December 2015

NLD သင်တန်းကို ရွှေစံအိမ်ဟိုတယ်တွင် ဖွင့်ခွင့်ပြုသည့် အတွက် ဦးတေဇနှင့် အစိုးရကြား ပြဿနာဖြစ် (မိမိအား ပြဿနာရှာ၍ ဖမ်းဆီးလိုလျှင် အင်းယာလမ်းခြံအမှတ် H100တွင် ရှိသည်ဟုဆို)

NLD အမတ်များ၏ Orientation သင်တန်းကို ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ရွှေစံအိမ် ဟိုတယ်တွင် ဦးတေဇက ဖွင့်ခွင့်ပေးခဲ့သည်။ သို့သော်လည်း ဒီဇင်ဘာ ၁၈ ရက်တွင် သမ္မတရုံး အတွင်းဝန် ဦးဇော်သင်းသန်းက ဖုန်းဖြင့် သင်တန်းကို နေရာရွေ့ခိုင်းခဲ့သလို ၂၁ ရက်နေ့တွင်လည်း ဟိုတယ်ခရီး ၀န်ကြီးက တရားဝင် ခေါ်ပြီး သင်တန်းကို နေရာရွှေ့ခိုင်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

နယ်စပ်မှလာသော လုပ်ငန်းသုံး စက်ယန္တရားများကို စသုံးလုံး စတင်စစ်ဆေး

တရုတ်နယ်စပ် ကန်ပိုက်တီး ၀င်ပေါက်မှတစ်ဆင့် တင်သွင်းလာသော စက်ယန္တရားကြီးများနှင့် ပတ်သက်၍ တင်သွင်းခွင့်ပြုသည့် အရေအတွက် တင်သွင်းခွင့်ပြုခဲ့သည့် ပုံစံနှင့် မြေပြင်တွင် ယင်းတရားဝင်စာရင်းထက် အပိုများရှိ မရှိ၊ ကချင်ပြည်နယ် အစိုးရ အစီအစဉ်ဖြင့် မြန်မာနိုင်ငံအတွင်း ၀င်ရောက်ခွင့်ပြုထားသည့် စက်ယန္တရားယာဉ် မည်မျှဆိုသည်ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးနေပြီဖြစ်ကြောင်း အဆိုပါ ဌာန၏ အရာရှိ တစ်ဦးက ပြောသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် အချို့၏ ဘဏ်ငွေစာရင်းများကို ဗဟိုဘဏ်က ထိန်းချုပ်

မြစ်ကြီးနားရှိ ပုဂ္ဂလိကဘဏ် အသီးသီးတွင် ဖွင့်လှစ်ထားသော ငွေစာရင်းများအနက် (၆)ခုကို ဗဟိုဘဏ်က ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ငွေသွင်း/ထုတ်ခွင့် တားမြစ်ပိတ်ပင်လိုက်ကြောင်း အမည် မဖော်လိုသူ ဘဏ်အရာရှိ တစ်ဦးထံမှ သိရသည်။

အဆိုပါ ငွေစာရင်းများကို သက်ဆိုင်ရာဘဏ်များက စစ်ဆေးကြည့်ရာက ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် နှစ်ဦး၏ ငွေစာရင်းများ ပါဝင်နေပြီး ကျန်ငွေစာရင်းများမှာ ကျောက်မျက် လုပ်ငန်းရှင်များ၏ ငွေစာရင်းများ ဖြစ်နေသည်ဟု သိရသည်။

အမှန်တရားအတွက် ပဟေဠိဖြစ်နေဆဲ ကျောက်တန်းမြို့နယ်မှ အမျိုးသမီးသေဆုံးမှု၏ နောက်ကွယ် - ဇေယျာ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ ကြိုးဆွဲချ သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော အမျိုးသမီးတစ်ဦး သေဆုံးမှုမှာ သာမန်အတိုင်း မိမိကိုယ်ကိုယ်ကို သတ်သေခြင်း မဟုတ်ပဲ အသတ်ခံရ၍ သေဆုံးသည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူမှ ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီးမှာ သန်လျင်၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာတွင် နေထိုင်သူ ဖြစ်ကာ ၂၀၁၅ နိုဝင်ဘာ၁၁ရက် နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်စဉ်၏နောက်ကွယ်

