October 2014

ထိုင်းထောင်ရောက် မြန်မာအကျဉ်းသား တစ်ယောက်၏ ပေးစာနှင့် မျက်မမြင်ပုဏ္ဏား(၃)ယောက် - ဇော်သက်ထွေး

လူထုရွေးကောက်ပွဲက တစ်ဆင့် ရွေးချယ် တင်မြှောက်တဲ့ ဒီမိုကရေစီ အစိုးရ တစ်ရပ် ပေါ်ပေါက်လာတာ ၃နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ၃နှစ်ကျော် အတွင်းမှာ အစိုးရရဲ့ နိုင်ငံသားတွေ အပေါ်မှာ မေတ္တာ၊ ကရုဏာတော် ကြီးမားမှုကြောင့် မော်တော်ကား အသစ်တွေ ဈေးချိုချိုနဲ့ ၀ယ်စီး၊ တယ်လီဖုန်း ၁၅၀၀ ကျပ်တန်တွေ ၀ယ်ကိုင်နဲ့ တော်တော်ဟုတ်နေကြပါတယ်။ မော်တော်ကားတွေ တင်သွင်းခွင့်ပြုလိုက်တဲ့ ပေါ်လစီရဲ့ နောက်ကွယ်မှာ စနစ်ကျတဲ့ စီမံခန့်ခွဲမှု မရှိခြင်းကြောင့် မော်တော်ကားတွေပိတ်ပြီး လမ်းပေါ်မှာ အချိန်ကုန်ရတာကို မပြောနဲ့။ ၁၅၀၀တန်ဖုန်းနဲ့ ဂိမ်းတွေဆော့၊ Facebookပေါ်မှာ မြင်တွေ့သမျှ ဓာတ်ပုံတွေ ရိုက်တာကို မပြောနဲ့။ ဘာလို့လဲဆိုတော့ အစိုးရ သက်တမ်းကလ

ထောင်ကထွက်ပြီး သုံးနှစ်အကြာ (၂) - ဇာဂနာ

ဒီတော့ အထက်မှာ ကျွန်တော်ပြောခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေ မလွတ်သေးသမျှ မယုံဖူးဆိုတဲ့ ကျွန်တော့မူနဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော် ပြသနာတွေ တက်ခဲ့ရပါတယ်။ ငြင်းခုန်ခဲ့ရပါတယ်။

ပထမဆုံးတော့ NLD ဌာနချုပ်မှာ လွတ်လာတဲ့ သူတွေကို ဆီးကြိုတဲ့ အခမ်းအနား လုပ်ပါတယ်။ အဲသည်မှာ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်တို့က ၀မ်းမြောက်တဲ့ စကားတွေ ပြောသလို ငွေကြေးလည်း ထောက်ပံ့ခဲ့ပါတယ်။ ကျွန်တော်က အားလုံးရဲ့ ကိုယ်စား ပြန်ပြောခွင့်ရတဲ့အခါမှာ ကျန်နေသေးတဲ့ ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွတ်ဖို့ တောင်းဆိုကြရမယ်။ သူတို့တွေ လွတ်လာရင် အောင်ဆန်းကွင်းထဲမှာ ဆီးကြိုမယ်လို့ ပြောမိခဲ့ပါတယ်။

