January 2016

ဦးကျော်ဒင် ရှာပုံတော် - ဦးမျိုးကြီး

ဖခင်ကြီးနာရေး ရက်လည်အပြီး နောက်ရက်အနည်းငယ် အတွင်းမှာ ဂျပန်မလေးတစ်ယောက်ရဲ့ သူရဲ့စကားပြန်ဖြစ်သူတို့ အိမ်ကိုရောက်လာပါတယ်။ သူတို့ရောက်လာခဲ့ကြတာက ဖခင်ကြီးကို တွေ့ဆုံပြီး စကားတွေပြောဖို့နဲ့ အဓိကကတော့ လွန်ခဲ့တဲ့ ငါးနှစ်ကျော် ၁၀နှစ်နီးပါးကတည်းက မြန်မာနိုင်ငံကို လာရောက်ရှာဖွေနေတဲ့ ဦးကျော်ဒင်လို့ အမည်ရတဲ့ လူပုဂ်္ဂိုလ်တစ်ဦးရဲ့ ကျန်ရစ်သူ မိသားစုဝင်ကိစ္စ ဘာများထူးခြားသေးသလဲဆိုတာ စုံစမ်းဖို့ပါ။ သို့သော်လည်းပဲ သူတို့ လာရောက်ချိန်မှာ ဖခင်ကြီးက ဘ၀တစ်ပါး ပြောင်းသွားခဲ့ပြီဖြစ်လို့ ဦးကျော်ဒင်ရှာ ပုံတော်ထက် ဖခင်ကြီး နာရေးသတင်း မေးယုံသက်သက်နဲ့ပဲ ပြည်တော်ပြန်သွားခဲ့ကြပါတော့တယ်။

NLD အစိုးရသစ်၏ သမ္မတလောင်းမှာ နေ့နံအရ ၆၅၇ - လက်စောင်းထက်

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းထိန်နှင့် RFAသတင်းဌာနတို့ အင်တာဗျူးပြီးသည့်နောက် ရွေးကောက်ပွဲ အနိုင်ရ NLDပါတီ၏ သမ္မတလောင်း မည်သူဖြစ်မည်ကို တစ်နိုင်ငံလုံးက သိချင်လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် RFAမှ ဦးခင်မောင်စိုးတို့ မေးမြန်းခန်းတွင်လည်း ဦးခင်မောင်စိုး၏ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်မှ မစပ်စုရန် ပြောကြားပြီးသည့် နောက်ပိုင်း သမ္မတမည်သူ ဖြစ်လာမည်ကို လူတွေပိုသိချင်လာကြသည်။

အလင်္ကာကျော်စွာ မာဂျေ - မာဂျေ

မာဂျေဟာ ဘွဲ့ထူးဂုဏ်ထူး ရာထူးတွေ အရမ်းမက်သူ ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အပတ်ကလည်း အန်တီစုဆီကို တူမောရိုးဂျာနယ်က တစ်ဆင့် ၀န်ကြီးလျှောက်လွှာဆိုတာ ရေးပြီးဖော်ပြခဲ့ပါတယ်။ ဒါပေသိပေါ့ဗျာ လူတစ်ယောက်က သရော်စာဆိုတာ ဘာလဲဆိုတာ မသိတာလား၊ ကြုံတုန်းမသိချင် ယောင်ဆောင်ပြီး ချလိုက်ဦးမတဲ့ ဆိုတာလားတော့ မသိဘူး။ အန်တီစုဆီ လာမရှုပ်ပါနဲ့။ သချိုင်းက ကြံ့ဖွတ်ကိုသွားပြီးပဲ အကြံပေးလုပ်ပါဆိုပြီး ဖေ့စ်ဘွတ်ခ်မှာလာပြီး ဖဲ့ပေးထားသေးတယ်။ ဘာပဲပြောပြော ဒီတစ်ပတ်တော့ လက်ရှိအစိုးရ မဆင်းခင် မာဂျေ့ကိုလည်း ဘွဲ့လေးတစ်ဘွဲ့ ပေးခဲ့ဖို့ အဆိုပြုချင်ပါတယ် ခင်ဗျ။ ဘွဲ့ဆိုတာမှာ သမ္မတတို့ ၀န်ကြီး ၀န်လေးတို့ကို ချီးမြှင့်တဲ့ အဂ္ဂမဟာ သရေစည်သူဘ