သဘာဝပတ်ဝန်းကျင် ဂေဟစနစ်အား ဥပဒေနှင့်အညီ ပူပေါင်းကာကွယ် ထိန်းသိမ်းရန် လိုအပ် - လင်းကိုကို

တနင်္သာရီကျွန်းစုများသို့ ခရီးသွားလုပ်ငန်းများ ၀င်ရောက်လာကြောင်း ခေါင်းစဉ်ဖြင့် ဖော်ပြထားသော မြန်မာ့သတင်းစဉ်၏ သတင်းတစ်ပုဒ် ၂၀၁၅ခုနှစ် အောက်တိုဘာလ ၃၀ရက် အင်္ဂလိပ်လိုထုတ်တဲ့ နိုင်ငံပိုင် သတင်းစာတွင် ဖတ်ရှု့ခဲ့ရပါသည်။ သတင်းတွင် မြန်မာနိုင်ငံ တောင်ပိုင်းရှိ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင်သို့ မိုးအကုန်ရာသီတွင် ခရီးသွားများ လာရောက်မှု တိုးတတ်လာကြောင်း၊ ၄င်းတို့အနက် မြောက်နီကျွန်း၊ သူရဲကျွန်း၊ ငမန်းကျွန်း၊ တာကျွန်း၊ လန်ပိကျွန်း၊ လှိုဏ်ဂူကျွန်း၊ ညောင်စီးကျွန်း၊ မီးချောင်းနှင့် မြောက်တော်ဝင်ကျွန်း၊ ကျွန်းအမှတ် ၆၀၊ ၁၁၅၊ ၂၅၄ နှင့် ၂၅၆တို့သည် နိုင်ငံခြား ခရီးသွားများအား ဆွဲဆောင်မှု အရှိဆုံးဖြစ်ကြောင်းန

ဂျူမုံလေးကိုယ်စား ပြောပေးပါ - ကျော်စွာမြင့် (၁၉၈၈-၉၂ ဗ.က.သ)

ရန်ကုန်မြို့နဲ့ ခရီးသည်တင် လိုင်းကားများ မဆင်မခြင်မောင်းနှင်တဲ့ ပြဿနာကို မီဒီယာတွေ ရေးရပြောရလွန်းလို့လည်း အပ်ကြောင်းထပ်နေပါပြီ။ ဒါပေမယ့် ယနေ့အထိတော့ ထိရောက်တဲ့ တိုးတက်မှု၊ ပြင်ဆင်မှု၊ ဆင်ခြင်မှုတွေ ဘာတစ်ခုမှ မတွေ့ရပဲ အခြေအနေတွေက ပိုပြီးဆိုးလာတာကိုသာ ကြားနေမြင်နေရပါတယ်။ ရန်ကုန်မြို့တော်မှာ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ Public Transport ခေါ်တဲ့ နံပါတ်အမျိုးမျိုး၊ အမည်အမျိုးမျိုး ပေးထားတဲ့ မထသဆိုသော ကော်မတီအောက်က ပုဂ္ဂလိက ခရီးသည်တင် မော်တော်ယာဉ် လိုင်းကားတွေ အသုံးပြုပြီး သွားလာလှုပ်ရှား ရုန်းကန်နေကြရပါတယ်။

