November 2014

လွှတ်တော်ထဲက အပုပ်နံ့များ - အောင်မြင်သူ

“မင်္ဂလာပါ ဆရာမ”

ငယ်စဉ်ကျောင်းသားဘ၀ ကတည်းက အတန်းထဲ ၀င်လာတဲ့ ဆရာမကို ဂါရ၀ပြု နှုတ်ဆက်ခဲ့ပါတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာနိုင်ငံသားတိုင်း တစ်ဦးနဲ့ တစ်ဦး တွေ့တဲ့အခါ “မင်္ဂလာပါ”ဆိုပြီး နှုတ်ဆက်ကြတယ်။ နှုတ်ဆက်သံလေးနဲ့အတူ မင်္ဂလာရှိတဲ့ အပြုံးမင်္ဂလာရှိတဲ့ အပြောအဆို၊ အလုပ်အကိုင်တွေ ပါလာဖို့ လိုအပ်ပါတယ်။ နှုတ်က မင်္ဂလာပါဆိုပြီး သွားဖြဲပြတာမျိုး၊ မကောင်းမှုတွေ ပြောဆိုလုပ်ကိုင်နေပြီး ၀တ်ကျေ တန်းကျေ မင်္ဂလာပါလို့ နှုတ်က ထွက်လာတာမျိုး မဖြစ်ဖို့ လိုအပ်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင် (၁၇) ယောက်၊ အမေရိကန် သမ္မတ တစ်ယောက်၊ Air Force One လေယာဉ်တစ်စင်း၊ The Beast ကျည်ကာကား၊ လုံခြုံးရေး တပ်ဖွဲ့ဝင် ငါးသောင်း နှင့် နေပြည်တော်ပြဇာတ်

မြန်မာနိုင်ငံပြည်သူ့ ရဲတပ်ဖွဲ့မှ အထူးတာဝန် တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ဒေစီဝင်း တစ်ယောက် အိမ်ကိုမပြန်ရသည့် ရက်များစွာ ကြာခဲ့ရပြီဖြစ်သည်။ သူမအနေဖြင့် နိုဝင်ဘာလ ၁၂ရက်နေ့တွင် ကျင်းပရန်ရှိသော ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြမည့် နိုင်ငံတကာမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၏ လုံခြုံရေးတာဝန်ကို အောင်မြင်စွာ ပြီးဆုံးသည်အထိ ထမ်းဆောင်သွားရမည် ဖြစ်သည်။ နေပြည်တော်၌ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် နိုင်ငံပေါင်း ၁၇နိုင်ငံမှ အကြီးအကဲများနှင့် အဖွဲ့ဝင် စုစုပေါင်း ၈၁၈၈ဦး တက်ရောက်ကြမည် ဖြစ်သည်။ အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို မြန်မာနိုင်ငံ၏ (Ghost City)ဟု

ထောင်ကထွက်လို့ သုံးနှစ် အကြာ (၇) - ဇာဂနာ

တကယ်တမ်း ကျွန်တော့ကို အမေရိကားလာဖို့ ဖိတ်ခေါ်ခဲ့တာ ကိုအောင်ဒင်ပါ။ အမေရိကန် နိုင်ငံအခြေစိုက် NEDအဖွဲ့ကြီးမှာ မြန်မာနိုင်ငံကို လှူနေတန်းနေတဲ့ အဖွဲ့အသီးသီးရဲ့  ညီလာခံ ရှိနေပါတယ်။ အဲသည်ပွဲကို အမေရိကန် အစိုးရရဲ့ လက်ထောက နိုင်ငံခြားရေးဝန်ကြီး မိုက်ပို့ရှ်နာလဲ တက်ပါမယ်။ မြန်မာပြည်အရေးကို အမေရိကားက စိတ်ဝင်စား နေချိန်ဆိုတော့ ပူပူနွေးနွေး ထောင်ထွက်ကလေး ဇာဂနာကိုလဲ ဖိတ်ကြားလိုက်တာပေါ့။ တစ်ခါမြန်မာပြည်ကို ဟီလာရီ ကလင်တန် လာလည်တုန်းကလဲ ကျွန်တော်နဲ့ တွေ့ထားခဲ့ဖူးတာဆိုတော့ အမေရိကန်နိုင်ငံရဲ့ state departmentမှာ ဆွေးနွေးပွဲ လုပ်ဖို့လဲ စီစဉ်ထားပါသတဲ့။ အရေးကြီးတာကတော့ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးလဲ ဖြစ်၊ ဒီမ

