November 2014

ကမ္ဘာမကြေ သီချင်းသံများ၊ ဆန္ဒဖော်ထုတ်မှုများဖြင့် စီညံခဲ့သော ကိုပါကြီး၏ နောက်ဆုံးခရီး

အလွတ်တန်း သတင်းထောက် ၊သုံးရောင်ခြယ် အဖွဲ့ဝင် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး၏ ရုပ်အလောင်းအား  ကိုပါကြီး၏ ဇနီးဖြစ်သူနှင့်အတူ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ စုပေါင်း၍ နိုဝင်ဘာ၊၇ရက်နေ့၊ ညနေတွင် ရန်ကုန်မြို့ရှိ ရေဝေးသုဿန်၌ ဂူသွင်း သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

 

ယနေ့ခေတ် သတင်းသမားများ လုံခြုံမှုမရှိတော့ဟု တရားလွှတ်တော် ရှေ့နေ တစ်ဦးသုံးသပ်

ယနေ့အချိန်အခါတွင်  ယူနတီ ဂျာနယ်၊ သံတော်ဆင့် ဂျာနယ်၊ ဘိုင်မွန်းတည့်နေ အစရှိသည့် ဂျာနယ်များ အနေဖြင့် အရေးယူ ခံနေရခြင်းကို ကြည့်ခြင်းအားဖြင့် ယနေ့ခေတ် သတင်းသမားများသည် လုံခြုံမှု လုံးဝ မရှိတော့ဘဲ ဒုက္ခများ ကြုံကြရတော့မည့် ပုံစံဖြစ်နေသည်ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးမှ သုံးသပ် ပြောကြားခဲ့သည်။

 

ရန်ကုန်မြို့သစ် စီမံကိန်း ပြန်လည် စတင်နိုင်ရန် ရှောက်စန်းမှ ကြိုးပမ်းမှုများ ပြုလုပ်နေဟုဆို

စီမံကိန်း ဖျက်သိမ်းခဲ့သော ရန်ကုန်မြို့သစ် စီမံကိန်းအား ပြန်လည်စတင်နိုင်ရန် အတွက် ရှောက်စန်းမှ ကြိုးပမ်းမှုများ ပြုလုပ်နေကြောင်း ၄င်းနှင့်နီးစပ်သော အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

 

အဆိုပါ ကြိုးပမ်းမှုများထဲတွင် ပထမဦးဆုံးခြေလှမ်း အဖြစ် သတင်းဂျာနယ် တစ်ခု ထူထောင်၍ ပြည်သူများ၏ ယုံကြည်မှုကို ရယူပြီး မြို့သစ် စီမံကိန်းအား ပြန်လည်စတင်နိုင်ရန် ခွင့်ပြုချက် ရရှိသည်အထိ ကြိုးပမ်းသွားမည် ဖြစ်သည့်အပြင် ၄င်း၏ အတွေးအမြင် အာဘော်များလည်း ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်ဟုလည်း အဆိုပါ အသိုင်းဝိုင်းနှင့် နီးစပ်သူ တစ်ဦးက Tomorrow သတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။

သဲများနစ်မြုပ်နေသော ကျောင်းသည် ကလေးများအတွက် အန္တရာယ် ရှိနေသဖြင့် သက်ဆိုင်ရာမှ လာရောက်ပြုပြင်ပေးစေလို

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ဖုန်ကုန်းကျေးရွာ အုပ်စု၊ စည်ပင်ရွာ (န) အမှတ် ၂၈ မူလတန်း ကျောင်းသည် မိုးရာသီတွင် စာသင်ခန်းအတွင်းထိ မိုးရေများ၊ သဲများ ၀င်လာခြင်း ကျောင်း၏ မြောက်ဘက်၌ ရေတိုက်စား၍ ပါလာသော သဲများသည် သဲချောင်းကြီးဖြစ်၍ ကလေးများ စာသင်ရန် အခက်အခဲ ဖြစ်နေသည့် အတွက် သက်ဆိုင်ရာမှ လာရောက် အကူအညီ ပေးစေလိုကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

 

ဆေးထိုးမှား၍ လမ်းမလျှောက်နိုင်သော ကလေးငယ် ခွဲစိတ်ကုသရန် လိုအပ်နေ

မကွေးတိုင်း ဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကြိုးကျေးရွာတွင် နေထိုင်သည့် အသက် ၁၂နှစ် အရွယ်၊ (ဆဋ္ဌမတန်း)အရွယ် ကလေးငယ်မှာ နေမကောင်း၍ ဆေးထိုးရာမှ ဆေးထိုး မှားခဲ့သောကြောင့် ညာခြေထောက်မှာ ထုံကျင်လာပြီး လမ်းမလျှောက်နိုင်သော ဝေဒနာအား လွန်ခဲ့သော ခြောက်လခန့်မှ စ၍ ခံစားနေရကြောင်း သိရသည်။

 

အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုသည် မြန်မာပြည်သူကိုသာ ထိခိုက်စေပြီး တရုတ်နိုင်ငံကို အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေဟုဆို

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ထားခြင်းများသည် တရုတ်နိုင်ငံ အတွက် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်နေကာ အကျိုးအမြတ် များစွာ ဖြစ်ထွန်းနေပြီး၊ ပြည်တွင်းရှိ ပြည်သူများသာ ဆင်းရဲကျပ်တည်းမှု များစွာ ကြုံတွေ့နေရသည်ဟု စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်စန်းက ပြောကြားသည်။

 

“မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု လုပ်လိုက်တော့ တရုတ်ပဲ အမြတ်ရသွားတယ်။ အဲဒီတုန်းက ၈၀ ရာခိုင်နှုန်းသော အထည်ချုပ်တွေ ပိတ်လိုက်ရတော့ ပြည်သူတွေလည်း နစ်နာသွားတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။

တောင်သမာန်အင်းကြီးအား ယခင်အတိုင်း သဘာဝရေဝေရေလဲအင်း ဖြစ်လာစေလိုဟု ဒေသခံများဆို

မန္တလေး၊ အမရပူရမြို့နယ် အတွင်းရှိ ဦးပိန်တံတားအား ရေရှည်တည်တံ့ခိုင်မြဲစေရန် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ တံတားကြီး တည်ရှိရာ တောင်သမန်အင်း၏ နွေ၊ မိုး၊ ဆောင်း သုံးပန်လှ အလှကို ယခင်ရေဝေရေလဲ အင်းအဖြစ် ပြန်လည်ရှိစေလိုကြောင်း ဒေသခံများက ပြောကြားသည်။

 

အရက်ကြောင့် သမီးအရင်းကို မှားယွင်းမိပြီး မွေးလာသော ကလေးအား မွေးပြီးပြီးချင်း သတ်ပစ်ခဲ့သူအား အင်းတော်ရဲစခန်းမှ ဖမ်းဆီးအရေးယူ

“မီးဖွားသည့်ညက မိုးအလွန်ရွာနေပြီး ညီအစ်မ (၂)ယောက် အတူအိပ်နေရာမှ အစ်မဖြစ်သူက ဗိုက်နာတယ် ခါးနာတယ်ပြောပြီး နှိပ်ခိုင်းသဖြင့် နှိပ်ပေးခဲ့ကြောင်း၊ ကလေး အသံကြားရသော အခါမှ အံ့သြသွားခဲ့ရဟု ကာယကံရှင် မိန်းကလေး၏ ညီမဖြစ်သူက ပြောကြား…….”

 

အရက်မူးလွန်ရာမှ သမီးအရင်းအား မှားယွင်းခဲ့မိသဖြင့် မွေးဖွားလာသော ကလေးအား ၀မ်းဗိုက်အတွင်းမှ ထွက်လာလာချင်းပင် ရှက်စိတ်ဖြင့် ရက်စက်စွာ သတ်ပစ်ခဲ့သော ဖြစ်စဉ်တစ်ခု စစ်ကိုင်းတိုင်း ဒေသကြီး၊ အင်းတော်မြို့နယ်၊ ထန်းတောကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ရှိ ၀ိနည်းမညီသော သံဃာအချို့၏လုပ်ရပ် ထိန်းသိမ်းပေးရန် ဒေသခံများမှ လိုလားနေ

မန္တလေးမြို့ အတွင်းရှိ ကျောင်းတိုက်အချို့မှ သံဃာအချို့မှာ  ဗုဒ္ဓသာသနာ ဂုဏ်ကျက်သရေကို ညှိုးမှိန်စေသည့် အပြုအမူများ ပြုလုပ်နေကြသဖြင့် ယင်းပုံရိပ်များမှာ အခြားသော ရဟန်း သာမဏေတွေများကိုပါ အကြည်ညိုပျက်လာစေနိုင်၍ ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

 

အဆိုပါ သင်္ကန်း အရေခြုံအချို့မှာ လူမြင်ကွင်း စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်များတွင် နေ့လွဲ ညစာ စားသုံးခြင်း၊ အရက်သေစာ သောက်စားမူးယစ်ခြင်း၊ ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်များ၌ အလှူခံလျက် ရှိနေကြကြောင်းလည်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်မှု့ နောက်ဆုံးအဆင့်သို့ ရောက်ရှိ

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော် ဆောင်ရွက်ရန် နောက်ဆုံးအဆင့်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်း၊ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာလုပ်သားများအား စီမံကိန်း ပထမပိုင်းတွင် ၂၅ ရာခိုင်နှုန်း ဒုတိယပိုင်းတွင် ၅၀ ရာခိုင်နှုန်း၊ တတိယပိုင်းတွင် ၇၅ ရာခိုင်နှုန်းနှင့် စတုတ္ထပိုင်းအဖြစ် ၁၀၀ ရာခိုင်းနှုန်းအထိ ပြည်ပ ပညာရှင်များနှင့် တွဲဖက်ကာ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်စေရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

Pages