October 2015

သံသယပျောက်ပြီး အမှန်ဘ၀ရောက်ပါစေ - အောင်မြင်သူ

၂၀၁၅ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ မဲပေးရန် ၁၂ရက်သာ လိုပါတော့တယ်။ တိုင်းရင်းသား ပြည်သူအပေါင်း တစ်ဦးအပေါ်တစ်ဦး သံသယတွေ ကင်းစင်စွာဖြင့် မဲရုံသို့ သွားရောက်ပြီး ကိုယ်နှစ်သက်ရာ ပါတီကို မဲပေးဖို့ လိုပါတယ်။ မဲစာရင်းမှား ကိုယ့်နာမည် မပါတာတွေ၊ လူဦးရေ ဖောင်းပွနေတာတွေ၊ နိုင်ငံခြားသံရုံး အသီးသီးမှာ ဖြစ်နေတာတွေ၊ မဲပေးသူ လူဦးရေများလို့ မနက် ၆ နာရီက ညနေ ၆ နာရီအတွင်း ထည့်၍မပြီးမှာ တွေးပူနေရမယ့်အချိန် မဟုတ်တော့ဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်လည်း နောက်တစ်ကြိမ်မှာ “အကျိုးဆောင်”ကုမ္ပဏီ ထောင်နိုင်အောင် ရွေးကောက်ပွဲ ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူနှင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ (ကျွန်တော်တို့

အရပ်ဘက် စစ်ဘက် ဆက်ဆံရေး တည်ဆောက်ရန် ၁၂ရက် ကျန်ပါသေးသည် - လက်စောင်းထက်

အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် နိုင်ငံတော်ပိုင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာတွေမှာ  မျက်နှာဖုံး ခေါင်းစဉ်တစ်ခုကို အားလုံးတွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ ခေါင်းစဉ်ကတော့ “မိတ္ထီလာမြို့ နှင့် မိတ္ထီလာ လွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွင်ပြင် ဖြစ်ရမည်”လို့ ဖော်ပြထားပါတယ်။ အဲဒီ ခေါင်းစဉ်ရဲ့ နောက်ခံအရောင်ဟာ အစိမ်းရောင်ဖြစ်ပြီး စာမျက်နှာပြည့် မျက်နှာဖုံး ဓာတ်ပုံမှာလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ၀န်ကြီးတွေ၊ မန္တလေးတိုင်း ၀န်ကြီးချုပ်၊ ဒုတိယ ၀န်ကြီးတွေနဲ့ အတူ ဒေသခံ ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်နေတာကို ဖော်ပြထားပါတယ်။ ဒ

မီဒီယာကိုချည်း အပြစ် လာ…လာ ပြောမနေနဲ့ - မာဂျေ

ဖေ့စ်ဘွတ်စ်ထဲမှာ ဖတ်လိုက်ရတယ်။ အောက်တိုဘာ ၁၆ရက် ညနေမှာ SSA၀မ်ဟိန်း အဖွဲ့က ၀ိန်းတောင်မှာ ရှိတဲ့ ခလရ (၂၈၆)ကို ၀င်တိုက်တယ်။ တပ်ရင်းက ရှေ့တန်းထွက်နေလို့ နောက်ချန်တပ်ဖွဲ့နဲ့ ရဲမေတွေ ရွတ်ရွတ်ချွံချွံ ခုခံလို့ SSAတွေ အလောင်းနှစ်လောင်း ကျန်ပြီး ဆုတ်ခွာ ထွက်ပြေးရတယ်။ နောက်တခါ လာတိုက်တော့လည်း အလောင်းခြောက်လောင်း ကျန်ပြီး SSAတွေ ဆုတ်ခွာ ထွက်ပြေးရတယ်။ ရဲမေတချို့နဲ့ ကလေးတွေ ထိခိုက်ဒဏ်ရာရတယ်။ အသေအပျောက် မရှိဘူးတဲ့။ ဒါဟာ ၀မ်းသာစရာ သတင်းတစ်ခုပါ။

ကျွန်တော် သေဒဏ်ကျခံခဲ့ရသော ၁၇လ ၁၇ရက် (၄၆) (ခွပ်ဒေါင်းပျိုရဲ့ အိမ်အပြန်) - ဇော်သက်ထွေး

“တန်းဖြုတ်”
“ဒေါင်...ဒေါင်...ဒေါင်”
ဟူသော ထောင်ဖွင့်သံချောင်း ခေါက်သံသည် ကျွန်တော့် နားထဲသို့ သာယာနာပျော်ဖွယ် ၀င်ရောက်လာသည်။ ယခု သံချောင်း ခေါက်သံသည် သေဒဏ်ကျခံခဲ့ရသော ကျွန်တော်၏ ထောင်သက်တမ်းအတွင်း နောက်ဆုံးကြားခဲ့ရသော သံချောင်းသံအဖြစ် မှတ်ယူလိုက်သည်။ အရပ်ဝတ် တစ်စုံကို အသင့်ဝတ်ဆင်ထားပြီး အဆောင်(၃)မှ မိတ်ဆွေများ၊ သူငယ်ချင်းများကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ ပစ္စည်းအားလုံး ဝေငှပေးပြီးပြီဖြစ်၍ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့် အိမ်ပြန်ရန် အသင့်ဖြစ်နေပြီ။

