November 2014

အမြန်လမ်း အသုံးပြုသော ယာဉ်များအား အစိုးရမှ ဂျီပီအက်စ်စနစ် အသုံးပြုရန် ညွှန်ကြားလာပါက ကန့်ကွက်သွားမည်ဟုဆို

အမြန်လမ်း အသုံးပြုနေသော အဝေးပြေး ယာဉ်များအား GPSစနစ် တပ်ဆင်ရန်အတွက် အစိုးရမှ မဖြစ်မနေ ညွှန်ကြားလာပါက ၄င်းညွှန်ကြားချက်များအား ယာဉ်ပိုင်ရှင်များမှ ကန့်ကွက် သွားမည် ဖြစ်ကြောင်း သိရသည်။

 

အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ခုနှစ်၌ စတင်အတည်ပြပြီး ဖြစ်သော်လည်း ကျင့်သုံးနိုင်ခြင်း မရှိသေးသည့်အပေါ် သူတို့၏အသံများ

ပြည်ထောင်စု လွှတ်တော် အဆင့် ကိုယ်စားလှယ်များနှင့် လွှတ်တော် ကိုယ်စားလှယ်များအား ခံစားခွင့် လက်ရှိလစာ ကျပ်သုံးသိန်းမှ ဆယ်သိန်းနှင့် ဆယ့်ခြောက်သိန်းကြားတွင် တိုးမြှင့်ခံစားခွင့်ပြုရန် နိုဝင်ဘာလ ၁၈ရက်နေ့က ကျင်းပသော ပြည်သူ့ လွှတ်တော်တွင် အတည်ပြုပြဌာန်းလိုက်ပြီ ဖြစ်သည်။

 

ကင်မရာအကြီးဖြင့် ဘွဲ့ဓာတ်ပုံရိုက်သော မိသားစုများ ကင်မရာအခွန် အတင်းအကျပ် လိုက်ဆောင်ခိုင်း၍ အနှောင့်ယှက်ဖြစ်နေရဆို

ရန်ကုန်တက္ကသိုလ်မှ ပေးအပ်သော ဘွဲ့ယူရန်အတွက် လာရောက်ကြသော တက္ကသိုလ် ကျောင်းသားများ အနေဖြင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးရာတွင် မိမိပိုင်ကင်မရာ အကြီးများဖြင့် လာရောက်သူများ အနေဖြင့် လွတ်လပ်စွာ ရိုက်ကူးခွင့် မရှိဘဲ ကင်မရာကြေး အခွန်ဆောင်ရန် အတင်းအကျပ် လိုက်လံပြောဆိုနေမှုများကြောင့် အနှောင့်အယှက် ဖြစ်ခဲ့ကြရကြောင်း ဘွဲ့ယူသူ အချို့၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောင်းလဲရေးလုပ်ငန်းများ ကျေနပ်စရာ ဖြစ်နေဟု EU မြန်မာ နိုင်ငံဆိုင်ရာ သံအမတ်ကြီးဆို

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြုပြင်ပြောင်းလဲရေးများ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အားရစရာ အခြေနေများ၊ အပြောင်းအလဲများ မြင်တွေ့နေရကြောင်း ရဲတပ်ဖွဲ့အား EUမှ သင်တန်း ပေးခြင်းများ ဆောင်ရွက်ခဲ့သူ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာရိုလန်ကိုဖီးယားကပြော ကြားခဲ့ ကြောင်း သိရသည်။

ဆယ်စုနှစ်များစွာ အမြစ်တွယ်နေသော စနစ်တစ်ခုကို လပိုင်းအတွင်း ပြုပြင်ရန် မလွယ်သော်လည်း EUက သင်တန်းပေးထားသည့် မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များ၏ ပြောင်းလဲလာမှုကို ပြည်သူလူထုက အသိအမှတ်ပြု လာကြောင်းလည်း သိရသည်။

ကိုပါကြီး သေဆုံးမှုအား ခရိုင်တရားရုံးတွင်သာ တရားစွဲဆိုခွင့်ရရန် တောင်းဆို

သုံးရောင်ခြယ် အဖွဲ့ဝင် ကိုပါကြီး သေဆုံးခဲ့သည့် အမှုအား ကျိုက်မရော မြို့နယ် တရားရုံးတွင် မဟုတ်ပဲ သက်ဆိုင်ရာ ခရိုင်တရားရုံးတွင် တရားစွဲဆိုနိုင်ရန် အတွက် တောင်းဆိုသွားမည် ဖြစ်ကြောင်း သေဆုံးသူ ကိုပါကြီး၏ အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က Tomorrow သတင်းဂျာနယ်သို့ ပြောကြားသည်။

