February 2017

ဇာဂနာ မရယ်ရတော့ဘူး - ဇာဂနာ

ဒီတစ်ခါ မရယ်နိုင်တော့ဘူးလို့ ပြောရမယ်ထင်ပါရဲ့။ ဇာတ်စကားနဲ့ ဆိုရင်တော့ ပွဲကူးကြမ်းတာပေါ့လေ။ ပြီးခဲ့တဲ့တစ်ပတ်လုံးလုံး ခြေထောက်တွေ ရောင်ရမ်းတဲ့ထိ ကားစီးနေရတာကိုး။ နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးနှစ် ၂၀၁၇ အထိမ်းအမှတ် ငြိမ်းချမ်းရေးစည်တော်သံ အနုပညာပွဲခင်းသာကို စီစဉ်ရ၊ ကိုယ်တိုင်လည်း ကပြခဲ့ရပါတယ်။ အဲဒီကနေမှ ဧရာဝတီမြစ်ရဲ့ အနောက်ခြမ်းကို မိုင် ၁၁၀ ကျော် ရိုးမကိုကျော်၊ မြစ်ကိုဖြတ်လို့ ခရီးဆက်ခဲ့ရတာပေါ့။

ရန်သူ နံပါတ် (၂) ဒါမှမဟုတ် သခင်ဗဟိန်း နှစ် ၁၀၀ ပြည့်မွေးနေ့ - မောင်နွေထက်

“မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေမယ်”
သခင်ဗဟိန်း (၁၁ ဒီဇင်ဘာ ၁၉၃၈ မကွေးမြို့ မဲထီးကျောင်းတိုက် ရေနံမြေသပိတ်အလုပ်သမားများ ဟောပြောပွဲ)
(၁)
“ကိုယ်တို့အလုပ်မှာ အနှောင့်အယှက်ဖြစ်စေမယ့် ကိုယ်ကျိုးတွယ်တာမှုကို စွန့်လွှတ်စမ်းပါ၊ အနစ်နာခံစမ်းပါ” လို့ ပြောခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမား၊ တော်လှန်ရေးသမား သခင်ဗဟိန်းဟာ ၁၉၁၇ ခုနှစ် ဇွန် ၂၇ ရက် ဗုဒ္ဓဟူးနေ့က အင်းဝမြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ဒါကြောင့် အခုလာတော့မယ့် ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ သခင်ဗဟိန်းမွေးနေ့ နှစ် ၁၀၀ ပြည့်ပါတော့မယ်။

အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများ အကြောင်း အပိုင်း (၄) - ဇော်သက်ထွေး

သင်္ဃန်းကျွန်းမှ တက်သစ်စလူမိုက်လေး မိုးသူဟာ အမေကမွေး၊ ထောင်ကကျွေးဘ၀မှာ “တန်း” မရှိပေမယ့် “ဇ” ရှိပါတယ်။ တကယ်တော့ သင်္ဃန်းကျွန်းရဲ့ တန်းရှိတဲ့ ဆရာကြီးကတော့ (၄)ဆောင် (၆)ခန်းမှာ အခန်း လူကြီးလုပ်နေတဲ့ ယက္ခကြီးဖြစ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ရလာတော့ ထောင်ထဲမှာ ငြိမ်နေပါပြီ။ မိုးသူ ကတော့ အင်းစိန်ထောင်ရဲ့ တန်းဝင်လူမိုက်စာရင်းမှာ ပါရဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားပုံ ပေါ်ပါတယ်။ ဒီအခြေအနေမှာ မိုးသူကို ငရှဥ့်က အိပ်မက်တွေပေးပြီး ကောက်စားလိုက်တာ ဖြစ်ပါတယ်။

အစိုးရသစ်၏ သက်တမ်းတစ်နှစ်အတွင်း ၀န်ကြီးချုပ်များ၏ စွမ်းဆောင်မှု မှတ်တမ်း (၁)

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားများ၏ တစ်ခဲနက် ထောက်ခံမဲပေးမှုကြောင့် မြန်မာနိုင်ငံကို ဦးဆောင်သည့် အစိုးရတစ်ရပ် ဖြစ်လာသည်။

အင်္ဂလိပ်ဘာသာစကား အခမဲ့သင်ကြားပေးမယ့် အလှမယ် ဟန်သီ

သရုပ်ဆောင် အဆိုတော် အလှမယ်ဟန်သီသည် အသက်အရွယ် အပိုင်းအခြားအလိုက် ကလေးငယ်များကို သုံးလကြာ အင်္ဂလိပ်ဘာသာစကား အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ပြောသည်။
 
“ငယ်ငယ်တုန်းကတည်းက အင်္ဂလိပ်ကျောင်းမှာ တက်ခဲ့တော့ အင်္ဂလိပ်စာပိုင်းတော့ အားသန်နေတယ်။ ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပညာဒါနအနေနဲ့ ပြန်ပြီးဝေမျှဖြစ်တာပါ။ ကလေးတွေကို သင်ပေးဖြစ်တာကလည်း ကိုယ်ကလည်း လူငယ်ဖြစ်တာကြောင့်မို့လို့ပါ။ အခုကစပြီးတော့ သင်ချင်တဲ့ကလေးတွေကို စတင်လက်ခံပေးနေပါပြီ။ လူတော်တော်များလာရင်တော့ အချိန်ဇယား သေသေချာချာနဲ့ စသင်ပေးတော့မှာပါ”ဟု ၄င်းက ပြောသည်။