Global Witness ဆိုတာဘာလဲ

Global Witness ဆိုသည်မှာ ၁၉၉၃ခုနှစ်တွင် စတင် တည်ထောင်သော NGO ဖြစ်သည်။ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီနှင့် လန်ဒန်တွင် ရုံးဖွင့်ထားသည်။ အာရှတိုက်မှ မြန်မာ၊ ကမ္ဘောဒီးယား၊ ကာဇက်စတန်၊ တာခ့်မင်နစ္စတန်၊ အင်ဒိုနီးရှား၊ အာဖရိကတိုက်မှ အိုင်ဖရီကို့စ်၊ ဇင်ဘာဘွေ၊ ဂီနီယာ၊ ဒီမိုကရက်တစ်ကွန်ဂို၊ အင်ဂိုလာနှင့် လိုင်ဘေးရီးယား နိုင်ငံတို့၏ ဆင်းရဲမွဲတေမှု လာဘ်ပေးလာဘ်ယူမှု သယံဇာတ ထုတ်ဖော်သုံးစွဲမှုတို့ကို စောင့်ကြည့်  ထုတ်ပြန်နေသော အဖွဲ့ဖြစ်သည်။

“အကယ်၍ မိန်းမကိစ္စကြောင့် ကွဲခဲ့တယ်ဆိုတဲ့ သတင်း ဟုတ်ခဲ့တယ်ဆိုရင် သူရှုပ်ခဲ့တဲ့ အဲဒီမိန်းမက အစ်မ မဟုတ်ဘူးဆိုတာ သိစေချင်တယ်” - ရှင်းသန့်ဖြူ

လူတွေက သက်သက်မဲ့ လျှောက်ပြီးတော့ ရေးနေကြတယ်။ Page ကလည်း သူတို့ဘက်က မှားတင်မိတယ်ဆိုတဲ့ အကြောင်းကို ပြန်တောင်းပန်တယ်။  လူမှုကွန်ရက် စာမျက်နှာပေါ်မှာ Facebook အကောင့်တစ်ခုကနေ  ပုံတစ်ပုံ တင်ခဲ့တာကြောင့် ပျံ့နှံ့သွားတယ်လို့ ထင်တယ်။ အစ်မ တွေ့တွေ့ချင်းပဲ ပုံကို ဖျက်ခိုင်းလိုက်ပေမယ့် တင်ထားတဲ့ အကောင့်ပိုင်ရှင်က ပြန်ဖျက်ပေးပေမယ့်လည်း ဒီပုံက အွန်လိုင်းမှာ ပျံ့နှံ့သွားတယ်။

“ကျွန်တော် အိမ်ထောင်ရှိရက်နဲ့ ဖောက်ပြန်ခြင်း၊သစ္စာမဲ့ခြင်း မဟုတ်ပါဘူး” - ကောင်းဆက်နိုင်

“ကျွန်တော် အခုဖြစ်နေတဲ့ ပြဿနာ အရှုပ်အရှင်းကို ပထမတော့ မဖြေရှင်းဘဲ ထားလိုက်တော့ မလို့ပါ။ ဒါပေမဲ့ မဖြေရှင်းဘဲ ငြိမ်နေလိုက်ရင် ကျွန်တော် အမှားလုပ်တယ် ထင်မယ်။ ပြီးရင် ကျွန်တော်နဲ့ အခုလက်ရှိ ပတ်သက်နေတဲ့ တစ်ဖက်က မိကောင်းဖခင် မိန်းကလေး သိက္ခာတွေ ဆက်ကျနေမှာစိုးလို့ ခုလို ဖြေရှင်းစာတင်ရခြင်း ဖြစ်ပါတယ်။

မျက်မှောက်ကမ္ဘာ့ရေးရာ

ရုရှားရဲ့ လေးကြောင်း စစ်ဆင်ရေးကြောင့် ISများ မိန်းမလိုဝတ်ပြီး တူရကီထဲ ၀င်ပြေးနေရ
ရုရှား၏ လေးကြောင်း စစ်ဆင်မှုကြောင့် အမေရိကန်က ထောက်ပံ့အားပေးနေတဲ့ Free Syria Armyရဲ့ အကြီးအကဲဟာ သေဆုံးခဲ့ရတယ်။ သူဟာ ဆီးရီးယားစစ်တပ်က ဗိုလ်ကြီးအဆင့်ရှိသူ ဖြစ်ပြီး ပြည်တွင်းကာလမှာ သူပုန်တွေဖက်ကို ဘက်ပြောင်းလာခဲ့သူ ဖြစ်တယ်။

အာရှ ယူ-၁၉ပွဲ ပရိတ်သတ် အချို့၏ အပြုအမူကြောင့် ဒဏ်ကြေးနှင့် ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံရ

ပြီးခဲ့သည့်လက ကျင်းပပြီးစီးခဲ့သော အာရှယူ ၁၉ နောက်ဆုံး ပွဲစဉ်ဖြစ်သော ဗီယက်နမ် အသင်းနှင့် ပွဲစဉ်တွင် မြန်မာပရိတ်သတ် အချို့၏ အပြုအမူများကြောင့် AFCမှ ဒဏ်ကြေးငွေ ဒေါ်လာ ၂၅၅၀၀နှင့် ပရိတ်သတ် မပါပဲ ကွင်းပိတ်ပွဲ တစ်ပွဲ ကစားရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

အဆိုပါပွဲတွင် မြန်မာ ပရိသတ် အချို့မှာ ကွင်းအတွင်း တားမြစ်ထားသည့် မီးကျည်များ ထွန်းညှိခြင်း ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်းများ ရှိခဲ့၍ ယခုကဲ့သို့ အပြစ်ပေးခံရခြင်း ဖြစ်သည်။

Pages