May 2017

ဦးမျိုးကြီးစိတ်မကောင်းပါ - ဦးမျိုးကြီး

တစ်နေ့က ဦးမျိုးကြီးနေထိုင်ရာ အရပ်ထဲမှာ စကားဝိုင်းတစ်ခု လုပ်သွားခဲ့ပါတယ်။ ယနေ့ခေတ် လူငယ်ဖျော်ဖြေရေး၊ ပညာပေးနှင့် စကားဝိုင်းဆွေးနွေးပွဲလို့ အမည်ပေးထားတဲ့ ဒီစကားဝိုင်းကို AGORA-YANKIN က စီစဉ်ခဲ့တာဖြစ်ပြီး ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေးအတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားများအဖွဲ့တချို့က တောင်းဆိုသည့်ခွဲရေးနှင့်ပတ်သက်၍ တပ်မတော်သားအစုအဖွဲ့မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းအား မီဒီယာများက တွေ့ဆုံမေးမြန်းခြင်း

တိုင်းရင်းသားများအဖွဲ့အချို့က ပြည်ထောင်စုမှ ခွဲထွက်ခွင့်ရရေးဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းကိစ္စအပေါ် တပ်မတော်၏သဘောထားအပါအ၀င် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးမှုအခြေအနေများကို သိရှိစေရန် တပ်မတော်သားအစုအဖွဲ့မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းအား မီဒီယာများက တွေ့ဆုံမေးမြန်းမှုများထဲမှအချို့အား ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

ဧရာဝတီဘဏ်ရှိ ATM စက်မှ ငွေသားများကို ကတ်အတုဖြင့် ငါးကြိမ်ဆက်တိုက် ခိုးယူမှုဖြစ်ပွား

မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ ကမ်းနားလမ်းတွင် တည်ရှိသော ဧရာဝတီဘဏ်ခွဲ (၁) ရှိ ATM စက်အတွင်းမှ ငွေသားများကို ငါးကြိမ်တိုင် ကတ်အတုဖြင့် ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်မြို့မရဲစခန်းမှ သိရသည်။

“လောလောဆယ်မှာတော့ ကတ်အတုနဲ့ ငွေထုတ်တဲ့သူတွေကို ရိုက်ထားတဲ့ ATM စက်ရဲ့ ကင်မရာ မှတ်တမ်းတွေ ရထားပြီးပြီဆိုတော့ တရားခံကို အမြန်ဆုံးဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်”ဟု မော်လမြိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

၂၀၁၇ လေးလတာကာလအတွင်း ပြည်တွင်းသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၂၅ ရာခိုင်နှုန်းအထိရှိလာ

၂၀၁၇ ခုနှစ် ပထမလေးလအတွင်း ပြည်တွင်းသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်လာမှုသည် ၂၅ ရာခိုင်နှုန်းအထိ ရှိလာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

“ဒီနှစ်ရဲ့ ပထမလေးလအတွင်းမှာ နိုင်ငံခြားသားခရီးသွားတွေ ၀င်ရောက်လာတာက ၂၅ ရာခိုင်နှုန်းလောက် ရှိလာပါတယ်။ ပြီးတော့ မိုးရာသီကာလထဲမှာ နိုင်ငံခြားသားခရီးသွားတွေ မလျော့သွားဖို့အတွက် Green Season ကို ဇွန်လကနေ စက်တင်ဘာလအထိ အကောင်အထည်ဖော်နေပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အများပိုင်ကုမ္ပဏီလီမိတက် (YUPT) မှ မှာယူထားသောကားသစ်များ ရောက်ရှိလာပါက ယာဉ်မောင်းတစ်ထောင်ကျော် ထပ်မံခန့်အပ်မည်

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ  (YUPT) မှ ကားသစ်စီးရေ တစ်ထောင်ကျော် မှာယူထားပြီး ရောက်ရှိလာပါက ယာဉ်မောင်း ၁၀၀၀ ကျော် ခန့်အပ်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။

“ယာဉ်မောင်း ၅၀၀ လောက်တော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးမယ်ပြောတယ်။ ဒါပေမဲ့လည်း နောက်ထပ် ၅၀၀ လောက်တော့ ထပ်ခေါ်ရဦးမျာပါ။ လတ်တလောမှာ ၁၆၀ လောက် ခန့်အပ်ထားတယ်။ ယာဉ်မောင်း လိုအပ်ချက်ကတော့ တော်တော်လေးကို ရှိနေတာပါ။ ဘာလို့လဲဆိုတော့ ယာဉ်မောင်းဆိုးတွေ ရှိနေတာကြောင့်ပါ။ အဲလိုတွေရှိနေတော့ ပြန်ဖြုတ်တာနဲ့ ယာဉ်မောင်းလိုအပ်ချက်က ရှိနေတယ်” ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သို့ ရောက်ရှိလာသောတိုင်စာများတွင် ရာထူးတိုးပြောင်းရွှေ့ ပြဿနာများ အများစုဖြစ်နေ

မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သို့ ၂၀၁၇ ခုနှစ်တွင် ရောက်ရှိလာသော တိုင်စာ ၁၅ စောင်တွင် ရာထူးတိုးပြောင်းရွှေ့ပြဿနာများ အများစုဖြစ်နေကြောင်း ဆရာ၊ ဆရာမများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက် နိုင်ဦးက ပြောသည်။
“များသောအားဖြင့် ရာထူးတိုးပြောင်းရွှေ့ကိစ္စတွေမှာ ဆရာဆရာမတွေက သူတို့ မတရားခံရတယ်ဆိုတာ တင်ပြကြတယ်။ ပွင့်လင်းမြင်သာမှုမရှိဘူးပေါ့။ ကျွန်တော်တို့လည်း ပညာရေးဝန်ကြီးဌာနနဲ့ ဒီကိစ္စတွေကို ညှိနှိုင်းနေပါတယ်” ဟု ဒေါက်တာသက်နိုင်ဦးက ပြောသည်။

မိုးကြိုးပစ်ခြင်းကြောင့် နှစ်လအတွင်းသေဆုံးသူ ၃၄ ဦးရှိ

မြန်မာတစ်နိုင်ငံလုံးတွင် နှစ်လအတွင်း မိုးကြိုးပစ်ခြင်းကြောင့် သေဆုံးသူ ၃၄ ဦးရှိပြီး ယင်းသေဆုံးသည့် ဦးရေသည် ယခင်နှစ်ကာလတူထက် ပိုမိုများပြားခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးမှုသည် မြန်မာတစ်နိုင်ငံလုံးတွင် မိုးကြိုကာလဖြစ်သော ဧပြီ ၁ ရက်မှ မေ ၂၃ ရက်အထိ မိုးကြိုးပစ်ခြင်းကြောင့် သေဆုံးမှုများဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၄ ဦးရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ သိရသည်။
“အရင်နှစ်တွေက ဒီလောက် သေဆုံးမှုမရှိပါဘူး။ ဒီနှစ်မှာ သေဆုံးသူနဲ့ ဒဏ်ရရှိသူ ပိုများလာတာတာပါ”ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမှိုက်သိမ်း လက်တွန်းလှည်းများနေရာတွင် သုံးဘီးယာဉ်များဖြင့် အစားထိုးမည်

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ဆင်ခြေဖုံးမြို့နယ်များတွင် လက်တွန်းလှည်းများဖြင့် အမှိုက်သိမ်းနေသည့်နေရာများကို အမှိုက်သိမ်း သုံးဘီးဆိုင်ကယ်များဖြင့် ဇွန်လဆန်းစ၍ အစားထိုး အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရ သည်။

“ဆင်ခြေဖုံးမြို့နယ်တွေမှာရှိတဲ့ အမှိုက်သိမ်းလက်တွန်းလှည်းတွေကို အမှိုက်သိမ်းသုံးဘီးဆိုင်ကယ်တွေနဲ့ အစားထိုးဖို့အတွက် ကညနမှာ လိုင်စင်ဝင်နေပါတယ်။ လိုင်စင်ကိစ္စတွေအားလုံးပြီးရင်တော့ ဇွန်လဆန်း လောက်မှာ စတင် အစားထိုးအသုံးပြုသွားမှာ ဖြစ်ပါတယ်”ဟု ၄င်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိဈေးကွက်စီးပွားရေး စနစ်နှင့်အညီ စာပို့ခနှုန်းထားများ နှစ်ဆနီးပါး တိုးမြှင့်

မြန်မာ့စာတိုက်လုပ်ငန်းမှ စာပို့ခနှုန်းထားများ ထက်ဝက် နီးပါး ပြောင်းလဲကောက်ခံလိုက်ခြင်းသည် လက်ရှိကျင့်သုံးနေ သည့် ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေမှု ရှိ လာစေရန် ကောက်ခံရခြင်းဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ် ငန်းမှ သိရှိရသည်။

"အခုလို တိုးမြှင့်ကောက်ခံလိုက်တာက စာတိုက် လုပ်ငန်းရဲ့ ၀င်ငွေနဲ့ ထွက်ငွေတွေက ကွာဟနေတယ်။ ဒီ ကွာဟချက်တွေက နိုင်ငံတော်အစိုးရအတွက် အရှုံးတွေ ဖြစ်လာနိုင်တယ်။ ဒီအရှုံးတွေသက်သာစေဖို့အတွက် အခု လို တိုးမြှင့်ကောက်ခံရခြင်းဖြစ်ပါတယ်"ဟု မြန်မာ့စာတိုက် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက ထဲထဲဝင်ဝင် ပါဝင်နေဟု ဦးခင်မောင်ဆွေ သုံးသပ်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက ထဲထဲဝင်ဝင် ပါဝင်လျက်ရှိပြီး ၄င်းတို့ အနေဖြင့်လည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးရစေလိုလျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက သုံးသပ်ပြောသည်။

“တရုတ်နယ်စပ်တလျှောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကရှိနေတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူမပါဘဲ နေလို့မရဘူး။ နံပါတ်တစ်က စားပွဲဝိုင်းပေါ်ရောက်အောင် သူကစီစဉ်မှာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့နယ်စပ်တလျှောက် စစ်ဘေးဒုက္ခသည်တွေ ၀င်နေတာရယ်၊ နောက်တစ်ချက်က နယ်စပ်ကုန်သွယ်ရေး တည်ငြိမ်စေချင်တဲ့ပုံစံရှိနေတယ်”ဟု ၄င်းကပြောသည်။

Pages