June 2017

သိုးတစ်ကောင်မှ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းသတ္တ၀ါငယ် မွေးဖွား

တောင်အာဖရိကနိုင်ငံတွင် သိုးတစ်ကောင်သည် လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း သတ္တ၀ါငယ်တစ်ကောင်ကို မွေးဖွားခဲ့သည်။

တောင် အာဖရိကအရှေ့ပိုင်း လေဒီဖရယ်ပြည်နယ်ရှိ ကျေးရွာတစ်ခုတွင် သိုးမတစ်ကောင်သည် အဆိုပါ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းသတ္တ၀ါငယ်ကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ ဒေသခံပြည်သူ ၄.၀၀၀ နှင့် လယ် သမားများသည် အဆိုပါသတ္တ၀ါငယ် မွေးဖွားလာခြင်းကို ကြောက်လန့်နေကြသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းက ပေးတဲ့ အတွေးတစ်စ (၂) - ဦးမျိုးကြီး

ပြီးခဲ့တဲ့အပတ်က ၁၀ တန်းတွေ အောင်စာရင်းထွက်အပြီး ရင်ထဲကို ရောက်လာတဲ့ အတွေးလေးတစ်စကို ပုံဖော်လိုက်တာ ဦးမျိုးကြီး တော်တော် ဟတ်ထိသွားခဲ့ပါတယ်။

လမ်းနယ်နိမိတ်ချဲ့ရန် သစ်ပင်များခုတ်လှဲရာတွင် သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်မယူဘဲ ဆောင်ရွက်ပါက သစ်တောဥပဒေဖြင့် အရေးယူမည်

လမ်းနယ်နိမိတ်ချဲ့ရန် သစ်ပင်များ ခုတ်လှဲရာတွင် သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်မယူဘဲ ဆောင်ရွက်ပါက သစ်တောဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန နေပြည်တော်မှ သိရသည်။

“ခွင့်ပြုချက်မယူဘဲ သဘာဝပေါက်နေတဲ့သစ်ပင်တွေ တားမြစ်ရာ ပါဝင်တဲ့သစ်ပင်တွေကို ခုတ်ရင်တော့ သစ်တောဥပဒေအရဖြစ်စေ၊ ပုဒ်မ၆(၁)နဲ့ဖြစ်စေ၊ အရေးယူခံရပါမယ်”ဟု သစ်တောဦးစီးဌာန၊ နေပြည်တော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာစီမံကိန်းများ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် စတင်ဖော်ဆောင်မည်

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်  ပထမဆုံးအနေဖြင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် နိုင်ငံဝန်ထမ်းအငှားအိမ်ရာစီမံကိန်းကို လာမည့်ဇူလိုင်လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

NLD အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများအရေး ထိရောက်စွာဆောင်ရွက်ပေးမှု လုံးဝမတွေ့ရဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲဝင်တစ်ဦး ဝေဖန်

NLD အစိုးရလက်ထက်၌ နိုင်ငံရေးအကျဉ်းသားများအရေး ထိရောက်စွာ ဆောင်ရွက်ပေးမှု လုံးဝ မတွေ့ရှိရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးမိုးအောင်ကျော်က ပြောသည်။

