October 2014

လူငယ်များအကြား ရေပန်းစားနေသော e-Cigaretteမှာ ကျန်းမာရေးကို ထိခိုက်စေသလို တရားဝင် တင်သွင်းခွင့်မရှိ

ယခု လတ်တလောတွင် လူငယ်များအကြား ရေပန်းစားနေသော Electronic-Cigarette ခေါ် e-Cigaretteမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်းနှင့် ဆေးရည်နှင့် ဆေးတံများအား မည်သူမဆို အလွယ်တကူ ၀ယ်ယူရနိုင်နေခြင်းမှာလည်း အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေကြောင်း စုံစမ်းသိရသည်။

Telenor ဆင်းကဒ်များ ရောင်းကုန်သွားသော်လည်း အရောင်းကိုယ်စားလှယ်များ အရှုံးနှင့် ရင်ဆိုင်နေရ

ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် Telenor ဆင်းကဒ်များ ၁၅၀၀ ကျပ်ဖြင့် စတင် ရောင်းချခဲ့သော်လည်း အရောင်း ကိုယ်စားလှယ်များမှာ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း Telenor ဆင်းကဒ်အရောင်းဆိုင်များမှ သိရသည်။

“သူတို့က ဆင်းကဒ်ကို ချပေးတာ ငွေဖြည့်ကဒ်ကို အများကြီး ယူရတယ်။ ၀ယ်သူတွေကလည်း ငွေဖြည့်ကဒ်ကို ငါးထောင်တန်၊ တစ်သောင်းတန် ဘယ်သူမှ ၀ယ်မသုံးကြဘူး။ တစ်ထောင်တန်လောက်ပဲ သုံးနေကြတာ။ စမ်းသုံးတဲ့ သဘောပဲ၊ အဲ့ဒီတော့ ဆင်းကဒ်တွေ ကုန်သွား ပေမယ့် ရှုံးနေတယ်”ဟု သုဝဏ္ဏမြို့နယ်  Telenor ဆင်းကဒ် ရောင်းချသူတစ်ဦးက ပြောကြားခဲ့သည်။

မျိုးစောင့်ဥပဒေ ပြဌာန်းရန် တောင်းဆိုပွဲသို့ တက်ရောက်သော ဦးရေသုံးထောင်ကျော်တွင် ပြည်သူပါဝင်မှုနည်းပါးနေသေး

ယခုနှစ် အောင်တိုဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေ အမြန်ပြဌာန်းပေးရေး လူထု တောင်းဆိုပွဲသို့ လူဦးရေ (၃၀၀၀)ထောင်ကျော် တတ်ရောက်ခဲ့သော်လည်း အများစုမှာ ဥပဒေ ပြဌာန်းရန် ဆောင်ရွက်နေသော အဖွဲ့နှင့် သံဃာတော်များ အများဆုံး တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

ပူတာအိုခရိုင်ရှိ စစ်ရှောင်စခန်းသို့ ထောက်ပံ့ပေးသော ဆန်အိတ်တွင် ကျောက်ခဲနှင့်ဘိလပ်မြေများ ရောနှောပါဝင်နေဟုဆို

ကချင်ပြည်နယ် ပူတာအို ခရိုင် နောင်ခိုင်ကျေးရွာ နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဝင်း အတွင်းရှိ စစ်ရှောင်စခန်းသို့ ခရိုင် အုပ်ချုပ်ရေးမှူး ပေးပို့သော ဆန်အိတ်ထဲတွင် ကျောက်ခဲ၊ ဘိလပ်မြေမှုန့်များ ရောနှောနေသည့် အတွက် ဒုက္ခသည်များ စား၍မရခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ  ပူတာအိုခရိုင် နောင်ခိုင်ကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း၌ နေထိုင်သော စစ်ဘေးရှောင် ဒုက္ခသည် ၆၀ဦး နေထိုင်ကြသည့် ဒုက္ခသည် စခန်းသို့ ပို့သောဆန်များတွင် ဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းမှာ ယခုအောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။

ယှဉ်ပြိုင်စီးပွားရေး ဥပဒေဖြင့် လုပ်ကိုင်သော စီပွားရေးလုပ်ငန်းများ ပေါ်ထွက်ခြင်းမရှိသေး (“ဥပဒေကို ၂၀၁၅ခုနှစ်အမီ မလုပ်ဆောင်နိုင်ပါက နိုင်ငံ၏ ရည်မှန်းချက်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် မဟုတ်”)

ယှဉ်ပြိုင်စီးပွားရေး ဥပဒေအရ အခြေခံ ဥပဒေ ပြဌာန်းထားပြီဖြစ်ကြောင်း ပြောကြားထား သော်လည်း လက်တွေ့တွင်မူ ယှဉ်ပြိုင်ဥပဒေနှင့် လုပ်ကိုင်ခွင့်ရသော စီးပွားရေး လုပ်ငန်းများ ထွက်ပေါ်လာမှု မရှိသေးကြောင်း စီးပွားရေး ဥပဒေ အကြံပေး ဦးတင်သန်းဦးက Tomorrowသို့ပြောသည်။

