November 2014

ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာဆိုသော အသုံးအနှုန်းအပေါ် ကန့်ကွက်မှု အသံများ

ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများအား ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခဲ့ခြင်းကြောင့် ရခိုင်ပါတီများ၊ ပြည်ထောင်စု လွှတ်တော်တို့မှ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းမှ ဘန်ကီမွန်းထံသို့ ကန့်ကွက်စာ ပေးပို့ထားကြောင်း သိရသည်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား စင်ပြိုင်ရုက်ကူးရန် မြေနီသစ္စာ သတင်းစာရှင်းလင်းပွဲပြုလုပ်

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကွယ်လွန်ခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ရုပ်ရှင် ရိုက်ကူးမည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ဇာတ်ကြောင်း တစ်နာရီစာ ဇာတ်ကားတွင် ဂဠုန်ဦးစောဘက်မှ ဖြေရှင်းမှု အချက်အလက်များကိုပါ တင်ဆက် ရိုက်ကူးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဘာသာခြားကို မုန်းတယ်ပြောမည့်အစား မယုံဘူး”ဟု ပြောင်းလဲ ပြောဆိုသင့်ကြောင်း အမေရိကန် သမ္မတ အိုဘားမားဆို

မြန်မာလူငယ်များ အနေဖြင့် လူမျိုးခြားများကို မုန်းသည်ဟု ပြောမည့်အစား လူမျိုးခြားတွေကို ငါမယုံဘူးဟု ပြောင်းလဲသုံးစွဲသင့်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက နိုဝင်ဘာလ ၁၄ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျောင်းသားလူငယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ဘာသာခြားကို မုန်းတယ်လို့ ပြောမယ့်အစား ဘာသာခြားတွေကို ငါမယုံဘူးကွလို့ ပြောရမယ်”ဟု အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ဆိုသည်။

မြို့ပတ် ရထားများအား ခဲနှင့်ပေါက်မှု ပိုမိုဆိုးရွာလာ၍ မြန်မာ့မီးရထားမှ ထုတ်ပြန်ချက်ထုတ်ပြန်ထားရ

ရန်ကုန်မြို့အတွင်း ပုံမှန် ပြေးဆွဲလျက်ရှိသော မြို့ပတ် ရထားများကို ခဲများဖြင့် ပေါက်ကာ နှောက်ယှက်နေမှုများမှာ ယနေ့တိုင် ကြုံတွေ့နေရသေးကြောင်း ပိုမိုဆိုးရွားလာမှုများကြောင့်  အများပြည်သူမှ ပူးပေါင်းထိန်းသိမ်းပေးရန်  မြန်မာ့ မီးရထားမှ ထုတ်ပြန်ထားကြောင်း သိရသည်။

“ရထားတွေကို ခဲနဲ့ပေါက်တာ အခုရက်ပိုင်းမှာ ပိုပိုဆိုးလာတယ်။ အဲ့ဒါကြောင့် အခုလို ထုတ်ပြန်ရတာပါ”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

တရုတ်ရင်းနှီးမြုပ်နှံမှုတိုင်း မြန်မာဘက်မှသာ နစ်နာနေရဟု စီးပွားရေးပညာရှင်ဆို

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အတွင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် အတွက် ရင်းနှီးမြှုပ်နှံမှု MoU စာချုပ်လက်မှတ်ရေးထိုးခြင်းများ ပိုမို ပြုလုပ်လျှက်ရှိနေကာ ယင်းသို့ ရင်းနှီးမြုပ်နှံမှုတိုင်းတွင် မြန်မာနိုင်ငံ ဘက်မှ နစ်နာနေရသည်သာ များနေကြောင်း  သိရသည်။

ရခိုင်ပြည်နယ်တွင် အရက်တုများ ရောင်းချနေမှုအား မဘသ ဆရာတော်များ လက်မှတ်ထိုး တိုင်ကြား

ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်လျက်ရှိသော ပြည်တွင်း ပြည်ပမှ စံချိန်မမီ အရက်တုများကြောင့် ရောဂါဖြစ်ပွားကာ လူသေဆုံးမှု မြင့်မားနေခြင်းများကြောင့် အဆိုပါ အရက်တုနှင့် ပြည်နယ်အတွင်း တရားမ၀င် ရောင်းချနေသော ဆိုင်များအား စိစစ်အရေးယူ ဆောင်ရွက်ပေးပါရန် မဘသ ဆရာတော်များနှင့် ဒေသခံ ဆရာတော်များမှ ၀ိုင်းဝန်း လက်မှတ်ထိုးကာ ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းအား စာပို့ထားကြောင်း သိရသည်။

သိပ္ပံလမ်းပေါ်က ပြည်သူတွေ မသိသေးတဲ့ မန္တလေးစည်ပင်ရဲ့ လျို့ဝှက်စီမံကိန်း

မန္တလေးတိုင်း ဒေသကြီး သိပ္ပံလမ်းမပေါ် ၆၉ လမ်းနှင့် ၇၃ လမ်းကြား၊ သိပ္ပံလမ်းနှင့် ဗိုလ်ချုပ်ရွာကြားတွင် မည်သူမှမ၀င်ရ၊ မေးမြန်းခွင့်မရ၊ ဓာတ်ပုံရိုက်ခွင့် မရသော လျို့ဝှက်စီမံကိန်း တစ်ခု ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“ဒီနေရာက အရင်ကတည်းက မြေကွက်လပ်ကြီးပါပဲ၊ တကယ့် နေရာကောင်း ကြီးဆိုတော့ မြို့သူ၊ မြို့သား ဒေသခံတွေက ဒီနေရာ ဘာလုပ်မှာလဲဆိုပြီး စိတ်ဝင်စားနေကြတာ”ဟု မန္တလေးတိုင်း ဒေသကြီးတွင် နေထိုင်သော ဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

အဆိုပါ စီမံကိန်းမှာ မည်သည့် စီမံကိန်းမှန်းလည်း မည်သူမှ မသိရှိကြကြောင်းနှင့် ပြင်ပတွင် စည်ပင်ဆိုင်းဘုတ် ထောင်ထားသည်ကို မြင်တွေ့ရသည်။

အမျိုးသားပညာရေးဥပဒေ၏ အခန်း ၄အား ပြင်ဆင်ပေးမှသာ သပိတ်မှောက်မှု ရပ်ဆိုင်းမည်ဟု ကျောင်းသားသမဂ္ဂဆို

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံးအကြိမ် အဖြစ် ပြန်လည် မြင်တွေ့လာရသည့် သပိတ်မှောက် ဆန္ဒပြခြင်းအား ၂၀၁၄ နိုဝင်ဘာတွင် ပြုလုပ်လျှက်ရှိနေကာ ယင်းသပိတ်မှောက်မှုများအား  အမျိုးသား ပညာရေး ဥပဒေတွင် ပါဝင်သော အခန်း၎အား ပြင်ဆင်ပေးမှသာ  ဆန္ဒပြမှု ရပ်နားသွားမည် ဖြစ်ကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသား သမဂ္ဂမှ သိရသည်။

ပေးဆပ်ခြင်းဖြင့်သာ - တော်ကီလှိုင်

ဒီလထဲမှာ ကျွန်တော်တို့ မြို့နယ်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ F.P.P.S နဲ့ A.A.P.P အဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများကို လာရောက်တွေ့ဆုံပါတယ်။ တခြား စိတ်ဝင်စားတဲ့ လူငယ်ကွန်ရက် အဖွဲ့တွေလည်း တက်ရောက်တာ တွေ့ရပါတယ်။ တွေ့ဆုံပွဲမှာ A.A.P.Pက ရှေ့လုပ်ငန်းစဉ်တွေကို ရှင်းပြပြီး ချို့တဲ့နွမ်းပါးတဲ့ နိုင်ကျဉ်း မိသားစုတွေကို ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကို တတ်နိုင်သလောက် ကူညီဖေးမသွားမည့်အကြောင်း ဆွေးနွေးခဲ့ပါတယ်။

Pages