October 2014

တတိယလှိုင်း - အောင်မြင်သူ

၁၉၇၀ ပြည့်နှစ်မှာ ဗိုလ်သင်တန်းဆင်းတဲ့ ဒုဗိုလ်ပေါက်စတွေ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင့်ဆွေ သြ၀ါဒ ခံယူဖို့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ခင်ညွန့် (ဗိုလ်ချုပ်ကြီး-ငြိမ်း)ထံ သတင်းပို့ ရပါတယ်။ တိုင်းမှူးရဲ့ သြ၀ါဒထဲမှာ “ဆိုရှယ်လစ်စနစ်ကို တည်ဆောက်တဲ့ တပ်မတော်၊ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ကာကွယ်တဲ့ တပ်မတော်ဖြစ်အောင် ကြိုးစားကြ”လို့ မိန့်ကြားခဲ့ပါတယ်။

ထောင်ကထွက်လို့ သုံးနှစ်အကြာ - ဇာဂနာ

၂၀၁၄ခုနှစ် အောက်တိုဘာလမှာ ကျွန်တော် ထောင်ကလွတ်ခဲ့တာ ၃နှစ်ပြည့်ပါပြီ။ နိုင်ငံရေး အကျဉ်းသားလို့ နာမည်တပ်ခံရတဲ့ ကျွန်တော်တို့ အားလုံးမှာ ပြစ်မှုပြစ်ဒဏ် ကြွေးကျန် ရှိနေဆဲပါ။ ဆိုပါတော့ ကျွန်တော်ဆိုရင် ထောင်ဒဏ် ၃၁နှစ်နဲ့ ၈လ အကြွေးကျန် ရှိနေပါတယ်။ တကယ်လို့ ဘာပြဿနာပဲ ပေါ်ပေါ် (မတော်တဆ ဒေါသအလျှောက် ရန်ဖြစ်မိလို့ လူတစ်ယောက်ကို ရိုက်မိခဲ့ရင်တောင်) အဲ့ဒီကြွေးကျန် ၃၁နှစ်နဲ့ ၈လ ထောင်ထဲမှာ သွားနေရမှာပါ။ တကယ်တော့ ခြေချုပ်ထက် ဆိုးတဲ့ “ပါးစပ်ချုပ် ၊ မျက်စိချုပ်၊ ဦးနှောက်ချုပ် ”နဲ့ နေနေရတာပါ။ ဒီလို အခြေအနေထဲကနေပဲ တတ်နိုင်သလောက် ကျွန်တော်တို့ အလုပ်လုပ်နေပါတယ်။ အဆဲခံနေပါတယ်။ ပြစ်တင်ရှုံ့ချ ခံနေရပါတယ်။

သောင်းကျန်းသူ ခရိုနီ သစ်သူခိုး - ဟာကျူလီ (ကသာ)

(၁၉-၉-၂၀၁၄)ရက်နေ့ည။ ဒီည ကျွန်တော် အိပ်လို့မပျော်ပါဘူး။ သတင်းယူရင်း တွေ့မြင်ခဲ့ရတဲ့ အလောင်းကောင်တွေ အပျက်အစီး အကျိုးအပဲ့တွေကို မြင်ယောင်ပြီး ထိတ်လန့်လို့ အိပ်မပျော်နိုင်တာ မဟုတ်ပါဘူး။ စိတ်ထဲ မကောင်းလွန်းလို့ပါ။ တွေးကြည့်ရင် မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ကိစ္စ၊ ရွာတဲ့ မိုးရေချိန်က (၄.၉၂) လက်မ၊ ကြာချိန်က ၃ နာရီလောက်။ ဒါလေးနဲ့ ဒီလောက်ကြီး ပက်ပက်စက်စက် ဖြစ်သွားသင့်ပါရဲ့လား။ ချောင်းရေ ဒလဟော တိုက်စားမှုကြောင့် သံတံတားတွေ၊ ကွန်ကရစ် တံတားတွေ၊ ကွန်ကရစ် မီးတိုင်တွေ ပြိုကျပျက်စီးခဲ့ရုံမက လူနေအိမ်တွေလည်း အတော်များများ မျောပါသွားရပါတယ်။ လယ်မြေယာမြေတွေလည်း ဧကပေါင်းများစွာ နွံနစ်ပျက်စီးသွားတဲ့အပြင် ပြန်မရနိုင်တော

