February 2016

၁၉၆၂ခုနှစ် အာဏာသိမ်းပွဲနှင့် ကျွန်တော် (၂) - မောရနွယ်မောက်

ယခင်တစ်ပတ်မှအဆက်
စပ်ခွန်ချိုဟာ “ပြည်နယ်ပေါင်းစုံ ညီလာခံ”လို့ ကင်ပွန်းတပ်ထားတဲ့ ညီလာခံကို ဇွန်လလယ်မှာ တောင်ကြီး၌ ကျင်းပပြီး ပြည်နယ်ခေါင်းဆောင်များကို ဖိတ်ကြားပါတယ်။ ဗမာခေါင်းဆောင်များကို မဖိတ်ဘူး။ ပြည်နယ်ပေါင်းစုံ ညီလာခံက ရှမ်းပြည်နယ်မှ တင်ပြတဲ့ အထက်ပါစာတမ်း (တစ်နည်း) ဖက်ဒရယ်မူကို လက်ခံအတည်ပြုကြပြီး ဒီစာတမ်းကို အခြေခံကာ အခြေခံဥပဒေကို ပြင်ဆင်ရန် ဦးနုအစိုးရကို တောင်းဆိုပါတော့တယ်။ ပြည်ထောင်စုကြီး ပြိုကွဲစေမယ့် အန္တရာယ် ရုပ်လုံးစ၍ ပေါ်လာပါပြီ။

အကြံပေးအဖွဲ့ အစီရင်ခံစာ

ရုပ်ရှင် မစည်းမရုံး (၅) - ဇာဂနာ

ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။ ကျွန်တော်က အဖြေမထွက်တဲ့ ဘယ်အလုပ်ကိုမှ စိတ်မ၀င်စားပါဖူး။ ကျွန်တော် ထောင်ထဲမှာ နေစဉ်ကတည်းက စေ့စပ်တာ ညှိနှိုင်းတာနဲ့ ပတ်သက်တဲ့ စာအုပ်တော်တော်များများ ဖတ်ဖူးလိုက်ပါတယ်။ တကယ်ပြောရရင် ရေကူးနည်း စာအုပ်လိုပါပဲ။ စာအုပ်ဖတ်ပြီးတော့ ရေကူးချင်လို့ မရပါဘူး။ ကိုယ်တိုင် ရေထဲဆင်းကူးဖို့ လိုပါတယ်။

မာဂျေ ပေးမဲ့စွမ်းဆောင်ရည်ဆု - မာဂျေ

သတင်းစာမှာ သမ္မတကြီးက နိုင်ငံစွမ်းဆောင်ရည်ဆုတွေ ပေးတာကြည့်ပြီး မျက်စိ အတော်လည်းသွားတယ်။ တစ်ချို့ဌာနတွေမှာ ၀န်ကြီးတွေမရဘဲ ဒုဝန်ကြီးဆုရတယ်။ ဒုဝန်ကြီး ဒီလောက် တော်နေမှန်းသိရင် အစကတည်းက ၀န်ကြီးနေရာ မပေးသင့်ပေလား။ တစ်ချိန်လုံး ၀န်ကြီးလုပ်လာတဲ့သူခမျာ သက်တမ်းကုန်ကာနီး ဆုပေးချိန်ရောက်မှ အရှက်နှစ်ခြမ်း ဗြန်းဗြန်းမကွဲပေလား။ တစ်ချို့ဌာနကျတော့ ၀န်ကြီးရော၊ ၀န်ကလေးရော မရဘဲ ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေ ရကြတယ်။ ဒါဆိုရင်လဲ အစောကတည်းက တော်မှန်းသိနေရင် သူတို့ကိုပဲ ၀န်ကြီး ဝန်ကလေး မခန့်သင့်ပေလား။ မာဂျေ စဉ်းစားကြည့်တာပါ။ ဒါပေသိ မာဂျေက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူ မဟုတ်ဘဲ သူတို့လို အတွင

၈၈ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်းက အနုပညာ ရုပ်ပုံလွှာများ (၈) - ဇော်သက်ထွေး

