November 2014

ရန်ကုန်က မျက်နှာဖုံးစွပ် လူငယ်များ၏ ပညာရေး ဥပဒေမူကြမ်း ကန့်ကွက် လှုပ်ရှားမှုအပြီး နယ်မြို့များရှိ လမ်းများနှင့် နံရံများတွင် ဆေးရေးစာများ ရေးဆွဲဖော်ထုတ်မှုများရှိလာ

လွန်ခဲ့သော ရက်ပိုင်းအတွင်းက ဆူးလေ၊ မြေနီကုန်းနှင့် ရွှေဂုံတိုင်တို့တွင် ပညာရေး စနစ်အား ဆန့်ကျင်သော Anonymous အမည်မသိအဖွဲ့ အရေးယူနိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ လျှို့ဝှက် စောင့်ကြည့်မှုများ ပြုလုပ်နေသလို အဆိုပါ အဖွဲ့၏ လှုပ်ရှားမှုများ အပြီးတွင် နယ်မြို့များရှိ လမ်းများနှင့် နံရံများတွင်ပါ ဆေးများဖြင့် စာတမ်းများ ရေးဆွဲ ဆန္ဒဖော်ထုတ်မှုများ ရှိလာကြောင်း သိရသည်။

အဆိုပါ စာတမ်းများအား ပျဉ်းမနားမြို့ အထကကျောင်းတွင် လည်းကောင်း၊ တောင်ငူ အဝေးသင် တက္ကသိုလ် စာမေးပွဲ ဖြေရန်သွားရာ လမ်းတစ်လျှောက်နှင့် အခြားနေရာများတွင် လည်းကောင်း မြင်တွေ့နေကြရကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်၁၀၀ပြည့် အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ကြေးရုပ် ရင်ပြင်တွင် အလှဆင် လုပ်ငန်းများ စတင်

၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရေနံချောင်းမြို့၊ ဗိုလ်ချုပ်ပန်းခြံ အတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင် ကွန်ကရစ် ကျောက်ပြားခင်းခြင်းနှင့် မီးအလှဆင် လုပ်ငန်းများကို အောက်တိုဘာ(၂၀)ရက်နေ့မှ စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

Pages