October 2014

လူမသတ်ပဲ လူသတ်တရားခံ ဖြစ်နေရတာပါဆိုတဲ့ သူတို့က ပြစ်မှုကျူးလွန်တဲ့ နေရာမှာကို မရှိလို့ မသိပါဘူးလို့ဆိုတဲ့၊ မြန်မာအလုပ်သမားလေးနှစ်ဦးရဲ့ ရင်ဖွင့်သံနဲ့ လိပ်ကျွန်းလူသတ်မှု နောက်ဆက်တွဲ - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်း (ခ) လိပ်ကျွန်းပေါ်မှာ ဗြိတိသျှနိုင်ငံသား (၂)ဦး အသတ်ခံရမှုနဲ့အတူ မြန်မာရွေ့ပြောင်း အလုပ်သမားလေး နှစ်ဦးဖြစ်ကြတဲ့ မောင်ဇော်လင်းဦးနဲ့ မောင်ဝင်းဇော်ထွန်းတို့ လူသတ် တရားခံအဖြစ် ၀န်ခံဖြောင့်ချက် ပေးပါတယ်၊ သေဆုံးသူနဲ့ DNA စစ်ဆေးမှု တူညီပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဖမ်းဆီးခံထားရတာ အချိန် (၁) လကျော်ခန့် ရှိနေပြီ ဖြစ်ပါတယ်။

အရွယ်မရောက်သေးသူအား အဓမ္မပြုကျင့်ပြီး ကျောက်ခဲနှင့်ထု၍ မြေမြုပ်ထားခဲ့သည့် တရားခံအား အသက်ရှင်ခွင့်ရသော ကာယကံရှင်ကလေးမကိုယ်တိုင် ဖော်ထုတ်ခဲ့သော်လည်း ကသာရဲစခန်းမှ (၇)လနီးပါး ကြာသည်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေး

“သမီးက မေ့ချင်ယောင်ဆောင် နေလိုက်ပါတယ်၊ ခေါင်းကိုအရင် မြေကြီးထဲ ချပါတယ်၊ ပြီးမှခြေထောက်ကို ပစ်ချပါတယ်၊ သမီးက ငြိမ်နေတော့ မြေကြီးတွေ သဲတွေဖုံးပါတယ်၊ သမီးက အသက်အောင့်ပြီး နေပါတယ်၊ အတော်ကလေး ကြာတော့မှ မြေကြီးတွေကို ခြေထောက်နဲ့ တအားကန်ထုတ်ပြီး ရုန်းထွက်ခဲ့ပါတယ်” - ကံကောင်းစွာပင် အသက်ရှင်ခဲ့ရသော ကလေးငယ် ဟာဂျူလီ(ကသာ) - တွေ့ဆုံမေးမြန်းသည်

ကိုပါကြီးအတွက် မေးခွန်းများစွာ ရှိနေဆဲ - ဇော်သက်ထွေး

အောက်တိုဘာလ ၂၃ ရက်နေ့ (ဒီပါဝလီနေ့) ညနေ ၅နာရီ ၂၀မိနစ်မှာ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)ကို တပ်မတော်မှ သတင်းထုတ်ပြန်ချက် တစ်ရပ် ပေးပို့ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ထဲက ရွှေဝါချောင် ကျေးရွာမှာ ကင်းစောင့် စစ်သည်ရဲ့ သေနတ်ကို လုယူပြီး ထွက်ပြေးရန် ကြံစည်တဲ့ KKO အဖွဲ့က ဗိုလ်ကြီးအောင်နိုင်ကို ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ရွှေဝါချောင် ကျေးရွာတောင်ဘက် မီတာ ၈၀၀ ခန့်အကွာမှာ ကောင်းမွန်စွာ မြေမြှုပ် သင်္ဂြိုဟ်ခဲ့ကြောင်း ပါရှိပါတယ်။