ခရိုနီများနဲ့ ကျွန်တော် - ချစ်ဝင်းမောင်

(၁)
ခုခေတ်စကားနှင့် ပြောရလျှင် ကိုယ်က တော်တော်ပိန်းသူတွေထဲမှာ ပါသူလို့ ပြော၍ရသည်။ တစ်နည်းပြောရလျှင် လည်လည်ဝယ်ဝယ်မရှိ။ ဒီနေ့အထိ (ဒီအသက်အရွယ်အထိ) လုပ်တတ်တာ ဆိုလို့ မတောက်တခေါက် စာရေးတတ်တာရယ်၊ မဂ္ဂဇင်း၊ ဂျာနယ်၊ အယ်ဒီတာ လုပ်ဖူးတာရယ်ပဲ ရှိသည်။ ဒီအလုပ်တွေကလွဲပြီး တခြားအလုပ် မလုပ်တတ်သလို တခြားစီးပွားရေး အလုပ်တစ်ခုခု လုပ်ဖို့ ပြောလာလျှင်လည်း စိတ်ဝင်တစား မရှိတာအမှန်။

အစိုးရတစ်ရပ် ပြီးဆုံးသွားသောအခါ - ဇော်သက်ထွေး

လွန်ခဲ့သော ၁၀နှစ်က မြန်မာနိုင်ငံ၏ အလယ်ပိုင်း မြို့တစ်မြို့အနီးတွင် ပြဇာတ်ဆန်သော အမည်ဖြင့် နေပြည်တော်ဟူသော မြို့တော်ကြီး ပေါ်ထွန်းလာခဲ့သည်။ ၂၀၁၀ခုနှစ်တွင် နေပြည်တော်၌ တိုင်းသူပြည်သား လူအများ၏ အကျိုးစီးပွားများကို ဖော်ဆောင်နိုင်ခြင်း အလို့ငှာ လွှတ်တော်ဟူသော အဆောက်အအုံကြီးလည်း ပေါ်ထွန်းလာခဲ့လေသည်။ လွှတ်တော်၏ အဆောက်အအုံ အသီးသီး၌ တိုင်းပြည်အတွက် တရားမျှတသည့် ဥပဒေစည်းကမ်းများကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်းရန် ပထမဦးဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ပညာရှိ အမတ်များသည် တိုင်ပင်နှီးနှောကုန်လျက် ရှိကြလေသည်။ တိုင်းပြည်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဥပဒေပြုရေး မဏ္ဍိုင်တည်းဟူသော လွှတ်တော်သည် တိုင်းပြည်ကို အ

အစိမ်းရောင် ဖောင်းဝတ်များကြားက ရွေ့ရှားနေသော သံမဏိနှင်းဆီ - လက်စောင်းထက်

အချိန်မှာ ဒီဇင်ဘာ ၁၇ရက် ညနေ၆း၀၀။
နေရာမှာ နေပြည်တော် ဟိုတယ်ဇုန်အတွင်းရှိ မြန်မာနိုင်ငံ၌ အကောင်းဆုံး ဟိုတယ်ထဲတွင် တစ်ခုအပါအ၀င်ဖြစ်သော Kempinsky ဟိုတယ်တွင်ဖြစ်သည်။

နည်းပြအပြောင်းအလဲ အလှုပ်အခတ်များနေသည့် နာမည်ကြီး ပရီးမီးယားလိဂ် အသင်းများ

ပရီးမီးယားလိဂ်ပွဲစဉ် ၁၆တွင် ပြိုင်ပွဲ စတင်ချိန်မှစ၍ တောက်လျှောက် ခြေစွမ်းပြပြီး အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့သော လတ်စတာစီးတီး အသင်းကို ချဲလ်ဆီးအသင်းက၂-၁ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် စပယ်ရှယ်ဝမ်းနည်းပြ မော်ရင်ဟိုနှင့် အသင်းတို့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြသည်။

လမ်းခွဲပြီးနောက် မော်ရင်ဟိုအနေဖြင့် စာချုပ်အရ အသင်းမှ လျော်ကြေးငွေ သန်း၄၀ ရရှိမည်ဖြစ်သည်။ ကနဦး သတင်းများအရ ၁၀သန်းသာ ယူခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အသင်းအတွက် လိုအပ်သည့် နေရာများတွင် အသုံးချရန် တစ်ပြားတစ်ချပ်မှ မယူခဲ့ဟု နိုင်ငံတကာ သတင်းများက ဆိုသည်။

Pages