November 2014

မြန်မာတွေ အားပေးရကျိုးမနပ်တဲ့ စင်ကာပူက ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဆယ်ယောက်ကျန် မလေးရှားအသင်းနှင့် သရေကျ၍ မြန်မာ တစ်မှတ်သာရ

နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေတွင် ယှဉ်ပြိုင်ကစားခဲ့သည့် AFF SUZUKI CUP ဘောလုံးပြိုင်ပွဲ မလေးရှား-မြန်မာ ဘောလုံးပွဲတွင် မြန်မာအသင်း အနေဖြင့် ဂိုးမရှိသရေ တစ်မှတ်ရရှိခဲ့ သော်လည်း ပြိုင်ပွဲသို့ သွားရောက် အားပေးခဲ့သည့် စင်ကာပူရောက် မြန်မာပရိသတ်များအတွက် အားပေးရကျိုး မနပ်သည့် ပွဲတစ်ပွဲဖြစ်ခဲ့ပေသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၂)တွင် အသင်းကြီး အများစု အနိုင်ရ

ယခုတစ်ပတ် ပရီးမီးယားလိဂ် ပြိုင်ပွဲများတွင် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်နေသော ချယ်လ်ဆီး အသင်းသည် အိမ်ကွင်း၌ ၀က်ဘရွန်းအသင်းအား သက်သောင့်သက်သာ ကစားပြီး ဒီယေဂို ကော်စတာနှင့် ဟားဇက်တို့၏ ဂိုးများဖြင့် အနိုင်ရပြီး ဆက်လက် ဦးဆောင်လျက်ရှိသည်။

ဗြိတိန်အပေါ် အကြမ်းဖက် တိုက်ခိုက်သည်ဟု ငါးဦးမြောက် သံသယရှိသူကို ဖမ်းမိ

ဗြိတိန်အပေါ် ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်မှုများတွင်  သံသယရှိသည်ဟု ယူဆရသော ငါးယောက်မြောက် အကြမ်းဖက် တိုက်ခိုက်သူကို ဗြိတိန်ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

ပြီးခဲ့သော အင်္ဂါနေ့က အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု ယူဆရသော လေးဦးကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ငါးရက်အကြာတွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သံသယရှိသူများသည် အသက် ၂၀ နှင့် ၂၁ နှစ် အရွယ်ခန့်သာ ရှိသေးပြီး၊ ISIS အဖွဲ့နှင့် ဆက်နွယ်မှု ရှိနေသည်ဟု ဗြိတိန်ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

အယ်ရှာဘတ်အဖွဲ့မှ ဆိုမာ လီယာနယ်စပ်တွင် မူစလင် မဟုတ်သူ ၂၈ ဦးကို ပစ်သတ်မှု ဖြစ်ပွား

ဆိုမာလီယာ အစ္စလာမ်မစ် အဖွဲ့ အယ်ရှာဘတ် အဖွဲ့၏ နိုဝင်ဘာလ ၂၂ ရက်နေ့က ဆိုမာလီယာနှင့် အီသီယိုးပီးယား နယ်စပ်တွင် မူစလင်မဟုတ်သူ လူ ၂၈ယောက်ကို လိုင်းကားပေါ်တွင် သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန်ဒီယာမြို့ အပြင်ဘက်မှ နိုင်ရိုဘီသို့ သွားသောလမ်းတွင် ကားကိုဝင်ရောက် စီးနင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁၉ဦးနှင့် အမျိုးသမီး ၉ဦးတို့ သေဆုံးခဲ့ရသည်။

ကန်စစ်တပ်များနှင့် ညွှန်ပေါင်း မဟာမိတ် စစ်တပ်များအား တိုက်ရိုက်ခြိမ်းခြောက်လာပါက ပြန်လည် တိုက်ခိုက်ရန် ခွင့်ပြုခဲ့

အာဖဂန်နစ္စတန်နိုင်ငံရှိ လက်နက်ကိုင် စစ်သွေးကြွများ အနေဖြင့် အမေရိကန် စစ်တပ်များနှင့် ညွှန်ပေါင်း မဟာမိတ် အဖွဲ့များအား တိုက်ရိုက်ခြိမ်းခြောက်လာပါက ပြန်လည် တိုက်ခိုက်သွားရန် ခွင့်ပြုပေး လိုက်ပြီဖြစ်ကြောင်း အမေရိကန် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဆုံးဖြတ်ချက် ပြောင်းလဲမှုကို ပြီးခဲ့သော အပတ်အတွင်းက အမေရိကန် သမ္မတ အိုဘားမား အနေဖြင့် တိုးတိတ်စွာ ဆုံးဖြတ်ခဲ့သည်ဟု နယူးယောက်တိုင်းစ် သတင်းစာက ဖော်ပြခဲ့သည်။