မာဂျေ သမ္မတ ဖြစ်စမ်းချင်ဘိတော့တယ် - မာဂျေ

ဒီဘ၀မှာ အရွယ်ကောင်းတုန်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရခဲ့မယ်ဆိုတာ ကြိုတွက်ဆမိရင် မာဂျေ ဘောလုံးပွဲလည်း လောင်းမိမှာမဟုတ်ဘူး။ ကာရာအိုကေမှာလည်း သီချင်းဆိုဖြစ်ခဲ့မယ် မထင်ဘူး။ အနှိပ်ခန်းမှာလည်း အပန်းဖြေဖြစ်မယ် မထင်ဘူး။ မင်းသမီး ပေါက်စတွေရဲ့ စပွန်ဆာရှာပွဲ (မှားပြန်ပြီ) မွေးနေ့ပွဲတွေလည်း သွားစားဖြစ်မှာ မဟုတ်ဘူး။ ပိုဆိုးတာက လက်ထဲမှာ ကင်မရာကိုင်ပြီး တွေ့သမျှ ရိုက်နေတဲ့ ခေတ်ဦးကာလ မီဒီယာသမားတွေနဲ့ တွဲပြီး အဲဒါတွေ လုပ်ခဲ့မိတာ။ ဒီတော့ မာဂျေရဲ့ မဟုတ်မဟတ် ပုံတွေက ကိုယ့်အပေါင်းအသင်းတွေ လက်ထဲမှာရှိ နေလေတော့ အမတ်ဖြစ်ရင် အဲဒီ ပုံတွေက အင်တာနက်ပေါ် တက်လာမှာ အသေအချာကိုးဗျ။ အတွက်အချက်သာ ကောင်းခဲ့ရင် ၂၀၁၀မှာ ရွေးကေ

ကြုံတွေ့ခဲ့ရသော သမီးတော်များ - ကိုရင်မောင်

Tomorrow ဂျာနယ်တွင် သမီးတော်ရာဇ၀င်ကို ဆရာ လက်စောင်းထက် ရေးနေသည်ကို ဖတ်ရှုရသော အခါတွင် ဤသမီးတော်များသည် အဘယ်ကြောင့် လူများအား ဗိုလ်ကျနှိပ်စက်မှုများ ပြုနေသနည်းဟု စဉ်းစားမိပါသည်။ ၄င်းတို့၏ ဖခင်မှာ အာဏာရှင်ကြီးဟု ပြောသော်လည်း တဖက်မှ ကြားသိရသည်မှာ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်ကြောင်း သိရပါသည်။

အဂတိလိုက်စားမှုများနှင့် အာဏာအလွဲသုံးစားမှုများ ရှိနေကြောင်း သိသာထင်ရှားစေရန် နိုင်ငံတော် သမ္မတအား တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ဟုဆို

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများနှင့် တရားမ၀င် အာဏာကို အသုံးပြုကာ နိုင်ငံရေး အကျဉ်းသား ခေါင်းစဉ်ဖြင့် တရားခံများအား လွှတ်ပေးခဲ့ခြင်းများရှိခြင်းကြောင့် ယင်းကဲ့သို့ အပြုအမူများအား ထင်ရှားစွာ သိရှိနိုင်ရန် အတွက် နိုင်ငံတော် သမ္မတအား တစ်ကိုယ်တော် ဆန္ဒထုတ် ဖော်ခြင်းဖြစ်ကြောင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အဖွဲ့မှ ဒေါ်စိန်ထွေးက ပြောကြားသည်။

မော်ဒယ်အေးချမ်းမြတ်မိုးအမှု့စတင်စစ်ဆေးပြီ (သတ်ပစ်ရန် ခြိမ်းခြောက်ပြောခြင်းများရှိခဲ့ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူမှ တရားရုံးတွင် ထွက်ဆို)

မော်ဒယ် အေးချမ်းမြတ်မိုးအား အံဖြိုးပိုင်မှ ပြန်မချစ်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့ကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူ ကိုအာဏာဝဏ္ဏက အနောက်ပိုင်းခရိုင် တရားရုံးတွင် ထွက်ဆိုခဲ့သည်။

မော်ဒယ် အေးချမ်းမြတ်မိုး အမှုကို အနောက်ပိုင်းခရိုင် တရားရုံးတွင် ခရိုင်တရားသူကြီးက အောက်တိုဘာ ၂ရက်နေ့တွင် စတင်စစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေအဖြစ် သေဆုံးသူ၏ အစ်ကိုဖြစ်သူ ကိုအာကာဝဏ္ဏကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အခြေစိုက် RSO အကြမ်းဖက်အဖွဲ့ထံမှ သင်တန်းတက်ပြီး ပြန်လာသူများအား ဖမ်းဆီးမိခြင်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသခံတို့၏ ရင်တွင်းစကားသံများ