ကဗျာဆရာကြီးတင်မိုး
အောင်ဆန်းဇာနည်
- ဖေဖော်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား။
- ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား
မိခင်ဒေါ်စုသား။
- ၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။
- ပြည်ထောင်စုရေး
ကြိုးပမ်းဆောင်
ဗိုလ်ချုပ်တို့ခေါင်းဆောင်
(ပြည်ကောင်းအောင်
လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။)
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။ ။
တင်မိုး

မိန်းမအစစ် မဟုတ်သောကြောင့် မင်္ဂလာဆောင်လို့ မရဘူးဟုဆိုသည့် မိတ်ကပ် ခင်စန်းဝင်း

လူမှုကွန်ရက် စာမျက်နှာများတွင် မင်္ဂလာဆောင်ရန် ခန်းဝင်ပစ္စည်း ၀ယ်ယူကြောင်း ဓာတ်ပုံများကို တင်ခဲ့ပြီးနောက် မကြီးစန်း မင်္ဂလာဆောင်တော့မည်ဟု သတင်းကြီးခဲ့သည်။

သို့သော် မိတ်ကပ်ခင်စန်းဝင်းက ယင်းကိစ္စအား ငြင်းဆန်ခဲ့ပြီး အမျိုးသမီး အစစ်တစ်ယောက် မဟုတ်သောကြောင့် မင်္ဂလာဆောင်၍ မရကြောင်း ၄င်းက ပြောသည်။

ရေဘေးရံပုံငွေ ကိုယ်ခံပညာပေါင်းစုံ သရုပ်ပြဖျော်ဖြေပွဲကို ပြည်သူများစိတ်ဝင်စား

မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရံပုံငွေအတွက် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး ဂျပန်နိုင်ငံမှ Mr Nakara ဦးဆောင်သော ကိုယ်ခံပညာပေါင်းစုံ သရုပ်ပြဖျော်ဖြေရေးအဖွဲ့  Yangon Press Group   နှင့် မြန်မာမီဒီယာဂရု(ပ်)တို့ ပူးပေါင်းကျင်းပသော Myanmar Martialarts Entertainmentပွဲကို ပြည်ထောင်စုနေ့ ညနေ ၆နာရီက သိမ်ဖြူလမ်းရိုးရာ လက်ဝှေ့ရုံတွင် ကျင်းပခဲ့ရာ ပရိသတ်များ စိတ်ဝင်စားခဲ့ကြောင်း သိရသည်။

ဦးပိန်တံတားအား ပုဂ္ဂလိက ကုမ္ပဏီကို လွှဲပြောင်းမည့်သတင်း ထွက်ပေါ်

မန္တလေး အမရပူရမြို့နယ်ရှိ ဦးပိန်တံတားကို ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ လွှဲပြောင်းပြုပြင်မည့် သတင်းထွက်ပေါ်လာခဲ့ပြီး နောင်တစ်ချိန်တွင် တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်းဧည့်သည်များ သတ်မှတ်ကြေးပေး၍ ၀င်ရောက်ရမည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း မန္တလေး ဒေသခံများက သုံးသပ်ဝေဖန်လျက်ရှိသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်လာသော ကလေးကစားစရာ ဗုဒ္ဓရုပ်ပွားတော် မျက်နှာဖုံးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ခြင်းမရှိသေး

မြန်မာနိုင်ငံသို့ ၀င်ရောက်လာသော ကလေးကစားစရာ ဗုဒ္ဓရုပ်ပွားတော် မျက်နှာဖုံးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

“လောလောဆယ် အရေးယူထားတာလည်း မရှိသေးပါဘူး။ ဒီမျက်နှာဖုံးတွေနဲ့ ပတ်သက်ပြီး  အရင်ဆုံး အရေးယူမှာ မဟုတ်သေးဘူး။ ပညာပေးအဆင့် အနေနဲ့ ကုန်သည်တွေကို ပြောဆိုမှာပါ။ ပြီးရင် မသုံးစွဲဖို့အတွက် ကြေငြာချက်တွေ ထုတ်ပြန်သွားမှာပါ”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

Pages