မီးရမှ လူနေရမှာလား၊ လူနေပြီးမှ မီးပေးမှာလား - မာဂျေ

မြို့တော်စည်ပင်နဲ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့တို့ ဘာတွေကြံကြပြန်ပြီလဲဗျာ။ တစ်ရက်မှာ မာဂျေ့ရဲ့ မိတ်ဆွေ ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ယောက်ရုံးကို ရောက်လာတယ်။ ကိုမာဂျေရေ ကန်ထရိုက်တွေ မီးလောင်နေလို့ ကြည့်လုပ်ပါဦးတဲ့။ မာဂျေက မီးလောင်ရင် လွယ်ပါတယ် ရေလောင်းလိုက်ပေါ့ဆိုတာကို ဘယ်လို သဘောပေါက်သွားသလဲ မသိဘူး။ ရေကတော့ အစကတဲက သက်ဆိုင်တဲ့ သူတွေကိုရော ရုံးထဲက ရှိသမျှ စားပွဲတွေကိုရော လောင်းနေရတာပါဗျာတဲ့။ သူကဆက်ပြီး လောလောဆယ်တော့ တိုက်ခန်းနေမဲ့ ပြည်သူတွေရော ကန်ထရိုက်တာတွေရော ဒုက္ခရောက်နေကြတယ်။ တိုက်တစ်လုံး ဆောက်ချင်ရင် မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးလို့ခေါ်တဲ့ အီးအို (EO)မှာ ဘာအာဏာမှ မရှိတေ

ထောင်ကထွက်လို့ သုံးနှစ်အကြာ (၅) - ဇာဂနာ

ကျွန်တော့ နိုင်ငံရပ်ခြား ဒုတိယ ခရီးစဉ်ကတော့ စင်ကာပူပါပဲ။ စင်ကာပူဆိုတာ ဘယ်လို တိုးတက်တယ်၊ ဘယ်လိုကြွယ်ဝတယ်ဆိုတာ အမြဲလိုလိုကြား နေခဲ့ပေမဲ့ ခုတော့ လက်တွေ့မျက်တွေ့  တွေ့ရတော့မှာမို့ ပျော်မိတာ အမှန်ပါ။ ကျွန်တော်နဲ့တူတူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးလဲ လိုက်မယ်ဆိုတော့ သဘောကျတာပေါ့။ သူနဲ့ ကျွန်တော်နဲ့က The Art of Freedom film festivalကို နှစ်ယောက်တူတူ လုပ်ခဲ့ကြတာလေ။ တော်တော်လဲ ကြီးကြီးကျယ်ကျယ် အောင်မြင်ခဲ့ပါတယ်။ ပြသနာတွေလဲ တော်တော်တက်ခဲ့ပါတယ်။

ကားတစ်စီးကို ကျပ် ၄,၀၀၀ နဲ့ လေလံဆွဲခဲ့တဲ့ သမီးတော် (သမီးတော်ရာဇ၀င်(၁၄)) - လက်စောင်းထက်

တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ အသုံးပြုပြီး ဆက်လက် အသုံးပြုလို့မရတဲ့ မော်တော်ယာဉ် အဟောင်းအပျက်တွေကို မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပင်မမော်တော်ယာဉ်တပ်ထဲမှာ လေလံပစ်လေ့ ရှိပါတယ်။ ဒီလေလံပွဲကို တပ်မတော်က တွဲဖက်စစ်ထောက်ချုပ် ဦးဆောင်တဲ့ အဖွဲ့က မောင်းလေး တစ်လုံးနဲ့ ရောက်လာပြီး ကျင်းပပြုလုပ်ပါတယ်။

ရမည်းသင်းစား သီလ၀ (သို့မဟုတ်) မပြုံးမရယ်တဲ့ ဗိုလ်ချုပ်ကြီးစန်းယု - ကိုရင်မောင်

မြန်မာ့တပ်မတော်၏ တတိယမြောက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစန်းယုနဲ့ ပတ်သတ်၍ စာစောင်များ၊ ဂျာနယ်များတွင်  ရေးသားမှု အလွန်နည်းပါးသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး အာဏာရှင်ဖြစ်သော ဗိုလ်ချုပ်ကြီး နေ၀င်းသည် အသက် (၆၀) ပြည့်သော အခါတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီး စန်းယုအား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး စန်းယုသည် ပြည်မြို့ ဇာတိဖြစ်ပြီး မြန်မာ့တပ်မတော်တွင် BIA, BDA, BPF အစ ရှိသည်တို့မှ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည် အထိ တာဝန်ထမ်းဆောင်ခဲ့သော စစ်သားကြီး တစ်ဦး ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေး အတွက် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော BIA တပ်တွင် ဂျပန်နှင့်ေ

မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရခြင်းနှင့် ပတ်သတ်၍ တရားခံဟု စွပ်စွဲခံရသူမှာ ရုံးချိန်းသို့ အငှားယာဉ်ဖြင့် လာရောက်ခြင်းအပေါ် တရားလို မိသားစုဝင်များ မေးခွန်းထုတ်