ဇူကာဘတ်၏ လားရာ - မာဂျေ

မောင်ဇူကာဘတ်တစ်ယောက် ဝေခွဲမရ ဖြစ်နေသည်။ သူ ညက အလုပ်လုပ်နေပါလျက် ယခုတော့ ဘယ်ကမှန်းမသိသည့် လူရုပ်ဆိုးကြီး တစ်ယောက်ရှေ့တွင် ရောက်နေသည်။ လူရုပ်ဆိုးကြီးက “မင်းနာမည် ဇူကာဘတ်၊ မင်းက ဖေ့စ်ဘွတ်ခ်ပိုင်ရှင်ဆိုတာ မှန်လား” ဟု အထက်စီးလေသံဖြင့် မေးလာသည်။ ဇူကာဘတ် ထောင်းခနဲ ဒေါသထွက်သွားသည်။ သူ့လို ကမ္ဘာသိပုဂ္ဂိုလ်ကို ဤမထင်မရှား လူရုပ်ဆိုးက လေသံမာမာဖြင့် မေးလာသဖြင့် “နေစမ်းပါဦး။ ခင်ဗျားက ဘယ်သူမို့လို့ ဒီလို လေသံမာမာနဲ့ မေးနေရတာလဲ”ဟု ပြန်ပက်လိုက်စဉ် ကျောထဲမှ စူးခနဲ ဖြစ်သွားသည်။ နောက်လှည့်ကြည့်လိုက်တော့ ရှေ့ကလူထက် ရုပ်ဆိုးသော လူလိုလို တိရစ္ဆာန်လိုလို တစ်ယောက်က သူ့ကျောကို ခက်ရင်းခွဖြင့်ထိုးလိုက်ခြင်း ဖြစ်သည်။ ကမ္ဘ

ပင်လယ်ရေမျက်နှာပြင် ၂၀ စင်တီမီတာ မြင့်တက်လာ၍ နိုင်ငံတကာရှိ မြစ်ဝကျွန်းပေါ်ဒေသများ ရေနစ်မြုပ်နိုင်

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲများအရည်ပျော်ကာ ကမ္ဘာမြေကြီး၏ ပင်လယ်ရေမျက်နှာပြင်၂၀ စင်တီမီတာ အမြင့်သို့ ရောက်ရှိလာသဖြင့် နိုင်ငံတကာရှိ မြစ်ဝကျွန်းပေါ်ဒေသများ ရေနစ်မြုပ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဌာနတိုင်းတာရေးကိရိယာများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒုတိယစီမံကိန်းမန်နေဂျာ ဦးချစ်ကျော်က ပြောကြားခဲ့သည်။

(ခ) လိုင်စင်ရှိသူများ YBS အထူးယာဉ်မောင်းသင်တန်းသို့ တက်ရောက်နိုင်

အများပိုင်ဘတ်စ်ကားကုမ္ပဏီများတွင် ခန့်အပ်ရန် (ခ) လိုင်စင်ရှိသူများ YBS အထူးယာဉ်မောင်းသင်တန်းသို့ တက်ရောက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

“ဒီသင်တန်းကို တက်ရောက်မယ့်သူတွေက (ခ)လိုင်စင်အနည်းဆုံး သုံးနှစ်ရှိရမယ်။ သင်တန်းပြီးဆုံးရင်လည်း အများပိုင်ဘတ်စ်ကားကုမ္ပဏီတွေမှာ အနည်းဆုံး သုံးနှစ် မောင်းနှင်ပေးရပါမယ်။ သင်တန်းကတော့ အခမဲ့ဖြစ်တာကြောင့် သင်တန်းသားဦးရေကို ကန့်သတ်ထားပါတယ်”ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားများ ပြန်လည်စေလွှတ်တော့မည်

မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားများ ပြန်လည်စေလွှတ်ခြင်းကို  မကြာမီရက်ပိုင်းအတွင်း ပြန်လည်ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

“ဒါက အဆင့်ဆင့် ခွင့်ပြုချက်နဲ့ ပိတ်ထားတာဖြစ်လို့ ပြန်လည်ခွင့်ပြုဖို့ကိုလည်း အဲဒီအဆင့်တွေကို ပြန်တင်ပြပြီး လုပ်ရတာလေ။ လုပ်ကိုင်ခွင့်ပြုဖို့ သင့်၊ မသင့် နိုင်ငံခြားရေးဝန်ကြီးဌာနကို သဘောထားမှတ်ချက် တောင်းထားတယ်လေ။ နိုင်ငံခြားရေးကနေ မလေးရှားနိုင်ငံသံရုံးကနေ အခြေအနေသုံးသပ်မှုတွေရရင် မကြာခင်ရက်ပိုင်းမှာ ထုတ်ပြန်သွားမှာပါ”ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောကြားခဲ့သည်။

Pages