October 2014

ရန်ကင်းမြို့နယ်တွင် မိုက်ကြေးခွဲ ဒုစရိုက်မှုများ ကျူးလွန်သူ အချို့ကြောင့် ရပ်ကွက်နေသူများ စိုးရိမ်ထိတ်လန့်နေရ

ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ်ရှိ အမှတ် ၁၂ရပ်ကွက်အတွင်း ပြီးခဲ့သော မတ်လအတွင်း ဖြစ်ပွားခဲ့သော ရက်စက်စွာ ခေါင်းဖြတ်သတ်ခဲ့သည့် အမှုကို ကျူးလွန်ခဲ့သူ တရားခံ၏ သူငယ်ချင်းများမှ ယခုတိုင် ရပ်ကွက်အတွင်း မိုက်ကြေးခွဲခြင်း၊ ဒုစရိုက်မှုများ ကျူးလွန်ခြင်းများ ပြုလုပ်လျှက် ရှိနေသေးကြောင်း အဆိုပါ ရပ်ကွက်နေသူ အချို့၏ ပြောကြားချက်အရ သိရသည်။

“အခုထိ မိုက်ကြေးခွဲတာတွေ အနိုင်ကျင့်တာတွေက ရှိနေတုန်းပဲ။ ရပ်ကွက်ထဲမှာ တစ်ခုခုဖြစ်ပြီ ရန်ဖြစ်ပြီဆို ဘယ်သူလဲလို့ မေးနေစရာမလိုဘူး သူတို့တွေချည်းပဲ။”ဟု ရပ်ကွက်နေသူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

ကော့ကရိတ်မြို့အနီး ဒီကေဘီအေနှင့် မြန်မာ့ တပ်မတော်ကြား နာရီဝက်ကြာခန့် ပစ်ခတ်မှုဖြစ်ပွား

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ကော့နွဲရွာ ရွာသစ်ကုန်းအနီးတွင်  မြန်မာ့တပ်မတော်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့အကြား  ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုများမှာ အောက်တိုဘာ(၁၀)ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ နာရီဝက်ကြာ ဖြစ်ပွားခဲ့ကြောင်းနှင့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (ဒီကေဘီအေ) ကလိုထူးဝါး ဗျူဟာမှ တပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်၊ စစ်ကွပ်ကဲရေး ဌာနချုပ် (စကခ-၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီမြို့အတွင်းရှိ ကရင်တိုင်းရင်းသားများ၏ နေအိမ်များတွင် လွှင့်ထူထားသော ကရင်အမျိုးသား အလံတော်များ ဖျတ်သမ်းရန် မြန်မာ့တပ်မတော်မှ နှုတ်မိန့်ဖြင့် ညွှန်ကြားထားဟုဆို

ကရင်ပြည်နယ်၊ မြ၀တီမြို့ အတွင်းရှိ ကရင်တိုင်းရင်းသား နေအိမ် အများစုတွင် လွှင့်ထူထားသော ကရင်အမျိုးသား အလံတော်ကို ဆက်လက်လွှင့်ထူထားခြင်း မပြုလုပ်ဘဲ လိုက်လံဖြုတ်သိမ်းပေးရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား သက်ဆိုင်ရာ အာဏာပိုင်များက ညွှန်ကြားမှု ပြုလုပ်ထားကြောင်း စုံစမ်းသိရှိရပါသည်။

ဟဂ်ျခရီးစဉ် အတွက် မဲပေါက်သူများနေရာ လူစားထိုး စေလွှတ်မှုများရှိနေ၍ ကာယကံရှင်များ နစ်နာ

ဟဂ်ျဘုရားဖူး ခရီးစဉ် အတွက် မဲနှိုက်ရွေးချယ်ကာ လိုက်လံ ပို့ဆောင်ပေးရမည့် ကုမ္ပဏီမှ မဲပေါက်သူများ နေရာတွင် အခြား သူများဖြင့် အစားထိုး၍ လိမ်လည် ပို့ဆောင်မှုများ ဖြစ်ပွားလျက် ရှိသောကြောင့် အမှန်တစ်ကယ် မဲပေါက်သူများမှာ နစ်နာမှုများစွာ ကြုံနေရကြောင်း လူအစားထိုးခြင်း ခံရသူ ဦးနိုင်စိုးက ပြောသည်။

မန္တလေးခရိုင်တွင် ယာဉ်တိုက်မှုကြောင့် နှစ်ရက်လျှင် တစ်ဦးနှုန်း သေဆုံး

မန္တလေးခရိုင်အတွင်း ၂၀၁၄-ခုနှစ်၊ ဇန်န၀ါရီလမှ စက်တင်ဘာလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၁၃၅)ဦးခန့်ရှိနေရာ နှစ်ရက်လျှင် တစ်ဦးနှုန်း ယာဉ်တိုက်မှုကြောင့် သေဆုံးနေရကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲ ဒု-တပ်ဖွဲ့ခွဲမှူးရုံး၏ လချုပ်ယာဉ်တိုက်မှု မှတ်တမ်းများအရ သိရှိရသည်။

