July 2016

လူဖြစ်ခွင့်ပေးပါ - ငြိမ်းငြိမ်း

ကောသလမင်းကြီး အိပ်မက် ၁၆ ချက်ထဲတွင် အရွယ်နှင့်မမျှ ငယ်ရွယ်သော အပင်တို့သည် အသီးသီးကြ၏ဟုဆိုသော အချက်တစ်ချက် ပါဝင်ပါသည်။ အဓိပ္ပာယ်သည်ကား ကိလေသာရာဂ ထူပြောသောကြောင့် အရွယ်မရောက်မီ အိမ်ထောင်ပြုကာ သားသမီးများ ရကြသည်ဟု အဆိုရှိသည့်အတိုင်း ယနေ့ခေတ်ကာလတွင် ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြု သားမွေး ပြုလုပ်နေသည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့် ကောသလမင်းကြီး မြင်မက်ခဲ့သည့် အိပ်မက်အတိုင်း အမှန်တကယ် ဖြစ်ခဲ့သည်ဆိုက မေးခွန်းထုတ်စရာပင် ဖြစ်ပေသည်။

ဖြစ်ခဲ့ “လျှင်” နှင့် မဖြစ်ခဲ့ “လျှင်” များ - ထက်ဇော်

ဗိုလ်ချုပ်တို့ လုပ်ကြံမှုမတိုင်မီ ဦးစောကျူးလွန်ရန် ကြံစည်သည့် ရာဇ၀တ်မှုကြီးတစ်ခု ရှိပါသေးသည်။ ထိုအကြံအစည်မှာ မာကင်တိုင်ဘဏ်ကို ဓားပြတိုက်ရန် ကြံစည်ခြင်းဖြစ်ပါသည်။ လူထုဦးလှ၏ “ထောင်နှင့်လူသား” စာအုပ်တွင် ဦးလှနှင့် လုပ်ကြံမှုတရားခံ သုခတို့ ရန်ကုန်ထောင်ထဲတွင် တွေ့ကြရာ ဦးလှက ကိုသုခကို လုပ်ကြံမှုကြီးအကြောင်း မေးသည့်အခါ ကိုသုခက သူ့ဘ၀ဇာတ်ကြောင်း အသေးစိတ်နှင့် ဦးစောအကြောင်း လုပ်ကြံစဉ်က အကြောင်းများကို ပြည့်ပြည့်စုံစုံ ပြောပြသည်။

ရွှေနောက်လိုက်ရင်း လွဲနေသူများ - ဦးမျိုးကြီး

ဦးမျိုးကြီး အပါအ၀င် မြန်မာ ဘောလုံးပရိသတ် အားလုံး မျှော်လင့်တကြီး စောင့်မျှော်နေတဲ့ မြန်မာ ယူ-၁၆ အသင်းကတော့ အုပ်စုအဆင့်ကပဲ ပြိုင်ပွဲကို လက်ပြနုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။ ရှုံးနိမ့်ခြင်းရဲ့ အကြောင်းတရားကို အဖြေရှာမယ်ဆိုရင် ပထမဆုံး တွေ့ရှိရတာကတော့ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှုက စကားပြောသွား ခဲ့တာပဲလို့ ဦးမျိုးကြီးက ဆိုချင်ပါတယ်။ အဆုံးအဖြတ် ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ဗီယက်နမ်နဲ့ပွဲ၊ မလေးရှားနဲ့ ပွဲတွေမှာ ဒီအချက်ကို သိသိသာသာ မြင်တွေ့ရတယ်ဆိုတာ အဲဒီပွဲစဉ်နှစ်ပွဲကို ကြည့်လိုက်ရသူတိုင်း ထင်ထင်ရှားရှား မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မလေးရှားနဲ့ ပွဲမှာဆိုရင် ကိုယ်ကလူတစ်ယောက် အသာရနေတာတောင် အနိုင်ရအောင် မကစ

