September 2016

တရားစီရင်ရေး၏ လုပ်ပိုင်ခွင့်အာဏာကို လူ့အခွင့်အရေး ကော်မရှင်က ကျော်လွန်လုပ်ဆောင်နေပြီလား - ဒီရေမြင့်သစ်

ပြဿနာတစ်ခု ဖြစ်ပြီဆိုလျှင် အားနည်းချက်က ဖုံးကွယ်၍ မရနိုင်သလို ပေါ်လာတတ်သည်။ ပြဿနာ မဖြစ်သရွေ့ အားနည်းချက်များကလည်း ပေါ်မလာတတ်။ သို့သော် အားနည်းချက်များကတော့ ရှိနေဆဲ ဖြစ်သည်။ မပေါ်သေးတာသာရှိသည်။

မြန်မာနိုင်ငံမှာက ပြဿနာ တစ်ခုပေါ်လာသည်နှင့် တစ်ပြိုင်နက် အားနည်းချက်များက ပေါ်လာလေ့ရှိသည်မှာ ထုံးစံလိုဖြစ်နေသည်။ ဒါသည်ပင် ပြုပြင်ပြောင်းလဲမှု မရှိသေးခြင်းကို ဖော်ပြနေသည်။

ပြုပြင်ပြောင်းလဲမှု မရှိသေးသည့် အထဲတွင် Mindsetများလည်း ပါသည်။ စနစ်က ပြောင်းနေပြီဖြစ်သော်လည်း Mindsetများက ပြောင်းလဲခြင်း မရှိသေး။ စနစ်က ရှေ့ရောက်ပြီး Mindsetများက နောက်တွင် ကျန်နေဆဲဖြစ်သည်။

အွန်လိုင်းပေါ် အမဲလိုက်ထွက်သော်မုဆိုးများအကြောင်း - နော်ရာမောင်

မြန်မာနိုင်ငံတွင် လူမှုကွန်ရက်သုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ အွန်လိုင်းသုံးစွဲသူ မိန်းမငယ်လေးများအား အွန်လိုင်း စာမျက်နှာများမှတစ်ဆင့် အစီစဉ်တကျ အကွက်ကျကျ ဖြားယောင်း သွေးဆောင်လာသူများမှာလည်း တစ်နေ့တခြား ပေါများလို့လာနေသည်။

 

ကိုယ်တွေ့ကြုံခဲ့ရ မူးယစ်ဆေးသမား ဘ၀ (၁) - ဦးမျိုးကြီး

ဒီကနေ့ စာရေးသူတို့ရဲ့ ရွှေနိုင်ငံတော်ကို အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ အရာတွေထဲမှာ မူးယစ်ဆေးဝါးဟာ ထိပ်ဆုံးတစ်နေရာက ပါဝင်နေတယ်ဆိုရင် လေကုန်ခံ ဖင်ပိတ်ငြင်းနေမယ့် ပုဂ္ဂိုလ် အနည်းအကျဉ်းလောက်ပဲရှိမှာ သေချာပါတယ်။ သတင်းစာ၊ ဂျာနယ်တွေရဲ့ စာမျက်နှာတွေမှာ ကြည့်လိုက်ရင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု၊ လူသတ်မှု၊ လုယက် ခိုးဆိုးတိုက်ခိုက်မှု အစရှိတဲ့ သသတင်းတွေကို နေ့စဉ်နဲ့အမျှဆိုသလို မြင်တွေ့နေရပြီး အခုဆို သတင်းစာကိုင်ရင် သွေးညှီနံ့ ရတယ်လို့တောင် ကာတွန်းဆရာတွေက သရော်နေခဲ့ပါပြီ။ အမေရင်းဖြစ်သူကို ဂျီတီစီကျောင်းသားက ဓားနဲ့ထိုးသတဲ့၊ ဖခင်အရင်းကို သားက လည်ပင်း ဓားနဲ့ခုတ်သတ်သတဲ့၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုး

