September 2015

ကျွန်တော် သေဒဏ်ကျခံခဲ့ရသော ၁၇ လ ၁၇ ရက် (၄၂) (မိလ္လာ တက်ချင်ရင် ဆေးလိပ်နှစ်လိပ် လိုတယ်) - ဇော်သက်ထွေး

ကျွန်တော့်အား အင်းစိန်ထောင် အမှတ်(၃) ထောင်ကျဆောင်သို့ ပြောင်းရွှေ့လိုက်သောအခါ ကျွန်တော့်ကို ကြိုနေသော အပေါင်းအသင်း တချို့ ရှိနေသည်။ ထိုသူများမှာ ကျွန်တော်နှင့် အားကစား လောကတွင် သာမက နိုင်ငံရေး လောကတွင်ပါ ခင်မင်သိကျွမ်းခဲ့ရသော ကိုထွဋ်(စိန့်ဂျွန်း) နှင့် စာပေလောကတွင် လူသိများသော ကိုမြင့်တို့ ဖြစ်သည်။ တိုက်ထဲမှ ပြောင်းရွှေ့လာသူများ အနက် ကျွန်တော်နှင့် ဦးနိုင်မင်းကြည်၊ ဦးအေးမြင့်တို့ကို အဆောင် ခွဲလိုက်သော်လည်း ကျွန်တော်၏ အမှုတွဲဖြစ်သော ကိုရွှေမန်းမှာ (၃)ဆောင်သို့ အတူပါလာသည်။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ပြုံးမိလိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် လွတ်မြောက်မည်ဟု ထင်ပြီး ပ

ဇာဂနာ သိလား မသိဘူး (၉) - ဇာဂနာ

အခုတလော ဇာဂနာ အတုတွေ ပေါနေတယ် ခင်ဗျာ။ Facebookမှာလည်း ဇာဂနာဆိုတာ အများကြီးပဲ။ ဟော အီးမေးလ်မှာလည်း ဇာဂနာတွေ တပုံကြီး ခင်ဗျာ။ ကိုယ့်နာမည် ကိုယ်မသုံးရတဲ့ ဘ၀။ ဟော ခုတစ်ခါ ဇာဂနာကို တုပပြီး နဘေကာရန် စကားလေးတွေ ပေါ်လာပြန်ပါပြီ။

ထိုင်းနိုင်ငံရဲ့ တရားဥပဒေ မဏ္ဍိုင် တည်ကြည်ခဲ့မည်ဆိုပါက မြန်မာ လူငယ်နှစ်ဦး လွတ်မြောက် လာနိုင်တော့မည် - ကျော်စွာမြင့်(၁၉၈၈-၉၂ ဗ.က.သ)

စက်တင်ဘာလ (၂၂)ရက်နေ့မှာ ထိုင်းနိုင်ငံ၊ လိပ်ကျွန်းပေါ်မှ လူသတ်မှုအတွက် ဖမ်းဆီး ခံထားရသူ မြန်မာ လူငယ်နှစ်ဦး အမှုကို ကော့စမွေ ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပါတယ်။ မနက်ပိုင်းမှာ ထိုင်းမှုခင်း ဆေးသိပ္ပံဌာနက DNA ကျွမ်းကျင်ပညာရှင် ဒေါက်တာ မော်လ၀ီ ထွက်ဆိုချက် ပေးပါတယ်။ သူက မြန်မာ လူငယ်တို့ဘက်က ရှေ့နေတွေရဲ့ တောင်းဆိုချက်အရ ပေါက်တူး၊ ဖိနပ်၊ ပီနံအိတ်တို့ကို ပြန်လည် စစ်ဆေးခဲ့တဲ့ သူပါ။ တွေ့ရှိချက်ကတော့ ပေါက်တူးရိုးပေါ်မှာ တွေ့ရှိရတဲ့ DNAတွေဟာ ဇော်လင်းနဲ့ မောင်မောင်တို့ရဲ့ DNAနဲ့ မတူကြောင်း အခိုင်အမာ ထွက်ဆိုခဲ့ပါတယ်။

