October 2014

မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီးကို စားပွဲထိုးခိုင်းတဲ့ သမီးတော် (သမီးတော်ရာဇ၀င် (၁၃)) - လက်စောင်းထက်

သယံဇာတ ပေါများကြွယ်ဝပြီး ရာသီဥတု ကောင်းမွန်တဲ့ တိုင်းပြည်ကို အဆင်းရဲဆုံး နွံထဲရောက်အောင် စီမံခန့်ခွဲခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အကြောင်းကတော့ တစ်ထောင့်တစ်ည ပုံပြင်တွေလို ရေးစရာ တောင်ပုံရာပုံရှိပါတယ်။ ဒါပေမဲ့ Tomorrowမှာ တစ်ပတ်တစ်လေလောက် သမီးတော် ရာဇ၀င် မပါရင်ဘဲ စာဖတ်သူတွေက ဆူဆူပူပူ၊ ကြော်ငြာရှင်တွေက ဆူဆူပူပူ လုပ်ကြတယ်လို့ ဆရာမာဂျေက ဖုန်းဆက်ပြောကြား လာပါတယ်။ ကျွန်တော်ကလည်း တပ်က အနားယူပြီးတဲ့နောက် ဘ၀မှာ အေးအေးဆေးဆေးပဲ စာလေးပေလေး ရေးရင်း နေသွားချင်ပါတယ်။ ငွေကြေး အတွက်လည်း မပူပင်သလို မတော်လောဘစိတ်လည်း မရှိတော့ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ မတင့်တယ်တဲ့၊ လူကြားမကောင်းတဲ့ အဖြစ်အပျက်ေ

ထောင်ကထွက်လို့ သုံးနှစ် အကြာ(၄) - ဇာဂနာ

Passport လက်ထဲသာ ရောက်လာပါတယ်။ ကျွန်တော် ဘယ်ကိုသွားရမယ်မှန်း မသိပါဘူး။ တစ်ချို့ကတော့ ကျွန်တော့ မိသားစုတွေရှိနေတဲ့ အမေရိကားကို သွားဖို့ တိုက်တွန်းပါတယ်။ ဒါပေမဲ့ ထောင်ထဲက ကျွန်တော့ ရဲဘော် ရဲဘက် နိုင်ငံရေး အကျဉ်းသားတွေ တစ်ယောက်မှ မလွတ်လာကြသေးတဲ့ အတွက် ကျွန်တော်လိပ်ပြာ မလုံလှပါဖူး။ ပြီးတော့ ကျွန်တော် နိုင်ငံခြားထွက် အလုပ်လုပ်မဲ့ လူမဟုတ်သလို၊ ဈေးဝယ်လဲ ထွက်ချင်တဲ့ အာသီသမရှိပါဘူး။ တစ်ခုတစ်ခု အကျိုးပြုနိုင်မယ့် အလုပ်ကိစ္စနဲ့သာ သွားချင်တာပါ။

၁၃ယောက်မြောက် ကစားသမား - မာဂျေ

ဘောလုံးအကယ်ဒမီဆင်း ယူ ၁၉ ဘောသမားလေးတွေနဲ့မှ ဘောလုံးအဖွဲ့ချုပ်လည်း မျက်နှာရ၊ အားပေးနေတဲ့ ပြည်သူတွေလည်း အားပေးရကျိုးနပ်၊ မြန်မာ့အသံမှာ ဖုန်တက်နေတဲ့ မြန်မာနိုင်ပြီဆိုတဲ့ သီချင်းကြီးလဲ နောက်ပေါက်တွေ ကြားဖူးကြဖြစ်ကုန်တော့တယ်။ ဒါဟာအသီးစားဖို့ အပင်ကို နှစ်နဲ့ချီပြီး ပြုစုပျိုးထောင်ခဲ့တဲ့ ရလဒ်တွေပဲဖြစ်တယ်။ ဟောအခုလဲကြည့်။ ကိုယ့်မြေ ကိုယ့်ရေပေါ်မှာ ကျင်းပတဲ့ အာရှတိုက်ရဲ့ ယူ ၁၉ ချန်ပီယံရှစ်မှာ မြန်မာ ယူ ၁၉ အသင်းက ယူအေအီးလို ကမ္ဘာ့ အချမ်းသာဆုံးနဲ့ ကမ္ဘာ့ပွဲတွေ အမြဲဝင်ကန်နေတဲ့ အသင်းကို မယုံ နိုင်စရာနဲ့ အိပ်မက်ဆန်ဆန် အနိုင်ယူပြလိုက်တယ်။ ဘောလုံးသမိုင်းမှတ်တိုင်သစ် အဖြစ် ကမ္ဘာ့ဖလားပွဲ ကန်ခွင့်ရပြီ။ အခုတော့ ယူ

