October 2014

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ သတ်ကွင်းတစ်ခုနှင့်တူနေဟု လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်ဟောင်း တစ်ဦးမှ သုံးသပ်

မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲများမှာ သတ်ကွင်းအတွင်း ပို့လိုက်သကဲ့သို့ ဖြစ်နေကြောင်းနှင့် နိုင်ငံရေး အခြေနေမှာ ၁၉၆၈ခုနှစ် အာဏာသိမ်းပြီးစဉ် ကတည်းက ယနေ့အချိန်ထိ ယိမ်းကနေဆဲပါပဲဟု လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ ဗဟိုအလုပ် အမှုဆောင်ဟောင်း ဦးတင်သန်းဦးက လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ ၂၆နှစ်ပြည့် အခမ်းအနားတွင် သုံးသပ် ပြောကြားခဲ့သည်။  

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ ၂၆နှစ်ပြည့် အခမ်းအနားအား အောက်တိုဘာလ ၁၄ရက်နေ့တွင် ရန်ကုန်မြို့ သင်္ကန်းကျွန်းနှင့် မင်္ဂလာတောင်ညွန့်တို့တွင် နှစ်နေရာခွဲကာ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

ငွေစက္ကူများတွင် ဗိုလ်ချုပ်ပုံများ ပြောင်းလဲအသုံးပြုပေးရန် ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဦးဆောင်အဖွဲ့မှ တောင်းဆို

လက်ရှိနိုင်ငံရေး အခက်အခဲ အကျပ်အတည်းများအား ဖြေရှင်းနိုင်ရန်အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်ရန်နှင့် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများအား တိရိစ္ဆာန်ပုံပါ ငွေစက္ကူ နေရာတွင် ပြောင်းလဲ အသုံးပြုခွင့်ရရေး အတွက် တောင်းဆိုထားကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောကြားခဲ့သည်။

အဆိုပါ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးများ အတွက် ဆန္ဒထုတ်ဖော်မှု တစ်ရပ်ကိုလည်း မြန်မာ့ လူမှုဘ၀ဖွံ့ဖြိုး တိုးတက်ရေး  ကွန်ယက်မှ ဦးဆောင်ကာ အောက်တိုဘာလ ၁၉ရက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည်။

ဗိုလ်မှူးကြီးစော အယ်ကော်ထူး (ခ) စောတိုက်ဂါးအား KNU/KNLA-PCမှ ထုတ်ပယ်ခဲ့ခြင်းမှာ ကော်သူလေး တပ်မတော် ဖွဲ့စည်းမည့် ကိစ္စနှင့်မသက်ဆိုင်ဟုဆို

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေး ကောင်စီမှ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထူး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစော အယ်ကော်ထူး (ခ) စောတိုက်ဂါးအား ထုတ်ပယ်ခြင်းသည် ဗဟိုကော်မတီ၏ အမိန့်ညွှန်ကြားချက်များအား လိုက်နာခြင်း မရှိသည့် အတွက်ကြောင့်သာ ထုတ်ပယ်ခြင်းဖြစ်ပြီး ကော်သူလေး တပ်မတော် ဖွဲ့စည်းမည်ဆိုသည့် ကိစ္စနှင့် မသက်ဆိုင်ကြောင်း KNU/KNLA-PCမှ ဗဟိုတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောနဂါးလေးက ပြောကြားသည်။

မြန်မာအကျဉ်းသား ပြန်လွှတ်ပေးရိုး မရှိသည့် ထိုင်းအစိုးရ - ညွန့်မောင် (Letter to Tomorrow)

ကျွန်တော်အား မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ပတ်သက်နေသည်ဟု တိုင်းတရားရုံးတော်မှ မတရား ပြစ်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်ချခံထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။  ဘန်ကောက် အကျဉ်းထောင်တွင် နေထိုင်လာခဲ့သည်မှာ ၁၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး အကျဉ်းထောင်ထဲသို့ ရောက်ရှိလာ ခဲ့သည့်အခါမှာလည်း ကျွန်တော့်လိုမျိုး အလားတူ ပတ်စ်ပို့စာအုပ် (အလုပ်သမားကတ်) မရှိသည့် အတွက်ကြောင့် ဖမ်းမိလာရာမှ ထိုင်းရဲများ၏ မတရား မူးယစ်ဆေးနဲ့ ပတ်သက်သည်ဟု စွပ်စွဲခံရပြီး အကျဉ်းထောင်ထဲ ရောက်ရှိနေကြသည့် မြန်မာပြည်သား အများအပြားကို တွေ့ရှိရပါတယ်။