AFC U-19 ပွဲစဉ်လုံခြုံရေးများ တင်းကျပ်စွာ ချထားသော်လည်း လက်ကမ်းကြော်ငြာများကို လက်မှတ်များသဖွယ် အသုံးပြု၍ ၀င်ရောက်မှုများရှိနေ

မြန်မာနိုင်ငံတွင် လက်ခံကျင်းပလျက်ရှိသော AFC Championship U-19 ပွဲစဉ်တွင် လုံခြုံရေးများ တင်းကြပ်စွာ ချထားရကြောင်းနှင့် လက်မှတ်အတုများဖြင့် ၀င်ရောက်နေမှုများလည်း ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့က လက်မှတ်ရဖို့ မတိုးနိုင်တော့ ညနေမှ ၀ယ်ရတယ်။ မှောင်ခို လက်မှတ်ခက အထူးတန်းဆိုရင် ၅ထောင်ရောင်းတာကနေ ၆ထောင်ထိ ပေါက်တယ်။ ရိုးရိုးတန်းဆိုရင် ၃ ထောင်ကနေ ၄ထောင်ထိ ပြန်ရောင်းတယ်။”ဟု ပရိသတ် တစ်ဦး ဖြစ်သူ ကိုကျော်ရဲပိုင်က ပြောသည်။

ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ပြည်ပသို့ သစ်များ အလုံးလိုက် ပို့နေဆဲ

၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံသည် သစ်ကို အလုံးလိုက် နိုင်ငံခြားသို့ ရောင်းချခြင်း ပြုတော့မည် မဟုတ်ကြောင်း ကမ္ဘာသို့ တရားဝင်ကြေညာခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ယခုအခါ သစ်တောဦးစီးဌာနသည် စီးပွားရေးသမားများနှင့် ပေါင်းပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်ကာ သစ်များကို အလုံးလိုက် ပြည်ပသို့ တရားမ၀င် တင်ပို့ရန် ကြံဆောင်လာသည်ကို တွေ့ရှိလာရသည်။

ဟဂ်ျခရီးစဉ် အတွက် မဲပေါက်သူများနေရာ လူစားထိုး စေလွှတ်မှုများရှိနေ၍ ကာယကံရှင်များ နစ်နာ

ဟဂ်ျဘုရားဖူး ခရီးစဉ် အတွက် မဲနှိုက်ရွေးချယ်ကာ လိုက်လံ ပို့ဆောင်ပေးရမည့် ကုမ္ပဏီမှ မဲပေါက်သူများ နေရာတွင် အခြား သူများဖြင့် အစားထိုး၍ လိမ်လည် ပို့ဆောင်မှုများ ဖြစ်ပွားလျက် ရှိသောကြောင့် အမှန်တစ်ကယ် မဲပေါက်သူများမှာ နစ်နာမှုများစွာ ကြုံနေရကြောင်း လူအစားထိုးခြင်း ခံရသူ ဦးနိုင်စိုးက ပြောသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုသည် ဈေးကစားနေသည့် ပွဲစားနှင့်တူနေဟု ဇာဂနာပြောကြား

အောက်တိုဘာလ ၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (က) နှင့်အညီ အကျဉ်းထောင် အသီးသီး၌ ထိုက်သင့်သော ပြစ်ဒဏ်များ ကျခံပြီးသည့်အပြင် စည်းကမ်း ကောင်းမွန်သည့် အကျဉ်းသား အကျဉ်းသူ ၃၀၇၃ဦးတို့အား နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များ ပေးခဲ့သည်။

ပြည်သူချစ်သော မြန်မာယူ-၁၉ အသင်း အောင်သူ၏ တစ္ဆေဂိုး အပါအ၀င် ထိုင်းကို ၃ဂိုးပြတ်ဖြင့် အနိုင်ယူ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ယူ-၁၉ အာရှချန်ပီယံအုပ်စု ပြိုင်ပွဲများကို ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် ဆက်တိုက် ကျင်းပလျက်ရှိသည်။ စနေနေ့က သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့သည့် အုပ်စု(က) ပြိုင်ပွဲများ၌ ယီမင်အသင်းက အီရန်အား (၁-၀)ဖြင့် အနိုင်ယူခဲ့သလို အိမ်ရှင်မြန်မာကလည်း ဒေသတွင်း ပြိုင်ဘက် ထိုင်းအသင်းကို (၃-၀)ဖြင့် ဂိုးပြတ်ခြေပြတ် အနိုင် ရရှိခဲ့သည်။

Pages