စိတ်ကြွဆေးပြားနှင့် ရွှေငွေများ ဖမ်းမိခဲ့သော်လည်း အမှုဖွင့်သည့်အချိန် ရွှေတစ်ဝက်မပါဝင်တော့ဟုဆို

ကသာမြို့နယ်၊ ဆင်ကုန်း ကျေးရွာတွင် မူးယစ်ဆေးဝါးနှင့် ရွှေငွေ အမြောက်အများ ဖမ်းမိသော်လည်း အမှုစစ်သည့် အချိန်တွင် ရွှေငွေ တစ်ဝက်သာ ဖော်ပြပြီး အလွဲသုံးစား လုပ်သည်ကို သိရှိရသည့် အတွက် အမှန်အတိုင်း ပေါ်ပေါက်စေလိုကြောင်း သိမ်းဆည်းခံရသူများထံမှ သိရသည်။

“ဖမ်းသွားတုန်းက လက်စွပ် ၁၂ ကွင်း၊ ရှာဖွေပုံစံမှာ ၅ ကွင်းပဲ ပြတယ်။ ဆံကုတ် ၂ ခုကို မဖော်ပြဘူး။ လက်ကောက် ၃၁ကွင်းကို ၂၁ကွင်းပဲ ဖော်ပြတယ်။ ဒီလိုမျိုး မိမိအကျိုးစီးပွား အတွက် သိမ်းယူတာတော့ မကျေနပ်ဘူး။ အမှန်တရားအတိုင်း ဖြစ်စေချင်တယ်”ဟု ၄င်းက ပြောကြားသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား အမိန့်ချမှတ်မှုနှင့် ပတ်သတ်၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ အယူခံတင်သွားရန် စီစဉ်

သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ ငွေဒဏ်တစ်သိန်း ပြစ်ဒဏ်ချမှတ်မှုအပေါ် မကျေနပ်၍ မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်သို့ အယူခံတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

ဦးဆန်းဆင့်အား နိုင်ငံတော်က စွဲဆိုထားသော ပုဒ်မနှစ်ခုဖြစ်သည့် ပြစ်မှုအမှတ် ၄၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၀၉ ယုံကြည်အပ်နှံရေး ဖောက်ဖျက်ရေး အမှုကို ထောင်ဒဏ် ၃နှစ်နှင့် ပြစ်မှုအမှတ် ၄၂/၂၀၁၄ ပြစ်မှုပုဒ်မ ၁၂၄(က) အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့် ငွေဒဏ်တစ်သိန်း၊ ထောင်ဒဏ် ၁၀နှစ် (တစ်ကျွန်း)ကို အောက်တိုဘာ ၁၇ ရက် ဒက္ခိဏခရိုင် တရားရုံးမှ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကော်သူးလေ တပ်မတော်” ဖွဲ့စည်းရန် ရေးထိုးထားသော လက်မှတ်များမှာ ကာယကံရှင်များ၏ ကိုယ်ပိုင်သဘောထားများသာဖြစ်ဟု KNU ဗဟိုဌာနချုပ်မှ တာဝန်ရှိသူပြောကြား

