January 2015

မန္တလေးက တရုတ်ခရိုနီသူဌေး ဂရိတ်ဝေါ ဦးတင်မောင်အကြောင်း ထပ်မံဖော်ထုတ်တွေ့ရှိချက်များ (သို့မဟုတ်) ဗိုလ်ချုပ်ကြီးများကိုမွေး၍ အချိန်တိုအတွင်း သူဌေးဖြစ်လာသူ တရုတ်တစ်ယောက်အကြောင်း

သံဖနောင့် အသိတွေထဲမှာ မြန်မာလူမျိုး သူဌေးတွေ အများကြီး ရှိပါတယ်။ အရပ်အခေါ်တော့ ခရိုနီပေါ့။ ဒါပေမယ့် အဲဒီမြန်မာ ခရိုနီတွေဟာ တရုတ်ခရိုနီ၊ ကုလားခရိုနီ (တရုတ်၊ကုလားလို့ ရေးတာ မကြိုက်ရင်တော့ လဲသေကြပါ) တွေလောက် အခွင့်အရေးတွေ မရပါဘူး။ အရင်ခေတ်က အဘ စစ်ဗိုလ်ချုပ်ကြီးတွေဟာ အာဏာရှင်အိမ်ကို ကန်တော့ပန်း ဆင်နိုင်ဖို့ သူဌေးလို့ ထင်ရသူတွေကို အလုအယက် မွေးကြပါတယ်။ အဲဒီလို မွေးရာမှာ မြန်မာလူမျိုး သူဌေးတွေကို မွေးရင် သတင်း ပြန်ပေါက်ကြားတယ်ဆိုပြီး မြန်မာ စကားမတတ်တဲ့ တရုတ်တွေ၊ ကုလားတွေကို အလုအယက် မွေးကြပါတော့တယ်။ စစ်ဗိုလ်ချုပ်ကြီးတွေသာ သူဌေးမွေးတယ် ပြောတာ။ သူဌေးတွေ ဘက်ကလည်း လူကြီးမွေးတာ တိရိစ္ဆာန်မွေးတာ ထက်ပိုပြီး

ဗိုလ်မှူးချုပ်အောင်ကြီး (သို့မဟုတ်) တပ်မတော်အပေါ် သစ္စာရှိသူတစ်ဦး - ကိုရင်မောင်

ဗိုလ်မှူးချုပ် အောင်ကြီးသည် မြန်မာ့ တပ်မတော်တွင် ဗိုလ်ချုပ်ကြီး နေ၀င်းနောက် ဆက်ခံသူအဖြစ် နံပါတ်တစ် ပြေးခဲ့သူ ဖြစ်ပါသည်။ မြန်မာ့တပ်မတော်၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ၁၉၅၈ခုနှစ်၊ အိမ်စောင့်အစိုးရ အဖြစ် တပ်မတော်က တာဝန်ယူသည့် အပိုင်းတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။

မုန်းတယ် - မာဂျေ

မုန်းတယ်ဗျာ သိပ်မုန်းတယ်။ ကိုယ့်တိုင်းရင်းသား ပြည်သူတွေဆီက မြေတွေသိမ်းပြီး လူမျိုးခြားတွေ လက်ထဲကို ထည့်နေတာတွေကို မုန်းတယ်။ မြန်မာနိုင်ငံက စီမံကိန်းလို့ အမည်တပ်ထားတဲ့ မြေတွေ အားလုံးလောက်နီးနီး သူများနိုင်ငံက ငတ်လို့ မြန်မာနိုင်ငံထဲ ထွက်ပြေးလာသူတွေ လက်ထဲမှာ ရောက်နေတာကို မုန်းတယ်။

ကျွန်တော် သေဒဏ်ကျခဲ့သော ၁၇လ ၁၇ရက် (၈) (၂၀၀၃ အကောင်းဆုံး ဇာတ်ပို့ဆုရခဲ့သည့် ခြင်ကျား (မအူပင်) ) - ဇော်သက်ထွေး

