February 2015

ကွမ်းလုံရက် (၄၀) တိုက်ပွဲမှသည် လောက်ကိုင်ဆီသို့ - ကိုရင်မောင်

မြန်မာ့တပ်မတော်၏ သမိုင်းတွင် အထူးထင်ရှားခဲ့သော ကွမ်းလုံ ရက် (၄၀) တိုက်ပွဲကို ဦးစီး ကွပ်ကဲခဲ့သော ကွယ်လွန်သွားပြီ ဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး ထွန်းရီကို နပိုလီယန်ဟု ခေါ်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒု-ဗိုလ်ချုပ်ကြီး ထွန်းရီသည် အရပ် ပုပျက်ပျက်၊ နဖူးကျယ်ကျယ်၊ ဆံကေသာ တို့သည် နပိုလီယန်နှင့် ဆင်သူဖြစ်ပါသည်။ ထို့ကြောင့် ၄င်းအား တပ်မတော်တွင် နပိုလီယန်ဟု တင်စားပြီး ခေါ်ကြပါသည်။

မဟုတ်တာဆိုရင် အတုခိုးတာ တယ်မြန် - မာဂျေ

ဖေဖော်ဝါရီ ၁၄ ရက်ဆိုတော့ ပြီးခဲ့ပါပြီ။ ဒါပေသိ အဲဒီဖေဖော်ဝါရီ ၁၄ ဆိုတာကြီးက နှစ်စဉ် လာနေမှာဆိုတော့ အမျိုးကောင်း သမီးတွေ ကျေကျေနပ်နပ်ကြီး နှစ်စဉ် ရေတိမ်နစ်နေမှာ စိုးလို့ ရေးလိုက်ရတာပါ။ လူမှု ကွန်ရက်တွေမှာ ကြည့်လိုက်ရင် ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်မှာ ရောင်းအကောင်းဆုံးက လိင်စိတ်ကြွဆေးတွေနဲ့ အရေးပေါ် ကိုယ်ဝန်တားဆေးတွေ ဆိုတာ ဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန်္ဒိယ နှစ်နိုင်ငံကြားမှာ တည်ရှိနေလို့ အဲဒီ နှစ်နိုင်ငံစလုံးက ယဉ်ကျေးမှုတွေက မြန်မာ့ ယဉ်ကျေးမှုစစ်စစ်တွေကို ထိုးဖောက်နေတဲ့ အထဲမှာ မြွေပူရာ ကင်းမှောင့် ဆိုသလို အနောက်တိုင်း ယဉ်ကျေးမှုတွေကိုပါ အမြန်နှုန်းနဲ့ မွေးစား နေတာကတော့ လွန်တယ်ထင်တယ်။ မြန

ကျွန်တော် သေဒဏ်ကျခဲ့သော ၁၇ လ ၁၇ ရက် - ၁၂ (တပ်ကြပ်ဇော်နီနှင့် အင်းစိန်ထောင်၏ သံမဏိစည်းမျဉ်းများ) - ဇော်သက်ထွေး

တွဲဖက် အကျဉ်းထောင် အဆောင်(၁) အရှေ့ခြမ်းတွင် နေ့ဘက် တာဝန်ကျသော ၀န်ထမ်းမှာ သူ့ရင်ဘတ်တွင် ရေးထိုးထားသော ကတ်ပြားအရ ဇော်နီဟု သိရပြီး ရာထူးမှာ တပ်ကြပ်အဆင့် ဖြစ်သည်။ တွဲဖက်ထောင်၏ တာဝန်ရှိ ၀ါဒါများအနက် အင်းစိန်ထောင်၏ စည်းမျဉ်းစည်းကမ်းများကို အတိအကျ အလိုက်နာဆုံးသူ အဖြစ် နာမည်ကြီးသည့် အတွက် ကျွန်တော်တို့ အဆောင်တွင် တာဝန်ချထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ကိုသားကြီးနှင့် ဝေလင်းဆန်းကို စည်းရုံး၍ မရသည့် အတွက် ကျွန်တော်၏ မြှားဦးမှာ  အကျဉ်းဦးစီးဌာန ၀န်ထမ်းများထံ လှည့်သွားသည်။ ပထမဦးဆုံး နေ့စဉ် တွေ့ဆုံနေရသော တပ်ကြပ် ဇော်နီနှင့် ရင်းနှီးရန် ကြိုးစားသည်။ သို့သော် ကျွန်တော်၏ ကြိုးပမ်းမှုက ထူးထူးခြားခြား မထိရောက်လှ

ပြည်မြို့တွင် စောရကတုံးကြောင့် အမျိုးသမီးများ ကျီးလန့်စာစားဖြစ်

ပြည်မြို့တွင် ဖေဖော်ဝါရီလ အတွင်း စောရကတုံး တစ်ဦး သောင်းကျန်းနေကြောင်း ပြည်မြို့နေ မြို့ခံလူများထံမှ သိရသည်။

“သူ့ရဲ့ ပုံသဏ္ဍာန်က တစ်ကိုယ်လုံးမှာ ဆေးမှင်ကြောင်တွေ ထိုးထားတယ်။ ကတုံးပုံစံနဲ့ ဂုတ်မှာကျတော့ ကြယ်ပုံပါတယ်။ ပြည်မြို့မှာ ပေါ်နေတာ ခုနှစ်ရက်ရှိပြီ၊ သောကြာနေ့ ညကတော့ ပွင့်လှသိမ်ကုန်း ရပ်ကွက်၊ စကားတောင် ရပ်ကွက်၊ နဂါးလိမ်လမ်းမှာ တွေ့တယ်။ စနေနေ့ညကတော့ ဆင်စု ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးပေါ်မှာ ငုတ်တုတ်ထိုင်နေတာကို တွေ့တယ်”ဟု ပြည်မြို့နေ ကိုသက်နိုင်က ပြောသည်။