သမားရိုးကျ မဟုတ်သော ဒေါင်လိုက် မာရသွန်ပြိုင်ပွဲ ခေတ်စားလာ

တရုတ်နိုင်ငံတွင် ပြီးခဲ့သော ရက်အတွင်းက သမားရိုးကျ မဟုတ်သော ထူးခြားသည့် မာရသွန်ပြိုင်ပွဲ တစ်ခုတွင် အထပ်ပေါင်း ၈၂ထပ်မြင့်သော China World Summit Wing Towerတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းမာရသွန် ပြိုင်ပွဲမှာ အလျားလိုက် ပြေးရခြင်း မဟုတ်ဘဲ ဒေါင်လိုက် လှေကားထစ်များတွင် ပြေးတက်ကာ ပြိုင်ရခြင်း ဖြစ်သည်။

အမြင့်မီတာ ၃၃၀ရှိပြီး လှေကားထစ်အားဖြင့် ၂၀၄၁ထစ်ရှိသော အထပ်ပေါင်း ၈၂ ထပ်ရှိသည့် တာဝါကြီးတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင်သူများသည် သာမန် အပြေးပြိုင်သူများထက် ကြံ့ခိုင်မှု ပိုမို ပြည့်ဝနေရန် လိုအပ်ကြောင်း သိရသည်။

သံဝါသပြုနေစဉ် ချစ်သူဟောင်း အမည်ကို နှစ်ကြိမ်တိုင်တိုင် မှားအော်ခဲ့မိသည့် အမျိုးသမီး အူများထုတ်ကာ အသတ်ခံရ

အမေရိကန် နိုင်ငံတွင် အမျိုးသမီး တစ်ဦးသည် ချစ်သူ အမျိုးသားနှင့် သံဝါသပြုနေစဉ် ရည်းစားဟောင်း အမည်ကို နှစ်ကြိမ်တိုင်တိုင် မှားအော်မိခဲ့၍ ချစ်သူ အမျိုးသားမှ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ဖြတ်တောက်ကာ အူများကိုလည်း လက်နှင့် ဆွဲထုတ်ကာ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖလော်ရီဒါ ပြည်နယ်တွင် နေထိုင်သော ၄င်းတို့ချစ်သူ နှစ်ဦးသည် တိုက်ခန်း တစ်ခုအတွင်း ရမ္မက် ပြင်းထန်စွာ သံဝါသပြုချိန်တွင် ချစ်သူဟောင်း အမည်ကို နှစ်ကြိမ်တိုင်တိုင် မှားအော်မိချိန်တွင် အမျိုးသားမှ ထိုးကြိတ်ခဲ့ပြီး နီးစပ်ရာ ပစ္စည်းများကိုလည်း ထုနှက်ရိုက်ခွဲခဲ့သည်။

ရေနစ်သူကို ကယ်ဆယ်ခဲ့သည့် သူနာပြုမလေး သမိုင်းတစ်လျှောက် အလှဆုံး သတို့သမီးအဖြစ် သတ်မှတ်ခံရ

တရုတ်နိုင်ငံတွင် ရေနစ်သော အမျိုးသား တစ်ဦးကို ကယ်ဆယ်ခဲ့သည့် သတို့သမီးကို သမိုင်းတစ်လျှောက် အလှပဆုံး အမျိုးသမီးတစ်ဦး အဖြစ် တင်စားကာ အများမှ ၀ိုင်းဝန်း ချီးကျူးလျက်ရှိကြောင်း သိရသည်။

မန်ယူ၊ အာဆင်နယ် ဂိုးပြတ်နိုင်ပြီး ပြိုင်ဘက်အသင်းကြီးများ သရေနှင့် အရှုံးကြုံတွေ့ခဲ့ရသည့် ပရီးမီးယားလိဂ် ပွဲစဉ်

ပရီးမီးယားလိဂ် ပွဲစဉ်(၇) ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင် ကစားကြရာ အာဆင်နယ်နှင့် မန်ယူအသင်းတို့ ဂိုးပြတ် အနိုင်ရရှိခဲ့ကြသော်လည်း မန်စီးတီးအသင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ချယ်လ်ဆီး အသင်းမှာလည်း နယူးကာဆယ် အသင်းကို အသည်းအသန် ကစားရကာ သရေ ရလဒ်သာ ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