ဟိုချီမင်းစိတ်ဓာတ် Star Bucks နှင့် ကွန်မြူနစ်ရဲ့ တေးဂီတ - ဇော်သက်ထွေး

ဟိုချီမင်းစီးတီး တစ်ဖြစ်လဲ ဆိုင်ဂုံမြို့ကို လေယာဉ်ဆိုက်တော့ ညနေစောင်းနေပါပြီ။ ရန်ကုန်ကနေ ဟိုချီမင်းစီးတီးကို ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်နဲ့ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်ကို ကျော်ဖြတ်ပြီး သွားရပေမယ့် လေယာဉ်ပျံသန်းချိန်ဟာ ၂နာရီ မိနစ်၅၀ပဲ ရှိပါတယ်။ ကျွန်တော်တို့ ခရီးရဲ့ ရည်မှန်းချက်ကတော့ ဘောလုံး စန်းထနေတဲ့ မြန်မာနိုင်ငံက ရှုံးထွက်ချန်ပီယံ ဧရာဝတီယူနိုက်တက် ယှဉ်ပြိုင်မယ့် တိုယိုတာမဲခေါင်ဖလား ဘောလုံးပွဲကို သွားရောက်ကြည့်ရှုခြင်းပဲ ဖြစ်ပါတယ်။

အပင်ပေါ်က ဆီးသီးကိုမှ စားချင်တဲ့ သမီးတော်အတွက် ဆီးပင်တက်ခဲ့ရတဲ့ အရာရှိကြီး သမီးတော်ရာဇ၀င်(၁၆) - လက်စောင်းထက်

နှစ်ပေါင်း ၃၀နီးပါး တန်ခိုးထွားခဲ့တဲ့ အာဏာရှင်ကြီးဟာ နွေရာသီကာလ ရောက်ပြီဆိုရင် သူ့ရဲ့ စံနန်းတော်ကတော့ ပြင်ဦးလွင်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရာရှိ စစ်သည်တွေ သင်တန်းဆင်းရင်လည်း သင်္ကြန်အပြီးမှာ ကျင်းပပြုလုပ်လေ့ရှိတယ်။ တစ်ခါတစ်ရံ ပြင်ဦးလွင်မှာ အနားယူလို့ ငြီးငွေ့လာရင် မန္တလေး ဆင်းပြီးတော့လည်း ဈေးဝယ်ထွက်တတ်ပါတယ်။

 

နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေး ပြဿနာကို မီးမောင်း ထိုးပြပေးသွားတဲ့ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ ဈာပန - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

လွန်ခဲ့တဲ့ တစ်လခန့်ကစပြီး မွန်ပြည်နယ်၊ ကျိုက်မရော မြို့ပေါ်မှာ လူမြင်သူမြင် ဖမ်းဆီးခံခဲ့ရပြီး လူမသိသူမသိ သေဆုံးသွားပြီလို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့သူ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုဟာ ယခု သီတင်းပတ်အတွင်း မြန်မာနိုင်ငံတွင်းက ပြည်သူများ သာမက နိုင်ငံတကာကပါ စိတ်ဝင်တစား လေ့လာစောင့်ကြည့်ခဲ့ကြတဲ့ ပြဿနာ တစ်ရပ်ဖြစ်ပါတယ်။

 