ရန်ကုန်မြို့လယ်၌ ဓားပြတိုက်ခံရခြင်း - ချစ်ဝင်းမောင်

ဒီဖြစ်ရပ်က စက်တင်ဘာလ ၂၉ရက် မွန်းလွဲ ၂နာရီဝန်းကျင် ယုဇနပလာဇာအနီး ဗညားဒလ လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ဒီနေ့ဟာ တနင်္လာနေ့ဆိုတော့ လူတိုင်းအလုပ်များကြပါတယ်။ ထုံးစံအတိုင်း ရန်ကုန်မြို့တော်ကြီးကလည်း မော်တော်ကား ပွဲတော်ကြီး ကျင်းပနေသလို နေရာတိုင်း လမ်းမတိုင်းမှာ ကားတွေ တင်းကြမ်းပြည့်လို့။ ကားကို စိတ်ရှည်ရှည်ထားပြီး ဖြည်းဖြည်းချင်း မောင်းနေရတယ်။ မြို့ထဲဘက်က ထွက်လာတဲ့ ကျွန်တော့်ရဲ့ ဟွန်ဒါဖစ်ကလေးဟာ မင်္ဂလာ တောင်ညွန့် ကန်တော်လေး မီးပွိုင့်ကို ဖြတ်ကျော်လိုက်ရင်ပဲ ကျွန်တော် ရှေ့ဆက်ရမယ့် ခရီးအတွက် ရွေးစရာ လမ်းနှစ်ခု ရှိလာပါတယ်။ တစ်ခုက သိမ်ဖြူကွင်း ရှေ့လမ်းက တစ်ဆင့် ကန်ပတ်လမ်းဘက်ကို မောင်းဖို့။ နောက်တစ်ခုကတော့

လုပ်ပိုင်ခွင့်သုံးပြီး မိုက်ကြေးခွဲသော အာဏာရှင်များ - အောင်မြင်သူ

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဟာ အပျော်အပါး အလွန်နှစ်သက်ကြပါတယ်။ တစ်နှစ်မှာ ၁၂လ ရှိပါတယ်။ ၁၂လလုံးလုံးနီးပါး ရာသီပွဲတော်များ ရှိပါတယ်။ မြို့နယ် အသီးသီးမှာရှိတဲ့ ဘုရားပွဲတော် သာမက ဘုန်းကြီးပျံလွန်တော်မူလျှင်လည်း ပွဲတော်ကျင်းပလေ့ရှိပါတယ်။ ခရစ်စမတ်ပွဲတော် ကိုလည်း အလွတ်မပေးဘူး။ အစည်ကားဆုံး ပွဲတော်များက နှစ်သစ်ကူး အတာပွဲတော်နဲ့ သီတင်းကျွတ် ပွဲတော်က မိုးရာသီနဲ့ လွတ်လွတ်ကင်းကင်း မဖြစ်သေးလို့ တန်ဆောင်တိုင် မီးထွန်းပွဲက ပိုစည်ကား ပါတယ်။ ရန်ကုန်မှာဆိုရင် ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ကျောက်မြောင်းမှာ အစည်ကားဆုံး ဖြစ်ပါတယ်။

အာဏာရှင်ကို ဖြုတ်ချရန် ကြံစည်ခဲ့သော ဗိုလ်ကြီး အုန်းကျော်မြင့် - ကိုရင်မောင်

မ-ဆ-လ ဦးနေ၀င်း အစိုးရကို တပ်မတော် လူငယ်အရာရှိများ စုစည်းပူးပေါင်းကာ ဖြုတ်ချရန် ကြံစည်ခဲ့သော ဗိုလ်ကြီး အုန်းကျော်မြင့် ကွယ်လွန်ခဲ့သည်မှာ ယခုအခါတွင် နှစ်ပေါင်း ၃၈နှစ်ခန့်ရှိပြီ ဖြစ်ပါသည်။ ယခုခေတ် လူငယ်များသည် ဗိုလ်ကြီး အုန်းကျော်မြင့်အား သိရှိသူ နည်းပါးမည် ဖြစ်ပါသည်။ ယနေ့ လူငယ်များ သိရှိရန် အတွက် ဗိုလ်ကြီးအုန်းကျော်မြင့်၏ အာဏာရှင်စနစ်ပေါ်တွင် ဖြုတ်ချရန် အားထုတ်မှုကို ရေးထားဖော်ပြလိုက်ရပါသည်။ ကျွန်တော်သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင် ကိုယ်ရေးအရာရှိ တာဝန်ထမ်းဆောင်စဉ် ကာလက ခင်မင်ရင်းနှီးခွင့် ရရှိခဲ့ပါသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကို တော်လှန်ရေးကောင်စီ တစ်ဖြစ်လဲ မြန်မာ့ ဆိုရှ