၂၀၀၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ၄င်းတို့နှစ်ဦးသည် ကြို့ပင်ကောက်မြို့၌ သိမ်းဆည်းထားသော ကျန်ရှိသည့် ချိန်ကိုက်မိုင်း တစ်လုံးအား တပ်ဆင်ယူဆောင်ကာ ရန်ကုန်မြို့သို့ လာရောက်ခဲ့ကြောင်း၊ မင်္ဂလာဈေးတွင် မိုင်းထောင်ဖောက်ခွဲရန် နေရာ ရွေးချယ်ခဲ့ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စန်းနိုင်(ခ)ရဲသီဟ၊ နော်အေးမာတို့နှင့် ဖုန်းအဆက်အသွယ် ပြုလုပ်၍ လုပ်ငန်း အသုံးစရိတ် ငွေတောင်းခံခဲ့ကြောင်၊ စန်းနိုင်တို့မှ ငွေပို့ပေးနိုင်ခြင်း မရှိသဖြင့် မင်္ဂလာဈေးအား မိုင်းထောင်ခြင်း မပြုလုပ်သေးဘဲ စောင့်ဆိုင်းနေခဲ့ကြောင်း၊ ယင်းသို့ စောင့်ဆိုင်းစဉ် ဇူလိုင် ၁၉ ရက်နေ့တွင် ရန်ကုန် မြို့တော်ခန်းမနှင့် သူရဲကောင်းစစ်သည် ဗိမာန်၊ မင်္ဂလာစေ

MNL ပွဲစဉ် ၃ ၌ ဧရာဝတီ၊ ရတနာပုံနှင့် ရန်ကုန်တို့ နိုင်ပွဲဆက်လက်ရရှိနေ

၂၀၁၅ MNL ပွဲစဉ် ၃အား ဆက်လက်ကျင်းပခဲ့ရာ ဧရာဝတီ ယူနိုက်တက်က ပုသိမ်မြို့ရှိ ကျောက်တိုင် အားကစားကွင်းတွင် ပထမဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် မနောမြေ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပွဲစဉ်တွင် ဧရာဝတီ ယူနိုက်တက် အသင်းက ရှုံးထွက်ဖလားနှင့် ချရတီဖလားများကို တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ အပ်နှံခဲ့ပြီး၊ အသင်းကွင်းဖွင့်ပွဲ အခမ်းအနားကို နာမည်ကြီး တေးသံရှင်များဖြင့် ဖျော်ဖြေခဲ့ကြသည်။

တူရွင်းတောင်ပေါ်က ခုန်ချလိုက်ရမလား (သမီးတော်ရာဇ၀င် - ၂၄) - လက်စောင်းထက်

အမှန်တကယ်တော့ သမီးတော်တွေအကြောင်း  ဘာရယ် မဟုတ်ဘူး ရေးလိုက်တာ တော်တော် များသွားပါပြီ။ သူတို့နဲ့ပတ်သက်တဲ့ ရင်သပ်ရှုမောစရာ၊ အံ့သြစရာ၊ လှောင်ချင်စရာတွေလည်း ကုန်သလောက် ရှိသွားပါပြီ။  ကျွန်တော်လည်း ငြီးငွေ့လာလို့ ဆက်မရေးချင်တော့ပါဘူး။ ဒါကြောင့် သမီးတော်ကနေ ဇနီးတော်များဆိုပြီး ပြောင်းရေးခဲ့ပါတယ်။ ဒီလိုပြောင်းရေးတဲ့ အပတ်ကစပြီး ကျွန်တော့်ကို ဖုန်းနဲ့တစ်မျိုး၊ စာနဲ့တစ်သွယ် ဇနီးတော် မြောက်မြားစွာက ခြိမ်းခြောက်လိုက်ကြတာ မျိုးစုံပါပဲ။ သူတို့တွေက ခင်ပွန်းသည်တွေရဲ့ အခွင့်အာဏာ ဥစ္စာဓနတွေနဲ့ ရမ်းချင်တိုင်းရမ်း ကဲချင်တိုင်းကဲပြီး ခုမှ ပေထက် အက္ခရာတင်ခံရမှာကို ကြောက်နေကြပုံ ပေါ်ပါတယ်။ ဇနီးတော်တွေ အကြောင်းရေးရင် က

FAဖလား စတုတ္ထအဆင့်တွင် နာမည်ကြီး အသင်းကြီး အများစုရှုံးနိမ့် (FAဖလားအပေါ် သပိတ်မှောက်ခြင်းလော)

