August 2016

တစ်ပတ်အတွင်း မျက်မှောက် ကမ္ဘာ့ရေရား - လင်းထက်အောင်

တူရကီ ရဲဌာနချုပ်၌ ကားဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူ ၁၁ ဦး သေဆုံး

သေဒဏ်အထိ ချမှတ်နိုင်သော ပြစ်မှုများကို သေဒဏ်အသုံးပြုမှု မရှိ၍ ရာဇ၀တ်မှုများ ပိုမိုများပြားလာဟု သုံးသပ်ချက်များထွက်ပေါ်

လူသတ်မှု ပြစ်ဒဏ်ကို သေဒဏ်အထိ ချမှတ်နိုင်သော်လည်း သေဒဏ်မပေးခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပြီး ရာဇ၀တ်မှုများ တိုးပွားလာကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

ထိုင်းမှ ဗုဒ္ဓရုပ်ပွားတော်များအတွင်း အမျိုးအမည်မသိ အ၀တ်စများ ထည့်သွင်းထား၍ အလှူရှင်အား ပြန်လည် ပေးအပ်

ထိုင်းနိုင်ငံမှ မှာယူ ပင့်ဆောင်လာသော ဥာဏ်တော် ၁၁ လက်မခန့်ရှိ ဗုဒ္ဓရုပ်ပွားတော် ပုံသွင်းဆင်းတုတော် ၃၅၀၀ ဆူ၏ ၀မ်းဗိုက်အတွင်းတွင် အမည်မသိ အ၀တ်စများ ပါရှိလာသဖြင့် ဆင်းတုတော်အား အလှူရှင်အား ပြန်လည်ပေးအပ်ခဲ့ရမှု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်းတုတော်များအား မန္တလေးမြို့ရှိ မဏိဇောတဓရ ဦးကျော်ဝင်းမိသားစုမှ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာမြို့သစ် အတွင်းရှိ ရပ်ကွက်နေသူများအား ကိုးကွယ်ရန် အတွက် မှာယူ လှူဒါန်းခြင်းဖြစ်ကာ သြဂုတ် ၂၀ ရက်က လှူဒါန်းမှူ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီကိစ္စ ပြည်နယ်လွှတ်တော်အတွင်း အရေးပေါ် အစည်းအဝေး ခေါ်ယူရန် တောင်းဆိုထား

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး လက်မှတ်ရေးထိုးကာ လွှတ်တော်အတွင်း အရေးပေါ်အစည်းအဝေး ခေါ်ရန် တောင်းဆိုထားကြောင်း ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။

လစ်လပ် မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ နှစ်ဦးပိုင်းတွင် ပြုလုပ် သွားမည်ဟုဆို

လွှတ်တော် အသီးသီးတွင် လစ်လပ်နေသည့် ၃၁ နေရာ အတွက်  ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ နှစ်ဦးပိုင်းတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လစ်လပ် မဲဆန္ဒနယ်များတွင် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်က ပြီးခဲ့သည့် သြဂုတ် ၂၂ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး အပြီးတွင် ပြောကြားရာ၌ ကြားဖြတ် ရွေးကောက်ပွဲများအား ၂၀၁၇ ခုနှစ်၊နှစ်ဦးပိုင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း မီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပါတီတွင် ဥက္ကဋ္ဌတာဝန်ယူရသည်မှာ စိတ်မသက်မသာဖြစ်ရဟု ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌသစ်ဆို

ဝန်ကြီးဌာန တစ်ခုတွင် တာဝန်ယူရသည်ထက် ပါတီဥက္ကဋ္ဌ နေရာတာဝန်ယူရသည့် အတွက် စိတ်မသက်မသာ ဖြစ်ရသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌသစ်ဖြစ်သူ ဦးသန်းဌေးက ပြောကြားခဲ့သည်။

နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် သြဂုတ် ၂၄ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လေးလောင်းပြိုင် လူသတ်မှုတွင် လူသတ်သမားမှာ ဖခင်ကိုယ်တိုင် ဖြစ်နိုင်ခြေ များနေဟု ရဲတပ်ဖွဲ့ အရာရှိကြီးတစ်ဦး သုံးသပ်

သြဂုတ် ၂၀ ရက်က မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်၊ မြအေးချမ်းလမ်းတွင် မိသားစုဝင် လေးဦးကို ရက်စက်စွာ သတ်ခဲ့သူမှာ ဖခင်ကိုယ်တိုင် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ အရာရှိကြီး တစ်ဦး၏ ထံမှ သိရသည်။

စစ်ကိုင်းရှိ သကြားစက်ရုံကြီးမှ ဧရာဝတီမြစ် အတွင်းသို့ မြေအောက် ပိုက်လိုင်းများဖြင့် ရေဆိုးများ လျှို့ဝှက်စွာ စွန့်ထုတ်နေကြောင်း တိုင်းဝန်ကြီးချုပ် ကိုယ်တိုင်တွေ့ရှိ

“ဂရိတ်ဝေါ-ဝေမာ” သကြားစက်ရုံကြီးမှ ဧရာဝတီမြစ် အတွင်းသို့ မြေအောက် ပိုက်လိုင်းများဖြင့် ရေဆိုးများ လျှို့ဝှက်စွာ စွန့်ထုတ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က စစ်ဆေးတွေ့ခဲ့ကြောင်း သိရသည်။

Pages