May 2016

ပျောက်ဆုံးနေသည့် ကျောက်မျက်အသင်းပိုင် ယူရို ၈၆ သန်းကို ပြေလည်အောင် ဖြေရှင်းမပေးပါက ဆန္ဒပြမည်ဟုဆို

ကျောက်မျက် ရတနာပြပွဲများမှ ရရှိသည့် ကျောက်မျက်အသင်းပိုင် ယူရို ၈၆ သန်း ပျောက်ဆုံးနေမှု ပြေလည်အောင် ဖြေရှင်းမပေးပါက ရန်ကုန်၊ မန္တလေးရှိ ကျောက်မျက် လုပ်ငန်းရှင်များ စုပေါင်းကာ ဆန္ဒ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကျောက်မျက်အသင်းဝင်များထံမှ သတင်းရရှိသည်။

ကျောက်မျက်ပြပွဲများ ကျင်းပရန်၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးပြုရန်၊ အသင်းခွဲများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကာ ကျောက်မျက်ပြပွဲများမှ ရန်ပုံငွေအဖြစ် တစ်ရာခိုင်နှုန်းကို ပြပွဲကျင်းပရေး ကော်မတီက ကောက်ခံခဲ့သည်။

ရန်ကုန်မြို့၌ လမ်းလယ်ကွန်ကရိတုံးများ ဖယ်ရှားနေပြီး စည်းကမ်းဖောက်ဖျက်မှုများအား CCTV များဖြင့် စောင့်ကြည့်မည်

ရန်ကုန်မြို့တွင်း လမ်းလယ်များတွင် ချထားသည့် ကွန်ကရိတုံးများကို ပြန်လည်ဖယ်ရှားနေပြီး နောက်ပိုင်းတွင် CCTVများ တပ်ဆင်၍ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို စောင့်ကြည့် အရေးယူသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စမ်းချောင်းမှ ငွေကျပ် သန်း ၄၀၀ တန် ရေမြောင်းနံရံပြိုကျမှုနှင့် ဆက်စပ်၍ လူနေတိုက်ခန်းများ ပြိုကျမည့်အရေး စိုးရိမ်နေရ

ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်ရှိ ငွေကျပ် သန်း၄၀၀တန် ရေမြောင်းနံရံ ပြိုကျခဲ့မှုနှင့် ဆက်စပ်၍ ယင်းအနီးဝန်းကျင်မှ လူနေတိုက်ခန်းများပါ ပြိုကျလာမည်ကို ရပ်ကွက်နေ ပြည်သူများက စိုးရိမ်နေကြကြောင်း သိရသည်။

စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိုင်ရေး အရေးကြီးအဆို ပယ်ချခံရမှု ရှမ်းပြည်သူများ၏ အသံကို လျစ်လျူရှုခြင်း ဖြစ်ဟုဆို

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စစ်ဘေးရှောင် ကလေးငယ်များ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေး အတွက် အရေးကြီးအဆို လွှတ်တော်တွင် ပယ်ချခံရသည့် အတွက် လွှတ်တော်က ရှမ်းပြည်သူများ၏ အသံကို လျစ်လျူရှု ထားခြင်းနှင့် တူသည်ဟု ပလောင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးကပြောသည်။

တောင်တက်အားကစားကို အခြားအားကစားများကဲ့သို့ နိုင်ငံတော်မှ ပံ့ပိုးကူညီထောက်ပံ့မှုများ လုပ်ပေးသင့်ဟု ဧ၀ရတ်တောင်ထိပ်ရောက်သူများဆို

“တောင်တက် အားကစားနည်းကတော့ သဘာဝတရားနဲ့ ယှဉ်ပြိုင်တာ ဘယ်အချိန်မှာ ရေခဲပြိုမလဲ၊ ဘယ်အချိန်ရေကြီးမလဲ၊  ဘယ်အချိန် အန္တရာယ်နဲ့ ကြုံဆုံမလဲဆိုတာ ကြိုတွက်လို့ မရပါဘူး”

တောင်တက်အားကစားကို အခြားအားကစားနည်းများတန်းတူ ထောက်ပံ့မှုများ ပေးသင့်ကြောင်း ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့်  မြန်မာနိုင်ငံ တောင်တက်သမားများက ပြောကြားခဲ့သည်။

ထွန်းထွန်းမင်း ဂျပန်တွင် ကမ္ဘာ့ကိုယ်ခံပညာပြိုင်ပွဲ သွားပြိုင်မည်

မြန်မာ မီဒီယာဂရု(ပ်)၏ စီစဉ်မှုဖြင့် ရိုးရာလက်ဝှေ့ မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းသည် ဇူလိုင် ၃၁ ရက်နေ့တွင် တိုကျို၌ ကျင်းပမည့် လေးကြိမ်မြောက် ဂမ်လျူဂျီးမား ဆာမူရိုင်း ကမ္ဘာ့ ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် လက်ဝှေ့ (LETHWEI) ဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ထွန်းထွန်းမင်းသည် ကီလို ၈၀ အတန်းတွင် ဘရာဇီးမှ ကပို (CAPO) ကိုယ်ခံပညာရှင် မားကပ်စ်ဗင်နီးဆီးယပ်စ် (၃၁ နှစ်)နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ မြန်မာမီဒီယာ ဂရု(ပ်)၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏက အုပ်ချုပ်သူအဖြစ် လည်းကောင်း၊ ရိုးရာလက်ဝှေ့ဒိုင် ဦးချစ်ကိုကိုက အကူလူအဖြစ်လည်းကောင်း၊ ရိုးရာလက်ဝှေ့ ဆောင်းပါးရှင် ဆရာဇင်လင်ထွန်

