November 2014

NLD မဟာဗျူဟာအရွေ့ လွှတ်တော်ကစားကွက်အပြောင်း သမ္မတနှင့် တပ်မတော် ကျောချင်းအကပ် - ဇော်သက်ထွေး

ဒီရက်ပိုင်းအတွင်း အာဆီယံ  ဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ တာဝန်ယူခဲ့နိုင်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အနုတ်အသိမ်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် ၁၇ယောက် မြန်မာနိုင်ငံကို ရောက်မလာခင်လေးမှာပဲ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လိုအပ်ရင် လွှတ်တော်နာယကကြီး သူရ ဦးရွှေမန်းနဲ့ မဟာမိတ်ဖွဲ့သင့်ရင် ဖွဲ့ရမှာပဲဆိုတဲ့ စကားကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီစကားကို မပြောခင်က လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်ပွဲခံနိုင်သည့် တိုင်အောင် သမ္မတဖြစ်ခွင့် မရှိပါဘူး။ ဒါကြောင့် NLDက ကိုယ်စားလှယ် အများစု အနိုင်ရ

ထောင်ကထွက်လို့ သုံးနှစ်အကြာ(၈) - ဇာဂနာ

ဒီလိုနဲ့ ကျွန်တော့်ရဲ့ ၀ါရှင်တန်နေ့ရက်များဟာ ချောက်ကမ်းပါးမှာ ကြိုးတန်းကစားရသလို ဖြစ်လာပါတော့တယ်။ မလွှဲသာလို့ လူတစ်ယောက် နာမည်ကို ထုတ်ဖော် ပြောလိုက်ရပေမယ့် သူနဲ့အဲဒီ့ အဖွဲ့အစည်းတို့ရဲ့ ဆက်စပ်ပတ်သက်မှု ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော် မသိနိုင်ပါဘူး။ တစ်ခါ မြန်မာပြည်သူတွေ အတွက်ဆိုပြီး သူတို့ချင်း လက်ဝါးရိုက် ဇာတ်တိုက်ပြီး လုပ်စားခဲ့ကြသူတွေကလည်း ဒုနဲ့ ဒေးဆိုတော့ မှန်တဲ့အတိုင်း ပြောတာတောင် အလုပ်ကြံခံရမယ့်ကိန်း ဆိုက်လာပါတော့တယ်။

မှန်းချက်နဲ့ နှမ်းထွက် - မာဂျေ

မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆီက အလှူခံတဲ့ပွဲရှိ (အဲလေ) အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ အရှေ့အာရှ ထိပ်သီး အစည်းအဝေးတွေ ကျင်းပပြီးသွားပြီ။ ဦးအိုဘားမားကြီးလည်း မြန်မာနိုင်ငံကို နှစ်ခေါက် ရောက်ဖူးသွားပြီ။

ဖားချင်ပေမယ့် အဖားမတော်တဲ့ သမီးတော်ရဲ့ လက်ဝဲရံ၊ လက်ယာရံများ (သမီးတော်ရာဇ၀င်-၁၇) - လက်စောင်းထက်

၁၉၉၀ ခုနှစ်ကျော် ကာလကစပြီး တပ်မတော်ထဲမှာရော အစိုးရထဲမှာပါ ဗိုလ်ချုပ်ကြီး စောမောင် အာဏာအသိမ်းခံရပြီးတဲ့ နောက်ပိုင်း ဘယ်သူကမှ အာဏာရှင်ကြီးကို အံမတုရဲတဲ့ အခြေအနေကို ဆိုက်ရောက်သွားခဲ့ပါတယ်။ တပ်မတော်မှာရှိတဲ့ စစ်သားကောင်း ပီသတယ်ဆိုတဲ့ တိုင်းမှူး ဖိုက်တာကြီးတွေလည်း အဆီအဆိမ့်တွေစားပြီး အသံတိတ်သွားကြပါတယ်။ အထူးသဖြင့် အာဏာရှင်ကြီးနဲ့ တည့်အောင်ပေါင်းနိုင်လေလေ အကျိုးရှိလေဆိုတာကို သဘောပေါက် လာခဲ့တဲ့ အတွက် ဘယ်သူကမှ တိုင်းပြည်အတွက် အမုန်းခံပြီး မပြောကြတော့ပါဘူး။

