November 2014

ပဲခူးတိုင်းဒေသကြီးတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကြေးမုံအလွတ်တန်း သတင်းထောက် တစ်ဦး ခိုက်ရန်ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ မြေတိုင်း ၉ရပ်ကွက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကြေးမုံသတင်းစာ အလွတ် သတင်းထောက်နှင့် အုပ်ချုပ်ရေးမှူးရုံးမှ လူကြီးများ စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင်ရန် ရွေးထားသည့် ဇာခြည်လင်း စင်ပြိုင်ဗိုလ်ချုပ်ရုပ်ရှင်နှင့် လုံးဝမပတ်သက်ဟု ဆို

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်ခင်ကြည် နေရာ၌ ရွေးချယ်ခွင့် ခံထားရသော သရုပ်ဆောင် ဇာခြည်လင်းက ဒါရိုက်တာ မြေနီသစ္စာ ရိုက်ကူးမည့် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဇာတ်ကားတွင် ပါဝင်ရန် ဆွေးနွေး ပြောဆိုခဲ့ခြင်း မရှိကြောင်း Tomorrowသို့ ထုတ်ဖော် ပြောဆိုလိုက်သည်။

ရွှေလင်ဗန်းတွင် တရားခံပြေးရှစ်ဦးကို ဓားအလက် ၄၀ဖြင့် ဖမ်းမိ

နိုဝင်ဘာ ၁၄ ရက်ညက မရမ်းကုန်းမြို့နယ် ဘုရင့်နောင်တွင် ဧည့်စာရင်း စစ်နေသော ဆယ်အိမ်ခေါင်း တစ်ဦးကို လူမိုက်အုပ်စု တစ်စုက ထိုးကြိတ်ခဲ့သည်။ ထို့အတွက် ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့ လိုက်သွားရာ အဆိုပါ အဖွဲ့က ဓားနှင့်ဝိုင်းခုတ်သဖြင့် မြောက်ဥက္ကလာပ ဆေးရုံတွင် တင်ပို့ကုသနေရသည်။

သမ္မတ အကြံပေးတစ်ဦး၏ တူဆိုသူက ပြည်သူပိုင်လမ်းကို ခြံဝင်ခတ်ထားဟုဆို

သုဝဏ္ဏမြို့နယ်၊၂၉ ရပ်ကွက် (အပိုင် ၁၄ နယ်မြေ) အတွင်းရှိ မြဧရာ လမ်းထောင့်ရှိ အများပြည်သူပိုင် မြေနေရာလွတ်ပေါ်တွင် နိုင်ငံတော် သမ္မတ၏ တူတော်စပ်သူဟုဆိုသူ တစ်ဦးမှ ခြံစည်းရိုးများ ခတ်ခြင်း၊ CCTVများ တပ်ခြင်းများကို ပေါ်ပေါ်ထင်ထင်ပင် ပြုလုပ်ထားခြင်းတို့ကြောင့် ရပ်ကွက်နေ ပြည်သူများက ကျေနပ်မှု မရှိဖြစ်နေကြာင်း စုံစမ်းသိရသည်။

အဆိုပါ ခြံခတ်ခြင်းကို လွန်ခဲ့သော ၃နှစ်ခန့်က စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခင်က အဆိုပါလမ်းမှာ အများပြည်သူ သွားရောက်နိုင်ခဲ့သော်လည်း ယခုအခါတွင် ယင်းခြံအတွင်းသို့ ၀င်ရောက်ပါက တာဝန်ရှိသူများ ခေါ်ကာမောင်းထုတ်ခြင်းများပင် ရှိသည်ဟု ရပ်ကွက်နေသူ အချို့၏ ပြောကြားချက်အရ  သိရသည်။

ကျမ်းကျိန်ထား၍ ဥပဒေ အတိုင်းသာ လိုက်နာရမည်ဟု ပီအာရ်စနစ်ထောက်ခံသူ ဒေါ်ခင်ဝိုင်းကြည်ဆို

လွှတ်တော် ကိုယ်စားလှယ် ဆိုသည်မှာ ပြဌာန်းထားသော ဥပေဒအတိုင်းသာ ကျင့်ဆောင်ပါမည်ဟု ကျမ်းကျိန်ထားသောကြောင့် မဲများသူ အနိုင်ယူသည့် စနစ်၊ FPTPစနစ်ကို ပြည်သူ့ လွှတ်တော်မှ အတည်ပြုလိုက်ခြင်း အပေါ် လက်ခံသွားရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရက်တစ် အင်အားစု ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က Tomorrowသို့ ပြောကြားခဲ့သည်။

မန္တလေး-စစ်ကိုင်းလမ်းတွင် နှစ်ပေါင်း(၈၀)ကျော်ကြာ နေထိုင်ခဲ့သူများအား ယခုလအတွင်း အပြီးဖယ်ရှားရန် ထုတ်ပြန်ထားဟုဆို

