Articles

နိုင်ငံတော်နှင့် ဗပာိုဘဏ်၏ အကူအညီကို မျှော်လင့်နေသော ပြိုလုလု ဆောက်လုပ်ရေးကဏ္ဍ၏ လိုင်းဂယက်များ - ကိုလူသစ်

 

ကမ္ဘာ့ဘဏ်နှင့်  IMF တို့ ၏ တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော စီးပွားရေးကဏ္ဍ ၏ သုံးသပ်ချက်အရ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးသည် ၃ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၆ ရာခိုင် နှုန်းဖြစ် လာသောကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအခြေအနေသည် သုည ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ ကြောင်း ဆိုသည်။

ထို့အပြင် အာဆီယံဒေသ၏ ၂၀၁၆ ခုနှစ် စီးပွားရေးအခြေအနေသည် ၄ ဒသမ ၆ ရာခိုင် နှုန်းမှ ၂၀၁၇ ခုနှစ်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်း ရှိလာခဲ့ပြီး အာဆီယံဒေသ၏ စီးပွားရေးအခြေအနေသည်လည်း သုည ဒသမ ၂ ရာခိုင် နှုန်း တိုးတက်လာခဲ့ကြောင်း ကမ္ဘာ့ဘဏ်နှင့် IMF တို့က သုံးသပ်ထားသည်။

နော်မန်ဗက်သွန်း ပင်းတယတွင် နေထိုင်သည် (၁) - ဇော်သက်ထွေး

 

အချိန်ကား ၂၀၁၄ ခု၊ ဇန်န၀ါရီ။

ပင်လယ်အမြင့်ပေ ၃,၈၈၀။ ပတ်ဝန်းကျင် တစ်ခွင်လုံး မြူခိုး များဖြင့်ပိတ်ဖုံးနေသည်။ ၀ိုးတ၀ါး ပုံရိပ်တွေကြား ထဲတွင် မြေသား အနီ၊ တောင်အနီ၊ တောင်ယာ အစိမ်း၊ တောအစိမ်း။

ငွေကြေးဖောင်းပွမှုကို မသိ၊ ဘဏ်အတိုးနှုန်းကို မသိ၊ ဖေ့စ် ဘွတ်ခ်ကို မသိ၊ NCAလက်မှတ် ထိုးပွဲကို မသိသော အိမ်ပုရွာသားများသည် စိတ်လှုပ်ရှားမှုများစွာဖြင့် ရေတွင်းတူးတာကိုဝိုင်းကြည့် နေကြသည်။

ဇာဂနာ မရယ်နိုင်တော့ပါဘူး အပိုင်း ( ၂) - ဇာဂနာ

 

 

တချို့ကတော့ ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကို မယုံတော့ပါဘူးတဲ့။ တချို့ကတော့လည်း ဆင်ဆာ အဖွဲ့နဲ့ ထိပ်တိုက် မတွေ့ချင်တော့ပါဘူးတဲ့။ တချို့ ကလည်း ဆင်ဆာက ငြိုးမှာကြောက်လို့ပါတဲ့။ တိုတိုပြောရ ရင် ဒီလိုနဲ့ပဲ နာမည်ကျော် ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေပွဲထဲ ရောက်မလာတော့တာပါ။

တကယ်တော့ ဒီကိစ္စဟာ ဘာမှအရေးမပါလှပါဘူး။ ဆင် ဆာလို့ ခေါ်ခေါ်၊ အဆင့်အတန်း သတ်မှတ်ရေး အဖွဲ့ လို့ခေါ်ခေါ်၊ စိစစ်အကဲဖြတ်အဖွဲ့လို့ ခေါ်ခေါ် နာမည်က အရေးမကြီးပါဘူး။ပင်ကို သဘောသဘာဝကသာအရေး ပါ တာပါ။