ဦးမြငါးစင် သမ္ဗန်ဆိပ်လမ်း ပိတ်လိုက်သည့် ခြံစည်းရိုးအား ယခုစာသင်နှစ်ကုန်အထိ ဖွင့်လှစ်ပေးရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်ပြန်

ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ကျေးရွာငါးရွာမှ ကျောင်းသား ၃၀၀ခန့် ကျောင်းတက်ရန် အခက်အခဲ ဖြစ်ပေါ်စေသည့် ဦးမြငါးစင် သမ္ဗန်ဆိပ်လမ်း ပိတ်လိုက်သည့် ခြံစည်းရိုးအား ယခုစာသင်နှစ်ကုန်အထိ ဖွင့်လှစ်ပေးရန် ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။

အာဆီယံနိုင်ငံများရဲ့ FILM ASEAN CONFERENCE မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် လက်ခံကျင်းပ

အာဆီယံနိုင်ငံများမှ ရုပ်ရှင်ဖြင့် အောင်မြင်ခဲ့သူများစွာ တတ်ရောက် ဆွေးနွေးခဲ့သည့် FILM ASEAN CONFERENCE အား မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် လက်ခံ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲသို့ အာဆီယံနိုင်ငံများမှ ရုပ်ရှင်နှင့် ပတ်သက်ပြီး အောင်မြင်မှုရရှိနေသော သူများနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ပူးပေါင်းပြီး ဆွေးနွေးခဲ့ကြကာ ယင်းပွဲအား ရန်ကုန်မြို့ အင်းယားလိတ် ဟော်တယ်၌ နိုဝင်ဘာ၊ ၂၃၊ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် မရှိသေးသော သစ်ခွမျိုးစိတ်အသစ် မြန်မာနိုင်ငံ၌ တွေ့ရှိ

မြန်မာနိုင်ငံ၊ တနင်္သာရီကြိုးဝိုင်း ရေးမြို့နယ်၌ ကမ္ဘာပေါ်တွင်  မရှိသေးသော သစ်ခွမျိုးစိတ် အသစ်အား တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ၂ သစ်ခွပညာရှင် ဒေါက်တာစောလွင်က ပြောသည်။

“မြန်မာနိုင်ငံမှာပဲ ရှိပြီးတော့ မည်သည့်နေရာမှ မရှိသေးဘူး။ သိပံ္ပအတွက်တောင် မှတ်တမ်း မတင်ရသေးဘူး။ ဒီသစ်ခွက မြေမှာ ပေါက်တဲ့အတွက် အရမ်းကို ထူးဆန်းတယ်။ အဲ့ဒီအတွက် လောလောဆယ် မြေသစ်ခွလို့ နာမည်ပေးထားတယ်။ အင်္ဂလိပ်လို calanthae punctataဆိုပြီး နာမည်ပေးထားတယ်”ဟု ဒေါက်တာစောလွင်က ပြောသည်။

အောင်စာရင်း အတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးရန် နည်းပညာ တက္ကသိုလ် ကျောင်းသားများ သမ္မတထံ တောင်းဆို

နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အောင်စာရင်းများနှင့် ပတ်သက်၍ တရားမျှတမှုရှိစွာ ဖြေရှင်းပေးနိုင်ပြီး ဘက်လိုက်မှုနှင့် အဂတိ လိုက်စားမှု ကင်းရှင်းသည့် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့အား နိုင်ငံတော် သမ္မတမှပြန်လည် ဖွဲ့စည်းပေးရန် နည်းပညာ တက္ကသိုလ် ကျောင်းသား/သူများက နိုဝင်ဘာလ၊ ၂၀ ရက်နေ့က နိုင်ငံတော် သမ္မတထံ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဘာစီလိုနာအတွက် ဟက်ထရစ် သွင်းယူခဲ့သော မက်ဆီနှင့် ခြေစွမ်းပြနေဆဲ စီရော်နယ်ဒို

စပိန်လာလီဂါ ပြိုင်ပွဲတွင် ပွဲတိုင်း ဂိုးအမြောက်အမြား သွင်းယူလျက်ရှိသော ရီးရဲမက်ဒရစ် အသင်းသည် အဝေးကွင်း၌ အီဘာအသင်းကို ခြေပြတ်ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည်။ ရီးယဲလ်သည် အီဘာကို ၄-၁ဂိုးဖြင့် အနိုင်ရခဲ့ရာတွင် စီရော်နယ်ဒို နှစ်ဂိုး ဘန်ဇီးမား တစ်ဂိုး ရိုဒီဂွက်စ် တစ်ဂိုး သွင်းယူခဲ့သည်။

Pages