ဇာဂနာ မရယ်ရတော့ဘူး အပိုင်း (၁) - ဇာဂနာ

ဇာဂနာဆိုတာ လူပြက်ပါခင်ဗျ။ လူပြက်ဆိုတာကတော့ ရယ်စရာပြောရ၊ ပြက်လုံးထုတ်ရတာကိုး ခင်ဗျာ။ ကိုယ်က ရယ်စရာ ပြောနေရက်ကနဲ့ ပရိသတ်က မရယ်ပဲ တင်းခံနေရင်တော့ လူပြက် သေတော့တာပါပဲ။ ချွေးတွေပြန် အသက်ရှူတွေပါမှားလို့ ဇာတ်စင်နောက်ကို ပြေးဝင်ချင်စိတ် တလိပ်လိပ် တက်လာတော့တာပါ။

ညှော်တိုက်သူများ - မာဂျေ

ကိုယ့်မှာ အနာစိမ်းပေါက် နေရင်၊ အနာတစ်ခုခုရှိနေရင်၊ ဒါမှမဟုတ် သွားကိုက်၊ သွာဖုံးရောင်နေရင် အညှော်ခံလို့ မရဘူး။ ဘေးအိမ်က ညှော်တိုက်ရင် အဲဒီခေတ်က ပိတ်ခြင်ထောင်ချပြီး အထဲ ၀င်နေချင်ဝင်၊ အဲလိုမှ မဟုတ်ရင်တော့ ညှော်နဲ့ဝေးရာကို ပြေးပေတော့။ ဒါက လွန်ခဲ့တဲ့ ခေတ်ဟောင်းက မီးဖိုထဲက အညှော်ကို ပြောတာ။

ယခင်က “စ” ခေတ် (စစ်အစိုးရခေတ်) ယခုတော့ “ဆ” ခေတ် (ဆရာဝန်ခေတ်) - ဇော်သက်ထွေး

အစိုးရသစ်ရဲ့ ပျားရည်ဆမ်း ကာလကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ရက် ၁၀၀ ပြီးတဲ့နောက်မှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ၁၄ယောက်ရဲ့ စွမ်းဆောင်မှု အခြေအနေတွေ အပေါ်မှာ ပြည်သူတွေ မီဒီယာတွေရဲ့ ဝေဖန်ပြောဆိုမှု အများအပြားကို ဖတ်ရှုလေ့လာခဲ့ရပါတယ်။ ချီးကျူး ထောပနာပြုသံတွေ၊ ဝေဖန်အကြံဉာဏ်ပေးတာတွေ၊ ကဲ့ရဲ့ရှုတ်ချတာတွေ မျိုးစုံပါပဲ။ ရက် ၁၀၀အတွင်း တချို့ဝန်ကြီးချုပ်တွေ ဘာလုပ်လို့ ဘာကိုင်မှန်း မသိရလောက်အောင် တိမ်မြုပ်ပျောက်ကွယ်နေတာတွေလည်း ရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ အမှန်တကယ် လုပ်ရမယ့်အလုပ် - လက်စောင်းထက်

ရက်ပေါင်း ၁၀၀ အတွင်း အစိုးရ၏ လုပ်ဆောင်မှုများ၊ လွှတ်တော်အသီးသီး၏ လုပ်ဆောင်မှုများအပေါ် မီဒီယာ အသီးသီးမှ စောင့်ကြည့်ဝေဖန် ဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုဝေဖန်မှုများထဲတွင် လွှတ်တော် ကိုယ်စားလှယ် တချို့သည် အုပ်ချုပ်ရေး ကဏ္ဍများတွင် ၀င်ရောက် စွက်ဖက်ခဲ့ကြသည့် အတွက် လွှတ်တော်ဥက္ကဋ္ဌမှ သတိပေး ပြောဆိုရခြင်းများ ရှိလာခဲ့သည်။ ရက်ပေါင်း ၁၀၀ အတွင်း ဥပဒေပြုနိုင်သည့် လွှတ်တော်ကဏ္ဍမှ နိုင်ငံရေးသမားများကို အမြဲတစေ ဒုက္ခပေးခဲ့သည့် ၅(ည) အပါအ၀င် နိုင်ငံရေးပုဒ်မများ ဧည့်စာရင်းပုဒ်မ အပါအ၀င် ငြိမ်းစုစီ ဥပဒေများကိုလည်း ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ပြည်သူများ၏ လက်တွေ့ဘ၀နှင့် အံဝင်ခွင်ကျ မဖြစ်သော

