November 2014

မျက်မှန်ကြီး (သို့မဟုတ်) ဗိုလ်မှူးချုပ်တင်ဦး (MI)၏ ဘ၀အတက်နှင့် အကျများ - ကိုရင်မောင်

မြန်မာ့တပ်မတော် သမိုင်းတွင် တပ်မတော် ထောက်လှမ်းရေး အပိုင်းသည် ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် အတူ မွေးဖွားလာခဲ့ပါသည်။ ထောက်လှမ်းရေး ဦးကိုင်ဖခင်မှာလည်း ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပါသည်။ ယခင်က တပ်မတော် ထောက်လှမ်းရေး Networkမှာ ကြီးမားကျယ်ပြန့်ခြင်း မရှိပါ။ တပ်ရင်းများတွင် သက်ဆိုင်ရာ တပ်ရင်း၏ ထောက်လှမ်း အရာရှိများက ဦးစီးပြီး မိမိတို့သက်ဆိုင်ရာ နယ်မြေ အတွင်း ရန်သူ့သတင်းများကို အတတ်နိုင်ဆုံး ဖော်ထုတ်ကာ စစ်ဆင်ရေးများကို ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။ အောင်မြင်မှုများ ရှိသကဲ့သို့ ဆုံးရှုံးမှုများကိုလည်း ရင်ဆိုင်ခဲ့ရပါသည်။

ဖိအားပေးတဲ့အကျင့် မပျောက်သေးတဲ့ တိုင်းပြည် - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဆိတ်ကြီးဘက်က ကျောင်းသား ကျောင်းသူ ကလေးတွေ ဆန္ဒပြနေတဲ့ သတင်းဓာတ်ပုံတွေ အများအပြားကို နိုင်ငံသား ပြည်သူတွေ အနေနဲ့ သတင်းဂျာနယ်တွေ၊ လူမှုကွန်ရက်တွေ မှတစ်ဆင့် စိတ်မကောင်းကြီးစွာ တွေ့မြင်လာခဲ့ရပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့တွင်းမှာ တက္ကသိုလ် ကျောင်းသားတွေ အမျိုးသား ပညာရေး ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒပြမှုတွေ လေးရက်တိုင်တိုင် ဖြစ်ပွားခဲ့ပါသေးတယ်။

ဒုတိယမြို့တော် ဇင်းမယ်နှင့် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပထမအိပ်မက်များ - ဇော်သက်ထွေး

ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင် (Chiang Mai)ကို အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ခြင်း ခရစ်ယာန် မိတ်သဟာယရဲ့ ပထမအကြိမ် နှစ်ခြင်း လူငယ်ညီလာခံကို တက်ရောက်ခဲ့ရပါတယ်။ IMBFရဲ့ ပထမအကြိမ် ညီလာခံကို ကနေဒါ၊ အမေရိကန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေက လူငယ် ၁,၀၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲကို ဘန်ကောက်မှာ နေထိုင်တဲ့ သိက္ခာတော်ရ ဆရာ ဦးထွန်းသန်းက ဦးဆောင် ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက လူငယ်တွေနဲ့ ဆွေးနွေး ဟောပြောဖို့ ပါမောက္ခ ဒေါက်တာ ဦးအောင်ထွန်းသက်၊ ကိုဇာဂနာ၊ အမေရိကန် နိုင်ငံရေး သိပံ္ပပညာရှင် ဒေါက်တာ နက်ဂျင်းပေါင်ခစ်ပ်ဂင်၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ အတိုင်ပင်ခံ ပညာရှင် ဒေါက်တ

ဇာဂနာထုတ်မယ့် အမှားပြင်ဆင်ချက် ဂျာနယ် - မာဂျေ

ကိုသူရ (ဇာဂနာ)က ဖုန်းဆက်တယ်။ ကိုမာဂျေရေ ကျွန်တော် ဂျာနယ်တစ်စောင် ထုတ်မလို့ ရှယ်ယာပါမလားတဲ့။ ဒါနဲ့ မာဂျေက ဘာဂျာနယ် ထုတ်မလို့လဲဗျ။ ဂျာနယ်တွေ ဒီလောက် များနေရတဲ့ အထဲမှာ အခုနောက်ထပ် ၁၂စောင် ထပ်ချ ပေးလိုက်သေးတယ်။ ဂျာနယ် ဈေးကွက်က မလွယ်တော့ဘူးနော်လို့ ပြောတော့ ခင်ဗျား ကျွန်တော့်ကို အစိုးရကို ယုံသလို ယုံစမ်းပါဗျာတဲ့။ အဲဒါကြောင့် ပိုပြီး မယုံရဲတာပဲဗျာလည်း ပြောရော  ထုံးစံအတိုင်း သူ့အသံ အက်ကွဲကွဲကြီးနဲ့ ရီပြီး ဒီလိုဗျ၊ ကျွန်တော် ထုတ်မဲ့ဂျာနယ်က အမှားပြင်ဆင်ချက် ဂျာနယ်။ ထွက်သမျှ ဂျာနယ်တွေထဲက အမှားတွေကို လိုက်ထောက်ပြပြီး ဒါကတော့ ဒီလို မဟုတ်ဘူး မှားနေတယ်။ ဒါလေးတော့ စာလုံးပေါင်းတောင် မမှန်ပါလား။ ဟောဒီမှာတေ