KIO ဒုတိယ ဥက္ကဋ္ဌ (၂) ဗိုလ်ချုပ်ဂွန်မော် (သို့မဟုတ်) ငြိမ်းချမ်းရေးကို လက်နက်ဖြင့် မဖြေရှင်းလိုသူ - သန်းဝင်းလှိုင်

မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်မှာ ယခုအခါ ၆၈ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ သို့သော် လွတ်လပ်ရေးရသည့် အချိန်မှစ၍ ပြည်တွင်းစစ်မီးကြီး တောက်လောင်နေသည်မှာ ဆယ်စုနှစ် ခြောက်ခုကျော်ခဲ့ပြီဖြစ်သည်။

အစိုးရသစ်လက်ထက် သိသာထင်ရှားသည့် ရလဒ်လိုချင်လျှင် ကျန်းမာရေး၊ ပညာရေးနှင့် ရဲတပ်ဖွဲ့မှာ လူဖြည့်ပါ - လက်စောင်းထက်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ် သက်တမ်းမှာ ခြောက်လပြည့်တော့မည် ဖြစ်သည်။ ခြောက်လတာ ကာလအတွင်း နိုင်ငံတကာ ဆက်ဆံရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်မှုများတွင် ထင်ရှားသော အားထုတ်မှုများ တွေ့မြင်ခဲ့ရသော်လည်း တရားဥပဒေ စိုးမိုးရေးနှင့် စီးပွားရေး ကဏ္ဍများတွင် အားရဖွယ်မရှိခဲ့ပေ။ အထူးသဖြင့် အစိုးရသစ် လက်ထက် ဥပဒေစိုးမိုးမှုမှာ မေးခွန်းထုတ်ဖွယ်ရာရှိပြီး ရာဇ၀တ်မှုများ၊ လူသတ်မှုများမှာ မြင့်တက်လာခဲ့သည်။ စီးပွားရေး ကဏ္ဍတွင်လည်း မြန်မာငွေတန်ဖိုးမှာ သိသိသာသာ ကျဆင်းလျက်ရှိပြီး အမေရိကန် ဒေါ်လာမှာ စံချိန်တင် မြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပို့ကုန်ကဏ္ဍများမှာ တစ်စစ က

မြန်မာ့လူ့အဖွဲ့အစည်းအတွက် တပ်လှန့်သံ - ကျော်စွာမြင့်

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှာ  “နာလိုက်တာ အမေရယ်” ဆိုတဲ့  ကဗျာလေး တစ်ပုဒ်ကို  မြန်မာနိုင်ငံသားတွေ သာမက နိုင်ငံအနှံ့က မြန်မာတွေ ကူးယူဖော်ပြခဲ့ကြပါတယ်။ ကဗျာရေးသားသူက ကိုသွန်းနေစိုး ဖြစ်ပြီး၊ ကလေးငယ်လေးနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံလေးသာ ချိတ်ဆွဲထားတဲ့ ထရံကာ အိမ်ကလေး ဓာတ်ပုံကတော့ ကိုနစ်ကီ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကဗျာလေးကတော့ ...

နာလိုက်တာ အမေရယ် ...

သမီးက ဘယ်သိမှာလဲ?
အိမ်အကူလုပ်ဖို့တဲ့
လခတစ်သောင်းခွဲတဲ့
စရိတ်ငြိမ်း ထမင်းလည်း
စားရမယ်ဆိုတော့
ရွာမှာ ထမင်းငတ်နေတဲ့
အဖြစ်ကြီးကလွတ်ပြီ။