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား တက်ရောက်မည့်သူများကို သရုပ်ပျက် အ၀တ်အစားမ၀တ်ရန် စည်းကမ်းချက်ထုတ်မည်

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း၏ သက်တမ်းတွင် နောက်ဆုံးအကြိမ် ပြုလုပ်မည့် အကယ်ဒမီဆုပေးပွဲဖြစ်ပြီး တက်ရောက်မည့်သူများအတွက် ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ စည်းကမ်းချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို)မှ သိရသည်။

သမ္မတထရမ့်နှင့် မိသားစုလုံခြုံရေးအတွက် သန်းပေါင်းများစွာ သုံးစွဲနေရ

ဝါရှင်တန်ပို့စ် သတင်းစာ၏ခန့်မှန်းချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏မိသားစုလုံခြုံရေး အတွက် ကုန်ကျစရိတ်မှာ ယခင်သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် သူ၏ မိသားစုလုံခြုံရေးကုန်ကျစရိတ် ကို ကျော်တက်နိုင်ဖွယ် ရှိနေသည်။

တရားဥပဒေရေးရာ စောင့်ကြည့်သည့်အဖွဲ့၏ ထုတ်ပြန်ချက်အရ ယခင်သမ္မတဟောင်းအိုဘားမား၏ ခရီး သွားလာကုန်ကျစရိတ်မှာ အမေရိကန် ၉၇ သန်းရှိခဲ့သည်။ အဆိုပါကုန်ကျစရိတ်မှာ အိုဘားမား ၈ နှစ်တာ သမ္မတသက်တမ်းတစ်လျှောက် ကုန်ကျစရိတ်ဖြစ်သည်။ သို့သော် ဒေါ်နယ်ထရမ့်ကမူ သမ္မတရာထူး တရားဝင် လွှဲပြောင်းရယူပြီး ၄ ပတ်အတွင်း သူ၏ခရီးသွားလာရေး ကုန်ကျစရိတ်မှာ အိုဘားမား၏ ကုန်ကျစရိတ်ကို ကျော်တက်ရန် နီးစပ်နေပြီဖြစ်သည်။

မှုခင်းကျဆင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ဒုစရိုက်မှုများမှာ နေရာအနှံ့တွင် ဖြစ်ပွားလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရသစ်လက်ထက်တွင် မှုခင်းကျဆင်းရေးလုပ်ငန်းများကို စီမံချက်ဖြင့် ဆောင်ရွက်နေသော်လည်း ဒုစရိုက်မှုများသည် နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

“ဒုစရိုက်မှုအများဆုံးကတော့ လူသတ်မှုတွေ ဖြစ်ပါတယ်။ လူသတ်မှုအများဆုံးကိုတော့ CID က ကိုင်တွယ် စစ်ဆေးတာပါ။ ဒါပေမယ့် လူသတ်မှုတွေထဲမှာ အလောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီးတော့ CID က အဓိက ထားစစ်ဆေးပြီး မသင်္ကာသူတွေကိုလည်း  ခေါ်ယူစစ်ဆေးလျက်ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

မိမိကိုယ်ကိုယ်အဆုံးစီရင်မှု အများဆုံး (၁၀) နိုင်ငံ

၁။ ဂူရာနာ
တောင်အမေရိကတိုက် အရှေ့မြောက်ဘက်အစွန်း၌ရှိသောနိုင်ငံ ဖြစ်သည်။ လူဦးရေ ၄၇၃,၀၀၀ သာရှိပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည်။ ဂူရာနာနိုင်ငံသည် ကမ္ဘာပေါ်တွင် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု အများဆုံးနိုင်ငံဖြစ်သည်။ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့မှုနှင့် အရက်သေစာ အလွန်အကျွံ သောက်သုံးမှုတို့ကြောင့် လူ ၁၀၀,၀၀၀ လျှင် ၄၄ ဦးနှင့်အထက် နှစ်စဉ်သတ်သေလျက်ရှိသည်။

ကားမီးလောင်မှု ၁၅ကြိမ် ဖြစ်ပွားကာ လူ(၉)ဦးသေဆုံးခဲ့

ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ကားမီးလောင်မှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ခုနစ်ကြိမ်ဖြစ်ပွားခဲ့ကာ လူ(၉)ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

တစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည့် ကားမီးလောင်မှု ၁၅  ကြိမ်တွင် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၄၈,၆၅၂,၀၀၀ ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် ခုနစ်ကြိမ်တွင် ဆုံးရှုံးမှုတန်ဖိုး ၂၀,၅၇၀,၀၀၀ ရှိခဲ့ကြောင်း သိရှိရသည်။  ကားမီးလောင် မတော်တဆမှုများတွင် ဘက်ထရီဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုနှင့်အင်ဂျင်အပူလွန်ကဲရာမှ မီး လောင်မှုတို့မှာ အများဆုံးဖြစ်သည်ဟု သိရသည်။

Pages