“ဘဏ်တိုးကလည်း တက်လာမှာဆိုတော့ ရေရှည်မှာမလွယ်ဘူး။ အဲဒီအခါ ကျွန်တော်တို့ ကုမ္ပဏီတွေ အနေနဲ့ ဒေ၀ါလီခံဖို့ပဲ ရှိပါတယ်” - MKT ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်နှင့် အင်တာဗျူး

ဆောက်လုပ်နေဆဲ အဆောက်အအုံ ၁၈၅ လုံးကို ရပ်ဆိုင်းထားပြီး ဆောက်လုပ်ပြီး အဆောက်အအုံ ၆၄ လုံးအနက် ၁၂ လုံးအား မြို့တော်အင်္ဂါရပ်နှင့်အညီ  အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေး ကော်မတီမှစိစစ်ပြီး ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာချက် ထုတ်ပြန်မှုအပေါ် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေဖြင့် မည်သို့ပြန်လည်တုံ့ပြန်သွားမည်လဲ ဆိုသည်ကို သိရှိစေရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ MKT ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်အား Tomorrow ဂျာနယ်မှ တွေ့ဆုံမေးမြန်းခဲ့သည်။

 

တင့်ကားများကိုတားစဉ် အကြိတ်ခံရပြီး အသက်မသေခဲ့သော တူရကီနိုင်ငံသား

“ကျွန်တော်လုပ်ခဲ့တာကတော့ အဲဒီတင့်ကားတွေကို ခဲသုံးလုံးနဲ့ ပစ်ပေါက်ခဲ့တာပါပဲ”ဟု တူရကီနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် စစ်တပ်တင့်ကားနှစ်စီး ဖြတ်ကျော်ခံခဲ့ရသော်လည်း အသက် မသေလွတ်မြောက်လာခဲ့သူ ဆာဘရီအူနယ်လ်က ၄င်းလုပ်ဆောင်မှုအပေါ်  ပြန်ပြောပြခဲ့သည်။

ဆာဘရီသည် တူရကီ သမ္မတ အာဒိုဂန်နှင့်အတူ စည်းလုံးညီညွတ်မှုကိုပြရန် အစ္စတန်ဘူလ်မြို့၏ လမ်းများပေါ်ထွက်၍ အာဏာသိမ်းရန်ကြိုးစားမှုကို ဆန့်ကျင်သူများထဲတွင် ပါဝင်ခဲ့သည်။ အာဏာသိမ်းရန် ကြိုးစားသည့် စစ်တပ်၏တင့်ကားများ မြို့ထဲသို့ဝင်လာခဲ့သော အချိန်တွင် ဆာဘရီသည် အဆိုပါ နေရာတွင် ရောက်ရှိနေခဲ့သည်။

အမှန်တကယ် ပြေးဆွဲခြင်းမရှိသည့် မထသယာဉ်လိုင်း၂၅ လိုင်းကို ယခုလအတွင်း ဖျက်သိမ်းသွားမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင် မထသ မော်တော်ယာဉ်လိုင်းများထဲမှ ယာဉ်လိုင်း နံပါတ်သာ ရယူထားပြီး အမှန်တကယ် ပြေးဆွဲခြင်းမရှိသော ယာဉ်လိုင်း ၂၅ လိုင်းကို ယခုလအတွင်း လျှော့ချသွားမည်ဟု ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်လိုင်း ၂၅ လိုင်းကို ယခုလအတွင်း လျှော့ချသွားမည်ဟု ဇူလိုင် ၂၂ ရက်က မထသ (ရုံးချုပ်)တွင် ပြုလုပ်ခဲ့သော ၄၈ ကြိမ်မြောက် လုပ်အားယှဉ်ပြိုင်ဆု၊ ပညာသင်ဆု ထောက်ပံ့ပေးပွဲ အခမ်းအနား အပြီးတွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

Pages