“ဒီဥပဒေကို မှန်ကန်စွာ သက်ဝင်အောင် လုပ်မယ်၊ မလုပ်ဘူးဆိုတာက အဖြေကို ရှာရပါမယ်။ ကွန်ပီတေးရှင်းလောက ပြဌာန်းဖို့ပဲရှိတယ်။ တကယ် စီးပွားရေး လုပ်ငန်းရှင်တွေ လက်ဝါးကြီး အုပ်ထားတဲ့ စီးပွားရေးစနစ်ကို ကျော်ဖြတ်နိုင်ခြင်း မရှိဘူး။”ဟု စီးပွားရေး ဥပဒေ အကြံပေး ဦးတင်သန်းဦးက ပြောခဲ့သည်။

ခြေစွမ်းမကောင်းသော မြန်မာ့လက်ရွေးစင်အသင်း ပြိုင်ပွဲမပြီးခင် ခြေစစ်ပွဲအောင်မြင်

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌  ကျင်းပလျက်ရှိသော ဆူဇူကီးဖလား ခြေစစ်ပွဲ မပြီးဆုံးခင် အိမ်ရှင် လာအို အသင်းနှင့် မြန်မာအသင်းများမှာ နိုင်ပွဲကိုယ်စီရရှိပြီး ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

၄၃နှစ်ကြာ စောင့်စားခဲ့ရသော မြန်မာ့ဘောလုံးအောင်ပွဲတွင် ဂျာမန်လူမျိုးများ အဓိကအခန်းကဏ္ဍမှ ပါဝင်

မြန်မာနိုင်ငံတွင် ကျင်းပလျှက်ရှိသော အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် ကွာတားဖိုင်နယ်၌ မြန်မာလူငယ်အသင်းသည် အာရှထိပ်သီး ယူအေအီး အသင်းအား ၁-၀ ဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားခဲ့သည်။ ထို့ကြောင့် အာရှအကောင်းဆုံး ထိပ်သီးလေးသင်းထဲတွင် ပါဝင်သွားပြီး ၂၀၁၅ခု၊ မေလတွင် နယူဇီးလန်၌ ကျင်းပမည့် ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲသို့ ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့သည်။

ကုသိုလ် ယူပါ သမ္မတကြီး ခင်ဗျား - မောင်သူရ

၂၀၀၉ခုနှစ်၏ နွေသည် ပူပြင်းလွန်းလှ၏။ မြန်မာပြည် မြောက်ပိုင်းမြို့တော် ဆိုသော်လည်း မြစ်ကြီးနားက မအေး။ ဆောင်းမှာလည်းပူ။ နွေမှာလည်း အိုက်။ အုပ်တိုက်သွပ်မိုးခန်းထဲမှာ လေအ၀င်အထွက် မရှိပြန်တော့ နေရခက်သော နွေလများလို့ ကင်ပွန်းတပ်ချင်သည်။ အကျဉ်းသား တစ်ယောက် အတွက် ရွေးစရာ မရှိ၊ ဒီနေရာမှာ မနေချင်လည်း နေရမည်သာ။ အပူဒဏ်ကို အံတုရုံမှတပါး အခြားမရှိချေ။

ဗိုလ်ကြီးအုန်းကျော်မြင့်ကို ကြိုးပေးသတ်တာ ရှုတ်ချတယ် အမှန်က သေနတ်နဲ့ ကွပ်မျက်ရမှာ ဖြစ်တယ်နှင့် ဦးနေ၀င်း သိမသွားသော တပ်တွင်းပုန်ကန်ရန် ကြံစည်မှု - အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး

Tomorrow ဂျာနယ် အတွဲ (၁) ၊ အမှတ်(၃၃)မှာပါတဲ့ ကိုရင်မောင်ရေးတဲ့ အာဏာရှင်ကို ဖြုတ်ချရန် ကြံစည်ခဲ့သော ဗိုလ်ကြီး အုန်းကျော်မြင့်အကြောင်း ဖတ်ပြီး ကျုပ်ရင်ထဲမှာ နှစ်ပေါင်း ၄၀ကျော် မျိုသိပ်ထားခဲ့ရတာတွေကို မသေခင် အခွင့်အရေးရတုန်း ပြောပြခဲ့ချင်တယ်။

အာဏာရှင်စနစ်ရဲ့ စက်ကွင်းက မလွတ်မြောက်ခဲ့သော ဗိုလ်မှူးကြီး ဘသန်း - ဇော်သက်ထွေး

ကမ္ဘာကျော်စာစုဖြစ်တဲ့ (Jonathan Livingston Seagull) ယောနသံစင်ရော်ကို ဘာသာပြန်ဆိုခဲ့တဲ့ စာရေးဆရာ ဓမ္မိကဘသန်းကို ဗမာ့တပ်မတော်ရဲ့ စီနီယာ အရာရှိ ဗိုလ်မှူးကြီး တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ သိတဲ့လူ အတော်ရှားပါတယ်။ ဒါပေမဲ့ ဓမ္မိကဘသန်းရဲ့ ယောနသံ စင်ရော် စာအုပ်ကတော့ မြန်မာ့စာပေနယ်ပယ်မှာ ထင်ရှားခဲ့ပါတယ်။ ဓမ္မိက ဘသန်းရဲ့ ဘ၀နေ၀င်ချိန်ကတော့ ကြမ်းတမ်းခဲ့ပါတယ်။ အဲဒီ့အချိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းဟာ ၆၁ခုနှစ်က ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေကို ထူထောင်ချင်တဲ့အတွက် တပ်မတော်က မိမိ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုဖို့ တင်ပြခဲ့တဲ့ ဗိုလ်မှူးကြီး ဘသန်းကို စိတ်ခုနေခဲ့ပါတယ်။

Pages