ကိုမောင်ဝင်းသိန်း (မောင်းတောဒေသခံ)
ပြီးခဲ့တဲ့လပိုင်းက အယ်ကိုင်ဒါ သင်တန်းတက်ပြီး ရခိုင်ပြည်နယ်ဘက်ကို ၀င်ရောက်လာတဲ့ RSO အဖွဲ့တွေ ဖမ်းမိထားတာနဲ့ ပတ်သက်ပြီး ပြောရရင် ဖမ်းမိထားတဲ့သူတွေ ရှိသလို၊ မမိထားတဲ့သူတွေလည်း ရှိနေပါတယ်။ အဓိက ပြောရရင်တော့ ကျွန်တော်တို့ မောင်းတော ဒေသမှာ ခြံစည်ရိုး တားထားပေးမယ့် ဘာသာခြားတွေက မောင်းတောမြောက်ပိုင်းမှာရှိတဲ့ စံပါယ်ပင် ဂိတ်ကနေ အ၀င်အထွက်များ နေပါတယ်။

ဟဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေကျပ်သိန်းပေါင်း သောင်းချီ၍ လိမ်လည်မှုဖြစ်ပွား

ဟာဂျီရော်နီခေါ် ဦးခင်မောင်အေး ဦးစီးသော အမှတ် (၁၁၀/၁၁၂) ပထမထပ်၊ ၃၁လမ်း အလယ်ရှိ Arrow Lane ခရီးသွား ကုမ္ပဏီက အင်န်ရှာအလ္လာဟ် ၂၀၁၄ခုနှစ် ခရီးစဉ် အတွက် ဆောင်ရွက်ပေးမည်ဟု ဆိုကာ ဟဂ်ျဘုရားဖူးသွားလိုသူ ၃၀၀ဦးခန့်ထံမှ တစ်ဦးလျှင် ကျပ် ၄၅သိန်းမှ ၅၅သိန်းအထိယူပြီး ပတ်စ်ပို့များရော ငွေများပါယူပြီး တိမ်းရှောင်နေမှု ဖြစ်ပွားခဲ့သည်။ ဘုရားဖူးသွားမည့် သူများထံမှ ဟာဂျီရော်နီခေါ် ဦးခင်မောင်အေး ရယူသွားသည့် ငွေများမှာ ကျပ်သိန်း တစ်သောင်းငါးထောင်ခန့် (ကျပ်သိန်း ၁၅၀၀၀) ရှိကြောင်းလည်း သိရှိရသည်။

မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကြီးအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးတော့မည်ဟုဆို

မန္တလေးမြို့၏ အထင်ကရဖြစ်သော မြနန်းစံကျော် ရွှေနန်းတော်ကြီးကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

ဈေးသက်သာသော ဟန်းဆက်ရမည်ဆိုကာ လူ၄၀ဦးထံမှ ငွေကျပ်သိန်းနှစ်ထောင်ခန့်အား ပါရွန် ကုမ္ပဏီ မန်နေဂျာဆိုသူက လိမ်လည်

ပါရွန်ကုမ္ပဏီမှ မန်နေဂျာဟု ဆိုသူသည် ဟန်းဆက်များအား ပြင်ပပေါက်ဈေးထက် ငါးသောင်းခန့် သက်သာမည်ဟုဆိုကာ  ငွေကျပ် သိန်းနှစ်ထောင်ခန့်အား လိမ်လည်ခဲ့ကြောင်း အောက်တိုဘာလ ၅ ရက်က လိမ်လည်ခြင်း ခံခဲ့ရသူများမှ Tomorrow သတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။

“ပထမတစ်ခေါက်တုန်းကလည်း အဆင်ပြေအောင် လုပ်ပေးတော့ လူတွေက ပိုယုံကြည်ပြီး အပ်ခဲ့တယ်။ အခုဒုတိယ တစ်ခေါက်လည်းကျရော  အဲ့ဒီယုံကြည်မှုကို သူက အလွဲသုံးစား လုပ်သွားတာ။ ကျွန်တော်တို့ဆိုရင် နှစ်ယောက်ပေါင်း သိန်း ၈၀လောက်တော့ ပါသွားတယ်” ဟု သိန်း၈၀ခန့် လိမ်လည်ခံခဲ့ရသူ တစ်ဦးက  ပြောကြားသည်။

Pages