FAဖလား စတုတ္ထအဆင့်ပွဲစဉ်များကို စနေ၊ တနင်္ဂနွေနေ့များတွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ ချယ်ဆီးလ်၊ မန်စီးတီး၊ ဆောက်သမ်တန်၊ စပါးအသင်းများ ရှုံးနိမ့်ခဲ့ရသလို မန်ယူ၊ လီဗာပူးလ်၊ ဆန်းဒါးလန်း အသင်းကြီးများမှာ ပြိုင်ဘက်အသင်းကို သရေဖြင့်သာ ကျေနပ်ခဲ့ရသည်။ ပရီးမီးယားလိဂ်တွင် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်နေသော ချယ်လ်ဆီးအသင်းမှာ League One (အင်္ဂလန် ပထမတန်း) ကလပ် ဘရန့်ဖို့ဒ်စီးတီးကို အိမ်ကွင်း၌ ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသလို၊ မန်စီးတီး အသင်းကလည်း လိဂ်ချန်ပီယံကလပ် မစ်ဒယ်ဘရော့ အသင်းကို အိမ်ကွင်း၌ ရှုံးပွဲ ကြုံတွေ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ မန်စီးတီး အသင်းမှာ အင်အား တောင့်တင်းသည့် လူစာရင်းဖြင့် ပွဲထွက်ခဲ့သော်လည်း

တူရကီတွင် မြန်မာယူ-၂၀ အသင်းခြေစွမ်းပြလျှက်ရှိ

တူရကီနိုင်ငံတွင် ခြေစွမ်းပြလျှက်ရှိသော မြန်မာယူ-၂၀ အသင်းသည် ပထမဦးဆုံး ခြေစမ်းပွဲတွင် တာဂျစ်ကစ္စတန်ကလပ်  Tara 2 အသင်းအား ခြေစွမ်းပြပြီး ၂ ဂိုးစီ သရေကစားခဲ့သလို အဇာဘိုင်ဂျန် ယူ-၂၁ အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရယူခဲ့သည်။ အဇာဘိုင်ဂျန် အသင်းနှင့်ပွဲတွင် ၁ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့ရာမှ ပွဲပြီးခါနီး ၁၃ မိနစ်တွင် ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၂၀ အသင်းသည် တတိယမြောက် ခြေစမ်းပွဲအဖြစ် အီရန်ယူ-၂၂ အသင်းနှင့် ခြေစမ်း ကစားရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ပြယ်ခဲ့ရသည်။

ခရီးသွားပြည်သူများ၏ သွားလာရေး အခက်ခဲများ ဖြေရှင်းနိုင်ရန် BRT ယာဉ်လိုင်းပြေးဆွဲရေး စီမံကိန်းနှင့် အများပိုင် မော်တော်ယာဉ် ကုမ္ပဏီဖွဲ့ရေးစီစဉ်

ရန်ကုန်မြို့တွင် ခရီးသွား ပြည်သူများ ယာဉ်ကြောကျပ်တည်းမှုက ဖြေရှင်းရန်အတွက် BRT ယာဉ်လိုင်း ပြေးဆွဲရေး စီမံကိန်းကို ပြည်ပ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းကာ လာမည့် ဘဏ္ဍာနှစ်မှစတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။

အဆိုပါ BRT စနစ် စတင်မည် ဆိုပါက ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ဝေဇန္တယာလမ်းတို့ကို လျာထား ရွေးချယ်ထားပြီး သတ်မှတ်လမ်း အကျယ်များ ရှိခြင်းကြောင့် အခြားယာဉ်လိုင်း၊ အိမ်စီးကားများ သွားလာမှုကို မထိခိုက်စေဘဲ အသုံးပြုကာ သွားလာနိုင်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။

မန်းရွှေစက်တော် ဘုရားပွဲတော် ကာလတွင် ဌာနဆိုင်ရာ တည်းခိုဆောင်များ ပြန်လည် ရောင်းချပါက ထိရောက်စွာ အရေးယူမည်ဟု ဂေါပကအဖွဲ့ထုတ်ပြန်

မန်းရွှေစက်တော် ဘုရားပွဲတော် ကာလတွင် ဌာနဆိုင်ရာ တည်းခိုဆောင်များကို ပြန်လည် ရောင်းချခြင်း မပြုလုပ်ရန် ခံဝန်ဂတိထိုးရမည် ဖြစ်ပြီးး ရောင်းချမှုများ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌက တရားဝင် ပြောကြားသည်။

“အခုလို ပွင့်လင်းလာတဲ့ ခေတ်မှာ ဌာနဆိုင်ရာတွေက ဘုရားမြေ ရောင်းစားတယ်လို့ အပြောမခံနိုင်ပါဘူး။ အခုတော့ ၀န်ခံဂတိ ပြုလုပ်တဲ့ကြားက ရောင်းစားခဲ့ရင် ဘုရားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီ အဖွဲ့က ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု မန်းရွှေစက်တော် ဘုရား ဂေါပက ဥက္ကဋ္ဌက ပြောသည်။

Pages