မခိုင်သောစည်းရိုးနှင့် အချိုးသန်သော အိမ်နီးချင်းများ - ဇော်သက်ထွေး

 

ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ တရားမ၀င်ကုန်စည်များ တားဆီးထိန်းချုပ် ဆောင်ရွက်နေ တဲ့ ရေပူနဲ့ မရမ်းချောင် စစ်ဆေးရေးစခန်းနှစ်ခုမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ၀န်ထမ်းတွေကို နိုင်ငံတော်က ဆုချီးမြှင့်ခဲ့တဲ့သတင်းကို ဖတ်ရှုလိုက်ရပါတယ်။

ဆိုရှယ်လစ် ရန်ကုန်အစိုးရ လုပ်တော့မှာလား - ဇော်နိုင်

 

အခုလွှတ်တော်ရောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဖွဲ့စည်းပုံဥပဒေအသစ်မှာ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေ ပါဝင်လာပါတယ်။

၁။ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

၂။ ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း

၃။ အပန်းဖြေလုပ်ငန်းများ ဆောင်ရွက်ခြင်း

၎။ အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

ချမ်းသာမယ့်စာရင်းမှာ ပါပါရစေ - လက်စောင်းထက်

ရန်ကုန်တိုင်းဝန်ကြီးချုပ်က SME လုပ်ငန်း ၁၀၀ ကို ပထမအဆင့် သူဌေးဖြစ်အောင်လုပ်ပေးမည်။ ထို ၁၀၀ မှ တစ်ထောင်ဆင့်ပွားပြီး သူဌေးဖြစ်အောင် လုပ်ပေးမည်ဟု ပြောသံကြားလိုက်ရသည်။ အစိုးရနှင့်နီးစပ်သူ တစ်ယောက်ကို မေးကြည့်ရာ ရန်ကုန်တိုင်း အတွင်း SME လုပ်ငန်း ၅၅၀ ရှိသည်ဟု ပြောသည်။ ထိုအဖြေကို ကြားလိုက်ရသည်နှင့် SME ဆိုသည့်အနက်ကို သေချာစွာမသိကြသေးကြောင်း ပေါ်လွင်နေသည်။ သူတို့သိသည့် SME ဆိုသည်မှာ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ စာရင်းသာ ဖြစ်သည်။ SME ဆိုသည်မှာ ကုန်ထုတ်လုပ်ငန်းတစ်ခုတည်းကိုသာ ပြောသည်မဟုတ်ဘဲ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအားလုံး အကျုံးဝင်ကြောင်းလည်း သိပုံမရကြ၊စီးပွားရေး ဆိုသည်မှာဘာ

တက္ကစီတွေကို ယုံကြည်မူကင်းမဲ့လာသည့် ရန်ကုန်မြို့သူမြို့သားများ - ပိုင်လေး

FDAက ဒုဦးစီးအဆင့်ရှိ အမျိုးသမီးတစ်ဦး တက္ကစီငှားစီးရာမှ ယာဉ်မောင်းက သားမယားပြုကျင့်ကာ  သတ်ဖြတ်ပြီး  ပစ္စည်းယူသည့်  သတင်းသည် ရန်ကုန်မြို့သူမြို့သားများအတွက် ထိတ်လန့်တုန်လှုပ်စရာ  သတင်းတစ်ပုဒ်  ဖြစ်ခဲ့သည်။  ထိုဖြစ်စဉ်သည် တက္ကစီကို  အားထားသည့်  သူများအတွက်သာမက တက္ကစီ ယာဉ်မောင်းလုပ်ကိုင်ကြသူများနှင့် ယာဉ်အုံန များကိုပါ ၀င်ငွေထိခိုက်သည့် အကျိုးသက်ရောက်ခဲ့သော သတင်းတစ်ပုဒ်လည်း ဖြစ်စေခဲ့သည်။ 

ဘ၀ပျက်စပြုလာသည့် တက္ကစီယာဉ်မောင်းများ

Pages