အာဆင်နယ် အသင်းက လက်စတာစီးတီး အသင်းကို အဝေးကွင်းတွင် ဆန်းချက်ဇ်၏ ဟက်ထရစ် အပါအ၀င် ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မန်ယူ အသင်းမှာလည်း ဆန်းဒါးလန်း အသင်းကို ဒီပေး၊ ရွန်နီ၊ မာတာတို့၏ သွင်းဂိုးများဖြင့် ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

ဖီဖာ ဥက္ကဋ္ဌဟောင်း ဘလတ္တာ ကြွေးမြီပြဿနာများ အတွက် ဖြေရှင်းနေရ UEFA ဥက္ကဋ္ဌ ပလာတီနီကိုလည်း ဒေါ်လာ ၂ သန်း ပေးရန် ကျန်ရှိနေ

ပြီးခဲ့သော ရက်အတွင်းက ဆွစ်ဇာလန် အာဏာပိုင်များ၏ ဖော်ထုတ်ချက်များအရ ဖီဖာ ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာသည် ကြွေးမြီ အရှုပ်အရှင်းများစွာ ရှိနေပြီး UEFA ဥက္ကဋ္ဌ မီချယ်ပလာတီနီကိုပင် ကြွေးမြီများ ပေးရန် ကျန်ရှိနေသည်ဟု သိရသည်။

ဆွစ်ဇာလန် အာဏာပိုင်များ အနေဖြင့် ဘလတ္တာ ဖီဖာဥက္ကဋ္ဌ ရာထူး နုတ်ထွက်ချိန်မှ စ၍ သူ၏ ရုံးခန်းနှင့် အချက်အလက်များကို စစ်ဆေးခဲ့ရာ ယခုကဲ့သို့ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး သံတမန်အဖြစ် ချစ်သုဝေ တက်ရောက်

အမေရိကန် ပြည်ထောင်စု နယူးယောက်တွင် ကျင်းပနေသော အကြိမ်(၇၀)မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ (United Nations General Assembly)သို့ မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး သံတမန်အဖြစ် တေးသံရှင် ချစ်သုဝေ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 ကုလသမဂ္ဂ အထွေထွေ ညီလာခံအား အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ စက်တင်ဘာ ၂၅ရက်မှ ၂၇ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကာ ချစ်သုဝေ အနေဖြင့် ယင်းညီလာခံတွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ အပါအ၀င် အခြားသော အဖွဲ့အစည်းများမှ အကြီးအကဲများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် ရဲတိုက် ပါဝင်သည့် ဇာတ်ကားများ ဈေးကွက်သို့ ဖြန့်မည်

ဆာတိုရီ ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးထားပြီး ဖြန့်ချိခြင်း မပြုရသေးသည့် ရဲတိုက် ပါဝင် သရုပ်ဆောင်ထားသော ဇာတ်ကားများကို မကြာမီ ဈေးကွက်သို့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း ဆာတိုရီ ထုတ်လုပ်ရေး၏ ပရိုဂျူဆာ ဦးမျိုးဇော်က ပြောသည်။

“ဘာလို့ ထုတ်လုပ်ဖြန့်ချိဖို့ မလုပ်တာလဲဆိုတော့ အရင်နှစ်တွေက ဗီဒီယိုဈေးကွက်ဟာ ဆိုးရွားတဲ့ အခြေအနေတွေကြောင့်မို့လို့ ခေတ္တ ဆိုင်းငံ့ ထားလိုက်တာပါ။ ခုလို ဖြန့်ချိဖို့ ဆုံးဖြတ်တာကလည်း  ဗီဒီယို ဈေးကွက်က မကြာခင်မှာ ပြန်ကောင်းလာမယ့် အနေအထားမှာ ရှိတယ်။ ကျိန်းသေးတာတော့ နောက်နှစ်လ အကြာမှာ ထုတ်လုပ်သွားမယ်” ဟု ၄င်းက ပြောသည်။

Pages