်နေ့သောအခါ အနုပညာနယ်ထဲမှာပဲ ကျင်လည်ခဲ့သလို သားမြတ်စံကလည်း ဂီတသမား တစ်ယောက် ဖြစ်ခဲ့ပါတော့တယ်။

ဝတို့လက်ထဲ ၀ကွက်အပ်လိုက်ပြီလား - မာဂျေ

ပြီးခဲ့တဲ့အပတ်က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မှာ တင်လိုက်တဲ့ သတင်းတစ်ခုက ပြည်သူတွေ အားလုံးကို ဟာကနဲ ဖြစ်သွားစေပါတယ်။ ပြည်သူတွေ တင်မကဘူး။ ပေါက်ပေါက်ရှာရှာ သတင်းကအစ သိတဲ့ မီဒီယာတွေလည်း ထုတ်ဖော်ကြေညာမှ ဟင်ကနဲ ဖြစ်သွားရတယ်။ ဘာလဲဆိုတော့ ရန်ကုန်မြို့သစ် စီမံကိန်းပေါ့ဗျာ။ မြေဧက သုံးသောင်းပေါ်မှာ ရန်ကုန်မြို့သစ် တည်ဆောက်ခွင့် ရသွားတဲ့ ရန်ကုန်စေတနာမြို့သစ် ကုမ္ပဏီက ဘယ်သူမှမသိတဲ့ ကုမ္ပဏီ ဖြစ်နေတယ်။ ဒီထက်ဆိုးတာက တိုင်းသိပြည်သိ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတွေကပါ အဲဒီ ကုမ္ပဏီကို မကြားဖူးကြဘူး။ သူတို့လည်း သတင်းထွက်လာမှ ဟိုက်ကနဲ ဖြစ်ကုန်ကြတယ်။ ဒါနဲ့ မာဂျေ တို့လည်း တပည့်တွေကို သတင်းလိုက်ကြပါဦးဟ၊ ရှာကြပါဦး

ဒုတိယဗိုလ်မှူးကြီး မောင်အေးရဲ့ ကိုယ်ရေးအရာရှိကို ဘယ်သူသတ်တာလဲ - လက်စောင်းထက်

လွန်ခဲ့သော ကိုးနှစ်ကျော် ကာလ၊ ၂၀၀၅ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီဖြစ်သည်။ ရှစ်မိုင်၊ စစ်ရုံးသစ်ကြီး၏ အဆောင်(၁) အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကပ်ရက် အခန်းထဲမှ ဒိုင်းကနဲ ပေါ်ထွက်လာသော သေနတ်သံကြောင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးစိုက်ရာ အဆောင်(၁) တစ်ခုလုံး အလုပ်လုပ်နေသော အရာရှိစစ်သည်များ တုန်လှုပ်သွားသည်။ အကြောင်းကလည်း ရှိနေသည်။ တပ်မတော် ထောက်လှမ်းရေးတပ် ဖွဲ့တစ်ခုလုံးကို ဖြိုခွဲထားသည်မှာ မကြာသေးသဖြင့် မကျေနပ်သူ တစ်ဦးဦးက တပ်ချုပ်ကို ဖြစ်စေ ဒုတပ်ချုပ်ကို ဖြစ်စေ လုပ်ကြံလိုက်လေသလောဟု အချင်းချင်း တီးတိုး ပြောနေကြသည်။

သမိုင်းဝင်ရေကန်နှင့် အကျည်းတန်အမှိုက်ပုံ

မကွေးမြို့၊ ကန်သာရပ်ကွက်ထိပ်တွင် ရှေးဟောင်းသမိုင်းဝင် မြေသားမိုးရေကန်ကြီး အနီးတွင် အခွန်လွတ် ဈေးတစ်ခု ဖွင့်လှစ်ရောင်းချနေရာ ယင်းဈေးမှ စွန့်ပစ်အမှိုက်များမှာ ယင်းရှေးဟောင်း ရေကန်ကြီးအား များစွာ ပျက်စီး နေစေပြီဖြစ်၍ သက်ဆိုင်ရာမှ ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း သိရသည်။

Miss Asia Pacific World မေမြတ်နိုး ထွက်မပြေးပါ

၂၀၁၄ ခုနှစ်အတွက် Miss Asia Pacific World ဆုရရှိခဲ့သော မြန်မာ့အလှမယ် မေမြတ်နိုးသည် သဘောတူညီမှုများကို ဖောက်ဖျက်ကာ အခမဲ့ ရင်သားခွဲစိတ်မှုကို ခံယူ၍ အလှမယ်သရဖူ နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေကြောင်း အလှမယ်ပြိုင်ပွဲ စီစဉ်သူက ပြောကြားခဲ့ကြောင်း အင်တာနက်တွင် ဖော်ပြထားသည်။

မေမြတ်နိုးအား ပေးအပ်ခဲ့သော အလှမယ်သရဖူသည် ဒေါ်လာတစ်သိန်း တန်ကြေးရှိပြီး ခိုးယူ ထွက်ပြေးနေသည်ဟု ဖော်ပြမှုများသည် ဆင်ခြင်တုံတရားကင်းမဲ့ပြီး အသက် ၁၈ နှစ်မပြည့်သေးသည့် မိန်းကလေးတစ်ဦး၏ ဘ၀ကို ဖျက်လိုဖျက်ဆီး လုပ်လိုသူတို့၏ ရည်ရွယ်ချက် သက်သက်သာ ဖြစ်ကြောင်း မေမြတ်နိုး၏ မိခင်ဖြစ်သူက Tomorrowသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