ဦးအောင်သောင်းကို ထောက်ခံသည့်ပွဲမှ ဒံပေါက်လုပွဲဖြစ်ပွား

တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းအား အမေရိကန်နိုင်ငံမှ Black List စာရင်းသွင်းခြင်းအပေါ် တောင်သာမြို့နယ် ပြည်သူလေးထောင်ခန့်မှ ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲတွင် စေတနာရှင် တစ်ဦးမှ လှူဒါန်းသော ဒံပေါက်ထုတ်များ လုယူမှုများမှာ ရုပ်ဆိုးသော ပြယုဂ်တစ်ခုကဲ့သို့ ဖြစ်နေကြောင်း သိရသည်။

“ဆိုင်းဘုတ်တွေ ပစ်ချပြီး ဒံပေါက်ထုတ် လုယူနေကြတာ အရမ်းကို ရုပ်ဆိုးပါတယ်”ဟု အဆိုပါ ဆန္ဒပြပွဲတွင် ရှိနေသူ တစ်ဦးမှ ပြောပြခဲ့သည်။

မန်ယူဂိုးသမား ဒီဂီယာ လက်ရွေးစင် စပိန်အသင်းတွင် လက်ချောင်းရိုးကျိုးခဲ့၍ တစ်လအနားယူရမည်

နာမည်ကျော် မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဦးစားပေး ဂိုးသမား ဒီဂီယာမှာ ၂၀၁၆ ယူရို ခြေစစ်ပွဲ အတွက် စပိန်အသင်းနှင့်အတူ လေ့ကျင့်ခန်းများ ပြုလုပ်နေစဉ် လက်ချောင်းရိုးများ ကျိုးသွား ခဲ့ခြင်းကြောင့် မန်ယူအသင်းတွင် တစ်လခန့် အနားယူရမည် ဖြစ်ကြောင်း သိရှိရသည်။

စင်ကာပူ ဆူဇူကီးဖလား ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင်အသင်း၏ ပွဲစဉ်များကို MRTVမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်

ယခုနှစ်တွင် ကျင်းပမည့် ဆူဇူကီးဖလား ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အသင်းသည် ကာတာနိုင်ငံ မှတဆင့် ပြိုင်ပွဲကျင်းပရာ စင်ကာပူနိုင်ငံသို့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သွားရောက်မည်ဖြစ်သည်။

၂၀၁၆ ယူရိုခြေစစ်ပွဲများတွင် အင်္ဂလန်အသင်း နှင့်အတူ နာမည်ကြီး အသင်းများ အနိုင်ရခဲ့

ယခုတစ်ပတ်တွင် ကျင်းပသည့် ၂၀၁၆ ယူရိုခြေစစ်ပွဲများတွင် နာမည်ကြီး ဂျာမနီအသင်းမှာ အသင်းငယ် ဂျီဘရက်တာကို ၄ ဂိုး ဂိုးမရှိဖြင့် သက်တောင့်သက်သာ အနိုင်ရရှိသွားခဲ့သည်။ ဂျာမနီ အသင်းမှာ ယခင်ပွဲစဉ်တွင် ပိုလန်ကို ရှုံးနိမ့်ခဲ့ရသလို အိုင်ယာလန်နှင့် သရေကျခဲ့ခြင်းကြောင့် ဝေဖန်မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယခုပွဲစဉ်တွင် ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ ရယူထားပြီး အနိုင်ဂိုးများကို မူလာ ၂ဂိုး၊ ဂေါ့ဇီ ၁ဂိုးနှင့် ဆန်းတို့စ်က ကိုယ့်ဂိုးကို သွင်းယူခဲ့သောကြောင့် ၄-၀ ဖြင့် အနိုင်ရရှိသွားခဲ့သည်။

ပထမတန်းလူငယ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် ဆုပေးပွဲ ကျင်းပနိုင်ခြင်းမရှိ

နိုဝင်ဘာလ ၁၅ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပထမတန်းလူငယ် အမှတ်ပေး ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်တွင် ဒဂုံအသင်းနှင့် မြ၀တီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယင်းပြိုင်ပွဲသည် ချန်ပီယံဆု အတွက် အဆုံးအဖြတ်ပြိုင်ပွဲ ဖြစ်သောကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။

Pages