December 2016

၂၀၁၆ ခုနှစ်ကို ဘတ်စ်ကားဖြင့် ဖြတ်သန်းလာခဲ့သည် - ဇော်သက်ထွေး

အစိုးရသစ် သက်တမ်းသည် ငါးပုံတစ်ပုံကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ လ ၈ ရက်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားအများစုက အနာဂတ်အတွက် မျှော်လင့်ချက် မြောက်မြားစွာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံအောမဲထည့်ပေးခဲ့သည်။ ထို့ကြောင့် NLD ဦးဆောင်သော အစိုးရ၊ NLD ဦးဆောင်သော လွှတ်တော်၊ NLDက စိတ်တိုင်းကျ ရွေးချယ်ပေးလိုက်သော ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များဖြင့် နိုင်ငံတော်သစ်ကို အစပြုခဲ့သည်။

ဇာဂနာ မရယ်ရတော့ဘူး (၁၁) - ဇာဂနာ

ခုတလော ဇာဂနာ့အဖေကို တော်တော် သတိရမိပါတယ်။ သူမျိုးစေ့ချပေးခဲ့လို့ ရေဒီယိုတွေ နားထောင်တတ်၊ မိုးလင်းတာနဲ့ သတင်းစာ ဆာလောင်တတ်တာတွေ ဇာဂနာ့ကိုယ်မှာ ပူးကပ်ခဲ့တာကိုးခင်ဗျာ။ ဖေဖေက မျက်နှာသစ်ပြီးတာနဲ့ သတင်းစာ မျှော်တော့တာပါပဲ။ မနက်စာစားဖို့ မေမေက ပြင်ဆင်ပြီးပေမယ့် သတင်းစာ မလာမချင်း မစားဘူးခင်ဗျ။ ဒီတော့ ဇာဂနာ့မေမေက အော် ညတုန်းကလည်း BBC,BOA တွေ နားထောင်ပြီးပြီ မဟုတ်လား။ ဒီအစိုးရသတင်းစာက ဘာထူးလို့လဲ။ ဘုန်းတော်ဘွဲ့တွေများ ဖတ်ချင်နေသေးတယ်လို့ ပြောရင် ဇာဂနာ့ဖေဖေက ပြုံးပြီး နှစ်ဖက်မျှအောင် ဖတ်ရတာပေါ့တဲ့။ ဒါတစ်ရက်တည်း ဖြစ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တာပါ။ ဒီစကားတွေကလည်း နေ့ပေါင်းများစွာ မေ

ရန်ကုန်မြို့လယ်၊ အကျယ်အ၀န်း ၁၈ ဧကကျော်၊ အဆောက်အအုံ ၃၃ လုံး၊ ငှားရမ်ခ တစ်လ ကျပ်သိန်း ၅၀ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ပြန်စစ်ပါဦး - လက်စောင်းထက်

ရန်ကုန်မြို့၏ အချက်အချာဖြစ်သော ရွှေတိဂုံဘုရား၏ အရှေ့ဘက်၊ ၁၈ ဧကကျော် အကျယ်အ၀န်းရှိ ကန်တော်ကြီး သဘာဝဥယျာဉ် မြေနေရာအား ယခင်အစိုးရလက်ထက်တွင် တစ်လ ကျပ် သိန်း ၅၀ ဖြင့် ဇေကမ္ဘာကုမ္ပဏီအား နှစ် ၃၀ အငှားချထားခဲ့သည်။ အဆိုပါ ကန်တော်ကြီးရှေ့တွင်ရှိသော ကွန်ဒိုတစ်ခုမှ မြေညီခန်း တစ်ခန်းငှားရမ်းခသည် တစ်လ ကျပ်သိန်း ၆၀ ဖြစ်ရာ ကန်တော်ကြီး သဘာဝဥယျာဉ်မှ ၁၈ ဧကအား တစ်လ ကျပ်သိန်း ၅၀ ဖြင့် ငှားရမ်းထားရှိမှုသည် သင့်လျော်ခြင်းရှိမရှိ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ပြီး အများပြည်သူ အခမဲ့ အပန်းဖြေနိုင်ရေးအတွက် ပြန်လည်သိမ်းဆည်းရန် သို့မဟုတ် ခေတ်နှင့်လျော်ညီသော ငှားရမ်းခ ပြန်လည်သတ်မှတ်သင့်ပြီဖြစ်ကြော

မူလတန်းကျောင်းတစ်ကျောင်းလုံးတွင် ဆရာမတစ်ဦးသာရှိသဖြင့် စတုတ္ထတန်းကလေးများ စာမေးပွဲအောင်မြင်နိုင်ရေး ဒေသခံများစိုးရိမ်