ကရင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့စု၍ ဖွဲ့စည်းကြမည့် ကော်သူးလေ တပ်မတော်မှာ မည်သည့်တပ်ဖွဲ့ လက်အောက်တွင်ရှိမည် ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာ ကောင်းနေကြောင်းနှင့် ယင်းအဖွဲ့ဖွဲ့စည်းရန် လက်မှတ်ရေးထိုးထားခြင်းမှာ ၄င်းတို့၏ ကိုယ်ပိုင် သဘောထားများသာ ဖြစ်ပြီး ကရင် အမျိုးသား အစည်းအရုံး (KNU) အနေဖြင့်သော်လည်းကောင်း၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အနေဖြင့်သော်လည်းကောင်း လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း KNU ဗဟိုဌာနချုပ်၏ ကာကွယ်ရေး တာဝန်ခံ ဖဒို စောရောဂျာခင်က ပြောကြားခဲ့သည်။

Hp Printerများကို တားဆီးထိန်းသိမ်းခဲ့သော မိုဘိုင်းလ် အဖွဲ့အား ကုမ္ပဏီက ပြန်လည်တရားစွဲဆိုမည်

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး မိုဘိုင်းလ် အဖွဲ့အား အင်းယားမြေ ကုမ္ပဏီ၏ hp အမှတ်တံဆိပ် Printerများကို တားဆီးထိန်းသိမ်းထားသည့် အပေါ် ကုမ္ပဏီမှ မိုဘိုင်းလ် အဖွဲ့ကို တရားဥပဒေအရ ပြန်လည် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အင်းယားမြေ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ မကလျာပြည့်ဝေသျှန်မှ ပြောသည်။

ဗဟန်းမြို့နယ်တွင် ကားရပ်နားသည့် ကိစ္စဖြင့် အုပ်စုဖွဲ့ ရိုက်နှက်မှုတစ်ခုဖြစ်ပွား

ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် နေထိုင်သူ အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသည့်  အမျိုးသားတစ်ဦးမှာ အဆိုပါ ရပ်ကွက် အတွင်းရှိ ပုဂ္ဂိုလ်တစ်ဦး၏ လမ်းပေါ်တွင် သွားရောက် ရပ်နားမိခဲ့ရာမှ အဆိုပါ ပုဂ္ဂိုလ် ဦးဆောင်သည့် လူတစ်စုမှ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

မွေးကင်းစကလေး သေဆုံးမှုနှင့် ပတ်သတ်၍ ကာယကံရှင် မိသားစုနှင့် ၀ိတိုရိယဆေးရုံတို့ အပြန်အလှန် ရှင်းလင်းမှုများ ဖြစ်ပေါ်

ဝိတိုရိယ ဆေးရုံတွင် မီးဖွားရာမှ ကလေးငယ် သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ အထင်ကရ ဆေးရုံးကြီးများတွင် မွေးဖွားရသကဲ့သို့ မဟုတ်ဘဲ တောကြိုအုံကြားရှိ ကျေးရွာများမှ လက်သည်ဖြင့် မီးဖွားရသကဲ့သို့ ဖြစ်နေသည်ဟု သေဆုံးသူ ကလေးငယ်၏ မိသားစုမှ တုန့်ပြန်ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ ကာယကံရှင်များမှ အောက်တိုဘာလ (၁၈)ရက်နေ့တွင် စင်ထရယ် ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းနစ်နာမှုများ အတွက် ငွေကျပ်သိန်း (၅၀၀)ခန့်  တောင်းဆိုထားကြောင်းနှင့် ယင်းငွေများအား ရန်ကင်း ကလေးဆေးရုံကြီးနှင့် သေဆုံးကလေးငယ် အတွက် ရည်စူး၍ လှူဒါန်းရန် ရည်ရွယ်ထားကြောင်းလည်း ကာယကံရှင် မိသားစုထံမှ သိရသည်။

DKBA တပ်မတော် အတွင်းသို့ ဘာသာခြားများစွာ ၀င်ရောက် အမှုထမ်းနေမှုအပေါ် ဒေသခံများက ဝေဖန်

တိုင်းရင်းသား လက်နက်ကိုင် တစ်ခုဖြစ်သည့် DKBAတပ်မတော် အတွင်းသို့ ဘာသာခြားများ အနေဖြင့် ၀င်ရောက် အမှုထမ်းနေမှုများသည် ဆယ်ဂဏန်း အထက်တွင် ရှိနေမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူများက အဆိုပါ ဖြစ်ရပ်အား ဝေဖန်ထားကြောင်း သိရသည်။

Pages