ဖုန်းကင်မရာ၊ ဗီဒီယို ကင်မရာ၊ ဖေ့စ်ဘွတ်ခ်၊ အင်တာနက်တွေကို မသုံးပါဘူးဆိုတဲ့ ဖူ့တခေတ် (ခ) ဖိုးတခေတ် - တွေ့ဆုံမေးမြန်းသူ - အောင်ပ (ဘားအံ)

မေး ။ ။ ဖူ့တခေတ် အမည်ရင်းနဲ့၊ မိဘအမည်၊ မွေးချင်းနှင့် မွေးဖွားရာဇာတိကို ပြောပြပေးပါ။

ဖြေ။ ။ ဖူ့တခေတ်ကို ကော့မနုတ်ရွာ၊ လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ ဒုံရင်းတိုက်နယ်၊ ဘားအံမြို့နယ်၌ အဖ ဦးစောလှတင်နှင့် အမိ ဒေါ်နန်းအေးတင်တို့မှ ဖွားမြင်သော မွေးချင်း လေးယောက်ရှိသည့်အနက် ဒုတိယမြောက်ဖြစ်တယ်။ ငယ်နာမည်မှာ စောကျော်လှသန်း ဖြစ်ပါတယ်။

မေး။ ။ဖူ့တခေတ်ရဲ့ သာသနာရေး ဆောင်ရွက်ချက်များကို ဘယ်အရွယ်မှ စတင်ခဲ့ပါသလဲ။

အောင်မြင်ခြင်း မရှိခဲ့သော အကြွေးဝယ်ကတ်စနစ် ပြန်လည်အကောင်အထည် ဖော်တော့မည်

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက အကောင်အထည် ဖော်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့သော အကြွေးဝယ်ကတ် (Credit Card) စနစ်ကို ဧရာဝတီဘဏ်က လာမည့် ဖေဖော်ဝါရီလမှ စတင်ကာ ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ယင်းအကြွေးဝယ်ကတ် စနစ်သည် လက်ရှိ နိုင်ငံအပြောင်းအလဲနှင့် ဖွံ့ဖြိုးတိုးတက်လာမှုများအရ အောင်မြင်နိုင်သည့် အလားအလာရှိပြီး ယခင် အကြွေးဝယ်ကတ် စနစ်မှာမူ ဘဏ်များ၏ အားနည်းချက် များစွာကြောင့် ပျက်စီးခဲ့ရသည်ဟု အကြွေးဝယ်ကတ် အသုံးပြုခဲ့ဖူးသူ တစ်ဦးက ပြောသည်။

တပတ်အတွင်း မျက်မှောက်ကမ္ဘာ့ရေးရာ

IS က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ ပြုလုပ်သော အကြမ်းဖက်တိုက်ခိုက်မှုအား ငွေကြေးထောက်ပံ့ခဲ့

ဝေဖန်မှု ဇာတ်လမ်းမျိုးစုံ နောက်ကွယ်က.... မိသားစုလိုက် ကတ်ကြေးနဲ့ထိုးခံရတဲ့ Tomorrow ဂျာနယ်ရဲ့ Contributor ကိုကျော်စွာမြင့်တို့ရဲ့ ဖြစ်ရပ်မှန် - နော်ရာမောင်

(တရားခံအား တစ်ပတ်ကြာသည်အထိ မဖမ်းမိသေး)

