January 2017

ဦးကိုနီ အသတ်ခံရမှုနှင့် ပတ်သက်ပြီး Myanmar Journalists Union မှ ၀မ်းနည်းကြောင်း ထုတ်ပြန်

ဦးကိုနီ အသတ်ခံရမှုနှင့် ပတ်သက်ပြီး Myanmar Journalists Union မှ ၀မ်းနည်းကြောင်း ထုတ်ပြန်လိုက်ပြီး ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

အရက်သမားတစ်ယောက်၏ ဘ၀သံသရာ - နဒီရဲရင့်

ကြေးစည်ရိုက်သံကို ကြားလိုက်ရသည်။ နာရေးရောက်နေသောလူများ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အားလုံး အသုဘပို့ရန် အသင့်ပြင်လိုက်ကြသည်။ ကွယ်လွန်သွားသူမှာ လင်းလင်း အသက် (၄၇နှစ်) ဖြစ်သည်။ လူချစ်လူခင်ပေါများသူ၊ ငယ်စဉ်က ရုပ်ရည်ချောမော၍ မိန်းကလေးများက စိတ်ဝင်စားသူ၊ ပေါင်းသင်းဆက်ဆံရေး ကောင်း၍ အားကစားကို စိတ်ဝင်စားသူမှာ နောက်ဆုံးတော့ အရက်ကို အဖော်ပြုရင်း လူ့ဘ၀မှ စောစီးစွာ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ဖခင်ဖြစ်သူမှာ တော်လှန်ရေးကောင်စီ ခေတ်ကတည်းကပင် တပ်မတော် အရာရှိတစ်ဦးဖြစ်ခဲ့၍ မိသားစုမှာ ချမ်းသာကြွယ်ဝကြသည်။ လင်းလင်းမှာ မွေးချင်းများအနက် တစ်ဦးတည်းသော သားဖြစ်သလို အငယ်ဆုံးသားလည်းဖြစ်သည်။ အစ်မတွေ၏ အလိုလိုက်အခံရဆုံး

မန္တလေးမြို့တွင် သားအမိနှစ်ဦး ရက်စက်စွာ သတ်ဖြတ်ခဲ့

" ခရီးဆောင် သေတ္တာထဲမှာ အဖေက အရုပ်လေး မီးလောင်ထားတယ်မှတ်လို့ ထုတ်လိုက်တာ သူ့သမီးလေး ဖြစ်နေတယ်"

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ ဇန်န၀ါရီလ ၁၉ ရက်က ဖြစ်ပွားခဲ့တဲ့ သားအမိနှစ်ယောက်ကို  ရက်စက်စွာသတ်ပြီး မီးရှို့ခဲ့တဲ့အမှုကတော့ တော်တော်ကို သွေးအေးပြီး ထိတ်လန့်စရာကောင်းလှပါတယ်။
ဘာ့ကြောင့် သွေးအေးတယ်လို့ ဆိုရသလဲဆိုရင် လူသတ်သမားဟာ  လူသတ်ပြီး  သွေးရူးသွေးတန်း ဖြစ်မနေတဲ့အပြင် လူသတ်ထားတဲ့ သွေးကွက်တွေဖျောက်ပြီးလို့ မီးရှို့ပြီး ဧည့်ခန်းကဆိုဖာမှာ အေးအေးသက်သာ ဖုန်းထိုင်သုံးနေနိုင်လို့ပါပဲ။

အကျဉ်းထောင်အတွင်းမှ ဗြဟ္မာဦးခေါင်း အလှဖန်တီးရှင်များ - ဇော်သက်ထွေး

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂေးအလှမယ် မျိုးကိုကိုစန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရတဲ့အတွက် ရန်ကင်းရဲစခန်းမှာ ဖမ်းဆီးထိန်း သိမ်းလိုက်ပါတယ်။ Gay Miss International Queen 2014 Myanmar ရရှိထားသူ မျိုးကိုကိုစန်းကို ဘန်ကောက်မှ ရန်ကုန်သို့ MAI လေကြောင်းလိုင်းဖြင့် ပြန်လာစဉ် ရန်ကုန်လေဆိပ်မှာပဲ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ ရန်ကင်းမြို့နယ် တရားရုံးက တရားလိုနေရာမှာ နာမည်ကျော် ရုပ်ရှင်မင်းသမီး ၀တ်မှုန်ရွှေရည်(ခ) ကစ်ကစ်လို့ ဖော်ပြခဲ့ပါတယ်။ ပြဿနာဖြစ်ရတဲ့ အကြောင်းအရင်းကတော့ Cele Cele Small ဆိုတဲ့ Facebook Page ရဲ့ Admin တစ်ဦးအဖြစ် သံသယရှိလို့ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ

ဧရာဝတီကို နေရောင်ခနေပြီ - မောင်နွေထက်

မကွေးဟေမန္တဆောင်းမနက်က ဧရာလေညင်းအနော့မှာ အေးရှရှ မင်းဘူးမြို့ကလေးနဲ့ မကွေးမြို့ကလေးကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားသစ်ကြီးက ရှည်လျားစွ၊ ဧရာဝတီရေစီးလှိုင်းသံနုလေးက ညင်သာစွ၊ စက်လှေကလေးတစ်စင်းက ကမ်းစပ်ကခွာတော့မယ်၊ ဟော..၀ါးတိုင်ကကြိုးကို ဖြုတ်နေပြီ၊ လာ..အစ်ကိုသွားကြစို့တဲ့။ မောင်နီဦးရဲ့စကား။ အစ်ကိုတက်နှင့်တော့ ကျွန်တော် လူတချို့ စောင့်ပေးလိုက်ဦးမယ်တဲ့။ ဇော်သက်ထွေးရဲ့စကား။ ဒီလိုနဲ့ ရွှံ့ဝါရောင်ရေစပ်က စက်လှေလေးပေါ် ဖျပ်ခနဲအတက်၊ လှေအဆင်း မြင်းအတက်တဲ့၊ ဒါကတော့ စက်လှေကလေးပေါ်အတက်၊ ဧရာဝတီဂယက်ပေါ့။ နေရောင်ပက်ထားတဲ့ ဧရာဝတီရင်ပြင်ပေါ်မှာ ပတ္တမြားပွင့်ကလေးတွေက အစီအရီပွင့်လို့၊ ဟော..