အ၀တ်ဗလာဖြင့် ကမ္ဘာပတ် စက်ဘီးစီးနေသူများ အနေဖြင့် သံရုံးမှ ခွင့်ပြုချက်ဖြင့်သာ မြန်မာနိုင်ငံသို့ ၀င်ခွင့်ရမည်

လတ်တလောတွင် အ၀တ်ဗလာဖြင့် ကမ္ဘာပတ် စက်ဘီးစီးနေသူများ မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိလာမည်ဟု သတင်းများ ထွက်ပေါ်နေပြီး သံရုံးခွင့်ပြုချက်နှင့် ပြည်တွင်းကို ၀င်ရောက်လာပါက တားမြစ်သွားမည် မဟုတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

အဆင့်အတန်း ခွဲခြားခြင်းကို ဆန့်ကျင်သည့် ကမ္ဘာပတ်စက်ဘီးစီးအသင်း Nude of Love သည် ၂၀၁၅ ခုနှစ် မတ်လတွင် နယ်သာလန်နိုင်ငံမှ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဖြတ်ကာ မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ရုပ်ရှင် မစည်းမရုံး (၁၃) - ဇာဂနာ

၂၀၁၂ခုနှစ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည် ရွေးကောက်တင်မြှောက်ပွဲ အပြီးမှာ ကိုဇင်ဝိုင်းဟာ ဥက္ကဋ္ဌဖြစ်လာခဲ့တာပါ။ ကျန်းမာရေး အခြေအနေကြောင့် ကိုဇင်ဝိုင်း အနားယူသွားလို့ ကိုလူမင်းကို ဥက္ကဋ္ဌနေရာ လွှဲပြောင်းတာဝန် ထမ်းဆောင်စေခဲ့တာပေါ့။ သေချာတာတစ်ခုက ရုပ်ရှင်အစည်းအရုံးမှာ အဖွဲ့အစည်း တစ်ခုရဲ့ သင်းဖွဲ့စည်းမျဉ်းဆိုတာ ရှိပါတယ်။ ဒါပေမဲ့ ဒီစည်းမျဉ်းဟာ စာအုပ်ထဲမှာပဲရှိပြီး အသက် မ၀င်လာရှာပါဘူး။ ၂၀၁၄ခုနှစ် ရွေးကောက်ပွဲမှာ ဒီစည်းမျဉ်းကို လိုက်နာကျင့်သုံးမှု အတော်လျော့ရဲတာ ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်။

အန်တီစုထံသို့ ပေးစာ - အနီမှိုင်း (ကေတု)

အန်တီစုလို့ပြောလို့ ကျွန်တော့်ကို ရိုင်းတယ်မထင်ပါနဲ့ အများက အမေစုလို့ ခေါ်နေချိန်မှာ ကျွန်တော်က အန်တီစုဆိုတော့ ကျွန်တော့်အမေက ကညွှတ်ကွင်းဇာတိပါ။ ကျွန်တော့်အဖိုးရဲ့ အမျိုးသမီးနဲ့ ဒေါ်ခင်ကြည်ဟာ ညီအမရင်းတွေပါ။ ဒေါ်ခင်ကြည်ဟာ ကျွန်တော်နဲ့ ဖွားလေးတော်သလို အန်တီစုကလည်း အဒေါ်တော်ပါတယ်။ ဒါကြောင့် အန်တီစုလို့ ခေါ်ခြင်းပါ။

အန်တီနဲ့ နှစ်ခါ ဆုံဖူးပါတယ်။ အရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်စိုးမြင့်အိမ်မှာ တစ်ကြိမ် တောင်ငူ မြန်မာသီရိမှာ တစ်ကြိမ် ဆုံဖူးပါတယ်။

ဓာတ်ကြီးလေးပါး - မာဂျေ

အဆိုတော် ဒေ၀ဣန္ဒာ မောင်မောင်ကြီး ဆိုထားတဲ့ တေးဘုမ္မာ သီချင်းကို အခုခေတ် လူငယ်တွေ မပြောနဲ့ ငါးဆယ်တန်း တွေတောင် သိပ်ကြားဖူးကြမယ် မထင်ဘူးဗျ။ ဘယ်ကြားဖူးကြမလဲ သီချင်းရဲ့ သက်တမ်းကိုက နှစ်တစ်ရာနား ကပ်နေပြီပဲဟာ။ သီချင်းတော့ အစအဆုံး မရတော့ဘူး။ ပထမ အစကတော့ မြေရယ် ရေရယ် လေရယ် မီးရယ် ဓာတ်ကြီးအစုပါ။ အလွန်တရာ မမြဲသော အတ္တဘော ခန္ဓာလို့ ဆိုထားတယ်။ ပြောရရင်တော့ ဘယ်အရာမဆို မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးနဲ့ စုဖွဲ့ထားတာလို့ ဆိုလိုတာပါ။ မှန်ပါတယ်။ အခုကို ပြည်သူတွေကို ကြည့်ရင် အဲဒီဓာတ်ကြီးလေးပါးနဲ့ ချမ်းသားကြွယ်ဝနေသူတွေ ရှိသလို အဲဒီဓာတ်ကြီးလေးပါး နှိပ်စက်လို့ ဒုက္ခရောက်သူတွေ ဖြူကာပြာကာ ကျသွားတဲ့သူတွေလည်း ဒုနဲ့ဒေး မဟ

Pages