အသက် ၇ နှစ်အရွယ်ရှိ မိန်းကလေးငယ်အပေါ် လူမဆန်စွာ မုဒိမ်းကျင့်သူကို ပဲခူးမြို့နယ် တရားရုံးမှ ထောင် ၁ နှစ် ၃ လ သာချ

ပဲခူးမြို့နယ်၊ ...ရပ်ကွက်ရှိ အသက် ၇နှစ်အရွယ် မိန်းကလေးငယ်...အား မိခင်မှ ဈေးဆိုင်သို့ ခိုင်းစေလိုက်ရာမှ အသက် ၁၉နှစ်အရွယ် ရဲပိုင်ဦးက အဓမ္မပြုကျင့်ခဲ့ရာ အမှုကို ပဲခူးမြို့နယ် တရားရုံးက တရားခံအား ထောင်ဒဏ်တစ်နှစ်နှင့် သုံးလသာ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါအမှုကို စီရင်သော ပဲခူးမြို့နယ် တရားရုံးသည် ထောင်ဒဏ် ၇နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ၃၇၆ မုဒိမ်းမှုကို တစ်နှစ်သုံးလသာ ကျခံစေခဲ့သည့်အတွက် ကျူးလွန်ခဲ့သော ပြစ်မှုနှင့် ပြစ်ဒဏ်မှာ မမျှတဘဲ နည်းပါးလွန်းသည့်အတွက် မြို့နယ် ဥပဒေရုံးမှတစ်ဆင့် ပြင်ဆင်မှု တင်သွင်းရန် ဆောင်ရွက်နေရကြောင်း သတင်းရရှိသည်။

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ဝင်ခန်းအတွက် ဗိုလ်ချုပ်ပြတိုက်မှ ၀ူစလေကား အသုံးပြုခွင့်အား သမ္မတထံ တောင်းခံထား

၂နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော “အောင်ဆန်း”ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက်  ၁၉၄၀ တစ်ဝိုက်က ဗိုလ်ချုပ်စီးခဲ့သော အင်္ဂလန်နိုင်ငံလုပ် ၀ူစလေမော်တော်ကားအား ဇာတ်ဝင်ခန်းတွင် ခေတ္တ အသုံးပြုခွင့် ပေးပါရန် နိုင်ငံတော် သမ္မတထံသို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့က စာတင်ထားကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု ပြုလုပ်နေသော အဖွဲ့များထံ ကုန်သည်များမှ လျော်ကြေး တောင်းခံမှုများရှိလာ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် Mobile Team မှ တရားမ၀င် ကုန်သွယ်မှုများကို တားဆီးထိန်းချုပ်မှုများ ပြုလုပ်လာသောကြောင့် ယခင်က တရားမ၀င် ကုန်သွယ်မှု ပြုလုပ်နေသော အဖွဲ့များထံ ပစ္စည်းအပ်နှံထားသည့် ကုန်သည်လုပ်ငန်းရှင်များမှ ပစ္စည်းအချိန်မီ ရောက်ရှိ မလာနိုင်သောကြောင့် စာချုပ်ပါ အချက်အလက်များနှင့်အညီ လျော်ကြေးတောင်းခံမှုများ ဖြစ်ပေါ်နေကြောင်း Mobile Teamမှ သတင်းရရှိသည်။

နိုင်ငံခြား NGOတစ်ခုက ရပ်ကွက်ရေမြောင်းအတွင်းသို့ မစင်များ စုပ်ထုတ်နေ

လှိုင်မြို့နယ်၊ ၁၀ရပ်ကွက်၊ ခပေါင်း(၁)လမ်း၊ အမှတ် ၅၀၇တွင် ဖွင့်လှစ်ထားသော NGOတစ်ခုသည် ရပ်ကွက်ရေမြောင်း အတွင်းသို့ မစင်ကန်မှ မစင်များကို စုပ်ထုတ်စွန့်ပစ်နေသဖြင့် ရပ်ကွက်အတွင်း နေထိုင်သူများနှင့် ပြဿနာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အဆိုပါ အဖွဲ့အစည်းမှာ ဒိန်းမတ် NGO ဖြစ်သည့် actionaid ဖြစ်ပြီး ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ လာရောက်ရုံးဖွင့်ထားကြောင်း သိရသည်။

မိချောင်းကန်တွင် ကျူးကျော်နေထိုင်ခဲ့သူ အားလုံးကို မြေအစားပြန်ပေးပြီးဟု တပ်မတော်ပြော

တပ်မတော်မှ သိမ်းဆည်းခဲ့သော မိချောင်းကန်မြေပေါ်တွင် ကျူးကျော်နေထိုင်ခဲ့သူ ၈၃၅ ဦးစလုံးကို ဒဂုံ၊ လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် ပေ ၂၀x၆၀ မြေကွက်များ၊ ပေ ၄၀x၆၀ မြေကွက်များ ပေးအပ်ပြီး ဖြစ်ကြောင်းနှင့် ယခုဆန္ဒပြနေသူ ၃၅၇ ဦးတွင် မြေကွက်ရပြီးသူ ၇၈ ဦး၊ ပြန်ဝယ်ထားသူ ၈၅ ဦး ပါဝင်ပြီး ၁၉၄ ဦးမှာ မိချောင်းကန် မြေကွက်နှင့် လုံးဝမသက်ဆိုင်သူများ ဖြစ်ကြောင်း တပ်မတော် အရာရှိကြီး တစ်ဦးက Tomorrowသို့ ပြောကြားလိုက်သည်။

Pages