ထောင်ကထွက်လို့ သုံးနှစ် အကြာ (၉) - ဇာဂနာ

ကနေဒါနိုင်ငံကို ရောက်ရတာလဲ ပြဿနာတွေ အထုပ်ဆွဲ ပါလာဆဲပါပဲ။ ကနေဒါနိုင်ငံ တိုရွန်တို လေဆိပ် စဆင်းကထဲက ပြသနာတွေ တစ်ခုပြီး တစ်ခု တက်လာတော့တာပါပဲ။ အောတ္တ၀ါမြို့မှာ ကနေဒါ မိတ်ဆွေများ အဖွဲ့က စီစဉ်တဲ့ ပွဲတစ်ပွဲ ရှိနေပါတယ်။ အဲဒီပွဲက  အင်ဂျင်နီယာ တက္ကသိုလ်မှာ လုပ်တာပါ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ Video အမေးအဖြေခန်း တိုက်ရိုက်လုပ်မယ်လို့ ဆိုပါတယ်။ အဲဒီပွဲမှာ တကယ်လို့ အင်တာနက် အဆက်အသွယ် ခြေချော်လက်ချော် ဖြစ်ခဲ့ရင် အစားထိုးဖို့ ကျွန်တော့်ကို အောတ္တ၀ါ လာစေချင်ပါသတဲ့။

သမီးတော်တွေကို ဆုံးမတာ မကြိုက်တဲ့ အာဏာရှင်ကြီး (သမီးတော် ရာဇ၀င် -၁၈) - လက်စောင်းထက်

သမီးတော်တွေကို အာဏာရှင်ကြီးနဲ့ မိဘုရားခေါင်ကြီးက လုံးဝမဆုံးမဘူးဆိုရင် ယုံကြမှာလားဟင်။ တကယ့်အဖြစ်မှန်ပါ။ သမီးတော်တွေကို အာဏာရှင်ကြီးနားက အရေးပါ အရာရောက်တဲ့သူ နှစ်ဦးက ဆုံးမခဲ့ဘူးပါတယ်။ ဒါပေမဲ့ အာဏာရှင်ကြီးက မကြိုက်ပဲ မကြိုက်ကြောင်းလဲ လုပ်ရပ်တွေနဲ့ သက်သေပြခဲ့လို့ ဘယ်သူမှ မဆုံးမခဲ့ရဲပါဘူး။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အင်အားစုနှင့် တပ်မတော်ကြားတွင် “ကျီးရိုသေ ဘုတ်ရိုသေ”ဖြစ်ရန် လိုအပ်ဟု ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

နိုဝင်ဘာလ (၂၃) ရက်နေ့ မွန်းလွဲ (၁း၃၀)နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)နှင့် လေးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

မန္တလေးမြို့ရှိ သံဃာတော်များ၏ ရည်ရွယ်ချက် လမ်းကြောင်း အပြောင်းလဲများမှာ ၂၀၁၅ ရွေးကောက်ပွဲ အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေဟုဆို

မန္တလေးမြို့ရှိ ကျောင်းတိုက် အသီးသီးမှ ရဟန်း သံဃာတော်များ၏ ရည်ရွယ်ချက် လမ်းကြောင်း အမျိုးမျိုး ဖြစ်ပေါ်နေခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း မြို့ခံလူထုအချို့က သုံးသပ် ပြောကြားခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) အရှေ့၌ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းမှ သေဆုံးခဲ့သူများ အတွက် အရပ်ဖက် အဖွဲ့အစည်းများ ဆန္ဒပြ

ကချင် လွတ်မြောက်ရေး တပ်မတော် ဗိုလ်လောင်း သင်တန်းကျောင်းထဲသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဗိုလ်လောင်း သင်တန်း တက်ရောက်နေသော သင်တန်းသားများ သေဆုံးခဲ့ခြင်း ၀မ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် အရပ်ဖက် လူမှု အဖွဲ့အစည်းများက နိုဝင်ဘာလ ၂၃ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) အရှေ့၌ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တော်ကို အစိမ်းရောင်မြို့တော် (Green City) အဖြစ် တည်ဆောက်ရန် စီစဉ်

မန္တလေးမြို့တော်ကို အစိမ်းရောင်မြို့တော် (Green City)အဖြစ် တည်ဆောက်ရန် အတွက်  ဆပ်ကော်မတီ၊ ကော်မတီ (၆)ရပ် ဖွဲ့စည်းပြီး အလုပ်ရုံ ဆွေးနွေးပွဲများနှင့် စာတမ်းပြုစု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်မောင်းက Tomorrowအား ပြောကြားသည်။

Pages