မကွေးတိုင်းဒေသကြီး၊ ရေနံ ချောင်းမြို့၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ ကမ္ဘားဖြူကျေးရွာ အစိုးရ မူလတန်းကျောင်းတွင် စာသင်ကြားနေသည့်  ဆရာမမှာ တစ်ဦးတည်းသာ ရှိနေသဖြင့် စတုတ္ထတန်း ကျောင်းသား ကျောင်းသူများ အတန်းတင်စာမေးပွဲ မဖြေဆိုနိုင်မည်ကို အဆိုပါကျေးရွာမှ ဒေသခံများက စိုးရိမ်ပူပန်မှုများရှိနေသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် ငါးနှစ်အတွင်းအိမ်ရာ ၁.၈ သိန်းအထိ အကောင်အထည်ဖော်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား

ပြည်တွင်း၌ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ၅ နှစ်အတွင်း အိမ်ရာပေါင်း ၁.၈ သိန်းအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ်ရတနာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အပိုင်း (၁) ဖွင့်လှစ်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

ခေတ်အဆက်ဆက် အမေ့လျော့ခံ BIA/BDA စစ်သားဟောင်းကြီးများ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားသို့ ချီတက်မည်

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျင်းပမည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။

ရေနံချောင်းမြို့တွင် ဘောလုံးအသင်းနှစ်သင်း ယှဉ်ပြိုင်စဉ် ခိုက်ရန်ဖြစ်ပွားသဖြင့် လုံးခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့မှ သေနတ်ခုနှစ်ချက် ပစ်ဖောက်ခြောက်လှန့်၍ ထိန်းသိမ်းခဲ့ရ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် မြို့မမြောက်ရပ်ကွက် ဘောလုံးအသင်းနှင့် ဆုံတိုက်ရပ်ကွက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် ခိုက်ရန်ဖြစ်ပွားသဖြင့် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့က မိုးပေါ်သို့ သေနတ်ဖြင့် ကျည်ဆန် ၇ ချက်ပစ်ခတ်ခြောက်လှန့်၍ ထိန်းသိမ်းခဲ့ရကြောင်း သိရှိရသည်။

၈၈ မျိုးဆက်၊ နိုင်/ကျဉ်းနှင့် ၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပူးပေါင်း၍ နိုင်ငံရေးပါတီထူထောင်မည်

လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးချယ်ခံနိုင်ရန် ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ နိုင်/ကျဉ်းခေါင်းဆောင် များနှင့် ၂၀၀၇ မျိုးဆက်ကျောင်းသားအချို့ ပူးပေါင်းထားသည့် နိုင်ငံရေးပါတီတစ်ခုကို လာမည့်   ၂၀၁၇ ခုနှစ်အတွင်း ထူထောင်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဗဟိုကော်မတီဝင် ဦးသက်ဦးက ပြောသည်။  

မောင်းသူမဲ့ရေယာဉ် Unmanned Surface Vehicle (VSU) ကို မြန်မာ့တပ်မတော်က ပထမဆုံး စမ်းသပ်မောင်းနှင်

အရှေ့တောင်အာရှ နိုင်ငံ အချို့တွင်ပင် အသုံးပြုခြင်းမရှိ သေးသည့် မောင်းသူမဲ့ရေယာဉ် Unmanned Surface Vehicle (VSU) ကို မြန်မာ့တပ်မတော်က ၆၉ နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ပထမဆုံးအကြိမ် စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စမ်းသပ်မောင်းနှင်ခြင်းအား ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ရှိ အမှတ် (၃) ရေတပ်ဆိပ်ခံတံတားတွင် ကျင်းပပြုလုပ်ခဲ့သည့် (၆၉)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ အကောင်းဆုံး အန်းဒရွိုက်ဖုန်း ၁၀ မျိုး

၁။ One Plus 3T
ယခင် One Plus 3 ဖုန်းနေရာတွင် One Plus 3T ဖြင့်အစား ထိုးခဲ့သည်။ စွမ်းဆောင်ရည်မြင့်မားပြီး ဘက်ထရီသက်တမ်း ကြာမြင့်သည့်အပြင် ရုပ်ထွက်ကောင်းမွန်သော ရှေ့ကင်မရာလည်း ပါဝင်သည်။ ဈေးနှုန်းမှာ 64 GB One Plus 3T တစ်လုံးလျှင် စတာလင် ပေါင် ၃၉၉ ရှိသည်။

၂။ Google Pixel/Pixel XL
Nexus ဖုန်းများ ဈေးနှုန်းချိုသာသော်လည်း Google Pixel ဖုန်းမှာ စတာလင်ပေါင် ၅၉၉ မှစတင်ပြီး  Pixel XL အမျိုးအစားမှာမူ စတာလင်ပေါင် ၇၁၉ ရှိသည်။ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဖန်ရှင်စုံသောဖုန်းလည်း ဖြစ်သည်။

Pages