အနာဂတ်လှဖို့ ငွေပေးဝယ်မှ ရမှာလား - နော်ရာမောင်

အင်္ဂလိပ်စာကို ထစ်အထစ်အနှင့် ကျက်နေသော သမီးကြီးကို ကြည့်ရင်း အိမ်ရှိ လူကြီးအကုန် စိတ်ကမရှည်ချင်။ သူများကလေးတွေက ဒီအရွယ်မှာ အင်္ဂလိပ်လို ပလွတ်ထနေအောင် ပြောနေတဲ့အချိန်မှာ သမီးကြီးက ရပြီးသား အလွယ်ကူဆုံး အရောင်တွေကိုတောင် ပြန်မေ့နေတာ ဒေါသဖြစ်စရာ ကောင်းလွန်းလှသည်။
သမီးကြီးရဲ့ အသံထွက်အမှားတွေကို ဖအေတစ်လှည့် မအေတစ်လှည့် ထောက်ပေးရင်း သင်နေတော့ သမီးကြီးခမျာ စာထဲတွင် စိတ်ကမပါတော့။ သူဆိုသမျှ မှားနေတယ်ဆိုတာကို သူလက်မခံချင်ပေမယ့် သူဆိုသမျှ အသံထွက်တွေတိုင်း မှားနေတာကြာလာတော့ ဘာမှပြန်မပြောပေမယ့် မျက်ရည်လေး ၀ဲဝဲတတ်လာတာကို သတိပြုမိပါတယ်။

ဝန်ကြီးချုပ်တွေ လူလုံးပြကြပါဦး - လက်စောင်းထက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်တာ တစ်နှစ်နီးပါး ရှိလာပါပြီ။ လက်ချိုးရေတွက်လို့ရတဲ့ အနည်းစုသော ၀န်ကြီးချုပ်တွေကလွဲရင် ကျန်ဝန်ကြီးချုပ်တွေ ပျောက်နေပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ စာဖတ်သူတွေကို မေးခွန်းလေးတစ်ခု မေးခွင့်ပြုပါ။ စာဖတ်သူများအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦးရဲ့အမည်ကို သိပါရဲ့လား။ ၁၄ ဦး စလုံးနာမည်ကို သိရင်ဖြင့် အမှတ်ပြည့်နဲ့ အောင်ပါတယ်။ လက်စောင်းထက်ကတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကွီးဖြိုးကို သိပါတယ်။ သူ့ရဲ့ လှုပ်လှုပ်ရှားရှား ဆောင်ရွက်ချက်တွေကြောင့် စာရေးသူသာမက တစ်နိုင်ငံလုံးက သိကြမယ်လို့ ယုံကြည်ပါတယ်။

အီရန်က လျှို့ဝှက်တက္ကသိုလ်

အီရန်နိုင်ငံတွင်ရှိသည့် မွတ်စလင်မဟုတ်သော ဘဟာအီဘာသာဝင်တို့သည် ဘာသာရေးအရ တားဆီး ပိတ်ပင်ခံရမှုနည်းမျိုးစုံနှင့် ကြုံတွေ့နေကြရသောသူများ ဖြစ်ကြသည်။ ထိုအထဲမှ တစ်မျိုးမှာ တက္ကသိုလ် ကျောင်းတက်ရောက်ခွင့်ကို တားဆီးပိတ်ပင်ခံရခြင်းလည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ဘဟာအီဘာသာဝင်တို့ အတွက် တက္ကသိုလ်ပညာရေး လေ့လာသင်ယူလိုလျှင် တိုင်းပြည်မှထွက်ခွာပြီး ပြည်ပနိုင်ငံများသို့ သွားရောက် သင်ယူခြင်းသည်သာ ၄င်းတို့အတွက်အဖြေတစ်ခုဖြစ်သည်။

၁၂ နှစ်အတွင်း ကလေး ၅၀၀ ခန့်ကို လိင်စော်ကားမှုပြုခဲ့သည့် အိနိ္ဒယအပ်ချုပ်သမား

အိနိ္ဒယနိုင်ငံ နယူးဒေလီမြို့မှ အသက် ၃၈ နှစ်ရှိ အပ်ချုပ်သမားတစ်ဦးသည် ၁၂ နှစ်တာကာလအတွင်း ကလေး ၅၀၀ ခန့်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်ခဲ့ကြောင်း  ရဲထံဝန်ခံပြောကြားခဲ့သည်။

မိန်းကလေးငယ်နှစ်ဦးကို ဗလက္ကာရပြုရန် ကြံစည်ကြိုးစားမှုဖြင့် ရဲတပ်ဖွဲ့က ၄င်းအပ်ချုပ်သမားအား ဖမ်းဆီး စစ်ဆေးစဉ် လွန်ခဲ့သော ၁၂ နှစ်တာကာလအတွင်း ကျူးလွန်မှုများကို ၀န်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

Pages