အောက်တိုဘာ(၂၆)ရက်နေ့တွင် နှစ်လပြည့်ပြီ ဖြစ်သော မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရခြင်းနှင့် ပတ်သတ်၍ လက်ရှိအချိန် ထိတိကျရေရာသော အဖြေများ ထွက်ပေါ်မလာသေးသည့်အပေါ် တရားလို မိသားစုဝင်များမှ သံသယများစွာ ဖြစ်ပေါ်လျှက်ရှိနေကာ တရားခံဟု ယူဆရသူ အနေဖြင့် ရုံးချိန်းသို့ အငှားယာဉ်ဖြင့် လာရောက်ခြင်းအပေါ်လည်း များစွာအံ့သြမိကြောင်း မော်ဒယ် အေးချမ်းမြတ်မိုး၏ ဖခင်ဖြစ်သူမှ ပြောကြားခဲ့သည်။

ကိုပါကြီး၏ အလောင်းအား ဖော်ပြီး ပြန်လည်စစ်ဆေးရန် ကျိုက်မရော ရဲစခန်းတွင် အမှုဖွင့် ခွင့်ရ

သုံးရောင်ခြယ် အဖွဲ့ဝင် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး၏ ကြွင်းကျန်ရစ်သော အလောင်းအား ဖော်ပြီး ပြန်လည်စစ်ဆေးရန် အတွက် ကျိုက်မရော ရဲစခန်းမှ အမှုဖွင့်ခွင့် ရရှိခဲ့ကြောင်း သေဆုံးသူ ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာမှ Tomorrow သတင်းဂျာနယ်သို့ အတည်ပြု ပြောကြားခဲ့သည်။

“သေမှုသေခင်း အမှတ် ၁၁/၂၀၁၄နှင့် အမှုဖွင့်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ သေမှုသေခင်း ပြန်ပြောင်းတဲ့ အတွက် ရဲစခန်းကနေ ပြီးတော့ အလောင်းဖော်ပြီး ပြန်လည်စစ်ဆေးဖို့ မှုခင်းဆရာဝန်နဲ့ ပြန်လည်စစ်ဆေးဖို့၊ အလောင်းပြန်သယ်ဖို့တွေ ပါပါတယ်”ဟု သေဆုံးသူ ကိုပါကြီး၏ ဇနီးမသန္တာက ပြောသည်။

MPT၏ ပွင့်လင်းမြင်သာခြင်းမရှိမှုကို အခွင့်အရေးယူပြီး အထက်တန်းပြ ဆရာမ တစ်ဦးက ဖုန်းငွေဖြည့်ကတ် ကျပ်သိန်း တစ်သောင်းဖိုးခန့် လိမ်လည်

ကြည့်မြင်တိုင် အထက(၂)မှ အထက်တန်းပြ ဆရာမ ဒေါ်မြစုလှိုင်က တယ်လီဖုန်း ငွေဖြည့်ကတ် မျိုးစုံရမည်ဆိုကာ လူသုံးဦးထံမှ ကျပ်သိန်းတစ်သောင်းခန့် လိမ်လည်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အထက်(၂) ကြည့်မြင်တိုင် ကျောင်းစာရေးကြီးမှ သူနှင့်ခင်မင်သော မမိုးစန္ဒာဆိုသူ အမျိုးသမီး တစ်ဦးကို သူတို့ကျောင်းမှ ဆရာမ ဒေါ်မြစုလှိုင်သည် တယ်လီဖုန်း ငွေဖြည့်ကတ်များ ဈေးသက်သာစွာ ရောင်းပေးနေသည်ဟု မိတ်ဆက်ပေးခဲ့သည်။ ထိုမိတ်ဆက် ပေးချက်အရ တယ်လီဖုန်း ငွေဖြည့်ကတ်များကို စမ်းသပ်ဝယ်ယူရာ ငွေ ၅,၀၀၀တန် ငွေဖြည့်ကတ်ကို ကျပ်၃,၉၀၀ဖြင့် လည်းကောင်း၊ ကျပ်တစ်သောင်းတန် ငွေဖြည့်ကတ်ကို ကျပ်၉,၀၀၀ဖြင့်လည်းကောင်း ၀ယ်ယူရရှိခဲ့သည်။

Pages