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်၊ စစ်ကိုင်း-မန္တလေး ကားလမ်းဘေးတွင် လွန်ခဲ့သော နှစ်(၈၀)ကတည်းကပင် နေထိုင်လျက်ရှိနေသော နေအိမ် (၉)လုံးအား မန်းစည်ပင်မှ ဖျက်သိမ်းဖယ်ရှားခိုင်းထားကြောင်းနှင့် နေထိုင်သူများမှလည်း ဖယ်ရှားပေးနိုင်မည် မဟုတ်ကြောင်း သိရသည်။

ကျန်းမာရေး ၀န်ကြီးဌာန၏ စီမံကိန်းများကို အထူးစုံစမ်းစစ်ဆေးရေးက ၀င်ရောက် စာရင်းကောက်ယူမှု ပြုလုပ်

ကျန်မာရေးဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်းများကို အထူးစုံးစမ်းစစ်ဆေးရေး ဦးစီးဌာနက စာရင်းများ ကောက်ယူနေကြောင်း သိရသည်။

အထူးသဖြင့် ဆေးရုံသစ် တည်ဆောက်ရေး လုပ်ငန်းများ၊ ဆေးရုံများ ပြန်လည် မွမ်းမံသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး မည်သည့်ကုမ္ပဏီက လုပ်ဆောင်ခွင့် ရရှိထားသည်။ ခွင့်ပြုငွေ မည်မျှရှိပြီး လက်ရှိအချိန်အထိ မည်မျှသုံးစွဲပြီး ဖြစ်သည်တို့ကို စတင် စာရင်းကောက်ယူနေခြင်း ဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ အရာရှိကြီး တစ်ဦးက Tomorrowသို့ ပြောသည်။

မူလွန်ကျောင်းဆောင်သစ် ဆောက်လုပ်မှု စာရင်းရှင်းတမ်း ငွေကွာခြားမှုအပေါ် ကျောင်းအုပ် ဆရာကြီးအား ရွာခံများမှ စွပ်စွဲ

မကွေးတိုင်း ဒေသကြီး၊ မင်းဘူး၊ စကုမြို့နယ်၊ ချင်းကုန်းကျေးရွာတွင် အခြေခံ မူလတန်းကျောင်း ဆောက်ရာတွင် နိုင်ငံတော်မှ ချပေးသည့် ငွေသိန်း၁၄၀အပြင် ကျေးရွာပိုင်ငွေ ၄၁သိန်းအား အသုံးပြုထားသည့် အပေါ်တွင် ကျောင်းအုပ်မှ ငွေကျပ် သိန်း၇၀အား အလွဲသုံးစား လုပ်သည်ဟုဆိုကာ ဒေသခံများက မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

ရွှေစက်တော် ဘေးမဲ့တော ဧရိယာအတွင်း ကုမ္ပဏီ ဖွင့်ထားခြင်းများအား ဒေသခံများ မလိုလား

မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့နယ် အတွင်းရှိ မန်းရွှေစက်တော် ဘုရားကြီး၏ ဘေးမဲ့တော ဧရိယာ အတွင်း ကုမ္ပဏီများ လာရောက် ဖွင့်ထားခြင်းအား ဒေသခံတောင်သူများမှ မလိုလားကြကြောင်း သိရသည်။

“ရွှေစက်တော် ဘေးမဲ့တော ဧရိယာမှာ ဘယ်ကုမ္ပဏီမှ လုပ်ပိုင်ခွင့် မရှိဘူးလို့ လွှတ်တော်က ပြောထားပါတယ်။ ဒါပေမယ့် ကျောက်မီးသွေး တူးဖော်တဲ့ ကုမ္ပဏီ ၁၄ခုတောင်ရှိတယ်။ တရားဝင်က စာတင်ပြီး လုပ်တာလို့ ပြောတယ်။ တရုတ်ကုမ္ပဏီတွေ များတယ်။ သူတို့ ရောက်လာမှ တောင်ယာတွေ ဥယျာဉ်ခြံမြေတွေကို ပိုင်တယ်ဆိုပြီး မောင်းထုတ်တယ်”ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

ဈေးဗန်းပေါ်ရောက်လာတဲ့ ဆက်သွယ်ရေး ကွန်ရက်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်အား တစ်စတစ်စ ပိုမို ကျယ်ပြန့်စေရန် ချဲ့ထွင်လာခဲ့ရာ မိုဘိုင်း ဆင်းကဒ်များမှာ လမ်းဘေး ဈေးသည်များထံတွင် ဈေးနှုန်းအနည်းငယ် ပိုပေး၍ အလွယ်တကူ ၀ယ်နိုင်သော အခြေနေအထိ နက်ဝက်ကျယ်ပြန့်လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယခုအခါ MPT၊ အော်ရီဒူး၊ တယ်လီနော ဆင်းကဒ်များကို ဈေးကွက်အတွင်း လမ်းနံဘေး၌ ဈေးဗန်းပေါ် တင်ရောင်းနေရာ MPT ဆင်းကဒ် တစ်ကဒ်လျှင် ၇၅၀၀၊ အချို့နေရာများတွင် ၉၀၀၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်း ပန်းဆိုးတန်းလမ်းတွင် MPT ဆင်းကဒ် ရောင်းချနေသူက Tomorrowသို့ ပြောသည်။

Pages