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ကျောင်းတော်တိုင်လုံးများကို ရွှေအစစ်နှင့် ပန်းချီများ ရေးဆွဲ

မန္တလေးမြို့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး (ဘုရားကြီး) စံပယ်တော်မူသည့် ကျောင်းတော်ကြီး၏ တိုင်လုံးများကို ဘုရားကြီး ဘဏ္ဍာရွှေများထဲမှ ရွှေစင် တစ်ပိဿာကျော်ကို အသုံးပြုကာ ရွှေသားအစစ်ဖြင့် ရွှေချခြင်းနှင့် ရွှေပန်းချီများ ရေးဆွဲလျက်ရှိကြောင်း သိရသည်။

နေပြည်တော်-မကွေး လမ်းဘေးတွင် မီးရှို့သတ်ခံထားရသော အမျိုးသမီးဘေးမှ ကျည်ဆံခွံအရ တရားခံမှာ လက်နက်ကိုင်ခွင့်ရှိသော အရာရှိတစ်ဦး ဖြစ်နိုင်ဟုဆို

နေပြည်တော်-မကွေး (ကံပြား) လမ်း မိုင်တိုင်အမှတ် ၃ မိုင် နှင့် ၄မိုင်အကြားရှိ လမ်းဘေးတွင် မီးလောင်ကျွမ်းထားသော အမျိုးသမီးအလောင်း၏ ဘေးတွင် တွေ့ရှိရသော ကျည်ဆံခွံ၏ အခြေနေအရ တရားခံမှာ လက်နက် ကိုင်ဆောင်ခွင့်ရှိသော အဖွဲ့အစည်း တစ်ခုမှ ထိပ်တန်း အရာရှိ တစ်ဦး ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးမှ Tomorrow ဂျာနယ်သို့ သုံးသပ် ပြောကြားခဲ့သည်။

စစ်ဘေးရှောင် ဒုက္ခသည်များ ပိုမိုများလာသဖြင့် ကူညီရန် ရန်ပုံငွေများ လိုအပ်လာဟုဆို

လားရှိုးမြို့နယ် ရပ်ကွက်(၈)၊ရှိ စေတနာရှင် အဖွဲ့တွင် စစ်ဘေးရှောင် ဒုက္ခသည်များ တစ်နေ့တစ်ခြား ပိုမိုများလာသဖြင့် ဒုက္ခသည်များအား နေရပ်သို့ ပြန်ပို့ခြင်းနှင့် ကျွေးမွေးခြင်းများ ပြုလုပ်ရန် ရန်ပုံငွေများ လိုအပ်နေပြီ ဖြစ်ကြောင်း စေတနာရှင် အဖွဲ့မှ ကိုစန်းနောင်က ပြောကြားခဲ့သည်။

စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော လောက်ကိုင်ဒေသတွင် တရားဥပဒေ စိုးမိုးရေးကို ဖယ်ရှား၍ မဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

လောက်ကိုင် ဒေသအား စစ်ရေး လိုအပ်ချက်များအရ စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း တရားဥပဒေ စိုးမိုးရေးကိုမူ ဖယ်ရှား၍ မရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူး မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်သော လွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ၀ါဒဖြန့်မှုများ ဖုန်ကြားရှင် ပြုလုပ်နေ

ကိုးကန့်သောင်းကျန်းသူ အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်သည် နိုင်ငံတော် သမ္မတထံသို့ သနားငဲ့ညာပေးရန် တောင်းဆိုထားသော်လည်း တစ်ဖက်နိုင်ငံတွင်မူ မြန်မာ စစ်တပ်မှ တရုတ် မျိုးနွယ်စုများကို ဖမ်းဆီးနှိပ်စက်ကြောင်း ၀ါဒဖြန့် ပြောဆိုမှုများ ရှိနေသည်ဟု မြန်မာ့ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက တရားဝင် ပြောကြားခဲ့သည်။

မြန်မာ တိုင်းရင်းသား ကုမ္ပဏီများက လောက်ကိုင်ဒေသ တိုက်ပွဲဝင် စစ်သည်များသို့ လှူဒါန်းနေသော်လည်း မြန်မာနိုင်ငံတွင် အခွင့်အရေးများစွာ ယူထားသည့် တရုတ်နှင့်ကိုးကန့် ကုမ္ပဏီများ၏ လှူဒါန်းမှုများ မတွေ့ရ

မြန်မာနိုင်ငံ၏ အရှေ့မြောက် လောက်ကိုင် ဒေသတွင် အမိမြေကို ကာကွယ်နေသော တပ်မတော်သားနှင့် ကျဆုံး၊ ထိခိုက်ဒဏ်ရာရ တပ်မတော်သားများ အတွက် မြန်မာ တိုင်းရင်းသား ကုမ္ပဏီကြီးများက အလှူငွေများ ပစ္စည်းများ လှူဒါန်းနေသော်လည်း မြန်မာနိုင်ငံတွင် အစိုးရ အဆက်ဆက် အခွင့်ထူး ရယူနေသော တရုတ်နှင့်ကိုးကန့် ကုမ္ပဏီများ၏ လှူဒါန်းမှုများကို မတွေ့ရကြောင်း တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက Tomorrowသို့ ပြောပြသည်။

Pages