“လှတိုး”ဆိုတဲ့ အကျဉ်းသားကြောင့် ကင်ပေတိုင် အဘထောင်ပိုင်ကြီး ရာထူးပြုတ်ခဲ့ရတဲ့ နောက်ဆက်တွဲဇာတ်လမ်း - ကိုထိုက်

အကျဉ်သားတွေကို ဖိနှိပ်ရာမှာ ကင်ပေတိုင်က အဘခေါ်ရတဲ့ ထောင်ပိုင်ကြီး ဘယ်ရောက်နေသလဲဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတော့ ကိုဇော်သက်ထွေးက ဆောင်းပါးမှာ နာမည်တပ် မရေးထားပေမယ့် ဒီထောင်ပိုင်ကြီးရဲ့ (နာမည်ကျော်ကြား လူကြောက်များတဲ့) အကြောင်းတွေကို ဖတ်ပြီး ဘယ်သူ့ကို ရည်ညွှန်းတယ်ဆိုတာ သဘောပေါက်လိုက်မိပါတယ်။ ကျွန်တော်က မြင်းခြံထောင်မှာ နေခဲ့ဖူးပြီး အဲ့ဒီထောင်ပိုင်ကြီးနဲ့လည်း ဆုံခဲ့ဖူးတော့ ကင်ပေတိုင်က အဘခေါ်ရတဲ့ ထောင်ပိုင်ကြီး ဘယ်ရောက် နေသလဲဆိုတာနဲ့ ပတ်သက်ပြီး ရေးစရာတွေ ရေးချင်စိတ်တွေ ပေါ်လာပြီး ဒီဆောင်းပါးကို ရေးဖြစ်သွားတာပါ။

တန်းစီတတ်အောင် လေ့ကျင့်ရဦးမည့် ကျွန်တော်တို့တိုင်းပြည် - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

“စည်းကမ်းဟူသည် လူ့တန်ဘိုး”လို့ ငယ်ငယ်တုန်းက စာသင်ခန်းထဲမှာ သင်ကြားရဖူးခဲ့ကြပေမယ့် ယနေ့အချိန်မှာတော့ စည်းကမ်းမရှိတဲ့ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း အကြောင်း ပြောဖို့ လိုလာပြီ ထင်ပါတယ်။ ဒီလိုစည်းကမ်း မရှိတဲ့အကြောင်း ပြစ်တင်ဝေဖန်ရေးသားလိုက်ရင် တချို့သူတွေက ခေတ်အဆက်ဆက် အကျင့်ပျက်အောင် အုပ်ချုပ်သူ အစိုးရက လုပ်ခဲ့တာပါလို့ လက်ညိုးထိုး ပြစ်တင်ကြတာ တစိတ်တပိုင်း မှန်တယ်ဆိုပေမယ့် လူ့စိတ်ဓါတ်နဲ့ အကျင့်စရိုက်ကသာ အဓိကလို့သာ ပြောပါရစေ။

ခေတ်စနစ်က လူငယ်တွေကို မကောင်းတဲ့လားရာဘက် ပို့နေသလား - သံဖနောင့်

ယခုတလော ကြားနေရသည်မှာ ၀န်ထမ်းရှာရခက်သည်ဟူသော စကားဖြစ်သည်။ ယခင်က အလုပ် ရှာရခက်သည်ဆိုသော အသံများ အစား အလုပ်ရှင်များဖက်က အသံတွေသာ ထွက်ပေါ်လာသည်။ ထိုသို့ဆိုလျှင် မြန်မာနိုင်ငံတွင် ၀န်ထမ်းလုပ်မည့်သူများ ဘယ်သို့ ရောက်ကုန်ပါသနည်း။ နိုင်ငံတကာမှ စက်ရုံ၊ အလုပ်ရုံကြီးများကလည်း ဟုတ်တိပတ်တိ လာမဖွင့်သေးသော အခြေအနေတွင် ဆယ်ကျော်သက်လူငယ် အများစုသည် အင်တာတိန်းမန့်ခေါ်သည့် ဖျော်ဖြေရေးလုပ်ငန်းအတွင်း အစုလိုက် အပြုံလိုက် ရောက်သွားကြသည်။