အဏုမြူဗုံးထက် ဆိုးကျိုးခံရတဲ့ ပြည်တွင်းစစ် - အောင်မြင်သူ

၁၉၅၀ ပြည့်နှစ်၊ သြဂုတ်လ ၁၂ ရက်နေ့၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ထို့ကော်ကိုးရွာမှာ ဥက္ကဋ္ဌ စောဘဦးကြီး ကျဆုံးသွားပါတယ်။ နဘူးရွာဘက်က ချီတက်လာတဲ့ တပ်မတော် စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ထို့ကော်ကိုးရွာကြီးဟာ ဒေါနတောင်ခြေမှာရှိပါတယ်။ နဘူး၊ ပတ၊ ထို့ကော်ကိုးသကြား ဒေသဟာ တပ်မတော်နဲ့ KNUတပ်များ မကြာခဏ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။

ဒီတိုင်းပြည်ကို စိတ်တိုင်းကျလို့ ထွက်ခွာသွားတာလား - ဇော်သက်ထွေး

သောကြာနေ့ နံနက် ၇ နာရီခွဲ အိမ်ကထပြီး စမ်းချောင်း မဟာမြိုင်လမ်းမှာရှိတဲ့ Myanmar Journallist Institute ကိုအသွား လမ်းမှာ ဖုန်းဝင်လာပါတယ်။

“စိတ်တိုင်းကျဦးအောင်ထိုက် ဆုံးပြီတဲ့”

ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ ဦးအောင်ထိုက် (ဗဟိုလူမှု အထောက်အကူပြုအဖွဲ့ ပညာရေးကွန်ရက်) ဟာ ကျန်းမာရေး ကောင်းမွန်ပြီး NLD အစိုးရသစ် လက်ထက်မှာ ပရဟိတ အလုပ်တွေနဲ့ နိုင်ငံရေး အလုပ်တွေကို တက်တက်ကြွကြွ ဆောင်ရွက်နေတာ တွေ့လို့ပါပဲ။ ဒီလိုလူတစ်ယောက် ရုတ်တရက် ဆုံးသွားတယ်ဆိုတာ ကျွန်တော့်အတွက်တော့ တုန်လှုပ်ချောက်ချားစရာ သတင်းဆိုးတစ်ခုပါပဲ။

ရွန်းနီကို ချန်လှပ်ခဲ့တာ ပေါ့ဘာအတွက် အဖြေလား

သုံးပွဲ ဆက်တိုက် အရှုံးပွဲများနှင့် ကြုံတွေခဲ့ရအပြီးတွင် မန်ယူ၏ ကစားဟန်နှင့် ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမား ပေါ့ဘာ အဆင်မပြေဆိုသည့် သတင်းများ ထွက်ပေါ်လာမှုနှင့် အတူ မန်နေဂျာ မော်ရင်ဟိုလည်း အဖြေရှာရမည့် ဖိအားအောက် ရောက်ခဲ့သည်။ ပြီးခဲ့သည့် လက်စတာနှင့် ပွဲတွင် မော်ရင်ဟိုက ၄င်းကြိုပြောထားသကဲ့သို့ပင် ရွန်းနီကို ပထမ ၁၁ ယောက်စာရင်းတွင် ချန်လှပ်ခဲ့ပြီး ၄င်းနေရာတွင် မာတာကို ကစားစေခဲ့သည်။

တစ်ပတ်အတွင်း မျက်မှောက် ကမ္ဘာ့ရေးရာ

ပတ်စ်ပို့ အတု ပြုလုပ်သော မြန်မာနိုင်ငံသား နှစ်ဦး အပါအ၀င် နိုင်ငံခြားသား အချို့အား ဖမ်းဆီးရာမှ လူသေ အလောင်း တစ်လောင်းပါ ရှာဖွေတွေ့ရှိခဲ့

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ရဲတပ်ဖွဲ့ဝင်များသည် ပတ်စ်ပို့အတု လုပ်သူများကို ဖမ်းဆီးရာမှ အေးခဲ သေတ္တာအတွင်း၌ ခုတ်ထစ် သတ်ဖြတ်ခံထားရသော လူတစ်ဦး၏ အလောင်းကိုပါ ရှာဖွေ တွေ့ရှိခဲ့သည်။

Pages