စကားနှစ်မျိုးပြောတတ်တဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ မြန်မာလူငယ်လေး နှစ်ယောက် ပြသာနာ - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗကသ)

ယခင်အပတ်က ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုအတွက် စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာရွှေ့ပြောင်း လူငယ်လေး (၂)ယောက်ဟာ အမှန်တကယ် လူသတ်သမားမှ ဟုတ်ရဲ့လား မြန်မာအစိုးရမှ ဖိဖိစီးစီး ဆောင်ရွက်ပေးပါလို့ တိုက်တွန်းရေးသားခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းစာများမှလည်း နိုင်ငံတော် အစိုးရမှ မြန်မာနိုင်ငံသား (၂)ယောက်အတွက် အမှန်တရား ပေါ်ပေါက်နိုင်ရေး အတွက် နိုင်ငံတော် သမ္မတရုံး    လမ်းညွှန်ချက်နှင့်အညီ ထိုင်းနိုင်ငံရှိ မြန်မာသံရုံး တာဝန်ရှိသူတွေကို ညွှန်ထားပြီး ဖိဖိစီးစီး ဆောင်ရွက်နေပါတယ်လို့ ထုတ်ပြန်ကြေညာခဲ့လို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။

ထောင်ကထွက်လို့ သုံးနှစ် အကြာ (၃) - ဇာဂနာ

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ထောင်တွေကို ကျွန်တော်တစ်ယောက်ထဲ ဒိုင်ခံပြီး ထောင်ဝင်စာ ပို့ရတယ်ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ ဒါပေမဲ့ ၀ိုင်းဝန်း ကူညီကြတဲ့ သူတွေကြောင့် တော်တော်လေး အဆင်ပြေခဲ့ပါတယ်။ ကိုယ်တိုင် မသွားနိုင်တဲ့ ထောင်တွေ ရှိပါတယ်။ ဘူးသီးတောင်တို့ ကျောက်ဖြူတို့  မိုင်းဆတ်တို့ ဆိုပါတော့။ အဲဒီ့ထောင်တွေကို ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ယောက်ရဲ့ မိသားစုနဲ့ အရင် ဆက်သွယ်ရပါတယ်။ သူကမှတစ်ဆင့် နောက်နိုင်ငံရေး အကျဉ်းသားတွေ အတွက် ပိုက်ဆံ၊ စားစရာ၊ အ၀တ်အထည်၊ စာအုပ်စသဖြင့် ပေးရတာပေါ့။

မွေးခန်းထဲက တရားခံကြီး လေးယောက် - မာဂျေ

ကြားရနားဝ မသက်သာဆိုသလို ကြားရပြန်ပြီ။ ပုဂ္ဂလိက ဆေးရုံတစ်ရုံမှာ သားဖွားမီးယပ် ပါရဂူအလာ စောင့်ရင်း မိခင်လောင်းက သဘာဝအလျှောက် မွေးချင်လာတာကို သူနာပြုက ဆရာဝန် မရောက်သေးလို့ဆိုပြီး ပေါင်နှစ်ချောင်း အတင်းဆွဲစိထားရာက ကလေးခမျာ လူ့လောကကို အူဝဲလို့တောင် နှုတ်ဆက်ခွင့် မရရှာပဲ အသက်တစ်ချောင်း ဆုံးပါးသွားရတဲ့ အကြောင်း။

မာဂျေ့အမေဟာ သားသမီး ငါးယောက် မွေးခဲ့ပါတယ်။ တစ်ယောက်မှ ဆေးရုံမှာ မွေးတာမဟုတ်ပဲ အိမ်မှာပဲ အရပ်လက်သည်နဲ့ မွေးခဲ့တာပါ။ မမွေးခင်လည်း ဘယ်ဗေဒင်ဆရာကိုမှ မမေးခဲ့ဘူးပါဘူး။ သဘာဝအလျှောက် ၀မ်းကြာတိုက်က နာလာရင် လက်သည်ခေါ်ပြီး မွေးချ လိုက်တာပါပဲ။ သားသမီး အားလုံးလည်း ရှင်သန်ကြီးပြင်းခဲ့ပါတယ်။

Pages