ဥပစ္ဆေဒကံဖြင့် ကျဆုံးခဲ့ရရှာသော ရဲဘော်သုံးကျိပ်ဝင် ရှစ်ယောက် - ဇော်သက်ထွေး

မကြာသေးခင်က ဂျပန်နိုင်ငံကို သွားရောက်ခဲ့တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ရဲ့ ခေါင်းဆောင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတစ်လျှောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့ကို စစ်ပညာ သင်ကြားနိုင်ရေး ကူညီခဲ့တဲ့ ဗိုလ်မှူးကြီး ဆူဇူကီးရဲ့ အုတ်ဂူရှိရာ Hunji Temple ဗုဒ္ဓဘာသာ ဘုရားကျောင်းမှာ ဂါရ၀ပြု ပန်းခွေချ အလေးပြုခဲ့ပါတယ်။

ဆရာဝန်ကို အတွင်းခံဘောင်းဘီ လျှော်ခိုင်းတဲ့ သမီးတော် (သမီးတော်ရာဇ၀င်-၁၀) - လက်စောင်းထက်

သမီးတော်တွေ သမီးတော်တွေလို့ ဆောင်းပါးတွေ ရေးနေပေမဲ့ တကယ်ခွက်ခွက်လန်အောင် ဆိုးတဲ့သမီးတော်က နှစ်ပါးပဲရှိတာပါ။ ခွက်ခွက်လန်အောင် ဆိုးတယ်ဆိုတာက အောက်လက်ငယ်သားတွေကို နှိပ်စက်လွန်းလို့ပါ။ ဈေးဝယ်ကြမ်းတဲ့ နေရာမှာတော့ အားလုံးက လက်ညီပါပေတယ်။ သမီးတော်တွေ ဆိုးသမျှဒဏ်ကို ခါးစည်းခံရတာကလဲ  မန္တလေး အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဖြစ်ပါတယ်။ ဒီလိုခါးစည်းခံတဲ့ အတွက် မန္တလေး တိုင်းမှူးတွေ အားလုံးဟာ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးတက်တဲ့ သူတွေချည်းပါပဲ။ ပြောရရင် အာဏာရှင်ကြီးက ပြန်လည် စောင့်ရှောက်ပေးတာ ဖြစ်တယ်။ ဒါကြောင့် အာဏာရှင်ခေတ်က မန္တလေးတိုင်းမှူးဖြစ်ရင် နောက်တစ်ဆင့် ရာထူးကို မှန်းလို့သေချာပေါက် ရပြီ

ညီလေးစည်သူအောင်မြင့် ဖတ်ဖို့ မေတ္တာစာ - မာဂျေ

ညီလေးလို့ တစ်သက်လုံး ခေါ်လာတဲ့ အတွက်ရယ် သူများတွေလို စည်သူအောင်မြင့်လို့ မရေးတဲ့ အတွက်ရယ် မင်းအနေနဲ့ အပြစ် မမြင်ဘူးဆိုတာ အစ်ကိုကြီး သိပြီးသား ဖြစ်တယ်။ ညီလေးနဲ့ အစ်ကိုကြီး ခေါ်ကြတာကလည်း ကိုယ်တို့ ကြားမှာ အခုမှမဟုတ်ဘဲ စစ်တက္ကသိုလ် တက်ကတည်းက အပတ်စဉ် ရှေ့နောက်ဖြစ်နေလို့ အစဉ်အလာအရ ခေါ်တဲ့စကားပဲဖြစ်တယ်။ ပြီးတော့ ညဖက်မှာလည်း အတူတူ သောက်ကြစားကြ လုပ်နေသူတွေဖြစ်လို့ ညီလေးနဲ့ ကိုယ့်ကြားမှာ ခင်မင်ရင်းနှီးမှုက နှစ်၂၀ကျော်ခဲ့ပြီ ဖြစ်တယ်။ ဒါပေသိ ညီလေးက ပြီးခဲ့တဲ့အပတ်က ဖုန်းဆက်ပြီး အစ်ကိုကြီး ဂျာနယ် နာမည်ကြီးအောင် ကျွန်တော် လုပ်ပေးထားတယ်ပြောတော့ တယ်ဟုတ်ပါလား၊ ညည အရက်တိုက်ရကျိုး နပ်ပါပေတယ်ဆိုပြီး ဘ၀င်မြင့်သွားမိ

Pages