အီရန်နျူကလီးယား အရေးမှာ သဘောထားကွာခြားချက်များစွာ ရှိနေ၍ ဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်ဟု ကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက အီရန်နိုင်ငံ၏ နျူကလီးယား အရေးမှာ သဘောထား ကွာဟချက်ကြီးမာစွာ ရှိနေသည်ဟု နိုဝင်ဘာလ ၂၁ ရက်နေ့ က သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ပြုလုပ်သော အီရန် နျူကလီးယားအရေး P5+1 အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကြိုးစားနေပါတယ်။ မျှော်လည်းမျှော်လင့်တယ်။ ဒါပေမယ့် ကွာခြားချက် ကြီးကြီးမားမားတွေ ရှိနေတော့ အရေးစိုက်ဖို့ လိုအပ်တယ်။ နီးတော့နီးစပ်နေပါပြီ”ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် အဖြစ် လာရောက်ခဲ့သော အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မှတ်မှတ်သားသား ပြောကြားချက်များ

အမေရိကန်သမ္မတ ဘားရက် အိုဘားမား အနေဖြင့် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် အဖြစ် နိုဝင်ဘာ၁၂ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာ၁၄ ရက်နေ့ ညနေတွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီး နှစ်ရက်ကြာနေထိုင်ခဲ့သည့် ခရီးစဉ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထုတ်ဖော် ပြောကြားခဲ့သော စကားများအနက်မှ လူထုအကြား ရေပန်းစားခဲ့သော စကားစုအချို့နှင့် စိန်ရတုခန်းမတွင် ပြောကြားခဲ့သည့် စကားများကို အောက်ပါအတိုင်း ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

ဦးအောင်သောင်းကို Black Listသွင်းရင် သူ့ကိုမှီပြီး ချမ်းသာလာတဲ့ ခရိုနီတွေကိုပါ ထည့်သင့်တယ် - သံဖနောင့်

ဦးအောင်သောင်း၏ ဘ၀အကျဉ်း
ဦးအောင်သောင်းသည် ကျောင်းဆရာဘ၀မှ တပ်မတော်ထဲ ၀င်ရောက်ခဲ့သူဖြစ်သည်။ ကလောအမှတ်(၇) ခြေလျင်တပ်ရင်းတွင် တပ်ရင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဦးစီမှူး (ပထမတန်း)၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဗျူဟာမှူး (မိုးကုတ်)၊ မကွေးတိုင်းတွင် တ၀တ ဥက္ကဋ္ဌ၊ ကုန်သွယ်ရေး ၀န်ကြီးဌာနတွင် ဒုတိယ၀န်ကြီး၊ မွေးရေ ၀န်ကြီးဌာန-၀န်ကြီး၊ စက်မှု (၁)၀န်ကြီး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအာဏာရ ကြံ့ခိုင်ရေးပါတီတွင် နာယက တာဝန်၊ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်နေသည်။ မန္တလေးတိုင်း တောင်သာမြို့နယ် ၀ဲလောင်မြို့နယ်ခွဲ ကျောက္ကာရွာသား ဖြစ်သည်။

ကျေးဇူးပါကွယ် နေပြည်တော်ရယ် - မြတ်မော်

ကျွန်မသည် နေပြည်တော်ကြီးသို့ မထင်မှတ်ဘဲ ရောက်ခဲ့ရပါသည်။ ကျွန်မရောက်ရှိစဉ်က နေပြည်တော်ကြီးမှာ ယခုဒီမိုကရေစီ လမ်းကြောင်းကို သွားနေသည်ဟု ပြောသော အစိုးရသစ်ကြီး မပေါ်သေးသော ကာလဖြစ်ပါသည်။ လွှတ်တော်ကြီးလည်း မပေါ်ပေါက်သေးပါ။ ထိုစဉ်က လွှတ်တော် အဆောက်အအုံးကြီးမှာ နေ့ရောညပါ အချိန်မီ ပြီးစီးနိုင်ရေး အတွက်ကို အားသွန်ပြီး လုပ်နေသော ကာလဖြစ်ပါသည်။

နိုင်ငံရေးသမား မဟုတ်သော ၀န်မင်းများ - အောင်မြင်သူ

ဘုန်းကြီးကျောင်းသား မောင်အောင်ဆန်း

တက္ကသိုလ်ကျောင်းသား ကို အောင်ဆန်း

နိုင်ငံရေးသမား သခင် အောင်ဆန်း

တပ်မတော်ဖခင် ဗိုလ်အောင် ဆန်း

Pages