ကပ်ဆေးမိုး - မာဂျေ

ရွာလိုက်တဲ့မိုးဗျာ၊ ဇော်ဝင်းထွဋ်ရဲ့ ဆေးပေါင်းခတဲ့ညတောင် ပျက်သွားတယ်။ သူ့ခမျာ သင်္ဘောကြီး ငှားပြီး ရန်ကုန်မြစ်ထဲမှာ အစုန် အဆန်မောင်းရင် သီချင်းတိုက် ထားရတာ။ ပြည်သူ့ရင်ပြင်ထဲမှာ ဆိုဖို့ လုပ်ထားတာလေ။ အမိုးက မရှိလေတော့ မိုးကတစ်ရက်တိတ်နိုးနဲ့ စောင့်ရင်း မစဲလေတော့ မရတော့ဘူးဟ အမိုးမိုးကြဆိုပြီး မိုးလိုက်တာ ဆိုရမဲ့ ညအထိ မပြီးတော့ဘူး။ တန်ဆောင်တိုင် လပြည့်နေ့မှာ စီးပွားရှာမယ်လို့ အားခဲထားသူတွေ ဂျွမ်းပြန်သွားတဲ့ မိုးပေါ့။

ပြန်ကြားရေး ၀န်ကြီးဌာနမှ တရားစွဲမှုအပေါ် တရားရေးအရ ပြန်လည် ဖြေရှင်းသွားမည်ဟု သံတော်ဆင့် ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာကဆို

သံတော်ဆင့် သတင်းဂျာနယ်အား ပြန်ကြားရေး ၀န်ကြီးဌာနမှ ပုဒ်မ ၂၅/ခဖြင့် တရားစွဲဆိုမှု အပေါ် သံတော်ဆင့် ဂျာနယ်မှ တရားရေးအရ ပြန်လည်ဖြေရှင်း သွားမည်ဟု တာဝန်ခံ အယ်ဒီတာ ဦးအောင်စိုးလင်းမှ Tomorrow ဂျာနယ်သို့ ပြောသည်။

 

“ယခုလာမယ့် နိုဝင်ဘာ ၁၄ရက်နေ့မှာ နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ အမှု သွားရင်ဆိုင်ရမှာပါ။ ပြန်ကြားရေး ၀န်ကြီးဌာနက ကျွန်တော်တို့ ဂျာနယ်ကို တရားရေးအရ စွဲတဲ့အတွက် ကျွန်တော်တို့ကလည်း တရားရေးနဲ့ပဲ ပြန်လည် ဖြေရှင်းသွားမှာပါ။ တခြားနည်းလမ်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ ဒါကြောင့် အမှုကို ရင်ဆိုင်သွားမှာပါ”ဟု သံတော်ဆင့် ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ဦးအောင်စိုးလင်းက ပြောသည်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ထူထောင်ခဲ့ခြင်းဖြစ်ဟု ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် တစ်ဦးပေါ်တစ်ဦး ယုံကြည်ရေးကို ရှေ့တန်းတင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ထုတ်ဖော်ပြောကြားခဲ့သည်။

 

တပ်မတော်သားများ အတွက် ဘတ်ဂျက်ငွေ တောင်းခံခြင်းမှာ ကာကွယ်ရေး ၀န်ကြီးဌာနနဲ့သာ သက်ဆိုင်ဟုဆို

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် ကာကွယ်ရေး ၀န်ကြီးဌာနမှ တပ်မတော်သားများ၏ သတ္တုတွင်း လုံခြုံရေး အတွက် တောင်းခံသည့် ဘဏ္ဍာငွေနှင့် ပတ်သက်ပြီး၊ ယင်းသို့ တောင်းဆိုခြင်းမှာ ကာကွယ်ရေး ၀န်ကြီးဌာနနှင့်သာ သက်ဆိုင်သည်ဟု လွှတ်တော် ကိုယ်စားလှယ် အချို့မှ ပြောကြားခဲ့သည်။

 

Pages