“ရင်ဘတ်တွေအောင့်တာ မခံနိုင်ဘူး အခုတလော နှလုံးဆေးပါ သောက်နေရတယ်”လို့ ပြောရင်း အိပ်ခန်းထဲသို့သွားကာ အိပ်ယာထဲ မလှုပ်မယှက်လှဲ နေရသူကတော့ အခုတစ်လောမှာ နာမည်ကြီး နေတဲ့ Tomorrow ဂျာနယ်က ကိုကျော်စွာမြင့်ရဲ့ ဇနီးဖြစ်သူပဲ ဖြစ်ပါတယ်။

အခင်းဖြစ်ထားပြီး သွေးစွန်းထားတဲ့ နေအိမ်မှာ သံဃာတော်တွေပင့်ပြီး အိမ်တတ်အလှူ လုပ်တဲ့နေ့ ဖြစ်ပေမယ့် ဧည့်သည်တွေကို ဧည့်မခံနိုင်အောင် နေမကောင်း ဖြစ်နေတာက ပြင်ပ ကတ်ကြေး ဒဏ်ရာတွေအပြင် အကြမ်းဖက်မှု တစ်ခုရဲ့ နောက်ကွယ်က မမြင်ရနိုင်တဲ့ စိတ်ဒဏ်ရာနဲ့ လက္ခဏာတွေဆိုတာ ငြင်းဖွယ်ရာမရှိ ဖြစ်နေပါတယ်။

နာမည်ကြီး ITကုမ္ပဏီကို တည်ထောင်နိုင်ခဲ့သော ယခင်က ကြက်ဥပြုတ် ရောင်းချသူ

ဖီလစ်ပိုင်နိုင်ငံရှိ ပယ်ဂွီရာ အမည်ရှိသော ကြက်ဥပြုတ် ရောင်းချသူ တစ်ဦးသည် ယနေ့အချိန်တွင် လစာကောင်းသော IT Developer တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

၎င်းသည် ဖီလစ်ပိုင်နိုင်ငံ ဇမ်ဘေးပြည်နယ်ရှိ ချို့တဲ့သော မိသားစုမှ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ပြီး မိဘများကို ရှာဖွေကျွေးမွေးရန် အတွက် ရထားဘူတာရုံများတွင် ကြက်ဥပြုတ် လိုက်လံရောင်းချခဲ့သည်။

ထို့အပြင် ၄င်းသည် အထက်တန်းကျောင်းသာ ပြီးမြောက်အောင် တက်ရောက်နိုင်ခဲ့ပြီး မြို့ကြီးများတွင် အလုပ် လိုက်လံလျှောက်ခဲ့သော်လည်း ခန့်အပ်ခံရခြင်း မရှိခဲ့ချေ။

၂၀၁၆ခုနှစ်တွင် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းနိုင်ဖွယ်ရှိ

၂၀၁၆ခုနှစ်တွင် ရန်ကုန်အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းနိုင်ဖွယ် ရှိသည်ဟု iMyanmarHouse.com ၏ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။ ၂၀၁၆ခုနှစ်တွင် ရန်ကုန်မြို့ ဧရိယာအတွင်း တိုက်ခန်းနှင့် ကွန်ဒိုတိုက်ခန်းပေါင်း ငါးသောင်းနှင့် ခြောက်သောင်းကြား ဆောက်လုပ်ပြီးစီးမည် ဖြစ်သဖြင့် ရန်ကုန်အိမ်ခြံမြေ ဈေးနှုန်း ကျဆင်းမည်ဟု ခန့်မှန်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

ယခင်အစိုးရဟောင်းမှ မည်သူ့ကိုမျှ အစိုးရသစ်တွင် ပါဝင်စေမည်မဟုတ်ဟု သတင်းများထွက်ပေါ်

မကြာမီ အသစ်ဖွဲ့စည်းတော့မည့် အစိုးရသစ်တွင် ယခင် အစိုးရဟောင်းတွင် တာဝန်ယူခဲ့သော မည်သူ့ကိုမှ ထည့်သွင်းဖွဲ့စည်းမည် မဟုတ်ဟု NLDနှင့်နီးစပ်သော အသိုက်အ၀န်းထံမှ သိရသည်။

Pages